Thein Su Aung

Thein Su Aung သက်ဆိုင်သူသို့ပေးပို့စာကို
page cbမှာပို့ထားပေးပါရှင့် 🙏🌏💐

ကြောက်လို့ရနေပြီးနော် #ခြင် #နှံကောင်
03/07/2025

ကြောက်လို့ရနေပြီးနော်

#ခြင်
#နှံကောင်

ကြိုးစားနေတဲ့အချိန်ဟာပင်ပန်းတယ်လိုမမြင်ပါဘူးကိုယ်ရောက်ချင်တဲ့နိုင်ငံတခုမို့
29/06/2025

ကြိုးစားနေတဲ့အချိန်ဟာ
ပင်ပန်းတယ်လိုမမြင်ပါဘူး
ကိုယ်ရောက်ချင်တဲ့နိုင်ငံတခုမို့

အရမ်းလှသော #ကြာဖူး #အရမ်းချစ်သော
29/06/2025

အရမ်းလှသော

#ကြာဖူး
#အရမ်းချစ်သော

ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။ မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။သိန်းငှက်ပေါ် ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊ကျီ...
27/06/2025

ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။
မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။
သိန်းငှက်ပေါ် ကို တက်ပြီး
ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊

ကျီးကန်းတိုက်ခိုက် လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို ပြန်မတိုက်ခိုက်ပါဘူး၊၊

သိန်းငှက်က သူ့ရဲ့အတောင်ပံကို ဖြန့်ပြီး
မြင့်သထက် မြင့်အောင်
အပေါ် သို့ ရောက်အောင် ထပ်ပြီး ပျံသန်းခဲ့ပါတယ်။

အမြင့်သို့ ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုပါတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ၊၊

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို ပြန် မတိုက်ခိုက်ပါနဲ့၊၊
အမြင့်ဆုံးသာ တက်လှမ်းပါ၊၊
မယှဥ်နိုင်တဲ့ သူက သူ့ဟာသူ ပြုတ်ကျ ကျန်ပါလိမ့်မယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေး
ကျီးကန်းနဲ့ တူတဲ့ လူတွေ များစွာ ရှိနေတာကိုလေး သတိရပြီး အကောင်းဆုံး အသက်ရှင်ပါ၊၊

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင် ခွန်အားရှိဖို့ပဲ လိုပါတယ်၊၊

#မေတ္တာဖြင့်တဆင့်_ #ခွန်အားရှိသောစာတ်ိုများ

😌
26/06/2025

😌

25/06/2025
ရွာသူကြီးဆီက အကူညီတွေ မတောင်းချင်ပေမယ့်လဲ အဘွားမှာ အစိုးရဆီကအသက်ကြီးအရွယ်အိုထောက်ပံ့ကြေးလဲမရ အားကိုးစရာသားသမီးမရှိတော့ ရ...
14/06/2025

ရွာသူကြီးဆီက အကူညီတွေ မတောင်းချင်ပေမယ့်လဲ အဘွားမှာ အစိုးရဆီကအသက်ကြီးအရွယ်အိုထောက်ပံ့ကြေးလဲမရ အားကိုးစရာသားသမီးမရှိတော့ ရွာသူကြီးထံ အကူညီလာတောင်းရတာပေါ့၊

အဖွားနာမည်..အဘွားပေါင်လို့ခေါ်ပါတယ် .
ဘယ်သူ့ဆီက အကူညီကို မတောင်းတဖူးပေမယ့် လက်ရှိ အဘွားလက်ထဲမှာဘတ်၂၀သာရှိတော့တယ်၊

မီးခပေးဖို့ဘယ်လိုမှမလုံလောက်တော့ အုပ်ချုပ်မှုရုံးကိုလာရတာပါ၊ အဘွားမှာ ဆွေမျိုးလဲမရှိ လက်ရှိစားနေရတဲ့ထမင်းက သူများလှူပေးထားတဲ့ဆန်နဲ့စားနေရတယ်၊

