30/08/2026
တစ်ကြိမ်တစ်ခါတော့
စျေးပေါခဲ့ဖူးတာပဲ မဟုတ်လား
တစ်ကြိမ်တစ်ခါတော့
စျေးပေါခဲ့ဖူးတာပဲ မဟုတ်လား
ထွက်သွားချင်နေတဲ့လူတစ်ယောက်ကို
အတင်းဆွဲထားပြီး
တစ်နေ့တော့ နေလို့ပျော်လာမှာပါဆိုပြီး
ယုံကြည်နေခဲ့ဖူးတယ်
မချစ်တော့ဘူးဆိုပြီး
ခါးခါးသီးသီး ဖြစ်နေတာကို
ငါတော့ ချစ်တယ်လေဆိုပြီး
အရှက်မဲ့ခဲ့ဖူးတယ်
မပြောချင်တဲ့ လူတစ်ယောက်ဆီကို
ဖုန်းတွေ ခဏခဏ ခေါ်မိသလို
မဖတ်ချင်တဲ့ စာတွေလဲ
ခဏခဏ ပို့မိတာပါပဲ
မာန... မရှိဘူးလား
အမှတ်မရှိလားဆိုတဲ့ စကားတွေကြားမှာ
သူမရှိပဲနဲ့ မနေနိုင်တာဆိုပြီး
မျက်ရည်တွေ ကျခဲ့ဖူးတာပါပဲ
အဆုံးသတ်တွေက
ကိုယ်တွေးထားသလို
ဖြစ်မလာတာလေးရယ်
သူ့အတွက်
ကိုယ်က စျေးအရမ်းပေါခဲ့မိတာရယ်
ဒါပဲ ...ပြန်ရလာခဲ့တာပါ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)