Vawsai hratua

Vawsai hratua The page is only for entertainment and educational purposes. please like and follow this page.
(1)

19/07/2025

စိတ်ဝင်စားသူများအတွက်

ကွန်ပျူတာ Shortcut ကီးဘုတ် လေ့လာကြပါ။

တခါတည်းမှတ်ဖို့မလိုပါ။ ဟိုခါ တကွက် ဒီခါတကွက် မှတ်ထားရုံဖြင့် လွယ်ကူသော အသုံးပြုမှုကို ဖြစ်စေနိုင်ပါသည်။

Ctrl + A = စာများအားလုံးအား Select မှတ်ခြင်း။
Ctrl + C = မိမိလိုချင်သော စာအား Select မှတ်ပြီး Copy ပွားခြင်း။
Ctrl + V = မိမိလိုချင်သော စာအား Select မှတ်ပြီး မိမိထားခြင်သော နေရာတွင် Paste လုပ်ခြင်း။
Ctrl + P = Print ခေါ်ခြင်း။
Ctrl + S = Save ခြင်း။
Ctrl +Z = မူလပြန်ခေါ်ခြင်း စာအား Undo လုပ်ခြင်း။
Ctrl + Y = ရောက်ရှိပြီးသော နေရာသို့ သွားရောက်ခြင်း။ (စာစီရာတွင် Redo လုပ်ခြင်း)
Ctrl + F3 = Define Name
Ctrl + F4 = Close (စာဖိုင်အား ပိတ်ခြင်း)
Ctrl + F5 = XL; Restore and Window Size
Ctrl + F7 = Move Window
Ctrl + F8 = Resize Window
Ctrl + F9 = Miniize Workbook
Ctrl + F10 = Maximize or restore window
Ctrl + F12= File Open
Ctrl +F1 = Insert Chart
Ctrl +n = Create New
Ctrl + O = Open
Ctrl + W = Close
Ctrl +k = General
Ctrl + Q =quite / exit
Ctrl + E = edit / modify
Ctrl + T = Character
Ctrl + M = Setup / odify
Crl + i = tabs / indents
Ctrl + plus or minus = Zoom in/out
Ctrl + 1 = actual Size
Ctrl +2 = 200% View
Ctrl + 4 = 400% View
Ctrl + 5 = 500% View
Ctrl + 7 = 75% View
Ctrl + 0 = Fit in window
Ctrl +3 = Define (Text)
Ctrl + } = Object / text
Ctrl + B = Bold (စာလုံးအမည်းရောင်ပြောင်းခြင်း) ခေါင်းစဉ်
Ctrl + I = Italic စာလုံးအစောင်း
Ctrl + U = Underline (မျဉ်းကြောင်းတားခြင်း)
Ctrl + J = Force Justify (စာပိုဒ်အတွက်)
Ctrl + L = Alignment Left (စာအား ဘယ်သို့ညှိခြင်း
Ctrl + R = Alignment Right (စာအား ညာသို့ ညှိခြင်း)
Ctrl + E = Alignment Center (စာအား အလယ်ဗဟိုသို့
လုပ်ခြင်းဖြင့် ကူညီ‌
ပေးကြပါနော့်

ဒီနေ့  ၁၉  ဇူလှိုင်ရောက်ခဲ့ပြန်ပြီနော် အာဇာနည်ခေါင်းဆောင် 9 ဦးကျနော် ချစ်ခင်လေးစားရပါသောဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင...
19/07/2025

ဒီနေ့ ၁၉ ဇူလှိုင်ရောက်ခဲ့ပြန်ပြီနော်

အာဇာနည်ခေါင်းဆောင် 9 ဦး
ကျနော် ချစ်ခင်လေးစားရပါသော
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
သူရဲကောင်းများကို လေးပြုရမယ်

18/07/2025

အဝေးကလမ်းဟောင်းလေးကိုငါဟာ နှုတ်ဆက်။

SIAHA HE A BOH KHAO VEI! MÔ THLÂH NOTA MOLEIPA TA CHAIHZÔ TA A RAO LIATA CHA-ÂSiaha liata hmo rarôh-y kawpa tlôpa ta, m...
17/07/2025

SIAHA HE A BOH KHAO VEI!

