Chin International News

Chin International News knowledge is the beginning of life too

16/08/2025
“၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု” ၁၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျော...
08/08/2025

“၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”

၁၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျောင်းသားပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ချင်းကျောင်းသားခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) နဲ့ ချင်းကျောင်းသားသမဂ္ဂ (CSU) တို့မှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်နဲ့ အဲ့ဒီအချိန်က”၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”အကြောင်းတွေကို လွန်ခဲ့တဲ့၂၀၂၀ခုနှစ် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ အဲ့ဒီတုန်းက ချင်းကျောင်းသားသမဂ္ဂ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) မှာ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံတွေကို ပြောပြပါဦး။

ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ချင်းကျောင်းသားတွေကော၊ အပြင်က မြို့မိမြို့ဖတွေကော အများကြီးလှုပ်ရှားကြတယ်။ ပထမဆုံးအနေနဲ့ ချင်းကျောင်းသားအကြောင်းပြောရရင်- ကျနော်တို့တတွေ ချင်းကျောင်းသားများသမဂ္ဂ (CSU) ကိုဖွဲ့ခဲ့တယ်။ ရွှေဘုံသာလမ်းမှာရှိတဲ့ ချင်းပြည်နယ် သမအသင်းရုံးကို ရုံးခန်းအနေနဲ့ လုပ်ခဲ့တယ်။ ပြီးတော့ မကသရဲ့ ၁၁၉ ဦးကော်မတီကိုလည်း ကိုယ်စားလှယ် နှစ်ယောက်ပါဝင်ခဲ့တယ်။ ကျနော်နဲ့ တာန်ကင်ခန့်ခိုင်တို့ပါ။ မကသ ရဲ့ ၁၁၉ ဦးကော်မတီက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဦးနုနဲ့ ကြားဖြတ်အစိုးရ မဖွဲ့ချင်ဘူး။ ဒါကြောင့် သူတို့ကို ဘယ်လိုစည်းရုံးကြမလဲပေါ့။ ကြားဖြတ်အစိုးရရှိပြီဆိုရင် အမေရိကန်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု ကူညီကြမယ်။ ဒါကြောင့် ဦးနု၊ ဗိုလ်မှူးအောင်၊ ဝိဓူရသခင်ချစ်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့နိုင်ရင် ကျွန်တော်တို့ ဒီမိုကရေစီ လွယ်လင့်တကူရမယ်။ အဲ့ဒီနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက် ပါတယ်။ သေနတ်ကျည်ဆန်တွေကြားထဲမှာ လွတ်အောင် ထွက်ပြေးခဲ့ကြရတယ်။

မေး။ ။ ချင်းအမျိုးသားသမဂ္ဂ (CNU) အနေနဲ့ လှုပ်ရှားခဲ့ကြတာတွေကကော ဘယ်လိုတွေမျိုးလဲ။

ဖြေ။ ။ နောက်တခုက ချင်းစစ်သားတွေက ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်တယ်လို့ ကောလဟာလထွက်ခဲ့တယ်။ ဒါကြောင့် ချင်းလူမျိုးတွေ စိတ်ချလုံခြုံမှု မရှိတော့ဘူး။ ချင်းလူမျိုးတွေကို သတ်ရမယ်လို့ ပြောတာတွေ ရှိလာတယ်။ ဒါကြောင့် CNU ချင်းအမျိုးသားသမဂ္ဂ ကို ဦးနန်လျန်းထန်၊ ဆလိုင်းရမ်လိန်မှူန်း၊ ကျနော်၊ ဆလိုင်းလျန်မှူန်း၊ ဒေါက်တာထန်ခန့်စွမ်၊ ဆရာပါမွှန်တို့တတွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တယ်။ ဒီအဖွဲ့အနေနဲ့ ရန်ကုန်မြို့အနှံ့ ဆန္ဒပြပါဝင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သွားတဲ့လမ်းကြောင်းအတွက် ရှေ့ပြေးတွေကိုထားတယ်။ ဥပမာ- အင်းစိန် လမ်းသစ်လမ်းကနေ သွားတယ်ဆိုရင်အဲ့ဒီမှာ စည်းရုံးရေးမှူးတယောက်ရှိတယ်။ အလုံလမ်းမှာ စည်းရုံးရေးမှူး၊ ဗိုလ်ချုပ်လမ်းမှာ စည်းရုံးရေးမှူး ဆိုပြီး လမ်းကြောမှာရှိတဲ့ ချင်းလူမျိုးတွေကို ဖိတ်ခေါ်ထားတယ်။ သူတို့စည်းရုံးဖိတ်ခေါ်ထားသူတွေက ပါဝင်ပူးပေါင်းရင်းနဲ့ ကျွန်တော်တို့ လူအုပ်ကလည်း မသေးပါဘူး။ အဲ့ဒီလိုမျိုးတလလောက်လုံးလုံး လှုပ်ရှားခဲ့ကြပါတယ်။

