VAZU News

VAZU News နေ့စဉ် အင်တာဗျူးသီးသန့်👇
➐:⓿⓿🅐🅜 / ➐:⓿⓿🅟🅜🇲🇲

Please Subscribe/ Watch ..👇
https://www.youtube.com/
https://www.youtube.com/

နွားထိုးကြီး PDF က အခြေခံနဲ့ မွမ်းမံသင်တန်းဆင်းပွဲမှာ လ_က်နက်နဲ့ ကျ_ည်ကာ_တွေတပ်ဆင်..VAZU News _JULY 3,2025အမျိုးသားညီညွတ...
03/07/2025

နွားထိုးကြီး PDF က အခြေခံနဲ့ မွမ်းမံသင်တန်းဆင်းပွဲမှာ လ_က်နက်နဲ့ ကျ_ည်ကာ_တွေတပ်ဆင်..

VAZU News _JULY 3,2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ မြင်းခြံခရိုင် အမှတ်( ၄၊ ၁၀)တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဇူလိုင် ၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့ လက်နက်နဲ့ ကျည်ကာဝတ်စုံတွေပါ တပ်ဆင်ပေးခဲ့တယ်လို့ Natogyi PDF က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ဖားဆောင်းမြို့ ခလရ ၁၃၄ ကို သိမ်းပိုက်ပြီးတိုက်လေယာဉ် တစင်း ပစ်ချခဲ့ဟု ကရင်နီတပ်ပေါင်းစု ကြေညာ..VAZU News _JULY 3,2025ကရင...
03/07/2025

ဖားဆောင်းမြို့ ခလရ ၁၃၄ ကို သိမ်းပိုက်ပြီးတိုက်လေယာဉ် တစင်း ပစ်ချခဲ့ဟု ကရင်နီတပ်ပေါင်းစု ကြေညာ..

VAZU News _JULY 3,2025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ရှိ အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲကို ဗုံးကြဲဖို့လာတဲ့ လေယာဉ် (၄) စင်းအနက် FTC2000G တိုက်လေယာဉ် တစင်းကို ဇူလိုင် ၂ ရက်၊ မနက် ၁ နာရီခန့်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ဇူလိုင် ၃ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ တပ်တွေကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့တွေက ဇွန် ၂၅ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y-12၊ Y-8၊ FTC- 2000G ၊ Military Transport Aircraft တွေနဲ့ လေကြောင်းစစ်ကူအပြင်းအထန် တိုက်ခိုက်ခဲ့တဲ့ကြားက ဇွန် ၃၀ ရက်မှာ ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ကရင်နီပြည်ထဲ စစ်ကောင်စီ တိုက်လေယာဥ် (၁) စီး ပျောက်ဆုံးနေ VAZU News _JULY 3,2025နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလိုမီတာ...
03/07/2025

ကရင်နီပြည်ထဲ စစ်ကောင်စီ တိုက်လေယာဥ် (၁) စီး ပျောက်ဆုံးနေ

VAZU News _JULY 3,2025

နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလိုမီတာ အကွာတွင် စစ်ကောင်စီ၏ တိုက်လေယာဥ် (၁) စီးသည် ဇူလိုင်လ (၁) ရက်နေ့ ညပိုင်း၌ ပျံသန်းနေစဥ် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလိုမီတာ အကွာသည် လေကြောင်းအားဖြင့် ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်း ကျရောက်နေသည်ကို တွေ့ရသည်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

စကစမှ စစ်မှုထမ်း‌ခိုင်းခံရတဲ့ တပ်သားသစ် ၄ ဦး လက်နက်နဲ့အတူ အလင်းဝင်..VAZU News _JULY 3,2025စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အ...
03/07/2025

စကစမှ စစ်မှုထမ်း‌ခိုင်းခံရတဲ့ တပ်သားသစ် ၄ ဦး လက်နက်နဲ့အတူ အလင်းဝင်..

VAZU News _JULY 3,2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ ဦး ဇူလိုင် ၃ ရက်မှာ သေနတ် ၃ လက်ယူဆောင်လာပြီး မုံရွာမြို့နယ် ပကဖ ၊ တိုက်နယ် ၂ ပကဖထံသို့ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စိရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများ အနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်လိုပါက အမြဲကြိုဆိုနေရှိတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ညောင်ဦးတိုက်ပွဲမှာ ဒေသကာကွယ်အဖွဲ့ဝင် (၁၀)ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို အရှင်မိထားVAZU News _JULY 3,2025မန္...
03/07/2025

ညောင်ဦးတိုက်ပွဲမှာ ဒေသကာကွယ်အဖွဲ့ဝင် (၁၀)ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို အရှင်မိထား