 MÔ THLÂH NOTA MOLEIPA TA CHAIHZÔ TA A RAO LIATA CHA-Â

Siaha liata hmo rarôh-y kawpa tlôpa ta, moleipa ahy tahpa pahno leipa ta chanô pakha, kô 20-ta uhtheipa cha chaihzô ta a rao liata a cha-âpa.

Zâhnia, târi 16 Khihpa, 2025 zâ dawh 11-12 likah rachhôh liana khata, ahy tahpa pahno leipa moleipa pakha cha Siaha Vaihpi-III liata Puhpa T.Sangia-nah O liata aru lâta angiapa ta, ama sawchanô, Goodfriday, kô 20-ta uhtheipa, py 10 achuhaipa, rakhô liata amô thlâh hapa cha a pakah chahupa ta a rao liata chaihzô ta a cha-âpa.

Laihsa Goodfriday he he thâtih pachhuahpanoh hai nona heta thohna O liata mohôh haipa châ ta; dawhtyzy heta chaihzô ta ama âna hmah he â pathuh pâ kawpa hawhta ama rei.

He thâtih pachhuahpanoh hai nona heta cha moleipa he patupa a châ mâh leipa hawhta biehnawh heta a palâsa.

ကလေး- သိုင်းငင်း လမ်းပြန်ဖွင့်======== ဇူလိုင် ၁၆ ရက်၊ ၂၀၂၅။Zalen စစ်ရေးကြောင့် ပိတ်ထားရတဲ့ ကလေး- သိုင်းငင်း လမ်းမ‌ကို ဇ...
17/07/2025

ကလေး- သိုင်းငင်း လမ်းပြန်ဖွင့်
========

ဇူလိုင် ၁၆ ရက်၊ ၂၀၂၅။

Zalen

စစ်ရေးကြောင့် ပိတ်ထားရတဲ့ ကလေး- သိုင်းငင်း လမ်းမ‌ကို ဇူလိုင် ၁၇ ရက်နေ့ကစပြီး ခရီး သွားပြည်သူတွေ ပြန်လည် အသုံးပြု သွားလာလို့ရပြီ ဖြစ်ကြောင်း CDF CDM Siyin အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် CDF CDM Syin ဟာ မေလ ၂၀ ရက်ကနေ စပြီး ကလေး-သိုင်းငင်း လမ်းမကြီးကို ယာယီ ပိတ်ထား လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

"ပြန်ဖွင့်တဲ့ကြေညာချက် အခုတွေ့ပဲ တွေ့တယ်။ သွားရေးလာရေး အတော်အဆင်ပြေသွားတာပေါ့ဗျာ။ ကွင်းလမ်းက ရွာချင်းဆက်လမ်းတွေက အတော်ဆိုးတာ၊ အခုတော့ သွားရေး လာရေး ပြန်အဆင်ပြေပြီပေါ့"လို့ တီးတိန် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CDF Siyin တပ်ဖွဲ့ပါ၀င်တဲ့ ကာကွယ်ရေး ပူးပေါင်းတပ် တွေဟာ ဟာ ကလေး- သိုင်းငင်း လမ်းပေါ်ရှိ မွှာလ်ပီးရွာမှာ မေ ၂၁ ရက် စပြီး ဇူလိုင်လဆန်းပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့က မွှာပီးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မွှာပီး‌ ကျေးရွာရှိ နေအိမ်တွေကို ၀င်ရောက်နေထိုင်ကာ ပစ္စည်းများဖောက်ထွင်းခိုးယူခဲ့သလို နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း credit

ချင်းအမျိုးသားတက္ကသိုလ်(CNU) က  သင်ကြားရေး ဆရာ၊ ဆရာမ ခေါ်ယူမယ်ဇူလိုင်လ ၁၅ ရက်။ချင်းအမျိုးသားတက္ကသိုလ် (The Chin National...
15/07/2025

ချင်းအမျိုးသားတက္ကသိုလ်(CNU) က သင်ကြားရေး ဆရာ၊ ဆရာမ ခေါ်ယူမယ်

ဇူလိုင်လ ၁၅ ရက်။

ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) မှာ လစ်လပ်နေတဲ့ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ အတွက် လာရောက်လျှောက်ထားနိုင်တယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။