သွေးဆူနေသူတွေရဲ့ လက်ချက်တွေကနေ ချင်းလူမျိုးတွေကို ကျွန်တော်တို့ ကယ်တင်နိုင်ခဲ့ပါတယ်။ “ချင်းစစ်သားတွေက ကျောင်းသားတွေကို သတ်တာမဟုတ်ဘူး” ဆိုပြီး ဆိုင်းဘုတ်တွေကိုလည်း ကျွန်တော်တို့ ကိုင်စွဲတယ်။ ဆရာဒေါ်လာတို့ဆိုရင်လည်း ချင်းဝတ်စုံအပြည့် လှံတံနဲ့ လံကွပ်တီနဲ့ အားရပါးရ လက်သီးလက်မောင်းတွေတန်းတော့ ပရိတ်သတ်တွေကလည်း လက်ခုပ်လက်ဝါးတွေနဲ့ အားပေးကြတယ်။

အဲ့ဒီလို ကောလဟာလတွေကို ချေဖျက်သလို၊ အဲ့ဒီခေတ် နိုင်ငံရေးကြွေးကြော်သံတွေဖြစ်တဲ့ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” “အာဏာလုံးဝလွှဲပြောင်း ပေးရေး” “အစိုးရ ချက်ခြင်း နှုတ်ထွက်ပေးရေး” အစရှိတဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို တခြားတိုင်းရင်းသားတွေနဲ့ တန်းတူ လှုပ်ရှားပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လှုပ်ရှားပတ်သက်ခဲ့မှုအပိုင်းတွေရှိရင်လည်း ပြောပြပါဦး။

ဖြေ။ ။ ဒီအပိုင်းမှာပြောပြချင်တာတခုက ကျနော်တို့ ချင်းလူမျိုးတချို့အပါအဝင် သိတာမှားနေတာ တခုရှိပါတယ်။ အဲ့ဒါကတော့ ကျနော်တို့တတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံပြီး ခင်းတဲ့လမ်းမှာ မျှောပါနေသူတွေလိုမျိုး မြင်နေကြတာကိုပါ။ အဲ့ဒီအမြင်က မှားပါတယ်။ ကျနော်တို့ ချင်းကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ပြီး ဖိတ်ခေါ်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး စိတ်မဝင်စားပါဘူး။ သူ့အမေ နေမကောင်းလို့ ပြန်လာတာဖြစ်ပြီး၊ အစပိုင်းမှာလည်း ပါဝင်ဖို့ တလျှောက်လုံးငြင်းဆိုခဲ့တယ်။ ကျနော်တို့က လူထုကို စကားလေးတခွန်းလောက်တော့ ပြောပေးပါဆိုပြီး တောင်းဆိုခဲ့ကြရင်းနဲ့ လူထုရဲ့ ထောက်ခံမှုကို တွေ့ပြီး အဲ့လိုနဲ့ နိုင်ငံရေးလောကထဲ ဝင်လာတာသာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူ့အတွက် လမ်းခင်းပေးခဲ့ကြသူဆိုရင် ပိုမှန်ပါမယ်။

