30/08/2026
“အထူး နှမျှော ဝမ်းနည်းမိပါသည်”💔😭
ဆရာ အောင်ဆန်းမြင့် (အသက် ၆၃ နှစ်) ဆုံးပါးကွယ်လွန်သွားသည့် စိတ်မကောင်းဖွယ် သတင်းကို ကြားသိရပါသည်။
ဒီတော်လှန်ရေးကာလအတွင်း၊ ဆရာနဲ့ အပြင်မှာ မဆုံဖူးလိုက်ပေမယ့် အွန်လိုင်းကတဆင့် အတော်လေး ရင်းနှီးထိတွေ့ခွင့် ရလိုက်ပါတယ်။ မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အားကိုးအားထားပြုရမယ့်၊ လေးစားအပ်တဲ့ ခေါင်းဆောင်တဦးဆိုတာကို ကောင်းစွာ အသိအမှတ်ပြုမိပါတယ်။
ဆရာဟာ-
- အထွေထွေအတွင်းရေးမှူး (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)
- ဥက္ကဋ္ဌ (ကရင်နီပြည် အတိုင်ပင်ခံကောင်စီ - KSCC)
- ညှိနှိုင်းရေးမှူး (တိုင်းရင်းသားလူမျိုးများကောင်စီ - MEC)
- အတွင်းရေးမှူးအဖွဲ့ဝင် (SCEF) အစရှိတဲ့ အလွန်ကြီးလေးတဲ့ တာဝန်များကို ထမ်းဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။
တိုင်းပြည်အရေးအတွက် ကျန်ရစ်တဲ့ ကျနော်တို့တွေက နှစ်ဆတိုးလို့ ပိုပြီး ကြိုးပမ်းကြပါမယ်လို့ ကတိပြုလိုက်ပါတယ်၊ ဆရာရေ။
Credit Tazar San
Photo Credit to Original Source