အဘွားရဲ့လက်ရှိအခြေနေကို ရွာသူကြီးကကြားသိလိုက်တော့၊ အစိုးရထောက်ပံ့ကြေးရအောင် ဆောင်ရွက်ပေးတဲ့အပြင် ဆန်ဆီ စားစရာသောက်စရာ ကုန်ပစ္စည်းအမြောက်အများ ထောက်ပံ့ပေးခဲ့တယ်၊

အဘွားနေမကောင်းဖြစ်ရင် ဆေးရုံလိုက်ို့ပေးတယ်၊ အဘွားရဲ့လက်ကျန်ဘဝလေးတွေ ကောင်းကောင်းမွန်မွန်နဲ့ ထားစေချင်တယ်လို့ ရွာသူကြီးက ဆိုထားပါတယ်။

14/06/2025

မပြည့်တဲ့အိုး👈
_________________
လောကမှာ
မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်
လူတစ်ချို့က
ကိုယ့်ကိုကိုယ်အတော်ဆုံးပါလို့ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်
👉 ကိုယ့်ထက် မိုးပျံအောင်
တော်တတ်နေတဲ့သူတွေ တစ်ပုံကြီး
ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။
လူတစ်ချို့က
ကိုယ့်ကိုကိုယ်အချမ်းသာဆုံးပါလို့မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်
👉 ကိုယ့်ထက်
ကျိကျိတက်ချမ်းသာသူတွေ
ဒုနဲ့ ဒေး ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်
လူတစ်ချို့က
ကိုယ့်ကိုကိုယ် ပြည့်စုံလွန်းသူလို့သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်
👉 ကိုယ့်ထက် ပေါများ
ပြည့်လျှံသူတွေ အမြောက်အများရှိတယ်ဆိုတာ
သိထားဖို့လိုပါတယ်
ဘဝမှာ
လူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူရှိကြပါတယ်
ကိုယ့်မှာ မရှိတဲ့အရည်အချင်းတွေ
သူ့ဆီမှာရှိနိုင်သလို
သူ့မှာမရှိတဲ့အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်
ဘာမှမမြဲတဲ့
လောက ဘဝကို
ပုံသေတွက်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးမှာရှိနေတာမို့
ဘယ်သူကိုမှ အနိမ့်အမြင့် မခွဲခြားသင့်တာ
ကောင်းပါတယ်။
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်။

နိုင်ငံတကားသတင်း အစ္စရေးက အီရန် ရဲ့ နျူကလီးယား နဲ့ လက်နက် စက်ရုံတွေကို တိုက်ခိုက် အစ္စရေးက အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့...
13/06/2025

နိုင်ငံတကားသတင်း
အစ္စရေးက အီရန် ရဲ့ နျူကလီးယား နဲ့ လက်နက် စက်ရုံတွေကို တိုက်ခိုက်

အစ္စရေးက အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို ဒီနေ့ သောကြာနေ့ (၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်) မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ နေရာတော်တော်များများကို ထိမှန်ခဲ့ပြီး မြို့တော် တီဟီရန်နဲ့ အဓိက ယူရေနီယမ် ထုတ်လုပ်တဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုထိ သိထားရတဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

💢ဘယ်နေရာတွေ တိုက်ခိုက်ခံရသလဲ?

အစ္စရေးစစ်တပ်က အီရန်ရဲ့ နေရာဒေသအသီးသီးမှာရှိတဲ့ နျူကလီးယားပစ်မှတ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တီဟီရန်မြို့အရှေ့ပိုင်းက အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အဓိကနေရာတစ်ခုမှာ မီးလောင်မှုနဲ့ မီးခိုးတွေကို မြင်တွေ့ခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။

အလားတူပဲ အလယ်ပိုင်း Isfahan ပြည်နယ်က နာတန်ဇ်မြို့မှာလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားက ဆိုပါတယ်။ အဲ့ဒီနေရာမှာ အဓိက နျူကလီးယားစက်ရုံကြီး ရှိပါတယ်။ "နာတန်ဇ်က စက်ရုံဟာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရတယ်။" လို့ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပြီး မီးခိုးလုံးတွေ ထွက်နေတဲ့ ရုပ်ပုံတွေကို ပြသခဲ့ပါတယ်။