VAZU News _JULY 3,2025

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကျ ဆုံးပြီး ဒဏ်ရာရသူများတယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇူလိုင် ၂ ရက် ယမန်နေ့ မနက် ၁၀ နာရီခန့်မှာ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တောင်တောရွာနဲ့ ဖလက်ကန်ကျေးရွာကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

မြိုင်အနောက်ပိုင်းက ဗဟင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁ ဦး သေဆုံးVAZU News _JULY 3,2025မကွေးတိုင်း၊ မြိုင်မြို့...
03/07/2025

မြိုင်အနောက်ပိုင်းက ဗဟင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁ ဦး သေဆုံး
VAZU News _JULY 3,2025

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းက ဗဟင်းကျေးရွာကို စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ၊လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၁)သေဆုံးအမျိုးသား (၃)ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂ ရက်၊ ညနေ ၄ နာရီ ၄၂ မိနစ်မှာ ဗဟင်းကျေးရွာကို စစ်ကောင်စီရဲ့ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ တစီးဖြင့် ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ချင်းပြည်(Chinland)အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုနှင့်သားဖွား ဒီပလိုမာ သင်တန်းသားများ ခေါ်ယူခြင်းVAZU News _JULY ...
02/07/2025

ချင်းပြည်(Chinland)အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုနှင့်သားဖွား ဒီပလိုမာ သင်တန်းသားများ ခေါ်ယူခြင်း
VAZU News _JULY 2,2025

ချင်းပြည်(Chinland)အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုနှင့်သားဖွား ဒီပလိုမာ သင်တန်း (Diploma in Nursing and Midwifery Program) ဒုတိယ အသုတ် ထပ်မံခေါ်ယူနေပြီလို့သိရပါတယ်။

Diploma in Nursing and Midwifery သင်တန်းဟာ ၃ နှစ်သင်ကြားရမှာဖြစ်ပြီး သင်တန်းသူအယောက် ၇၀ သာ လက်ခံသွားမယ်ဖြစ်ပြီး၊ ချင်းပြည်အတွင်းရှိသူနာပြုကျောင်းများ သင်ကြားမယ်ဟု သိရှိရပါသည်။

သတ်မှတ်ချက်များ
၁။၂၀၂၁ မတိုင်မီတက္ကသိုလ်ဝင်တန်းအောင်များနှင့် ၂၀၂၁ နောက်ပိုင်း NUG ၁၀ တန်း (စနစ်ဟောင်း) သို့မဟုတ် ၁၂ တန်း အောင် ဖြစ်ရမည်။ ချင်းပြည် (Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ Pre college တက်နေသူ သို့မဟုတ် ပြီးစီးသူဖြစ်ရမည်။
၂။အနည်းဆုံး BECA Grade C အဆင့်ရသောသူဖြစ်ရမည်။
၃။အသက် ၂၅ နှစ်အောက်ဖြစ်ရမည်။
၄။သိပ္ပံဘာသာတွဲဦးစားပေးဖြစ်သည်။
၅။သင်တန်းကို ပြီးဆုံးသည့်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
၆။သင်တန်းပြီးမြောက်ပါက ချင်းပြည်(Chinland) တွင် အနည်းဆုံး ၃ နှစ် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၇။ပညာရေးအထောက်အထားများတင်ပြနိုင်ရမည်။ မြန်မာနိုင်ငံမဟုတ်သောနိုင်ငံမှ အောင်မြင်ထားသူ ဖြစ်ပါက အောင်လက်မှတ်အပြင် ကျောင်းအုပ် ထောက်ခံစာ တင်ပြနိုင်ရမည်။
၈။လူတွေ့စစ်ဆေးခြင်းတွင်လာရောက်ဖြေဆိုနိုင်သူဖြစ်ရမည်။

📑စိတ်ဝင်စားသူများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီပါက Messenger မှ Google link လင့်တောင်းယူ၍ဖြစ်စေ၊ သက်ဆိုင်ရာဒေသန္တာရအုပ်ချုပ်ရေးအဖွဲ့များထံတွင် လျှောက်လွှာတောင်းခံနိုင်ပြီး၊ လျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ပိတ်မယ်သိရှိရပါသည်။https://www.facebook.com/share/1CWyrJHoeV/

မြိတ်မြို့ ခလရ ၂၆၅ မှ စစ်ကောင်စီတပ်သား တဦး KNU ထံ လက်နက်နဲ့အလင်းဝင်VAZU News _JULY 2,2025တနင်္သာရီဒေသ၊ မြိတ်မြို့နယ်အခြေ...
02/07/2025

