Sai Htet Aung Bakery Trainer -ဖြန့်ချီးရေးလိုင်း အထူးသင်ပြပို့ချခြင်း

  • Home
  • India
  • Mumbai
  • Sai Htet Aung Bakery Trainer -ဖြန့်ချီးရေးလိုင်း အထူးသင်ပြပို့ချခြင်း

Sai Htet Aung Bakery Trainer -ဖြန့်ချီးရေးလိုင်း အထူးသင်ပြပို့ချခြင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sai Htet Aung Bakery Trainer -ဖြန့်ချီးရေးလိုင်း အထူးသင်ပြပို့ချခြင်း, Digital creator, yedashwe, Mumbai.

Like @ Fllow နိပ်ပေးထားနော်

မုန့်နဲ့ပတ်သက်တဲ့ အကြောင်းရာvideo ရိုက်တင်ဖို့ အချိန်ယူနေပါတယ်ဗျ

အားပေးသူတစ်ယောက်စီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Sai Htet Aung

✨Yeast - -Salt -Sugar အကြောင်း✨ Crdမုန့်ဖုတ်သမား (Baker) တစ်ဦးသည် Yeast အကြောင်း နားလည်ထားရန်အရေးကြီးသည်။ အဘယ့်ကြောင့်ဆိ...
22/06/2025

✨Yeast - -Salt -Sugar အကြောင်း✨ Crd

မုန့်ဖုတ်သမား (Baker) တစ်ဦးသည် Yeast အကြောင်း နားလည်ထားရန်အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် Yeast သည် ပေါင်မုန့်အတွက် မရှိမဖြစ်အရေးပါသည်။ ပေါင်မုန့်အရည်အသွေးနှင့်အရသာသည် Yeast လှုပ်ရှားမှုပေါ်တွင်မူတည်ပါသည်။ အပွကြာခြင်း၊ ပေါင်မုန့်အချဉ်နံ့ ရခြင်း ၊ မုန့်ရေဓါတ်ဆုံးရှုံးပြီး အခြောက်မြန်ခြင်းတို့သည် Yeast ကိုသေချာစွာအသုံးမပြုတတ်သောကြောင့်ဖြစ်သည်။
Yeast ကို Baker yeast သို့မဟုတ် Dry Yeast ဟုလည်း လူသိများသည်။
Dry Yeast ဆိုတာ ဘာလဲ။
Dry yeast သည် ရေခဲသေတ္တာ မလိုအပ်ဘဲ ရေဓာတ်ခန်းခြောက်သော ပုံစံဖြစ်ပြီး တာရှည်ခံသော သက်တမ်းဖြင့် ထူးခြားချက်ဖြစ်သည်။ပေါင်မုန့်အတွက် အသွင်အပြင်ကိုမြှင့်တင်ရန်နှင့် နှစ်လိုဖွယ်အရသာကိုပေးစွမ်းရန် မုန့်ဖုတ်ဖော်မြူလာအမျိုးမျိုးတွင် အသုံးပြုသည်။
Yeast သည် ပေါင်မုန့်များတွင် အရေးကြီးသော လုပ်ဆောင်ချက်များစွာ ပါဝင်သည်-
Yeast သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်သောကြောင့်ဒိုးသားကိုပွစေသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အော်ဂဲနစ်အက်ဆစ်များ ထုတ်လုပ်စဉ်အတွင်း ဒိုးသား pH ကို လျှော့ချပေးသည်။ အရသာဒြပ်ပေါင်းများကို အချဉ်ဖောက်ချိန်တွင် ထုတ်လုပ်ထားသောကြောင့် ဖုတ်ထားသော ကုန်ပစ္စည်းများ၏ အရသာနှင့် အနံ့ကို ပံ့ပိုးပေးပါသည်။
Dry Yeast 100 ဂရမ်လျှင် အာဟာရတန်ဖိုး မှာ ( g )
1. Carbohydrate 40
2. Protein 40
3. Fat 5
4. Water 15
Yeastသည် ဗီတာမင် D နှင့် B တို့အပြင် ပိုတက်စီယမ်နှင့် ဇင့်ကဲ့သို့သော သတ္တုဓာတ်များ၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။ ဤအာဟာရများသည် ကိုလက်စထရောကို လျှော့ချခြင်းနှင့် အာရုံကြောဆိုင်ရာနှင့် နှလုံးသွေးကြောဆိုင်ရာ ချို့ယွင်းမှုများကို စီမံခန့်ခွဲခြင်းကဲ့သို့သော ကျန်းမာရေးအကျိုးကျေးဇူးအချို့နှင့် ဆက်စပ်နေသည်။