မေး။ ။ CNU လှုပ်ရှားမှုက နောက်ပိုင်းဘယ်လို ရပ်တန့်သွားပါသလဲ။

ဖြေ။ ။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကျနော်တို့ CNU အစည်းအဝေးကို တကြိမ်ထပ်ခေါ်ပြီးတော့ ဆက်လက်သွားရမယ့် နိုင်ငံရေးရေစီးကြောင်းမှာ ချင်းနိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်သွားဖို့ လိုတယ်ဆိုပြီး သဘောတူချက်နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကို ဖွဲ့တယ်။ CNU ဥက္ကဌဖြစ်တဲ့ ဦးနန်လျန်းထန်ကတော့ အစိုးရဝန်ထမ်းအလုပ်ကို ပြန်ဝင်တယ်။ CNLD ကို ဆလိုင်းရမ်လိန်မှူန်းဥက္ကဌ၊ ဆလိုင်းလျန်မှူန်း ဒုဥက္ကဌနဲ့ ကျနော် အထွေထွေအတွင်းရေးမှူးဆိုပြီး ဖွဲ့ခဲ့ကြပါတယ်။

CNU လှုပ်ရှားမှုကနေ ချင်းလူမျိုးအကြား စည်းလုံးမှုကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာနေတဲ့ ချင်းလူမျိုးတွေ တယောက်နဲ့တယောက် မတွေ့ဖြစ်၊ မသိဖြစ်ကြတာတွေလည်း သိကျွမ်းခင်မင်လာကြတယ်။ အရှို၊ ရခိုင်ဘက်က ချင်းလူမျိုးတွေထိ ပါဝင်ခဲ့တယ်။ နောက်တခုက ကောလဟာလကြောင့် ကြုံတွေ့ရနိုင်တဲ့ သွေးချောင်းစီးမှုတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ နောက်တခုကတော့ ချင်းလူမျိုးတွေဟာလည်း ဒီမိုကရေစီကို လိုလားချစ်မြတ်နိုးတယ်ဆိုတာကို ပြသနိုင်ခဲ့ကြတယ်။

မေး။ ။ ရှစ်လေးလုံးအမှတ်တရကာလမှာ ချင်းလူထုကိုကော ဘာများပြောချင်တာရှိပါသလဲ။

ဖြေ။ ။ ချင်းလူမျိုးတွေဟာ လူမျိုးငယ် လူမျိုးသေး မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းတိုင်းမှာ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ့အရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူတွေဖြစ်ကြပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တော့ ရန်ကုန်အစိုးရကို ကယ်တင်ခဲ့တာလည်း ချင်းလူမျိုးတွေသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး မဆလ စစ်အာဏာရှင် စနစ်ကို ရိုက်ခတ်မှင်သက်အောင် ဦးဆောင်လှုပ်ရှားရင်း ကြိုးပေးသတ်ခံရတဲ့အထိ အညှိုးကြီးမားစွာခံခဲ့ရသူကလည်း ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးဖြစ်တယ်။ ထိုနည်းတူစွာ ၁၉၈၈ အရေးအခင်းမှာလည်း ချင်းလူမျိုးတွေ ဘေးထွက် ထိုင်မနေပါဘူး။ ခေတ်တိုင်းမှာ ချင်းတွေ မညံ့ပါဘူး။

Cred:Chin World Media

1%e1%800%af%e1%80%b6%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b/i

  : Vawlei Min Ruangah Ngakchia Telh In Mi 8 An Thi, 2 An TlauKaren ramkulh,  Taungngu district,  Thantaunggyi peng chun...
06/08/2025

: Vawlei Min Ruangah Ngakchia Telh In Mi 8 An Thi, 2 An Tlau

Karen ramkulh, Taungngu district, Thantaunggyi peng chung ah tilianh le leimin ruangah tualchungmi 8nak tlawmlo an thi i, 2nak tlawmlo an tlau tiah theih asi.

August 5, zan suimilam 9 hrawngah Thantaunggyi khuapi chung No. 1 sang ah inn pakhat a cim caah k*m 4 le k*m 9 ngakchia 2 telh in chungkhar 4 an nunnak a liam tiah KIC media nih a tarlangh.

Cu pinah No. 3 sang zong ah mipa 1 le Thaukyekhat tiva pawng i khuami mipa 3 zong an thi ve tiah theih asi.