မြိတ်မြို့ ခလရ ၂၆၅ မှ စစ်ကောင်စီတပ်သား တဦး KNU ထံ လက်နက်နဲ့အလင်းဝင်
VAZU News _JULY 2,2025

တနင်္သာရီဒေသ၊ မြိတ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၅ မှ တပ်သား တဦးက KNU/KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံသို့ ဇူလိုင် ၁ ရက်၊ နေ့လယ်ပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၅ တပ်မှ တပ်သား တဦးဟာ MA1 တလက်၊ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် ၃ ခုတို့နဲ့အတူ ယူဆောင်အလင်းဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

အာရက္ခတပ်တော်(AA)ဆီ စစ်သင်တန်းတက်ဖို့သွားတဲ့ လူငယ်တွေကို ရခိုင်ပြည်၊ မြေပုံမြို့နယ်ဒေသခံတွေက ရခိုင်မင်္ဂလာစည်တော်တီးပြီး...
02/07/2025

အာရက္ခတပ်တော်(AA)ဆီ စစ်သင်တန်းတက်ဖို့သွားတဲ့ လူငယ်တွေကို ရခိုင်ပြည်၊ မြေပုံမြို့နယ်ဒေသခံတွေက ရခိုင်မင်္ဂလာစည်တော်တီးပြီး လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ကိုပို့မယ့် ရိက္ခာကား ရေစကြိုပကဖ ဖမ်းဆီး ..VAZU News _JULY 2,2...
02/07/2025

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ကိုပို့မယ့် ရိက္ခာကား ရေစကြိုပကဖ ဖမ်းဆီး ..
VAZU News _JULY 2,2025

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်းပိုင်းမှာ ခလရ ၂၅၆ တပ်ရင်းကိုပို့မယ့် ရိက္ခာတင်ကား ၁ စီးကို ဖမ်းဆီးခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်မ ၁၀၁ ကနေ ရေစကြိုအခြေစိုက် စကစ ခလရ ၂၅၆ တပ်ကိုပို့မယ့် ရိက္ခာတင် မှန်လုံကားကို ဇူလိုင် ၂ ရက် မနက် ၉ နာရီမှာဖမ်းမိခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာ နဲ့ မာန်လည်ကျေး ရွာကို စကစဗုံးကြဲတိုက်ခိုက်နေVAZU News _JULY 2,2025မန္တလေးတိုင်း၊  နွ...
02/07/2025

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာ နဲ့ မာန်လည်ကျေး ရွာကို စကစဗုံးကြဲတိုက်ခိုက်နေ
VAZU News _JULY 2,2025

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက ဇွန် ၂၉ ရက်မှာ လေ ကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ် သိရပါတယ်။

တိုက်ခိုက်မှုကြောင့် သူစိုးကျေးရွာနေ ပြည်သူ ၃ ဦး စိုး ရိမ်ရတဲ့ဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ပျက်စီးသွားခဲ့ပြီး မာန်လည်ကျေးရွာမှာလည်း ကန်ကျောင်း၊ ဂို‌ထောင်နဲ့ ကားတွေ ထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
■ X (Twitter):
https://x.com/vazu_news
■ YouTube:
https://www.youtube.com/

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို Share လုပ်ပေးကြပါ။

ခန္တီးမြို့ ခလရ ၅၂ မှ စစ်ကောင်စီ တပ်သား ၁ ဦး ဟုမ္မလင်း ပကဖထံ မိသားစုလိုက်အလင်းဝင်VAZU News _JULY 2,2025စစ်ကိုင်းဒေသ၊ ခန္...
02/07/2025

ခန္တီးမြို့ ခလရ ၅၂ မှ စစ်ကောင်စီ တပ်သား ၁ ဦး ဟုမ္မလင်း ပကဖထံ မိသားစုလိုက်အလင်းဝင်
VAZU News _JULY 2,2025

စစ်ကိုင်းဒေသ၊ ခန္တီးမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၅၂)ခြေလျင်တပ်ရင်းမှ တပ်သား တဦးဟာ မိသားစုနဲ့အတူ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်း‌ ဆက်လက်ဖတ်ရှူနိုင်ရန်
YouTube :
https://www.youtube.com/
https://www.youtube.com/ ကို Subscribe လုပ်ထားနိုင်ပါတယ်။

✅နွေဦးသတင်း/Interview များကို နေ့စဉ် ဖတ်၊ကြည်ရှုနိုင်ရန် VAZU News ကို မျှဝေပါ။ Share လုပ်ပေးကြပါ။

Address

Delhi

Website

Alerts

Be the first to know and let us send you an email when VAZU News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share