Yeast များ ၏ မုန့်အတွင်း ရှင်သန်စွမ်းဆောင် နိုင်စွမ်းသည် အောက်ပါ အချက်များစွာကြောင့် ထိခိုက်နိုင်သည်-
1. အပူချိန်
Yeast အတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းသည် အပူချိန် 25 မှ 28 C (778 မှ 82 oF) အကြားတွင် ဖြစ်ပေါ်ပြီး 50 C (120oF) နှင့်အထက်တွင် Yeast ဆဲလ်များသေဆုံးခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုနှုန်းကျဆင်းသွားပြီးမုန့်အပွကြာနိုင်သည်။ ထို့ကြောင့် ဒိုးသားအတွင်းအပူချိန်များခြင်း ၊ အပွခံခန်းအပူချိန်များခြင်းသည် Yeast ဆဲလ်များသေဆုံးခြင်းကြောင့် ပေါင်မုန့်အပွခံချိန်ကိုကြာစေပါသည်။
2. ဆား
ဆား သည် Yeast အချဉ်ဖောက်ခြင်းကို နှေးကွေးစေနိုင်သည်။ ထို့ကြောင့် မုန့်နယ်ရာတွင် မမွှေသေးဘဲ ဆားနှင့် Yeast ကို ကြာရှည်စွာအတူရောထည့်ထားခြင်းကိုရှောင်ရမည်။ နှစ်ဆင့်နယ် ဒိုးသားများအတွက် ပထမအဆင့် ဆားကိုထည့်ပြီးအပွခံလေ့မရှိပါ။ လျင်မြန်စွာ ပွရန်အတွက် ဆားအဆင့်ကို သင့်တော်သည်ထက်ပိုမထည့်သင့်ပါ ။
3. သကြား
မုန့်အချိုးအစားတွင် သကြားပါဝင်မှု 5-10% တွင်၎င်းသည်တဆေးလှုပ်ရှားမှုကိုတိုးစေသည်။(ဥပမာ ဂျုံ 1000 g လျင် သကြား 50g မှ 100 g ကြားကိုဆိုလိုသည်။)
10% ထက်များသော သကြားအချိုးအစားသည် yeast လှုပ်ရှားမှု လျော့နည်းသွားသည်။
pH
ဒိုးသားအတွက် pH အဆင့် 4-6 သည် Yeast အတွက်အသင့်တော်ဆုံး ဖြစ်သည်။Yeast သည် သင့်လျော်သော pH ကို ဖြစ်ပေါ်စေရန် အက်ဆစ်၏ အစိတ်အပိုင်းကို ထောက်ပံ့ပေးသည်။ ထို့ကြောင့် pH အဆင့်ကိုနှိမ့်ချပေးသော Calcium propionate ကဲ့သို့သော ကြာရှည်ခံဆေးများကို သင့်လျော်သောမုန့်နယ်သည့်အဆင့်နှင့် သတ်မှတ်ထားသော အရည်အတွက်သာ ထည့်သွင်းရပါမည်။
သတ်မှတ်ထားသည်ထက် Yeast ပိုထည့်ခြင်း သည် အချဉ်ဖောက်ခြင်းကို ပိုမိုမြန်ဆန်စေသော်လည်း ပေါင်မုန့်ဖုတ်ပြီးချိန်အထိ Yeast လုပ်ငန်းစဉ် မကုန်သောကြောင့် မလိုလားအပ်သော Yeast အနံ့နှင့် ချဉ်စုပ်စုပ် အရသာကို ပေးစွမ်းနိုင်သည်။သို့သော်လည်း Yeast ပါဝင်မှုနည်းပြီး အပွခံချိန် ကြာရှည်ခြင်းသည်လည်းမုန့်အရည်အသွေးကိုထိခိုက်နိုင်ပါသည်။
Sweet Dough များတွင် Yeast ကို နှစ်ဆ သို့မဟုတ် သုံးဆတိုးခြင်းသည် မုန့်ပွချိန်ကို တိုတောင်းစေပါသည်။