Atu tiang Thantaunggyi peng chungah vawlei min ruang ah a thimi le a tlaumi hna cu Khrihfa riantuantu hna, tualchungmi pum aa pe khomi hna nih bawmhchanhnak rian an tuan rih ti si.

Vawlei min ruangah khua ningpi in ṭhialmi zong an um i, inn tampi a rawk ti si.

Thantaunggyi khuapi cu Bago ramṭhen le Karen ramkulh ramri ah a ummi tlangcung khuapi pakhat a si.

Source- KIC
Cred:chinlandnewsagency

Mah ban tuk minung pawl ruang ah Miphun le Pengtlang hi a mi***ia tuk eeThantlang Peng Mi Minung 2 Cu Thingsai Palik Nih...
04/08/2025

Mah ban tuk minung pawl ruang ah Miphun le Pengtlang hi a mi***ia tuk ee

Thantlang Peng Mi Minung 2 Cu Thingsai Palik Nih Rithaisii He An Tlaih Hna

Chinram, Thantlang peng, Zahnaktlang mi minung 2 cu Mizoram, Hnahthial pengkomh, Thingsai palik nih rithaisii he an tlaih hna, tiah theih a si.

August 1, zinglei suimilam 9:40 hrawng ah khan Thingsai–Cherhlun kar New Ngharchhip lam pial ah 125 motorcycle a kal mi cu Thingsai palik nih dirter in an check i motorcycle chung ah Bingraang fun 10 an hmuh.

125 motorcycle he New Ngharchhip lam pial ah tlaih mi minung 2 cu bia an hal hna i, motorcycle khaltu Isaac Rochungnunga nih hin Thantlang peng, Ralpel khua mi a si kong a chim, a hnu i a ṭhu mi Marry(k*m 21) nih hin Thantlang peng, Dawn khua mi a si kong aa chim ve. An pahnih in an tlaih hna i ND&PS Act he case an siampiak hna, tiah Mizoram thawngzamhnak Khawthlir News nih August 1 ah a langhter.

Hi kong he pehtlai in thil sining a hngaltu tualchung mi pakhat nih a chim ning ah cun, motorcycle khaltu Isaac Rochungnunga hi k*m tling lo pa ngakchia si i Aizawl lei in a rak tlung mi a unau pakhat don a kal ah Marry nih hin a zulh ve ruang ah lampi ah tlaihkhih an tonnak a si. Marry pasal hi rithaisii he Mizoram palik nih an tlaih cang mi a si i atu ah amah zong an tlaih ve. Marry ruang ah tlaih a tong ve mi Isacc a chungle hi a thin a hung ngaingai.

Cred:The Chin Post

02/08/2025

CNDF supporters pawl nih kan ralkap an tlaih mi hna tawlong in an um ter hna ah an chim mi bia leh nak 👇

မရာဒေသတိုက်ပွဲသတင်း [MDF ralkap *************************************pa4 an thi]***********ချင်းပြည်နယ်၊ MDF+AA အဖွဲ့မှ ...
02/08/2025

မရာဒေသတိုက်ပွဲသတင်း [MDF ralkap
*************************************
pa4 an thi]
***********

ချင်းပြည်နယ်၊ MDF+AA အဖွဲ့မှ CDF-Mara ဌာနချုပ် ဧရိယာ ဖန်တလန် ကျေးရွာ နားရှိ CDF-Mara စခန်းတစ်ခုကို ၁/၈/၂၀၂၅ နေ့ည ၂းဝဝ နာရီတွင် ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တစ်နာရီခွဲခန့် တိုက်ပွဲ့ ပြင်းထန် ခဲ့သည်ဟူသိရသည်။ မြေပြင် သတင်းအရ MDF ဖက်မှ ၄ ဦးကျပြီး တချို့ဒဏ်ရာရပြီး စိုးရိမ်စရာမရှိကြောင်း စစ်ရေးတာဝန်ရှိသူမှသတင်းရရှိပါသည်။

MDF ဖက်မှ ကျဆုံးသူ ၄ ဦးထဲမှာ ဆတူးကျေးရွာ၊ ရှာအိုကျေးရွာ၊ရကန်ကျေးရွာ နေထိုင်သူများဖြစ်ပြီး ကျန် ၁ ဦးကိုတော့ ဘယ်ရွာက ဖြစ်ကြောင်း စုံစမ်းနေကြောင်းသိရှိရပါသည်။ MDF+AA ဖက်မှ CDF-Mara ဌာနချုပ်သိမ်းပိုက်ရန် အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာတာကြောင့် ဆက်လက်ပြီး တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း မြေပြင်သတင်းအရ သိရှိရပါသည်။

Cred:Mara media

Source: Mara Media.

