Myanmar Today

Myanmar Today Provide valuable and trustworthy for the audience

ရဲစခန်းမှူးကို ကျေးဇူးတင် လက်ဆောင် ပစ္စည်းပေး =================နယူးဒေလီရှိ မြန်မာနိုင်ငံသားများ ရသင့်ရထိုက်သော ဒုက္ခသည်အ...
11/08/2025

ရဲစခန်းမှူးကို ကျေးဇူးတင် လက်ဆောင် ပစ္စည်းပေး
=================
နယူးဒေလီရှိ မြန်မာနိုင်ငံသားများ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများအတွက် ဇူလိုင်လ ၇ရက်နေ့မှစ၍ ဩဂုတ်လ ၇ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် အိန္ဒိယနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆန္ဒပြခဲ့ရာတွင် နယ်မြေခံဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် တပ်ဖွဲ့ ဝင်များမှ အကူအညီများပေးခဲ့သည်။
ဆန္ဒပြနေစဥ်တလျောက် လုံခြုံရေးအနှောက်အယှက်မပေးခဲ့သည့်အပြင် UNHCR အကြီးကဲ Chief of Mission နှင့် တွေ့ဆုံနှိုင်ရေးအတွက် ဗီကပ်စ်ပူရီ ရဲစခန်းမှူး(SHOP) ကြားဝင်ညှိနှိုင်းပေးခဲ့သည်။
သိုဖြစ်ပါ၍ ရဲစခန်းမှူးအား ကျေးဇူးတင်ကြောင်းပြသသောအားဖြင့် ဥက္ကဌဦးဆောင်သော ချင်းဒုက္ခသည်ကော်မတီ(CRC) အလုပ်အမှုဆောင်များသည် ဩဂုတ်လ၁၁ရက် ညနေ၄နာရီတွင် ရဲစခန်းသို့ သွားရောက်၍ ကျေးဇူးတင်ကြောင်း လက်မှတ်(Appriciation Certificate) ချင်းအမျိုးသားဝတ်စုံ နှင့် သစ်သီးဝလံများပေးအပ်ခဲ့ကြသည်။
CRC အနေဖြင့် တတ်စွမ်းသမျှ မြန်မာဒုက္ခသည်များ အခွင့်အရေးများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းတောင်းဆို သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု...
10/08/2025

ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၀

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေနဲ့ NUG ယာယီသမ္မတ ၊ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့တွေ့ဆုံ ဩဂုတ်လ ၈ ရက်။ချင်းလက်နက...
08/08/2025

ချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေနဲ့ NUG ယာယီသမ္မတ ၊ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့တွေ့ဆုံ

ဩဂုတ်လ ၈ ရက်။

ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့(CB)
ခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO/KIA ) ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီ က သူ့ဖေ့ဘုတ်မှာ ဒီကနေ့ဩဂုတ်လ ၈ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

လိုင်ဇာ ခရီးစဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ၂၀၂၁ ခုနှစ်ကစလို့ လက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုဖြစ်ပြီး သင်ယူစရာတွေ လေ့လာစရာတွေအများကြီး တွေ့ခဲ့ရတဲ့အကြောင်းနဲ့ ဒီခရီးစဉ်ဟာ ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ခရီးစဉ်မဟုတ်သလို ဒီထက်စည်းလုံးကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေ ရခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီက  ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင် အဖြစ်  ရဲအောင်သန်းကို အာဇာနည်နေ့ တက်ရောက်ခိုင်းမှု ဒေါ်အောင်ဆန်းစုကြည် ၏ သား...
28/07/2025

စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင် အဖြစ် ရဲအောင်သန်းကို အာဇာနည်နေ့ တက်ရောက်ခိုင်းမှု ဒေါ်အောင်ဆန်းစုကြည် ၏ သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်ရှိ အာဇာနည်ဗိမာန်တွင် ပြုလုပ်ခဲ့သော ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင်ဟုဆိုကာ ရဲအောင်သန်းဆိုသူကို တက်ရောက်ခိုင်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ တရားဝင် ကန့်ကွက်လိုက်သည်။

အကြမ်းဖက် စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၏ မြေးဖြစ်သူ ရဲအောင်သန်းနှင့် မိန်းမတို့ကို စစ်ကောင်စီက တက်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

Mahtluk muidawh cu!!
25/07/2025

Mahtluk muidawh cu!!

🌽🌽🌽🌽🌰🌰🌰🌰🌰
20/01/2025

🌽🌽🌽🌽🌰🌰🌰🌰🌰

18/10/2024
စိုးဝင်းအမိန့်ဖြင့် ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်း၊ တရုတ် အပါအဝင်​ ပြည်ပမှ တင်သွင်...
15/10/2024

စိုးဝင်းအမိန့်ဖြင့် ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်း၊ တရုတ် အပါအဝင်​ ပြည်ပမှ တင်သွင်းသော စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းယူ

🟥မော်လမြိုင် ရတနာထွန်းပွဲရုံတန်းမှ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့်လူသုံးကုန်များကို တရားမဝင်တင်သွင်းသည်ဟု ဆိုကာ စစ်တပ်က ဖမ်းဆီးသိမ်း ယူ

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အမိန့်ဖြင့် နိုင်ငံတစ်ဝန်း ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်းနှင့် တရုတ် အပါအဝင် ပြည်ပမှ တင်သွင်းသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စစ်တပ်က လိုက်လံစစ်ဆေးနေပြီး သွင်းကုန်လိုင်စင်နှင့်ခွင့်ပြု ချက်မပြနိုင်သည့် ပြည်ပထုတ်ကုန်ပစ္စည်းများအားလုံးကို သိမ်းဆည်းဖမ်းဆီးနေကြောင်း ကုန်သည်များနှင့်စီးပွားရေးလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

Zopheiram Cozah tawlrelnak in Tluangram le Lungbun kar Bawinu Tiva(Tipi) ah Motor tiang aphorh kho mi Tilawng ngan  an c...
14/10/2024

Zopheiram Cozah tawlrelnak in Tluangram le Lungbun kar Bawinu Tiva(Tipi) ah Motor tiang aphorh kho mi Tilawng ngan an chiah
==================

Chinram le Mizoram pehtlainak ah lam pakhat asi ve mi Tluangram le Lungbun kar Tipi Bawinu tiva ah Zopheiram Cozah tawlrelnak in Tilawng pakhat an chiah ve cang.

Address

Mahindra Park
Delhi
110058

Telephone

+919717216781

Website

Alerts

Be the first to know and let us send you an email when Myanmar Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share