တီဟီရန်မြို့က လူနေတိုက်ခန်းတွေ ပျက်စီးခဲ့ပြီး အရပ်သားအများအပြား ‌ေ-သဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းမီဒီယာတွေက ပြောပါတယ်။

အစ္စရေးလုံခြုံရေးအရာရှိတစ်ဦးကတော့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ မိုဟာမက် ဘာဂီရီ (Mohammad Bagheri) နဲ့ အဓိက နျူကလီးယားသိပ္ပံပညာရှင်တွေ ‌ေ-သဆုံးနိုင်တယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးအကဲ ဟူစိန် ဆာလာမီ (Hossein Salami) လည်း သေဆုံးသွားပြီလို့ အီရန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

💢ဘာကြောင့် အခုမှ တိုက်ခိုက်တာလဲ?

အစ္စရေးက အီရန်ကို သူတို့ရဲ့ နိုင်ငံတည်မြဲရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေပြီး မနှစ်ကလည်း အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် (Israel Katz) က ဒီလုပ်ရပ်ကို "ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှု" လို့ ဖော်ပြခဲ့ပါတယ်။

အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အစ္စရေးတို့က ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပေမယ့် အီရန်ကတော့ အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ (၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်)က ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်ဟာ စည်းမျဉ်းတွေကို မလိုက်နာဘူးလို့ စွပ်စွဲခဲ့ပြီးနောက်မှာ အစ္စရေးက ကမ္ဘာလုံးဆိုင်ရာ အရေးယူမှုတွေလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းခြင်းမရှိဘဲ အစ္စရေးက မကြာခင် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေ အမေရိကန်မီဒီယာမှာ မကြာခင်ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ကြာသပတေးနေ့ (၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်)က အစ္စရေးရဲ့တိုက်ခိုက်မှု ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး "မကြာခင်လို့တော့ မပြောချင်ဘူး၊ ဒါပေမဲ့ ဖြစ်လာနိုင်ခြေတော့ ရှိပုံရတယ်။" လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

💢ဘယ်သူတွေ ပါဝင်သလဲ?

အစ္စရေးဟာ စစ်ရေးနဲ့ သံတမန်ရေးရာတွေမှာ ဝါရှင်တန်ကို မှီခိုနေရပေမယ့် ဒီတိုက်ခိုက်မှုတွေကိုတော့ တစ်နိုင်ငံတည်း လုပ်ဆောင်ခဲ့တာလို့ အမေရိကန်ရဲ့ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ မာကို ရူဘီယို (Marco Rubio) က ပြောပါတယ်။

"အီရန်ကို တိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့ မပါဝင်ပါဘူး။ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးပါ။" လို့ သူက ထုတ်ပြန်ချက်မှာ ပြောပြီး အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်မထားဖို့ အီရန်ကို သတိပေးခဲ့ပါတယ်။

💢ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလဲ?

တီဟီရန်ရဲ့ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းသွားလာမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်နီးချင်း အီရတ်နိုင်ငံကလည်း သူတို့ရဲ့လေပိုင်နက်တစ်ခုလုံးကို ပိတ်ထားလိုက်ပါတယ်။

အီရန်က ဘယ်အချိန်မဆို လက်တုံ့ပြန်လာနိုင်တယ်လို့ အစ္စရေးက သတိပေးထားပြီး အရေးပေါ်အခြေအနေ ကြေညာကာ သူတို့ရဲ့ လေပိုင်နက်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဝါရှင်တန်မှာတော့ သမ္မတထရန့်ဟာ ဒီတိုက်ခိုက်မှုအပြီးမှာ လုံခြုံရေးအကြီးအကဲတွေကို အစည်းအဝေးခေါ်ယူသွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံဈေးနှုန်းတွေဟာ ခြောက်ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။

Ref : Channel News Asia

#ရပ်ကွပ်မီဒီယာ

13/06/2025

အံ့မယ် သူတို့က #ချစ်နေလိုက်ကြတာ

13/06/2025

🇰🇭🇰🇭🇰🇭🇰🇭 #ရောက်စမ်း

13/06/2025

Address

Patiala

Website

Alerts

Be the first to know and let us send you an email when Thein Su Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thein Su Aung:

Share