Laikhal Nu bak ka si hi mu! ho tak khi val an um hnga maw ti khi si.
01/08/2025

Laikhal Nu bak ka si hi mu! ho tak khi val an um hnga maw ti khi si.

K*m 2000 hlan a chuak mi nih cun,, Nan ei manh ko la🤭
01/08/2025

K*m 2000 hlan a chuak mi nih cun,, Nan ei manh ko la🤭

ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ ***************************************အကြမ်းဖက်မှုများနှင့် ချင်းအမျိုးသမီး******...
01/08/2025

ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ
***************************************
အကြမ်းဖက်မှုများနှင့် ချင်းအမျိုးသမီး
**************************************
များ၏ဘဝ
************

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ၂၀၂၄ ခုနှစ်မှစပြီး တစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများသည် အနည်းဆုံး လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်များသည် ဒေသခံအမျိုးသမီးများ၏ ဘဝများကို ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအတွင်း နစ်မြှုပ်စေခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဆမီးမြို့၊ AA စခန်းအနီးတွင် ဒေသခံချင်းအမျိုးသမီးတစ်ဦးအား ရခိုင်စကားပြောသည့် အမည်မသိလူတစ်စုက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတိလစ်သည်အထိ ရိုက်နှက်ကာ ချောင်းစပ်တစ်‌နေရာတွင် စွန့်ပစ်ထားခဲ့သည်။

ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ဒီလိုရက်စက်မှုတွေက ကျွန်မတို့ရွာထဲမှာ ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရစေတယ်။ ပလက်ဝကို အေအေ မရောက်လာခင် အချိန်မှာဆိုရင် အခုလိုမျိုး ဖြစ်ရပ်တွေမရှိဖူးပါဘူး။” ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်တွင် အသက် ၂၄ နှစ်အရွယ် ကိုကျော်ထွန်းလင်းဆိုသူသည် မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးနေသဖြင့် AA က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်း၏ဆိုင်းဘုတ်ကို ၂၀၂၅ ဧပြီလ ၂၁ ရက်တွင် အေအေနှင့်နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ဒေသခံရခိုင်အမျိုးသားတစ်ဦးက “ဒီလိုဝရမ်းထုတ်တာက ပြဿနာကို ဖြေရှင်းဖို့ လုံလောက်မှုမရှိဘူး။ တရားခံတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူဖို့ လိုအပ်တယ်” ဟု ထောက်ပြသည်။

၂၀၂၅ ဧပြီလ ၅ ရက်နေ့တွင် စိမ်းစင်းကျေးရွာက အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင်တစ်ဦးကို AA အရာရှိနှင့် ရဲဘော်တစ်ဦးက မုဒိမ်းကျင့်ပြီး ချောင်းတွင် ရေနစ်သတ်ရန် ကြိုးပမ်းခဲ့သည်။ စိမ်းစင်းကျေးရွာတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့နှစ်ဦး မုဒိမ်းမှုကျူးလွန်ထားခြင်းသည် မှန်ကန်ကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ပြစ်မှုကျူးလွန်သည့်နေ့မှစ၍ ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို အေအေပြောခွင့်ရ ဦးခိုင်သုခက ရခိုင်မီဒီယာတစ်ခုဖြစ်သည့် နိရဥ္ဌရာသတင်းဌာနတွင် ဧပြီ ၂၄ရက်နေ့က ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ ပွင့်လင်းမြင်သာစွာ အရေးယူသည်ကို မတွေ့ရှိရသေးပါ။

ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ကလေးနဲ့အမျိုးသမီးတောင် ဒီလိုရက်စက်မှုကနေ လွတ်မြောက်နိုင်တာ မဟုတ်တော့ဘူး။ စိမ်းစင်းကျေးရွာက အဓမ္မပြုကျင့်မှုကို အခုထိ AA ကမဖြေရှင်းနိုင်သေးဘူးလို့သိရတယ်။ နစ်နာသူကိုလည်း ငွေကျပ် သိန်း ၁၀၀နဲ့ကျေအေးပေးဖို့ နှစ်တိတိ အေအေက ဖိအားပေးထားပေမယ့် လက်မခံဘူးလို့သိရတယ်။” ဟု ဝမ်းနည်းစွာ ပြောကြားသည်။

၂၀၂၅ခုနှစ်၊ မေလ ၂၃ ရက်တွင် ဆမီးမြို့၊ ပီဝကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဒေါ်စန်းရီ မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး ခြေလက်ကြိုးတုတ်ထားသည့် ရုပ်အလောင်းကို ကျေးရွာနှစ်ခုကြားတွင် တွေ့ရှိခဲ့သည်။ ဆမီးဒေသခံချင်းအမျိုးသားတစ်ဦးက“ဒီလိုရက်စက်မှုတွေ ပလက်ဝမြို့နယ်မှာ ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်မှတ်ခဲ့ဘူး။ သူ့အလောင်းကို ပီဝနဲ့ ကျီဝကြားမှာ ဒေသခံတွေက ပြန်တွေ့တယ်။ သူ့အလောင်းကို အေအေတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံရိုက်ခွင့်လည်း မပေးကြဘူး။”ဟုပြောသည်။

၂၀၂၅ခုနှစ်၊ မေလ ၂၆ ရက်တွင် ရွှေလိုင်ပွီကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီ မုဒိမ်းကျင့်ခံရပြီး ဓားထိုးဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာများ၊ ဆံပင်ဖြတ်ခံရမှုနှင့် အင်္ဂါဖျက်ဆီးခံရမှုဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ရွာသားများက တွေ့ရှိခဲ့သည်။

ဒေသခံချင်းအမျိုးသားတစ်ဦးက “ဒီလိုရက်စက်မှုက လူသားဆန်မှု မရှိတော့ဘူး။ အဖွားအရွယ်ကို ဒီလိုက်ရက်တာက အံဩစရာပါပဲ။ မသက်ာစရာအချို့ရှိပေမယ့် မျက်မြင်မရှိတော့ ဘယ်သူလုပ်တယ်ဆိုတာက ပြောဖို့ခက်ပါတယ်။” ဟု ဒေါသထွက်စွာ ပြောကြားသည်။

ဤလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ပလက်ဝမြို့နယ်ရှိ အမျိုးသမီးများ၏ ဘဝများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ နေ့စဉ်ဘဝတွင် လုံခြုံမှုမရှိခြင်း၊ ကြောက်ရွံ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် ၎င်းတို့၏ လွတ်လပ်စွာ သွားလာနေထိုင်ပိုင်ခွင့်ကို ကန့်သတ်ထားသည်။

ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ကျွန်မတို့ အလုပ်သွားဖို့တောင် ကြောက်နေရတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဒီလိုဖြစ်လာမလဲ မသိဘူး။ AA အနေနဲ့ ဒေသခံအမျိုးသမီးတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးသင့်တယ်။” ဟု ပြောသည်။

ဒေသအတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း “ဒီဖြစ်ရပ်တွေက အမျိုးသမီးတွေရဲ့ ဘဝကို ဖျက်ဆီးရုံတင်မကဘူး။ ဒေသတစ်ခုလုံးရဲ့ လူမှုအသိုင်းအဝိုင်းကို ပြိုလဲစေနိုင်တယ်။ကျွန်တော်အမြင်ကတော့ မုဒိမ်းကျင့် ခံရသူတွေက စနစ်တကျတိုင်ကြားနိုင်မူ၊ တိုင်ကြားမူအပေါ် လက်လွက်စပယ်မလုပ်ပဲ မုဒိမ်းမူ ကျူးလွန်သူအပေါ် ထိုက်တန်သော အပြစ်ဒဏ်တွေ ပေးစေချင်တယ်။အဓိကတော့ ဒီမုဒိမ်းကျင့်မှု အပါအဝင် အခြားပျောက်ဆုံး၊ သေဆုံးမူတွေကို အရေးယူနိုင်တဲ့ ဉပဒေတစ်ခုကို စနစ်တကျ ဖွဲ့စည်းပေးချင်တယ်။” ဟု သတိပေးသည်။