🍀🍀🍀
အခုဆိုရင် Yeastအကြောင်းလေး အခြေခံလောက်သိသွားကြပြီပေါ့နော်🤗
💓အားလုံးကိုအဆင်ပြေစေချင်သည့်စေတနာဖြင့်သာ

https://www.facebook.com/share/p/15XZYHv1Hr/

Sharing is Caring 💁
By ..
Tsu /တီဆု
16.12. 2023

Athena community
Athena Community Vocational College
Pastry School (RPS)
:google photo


Chicken floss Roll Recipe ပေါင်မုန့်ဂျုံ  500g Yeast 15သကြား 100gနိူ့မှုန့် 20gBread improer 3gEgg 1လုံး ရေ200gဆား6gButt...
19/06/2025

Chicken floss Roll Recipe

ပေါင်မုန့်ဂျုံ 500g
Yeast 15
သကြား 100g
နိူ့မှုန့် 20g
Bread improer 3g
Egg 1လုံး
ရေ200g
ဆား6g
Butter 50g

ပေါင်မုန့်နပ်ချိန်။။15/20mins

အပွခံချိန်။။25/30mins

Topping ။။ကြက်သွန်မိတ် ဥနီ ကြက်သားမျှင်

မီးအား ။။အပေါ် 180/အောက်180။
မိနစ် ။။8mins

🎉 Facebook recognised me as a consistent reels creator this week!
17/06/2025

🎉 Facebook recognised me as a consistent reels creator this week!

ပူတင်း 🍮🍮🍮Group A.နိူ့.1000g               သကြား200g               ဆား1/2g               နိူ့စိမ်း 180gGroup B.   ကြက်ဥ....
11/06/2025

ပူတင်း 🍮🍮🍮
Group A.နိူ့.1000g
သကြား200g
ဆား1/2g
နိူ့စိမ်း 180g
Group B. ကြက်ဥ.20လုံး
ဗနီလာအနံ့ .10g
Yellow 💛 colour.အနဲငယ်

ပြုလုပ်ပုံ။
Group A ကို အပူပေးပါ။
Group B ကို ခလောက်ထားပါ။
နောက်ဆုံး A+B ပေါင်းပြီး စကာစစ်ပါ။
ခွက်ထဲ လိုသလို ထည့်ပါ ။
မီးအား
အပေါ်160
အောက်190
မိနစ်45
မှတ်ချက်။။ရေခံပြီးဖုတ်ပါ🧑‍🍳🍮🍮