ချင်းအမျိုးသားတက္ကသိုလ်အတွက် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်နေပြီး မြေပြင်တွင် တာဝန်ထမ်းဆောင်နိုင်သည့် ဘွဲ့ကြို/ဘွဲ့လွန်လက်မှတ် ရသူများသည် လက်ထောက်ကထိကရာထူး၊ ပါရဂူဘွဲ့ရများသည် ကထိကရာထူး၊ တက္ကသိုလ်/ကောလိပ်/သိပ္ပံတခုခု (သို့မဟုတ်) အစိုးရဌာနတခုခုတွင်တာဝန်ထမ်းဆောင်ဖူးသောသူများသည် မူလရာထူးထက်မနိမ့်သော ရာထူးများသို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပညာအရည်အချင်းနှင့် အထူးပြုဘာသာရပ်တွေကအင်္ဂလိပ်စာအထူးပြုဖြင့် BA/MA/PhD ဘွဲ့ရရှိသူများ ၊ ဆေးပညာဖြင့် MBBS/MMedSc/PhD ဘွဲ့ရရှိသူများ ၊ သူနာပြုပညာဖြင့် BNSc/MNSc/PhD ဘွဲ့ရရှိသူများ ၊ Philosophy, Law, History, Political Science, Geography, Psychology, Economics အထူးပြုဖြင့် MBA/MA/PhD ဘွဲ့ရရှိသူများ ၊ပညာရေးဖြင့် DTEd/BEd/MEd/PhD ဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာပညာဖြင့် BTech/BE/ME//PhD ဘွဲ့ရရှိသူများ
၊ Mathematics, Physics, Chemistry, Botany, Zoology, Geology အထူးပြုဖြင့် MSc/PhD ဘွဲ့ရရှိသူများ ၊စိုက်ပျိုးရေးပညာဖြင့် BAgrSc/MAgrSc/PhD ဘွဲ့ရရှိသူများ ၊သစ်တောပညာဖြင့် BSc/MSc/PhD ဘွဲ့ရရှိသူများ၊ တိရစ္ဆာန်ဆေးပညာဖြင့် BVSc/MVSc/PhD ဘွဲ့ရရှိသူများနှင့် ကွန်ပျူတာသိပ္ပံဖြင့် BCSc/MCSc/PhD ဘွဲ့ရရှိသူများ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို (၃၀.၈.၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူများ၊ CV၊ ဝန်ထမ်းဖြစ်ပါက ရာထူးအထောက်အထားမိတ္တူများကို ပူးတွဲ၍ [email protected] သို့ လျှောက်ထားရမယ်လို့လည်း ဆိုထားပြီး ပဏာမရွေးချယ်ခံရသူများကိုသာ လူတွေ့စစ်ဆေးမည့် အချိန်ကို ပြန်လည်အကြောင်းကြားပေးမယ်လို့လည်း ဆိုပါတယ်။

Website Link

https://chinworld.org/2025/07/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c-3/

Telegram Link

https://t.me/realchinworldmedia/7560

Mizo Idol Ei (8) Virtual Audition cha, tari 15-31  August 2025 likaw liata hneipa acha ba aw tapa bie daopa a cha.
11/07/2025

Mizo Idol Ei (8) Virtual Audition cha, tari 15-31 August 2025 likaw liata hneipa acha ba aw tapa bie daopa a cha.

09/07/2025

Date 9/07/2025 lunglei ,tawta Nochhi la pagaina Lapi theiriat khi liata acho pa.

UNHCR ကဒ် ပြန်လည်မရရှိသေးတဲ့ မလေးရှားမှ ချင်းဒုက္ခသည်များ အမည်စာရင်းပြန်ပေးရန် ICC ထုတ်ပြန်ဇူလိုင်လ ၉ ရက်။ မလေးရှားရောက်...
09/07/2025

UNHCR ကဒ် ပြန်လည်မရရှိသေးတဲ့ မလေးရှားမှ ချင်းဒုက္ခသည်များ အမည်စာရင်းပြန်ပေးရန် ICC ထုတ်ပြန်

ဇူလိုင်လ ၉ ရက်။


မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကဒ်အသိမ်းခံရပြီး အသနားခံစာတင်ပေမယ့် ကဒ်ပြန်လည်မရရှိသေးသူတွေအနေနဲ့ ဇူလိုင်လကုန်နောက်ဆုံးထားပြီး မိမိ အသနားခံစာတင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ အမည်စာရင်းများ ပြန်လည်ပေးအပ်ဖို့ Independent Chin Communities (ICC) ကဇူလိုင် (၈) ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