ထိုဖြစ်ရပ်များသည် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လုံခြုံရေး အားနည်းချက်များကို ထင်ရှားစွာ ဖော်ပြ‌နေသည်။ ဒေသခံများအကြား မုဒိမ်းမှုကျူးလွန်သူများသည် AA တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်နေသည်ဟု ယုံကြည်မှုရှိပြီး၊ တရားမျှတမှုရရှိရန် အခွင့်အလမ်းသည် အကန့်အသတ်ရှိနေသည်။

ဒေသအတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “ဒီလိုရာဇဝတ်မှုတွေကို တားဆီးဖို့ အာဏာပိုင်တွေဆီက ထိရောက်တဲ့ အရေးယူမှု မရှိရင်၊ အမျိုးသမီးတွေရဲ့ ဘဝတွေက ဆက်လက်ပျက်စီးနေဦးမယ်။ထိခိုက်သူများအတွက် အခမဲ့စိတ်ကျန်းမာရေး အထောက်အပံ့နဲ့ တိုင်ကြားရေးနေရာကို စနစ်တကျ ဖန်တီးပေးစေချင်တယ်။ အမျိုးသမိးနဲ့ကလေးသူငယ်များကိုကာကွယ်ရေးအစီအစဉ်များ လုပ်ပေးစေချင်တယ်။ မုဒိမ်းကျင့်သူတွေအပေါ် ထိုက်သင့်သော အပြစ်ဒဏ်ပေးနိုင်မူမရှိဘဲ၊ ထိခိုက်သူအပေါ် ပြစ်တင်တာမျိုးတော့ မဖြစ်စေချင်ပေါ့။”ဟု ထောက်ပြသည်။

ဒေသခံချင်းအမျိုးသမီးတစ်ဦးကလည်း “AAက တရားခံတွေကို ဖမ်းဖို့ ကြိုးစားနေတယ်လို့ ပြောပေမယ့်၊ လက်တွေ့မှာက ဖမ်းဆီးနိုင်တာမရှိဘူး။အဲဒါကြောင့် ကျွန်မတို့ရဲ့ ယုံကြည်မှုက လျော့နည်းနေပြီ။ ကျွန်မတို့လိုချင်တာက ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးပြီး အများပြည်သူရှေ့မှာ တရားမျှတစွာ အပြစ်ပေးအရေးယူဖို့ပဲလိုချင်ပါတယ်။ ” ဟု ပြောကြားသည်။

ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် အမျိုးသမီးများ၏ ဘဝများကို ကြီးမားစွာ ထိခိုက်စေပြီး ဒေသတွင်း လုံခြုံရေးနှင့် လူ့အခွင့်အရေးအတွက် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသည်။ ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အသံများသည် တရားမျှတမှုနှင့် အကာအကွယ်ပေးရေးအတွက် အရေးကြီးသည့် တောင်းဆိုမှုများဖြစ်သည်။ အမျိုးသမီးများသည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ပြန်လည်ရရှိရန် ထိရောက်သော တရားစီရင်ရေးနှင့် လုံခြုံရေးအစီအမံများ လိုအပ်လျက်ရှိသည်။

Cred:Chinl World

https://chinworld.org/2025/07/%e1%80%95%e1%80%9c%e1%80%80%e1%80%ba%e1%80%9d%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%

CDF Mara caah Thlacam piak hna Uh sih ,a tu hi MDF/AA le CDF Mara an i kap cuahmah ti a siCC chung tel CNA+CDF-Mara le A...
01/08/2025

CDF Mara caah Thlacam piak hna Uh sih ,a tu hi MDF/AA le CDF Mara an i kap cuahmah ti a si

CC chung tel CNA+CDF-Mara le AA le CB chung tel MDF hna cu, nihin Aug 1 sml 2 Pm fai in, Ngaphaipi khua kingakap ah kaphnih kahdohnak a chuak.