ပြန်တင်ပေးတာ
09/06/2025

ပြန်တင်ပေးတာ

09/06/2025

ငယ်ငယ်က အရမ်းကြိုက်တဲ့ အီဆိမ့်👈

ပေါင်မုန့်ဂျုံ ဒုံးပျံ 2700
ကြက်ဥ 4
ရေ 1050
ဆား အနည်းငယ်

သကြား 350
ရိ 60
ဆီ 150
သကြားရေ စိမ်ရန် အတွက် သကြား2ပိသာကို ရေ 1ပိသာနဲ့ ပွက်ပွက်ဆူအောင် တည်ပီး အအေးခံထားပါ ။
ပြုလုပ်နည်း
ရေ သကြား ဥ ဆား အရင် ကြေအောင်မွှေ ကြေရင် ဂျုံထည့် ဂျုံပေါ်ကနေ ရိထည့် လုံးအောင်စည်းပိုင် နေ အောင် နယ် စည်းပိုင်နေရင် ဆီထည့်နယ် စည်းပိုင်နေအောင်နယ် ပီးရင် ပလက်စတစ် အိတ်နဲ့ လေလုံအောင်ထား 2ဆပွလာရင် လိုသလို ပုံစံသွင်းပီး 25မီနစ်ထား။ အချိန်ရင် ကျော်လို့ရပါပီ ကျော်ပီး ပီးချင် သကြားရေထဲနစ်မုန့်ကို မြုပ်အောင် နစ်ပါ။ တန်းပီးဆယ်ရပါမယ်!

မှတ်ချက်။ ။တစ်ပိုင်တစ်နိင်လုပ်ရောင်းလို့ ရပါတယ် လက်ဖြစ်နယ်လို့ရသလို ဈေးကွက်ထဲကလည်းကြိုက်ကျတဲ့မုန့်လေးပါ။ မိမိတို့အတွက်အကြိုးရှိတယ်ထင်ရင် like or Follow လေးလုပ်ပေးကျပါအူး😊

09/06/2025

ဆားလားရိုက်နည်း

ကြက်ဥ 10လုံး
သကြား 1000gအရင် အပွရိုက်လိုက်ပါ

ဆီ5000g- ကြွတ်မှီးတန်းယုံမျှ ဆီလောင်းထည့်၍ ဆီကုန်သွားသည်ထိ ရိုက်ပါ ပြစ်တွဲလာရင် ဆားလားယို ရပါပီ။

မှတ်ချက်။ ။ထိုယိုသည် စိတ်ရှည့်စွာဆီထည့်ရသော့ယိုဖြစ်သည်။

စိတ်မရှည်ပါက အရည်ကျဲသွားတပ်သည် ။

ဒီအချိုးသည်ကျွန်တော်အသုံးပြုသော အချိုးဖြစ်ပါသည်။

မရိုက်တပ်ပါကလည်း ပျက်စီးနိင်ပါသည်။

ပေါင်မုန့်အပေါ်တွင် တင်၍ အသုံးပြုနိင်သည် အချိုကို လိုသလောက်သုံးပြုပါ။

09/06/2025

ဆားလားရိုက်နည်းတင်ပေးမယ်ဒီည💁

ဒီမုန့်အထဲမှာ 👇ယိုအနေနဲ့သုတ်လိတ်တာပါ

ကြက်ဥ။။ ။7လုံး

သကြား။။ ။700g

ဆီ။ ။2400g

ရိုက်နည်း။ ။ကြက်ဥ သကြား အရင်အပွရိုက် ပွလာရင် ဆီကိုကြွတ်မှီးတန်းယုံလောက်နည်းနည်းချင်း ထည့်ရိုက်ပါ ဆီကုန်ရင် ပြစ်လာပါလိတ်မယ်။။

ဤယိုကို ပေါင်မုန့်လုံး ပေါင်မုန့်ချောင်းပေါ်တွင် ကြိုက်သလို တင်၍အသုံးပြုနိင်ပါသည်။

မှတ်ချက်။။ ဆီကိုထည့်လျှင် စိတ်ရှည်ရှည်ထည့်ပေးပါ။

08/06/2025
08/06/2025
မကြည့်ရသေးတဲ့လူတေအတွက်🧑‍🍳
08/06/2025

မကြည့်ရသေးတဲ့လူတေအတွက်🧑‍🍳

Address

Yedashwe
Mumbai
SAIMON

Telephone

+66917316553

Website

Alerts

Be the first to know and let us send you an email when Sai Htet Aung Bakery Trainer -ဖြန့်ချီးရေးလိုင်း အထူးသင်ပြပို့ချခြင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share