I kahnak thawngpang hi a tur in tur ko tiah khika pawngkam leimi nih an chim.

Kahdohnak aa thoknak a ruang cu, MDF nih AA sawm in CDF Mara camp pi lak an timh caah kahdohnak a chuah hi si tiah khika pawngkam mi nih cun an chim.

Cred:William Hlawnceu

အိုမန်တွင်အလုပ်လုပ်တဲ့ ချင်း*****************************အမျိုးသမီးတစ်ဦးသေဆုံး **************************အိုမန်နိုင်ငံတွ...
01/08/2025

အိုမန်တွင်အလုပ်လုပ်တဲ့ ချင်း
*****************************
အမျိုးသမီးတစ်ဦးသေဆုံး
**************************

အိုမန်နိုင်ငံတွင် အိမ်အကူအလုပ်လုပ်တဲ့ ချင်းအမျိုးသမီး Mai Agape Sawm Nei Thiam (၂၀နှစ်) ဟာ ဇူလိုင် ၂၉ ရက်တွင် ဆေးရုံမှာသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

Mai Agape Sawm Nei Thiam ဟာ အိုမန်မှာ သုံးနှစ်ကြာအလုပ်လုပ်ပြီး နေမကောင်းဖြစ်လို့ ဇူလိုင် ၂၅ ရက်တွင် အိမ်ပြန်လာစဉ် နယူးဒေလီမှာ ရန်ကုန်သို့ လေယာဉ်ပြောင်းဖို့စောင့်ဆိုင်းနေစဉ် သတိမေ့မူးလဲကာ ဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။

နယူးဒေလီမြို့မှ ချင်းအသင်းတော်တပါးကကူညီဆောင်ရွက်သူတစ်ဦးက “ဆွေမျိုးတွေပြောပုံအရ အိုမန်အိမ်ရှင်မက နှစ်ရက်သုံးရက်လောက် ဆေးရုံမှာပြတယ်တဲ့။ နည်းနည်းသက်သာလာတဲ့ချိန်မှာ မြန်မာပြည်ကိုပြန်ပို့တာ။ သူက ဒေလီလေဆိပ်မှာ သတိမေ့မူးလဲပြီး လေဆိပ်ဝန်ထမ်းတွေက ပြည်သူ့ဆေးရုံပို့ကြတယ်။ ဆရာဝန်တွေပြောတာကတော့ သွေးလည်ပတ်မှုမမှန်၊ ကိုယ်အပူချိန်တက်တာ၊ အသက်ရှုခက်ခဲတာ အဲ့ဒီလက္ခဏာတွေတွေ့ရတယ်တဲ့။ အရင်တုန်းကတော့ ဌက်ဖျားဦးနှောက်ပိုးဝင်ရှိခဲ့ဖူးတယ်။” လို့ပြောပါတယ်။

အလောင်းကို ရန်ကုန်သို့ပို့ဆောင်ပြီး ဒီနေ့ညနေပိုင်းတွင် သဂြိုလ်ဖို့ စီစဉ်ထားပါတယ်။

သေဆုံးသူဟာ ကလေးမြို့နယ်၊ အောင်ရွာကျေးရွာဇာတိဖြစ်ပြီး သုံးနှစ်အရွယ် ကလေးတစ်ယောက်မိခင်ဖြစ်ကာ အမျိုးသားဖြစ်သူလည်း ဆိုင်ကယ်မတော်တဆမှုကြောင့် ဆုံးပါးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အိုမန်မှာ ချင်းအမျိုးသမီး ၃ ဦးသေဆုံးပြီး မြန်မာအိမ်အကူဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ဓားထိုးခံရလို့သေဆုံးခဲ့တယ်။
သတင်း- HP

01/08/2025

Kan ram cia ah ho fa hmanh kan tih loh an duh le AA cu rak kai hna seh

Address

40 Feet Road
Delhi
110059

Website

Alerts

Be the first to know and let us send you an email when Chin International News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share