UNHCR ရဲ့ Chin Cessation Policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆိုင်းခြင်းကာလ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း UN ကဒ်များ မတရားအသိမ်းခံရပြီး ကဒ်များပြန်ပေးရန် မိမိအဖွဲ့အစည်းများမှ အသနားခံစာတင်ပေမယ့် ယနေ့ချိန်ထိ ပြန်မရရှိသေးတဲ့ (13C-UNHCR ကဒ်ကိုင်) မလေးရှားရောက် ချင်းဒုက္ခသည်များ အနေဖြင့် မိမိအသနားခံစာတင်ခဲ့တဲ့ အဖွဲ့အစည်းများ ထံ အမည်စာရင်းနဲ့ အချက်အလက်များ ပြန်လည်ပေးအပ်ရန် တောင်းခံခြင်းဖြစ်ပါတယ်။

အမည်စာရင်းများကို ICC အဖွဲ့ဝင်များဖြစ်တဲ့ Alliance Of Chin Refugees (ACR), Chin Refugees Committee (CRC), DAI Community Malaysia (DCM), Falam Refugees Organization (FRO) နဲ့ Zomi Association of Malaysia (ZAM) များအနက် မိမိအဖွဲ့စည်းအသီးသီး (သို့မဟုတ်) မိမိ အသနားခံစာတင်ခဲ့တဲ့အဖွဲ့အစည်းထံ ဇူလိုင်လ (၃၁) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးအပ်ရမှာဖြစ်ပါတယ်။

အမည်စာရင်းနဲ့ လိုအပ်တဲ့အချက်အလက်များပေးအပ်ရာမှာ ICC အဖွဲ့အစည်းတစ်ခုခုကို ပေးအပ်ပြီးဖြစ်ပါက အခြားနောက်အဖွဲ့ထံကို ပေးအပ်ခြင်းများမပြုလုပ်ရန်လည်း အသိပေးထုတ်ပြန်ထားပါတယ်။

စာရင်းပြန်လည်ပေးအပ်ရာမှာ အသနားခံစာ လျှောက်ထားခဲ့သူများရဲ့ ကိုယ်ရေးအချက်အလက်များ အပါအဝင် UNHCR ဖိုင်နံပါတ်၊ UNHCR ကိုယ်ပိုင်နံပါတ်၊ အသနားခံစာတင်ခဲ့တဲ့ ရက်စွဲများကို ပေးအပ်ရမှာဖြစ်ပါတယ်။

ယခုကဲ့သို့ကောက်ယူခြင်းဟာ UNHCR ရဲ့စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ မိမိလူမျိုးများအတွင်းကျန်ရှိနေသေးတဲ့ စာရင်းများကိုသိရှိလိုခြင်းနဲ့ သက်သေအထောက်ထားများရရှိနိုင်ရန်အတွက် ကောက်ယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

Credit

မှသမ္မတအိမ်ဖြူတော်ဝါရှင်တန်နေ့စွဲ - ၂၀၂၅ ဂျူလိုင် ၇သို့ကြီးမြတ်လှသောဦးမင်းအောင်လှိုင်နစကဥက္ကဋ္ဌ နှင့်တပ်မတော်ကာကွယ်ရေးဦး...
08/07/2025

မှ
သမ္မတအိမ်ဖြူတော်
ဝါရှင်တန်

နေ့စွဲ - ၂၀၂၅ ဂျူလိုင် ၇

သို့
ကြီးမြတ်လှသော
ဦးမင်းအောင်လှိုင်
နစကဥက္ကဋ္ဌ နှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်

ခင်မင်ရပါသော ဥက္ကဋ္ဌကြီး ခင်ဗျား

ဥက္ကဋ္ဌကြီးထံ ဒီသဝဏ်လွှာကို ပါးရတာဟာ ... ကျနော့်အတွက် ကြီးမားသောဂုဏ်တစ်ရပ် ဖြစ်စေပြီးတော့ ... ဒါဟာလည်း ကျနော်တို့ ၂နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှု အပေါ်က အင်အားနဲ့ ကတိကဝတ်များအပေါ် သရုပ်ဖေါ်ပြသနေခြင်းဖြစ်သလို ...

ဥက္ကဋ္ဌကြီးရဲ့ ကြီးမြတ်တဲ့နိုင်ငံအပေါ် မှာ (အမေရိကန်အတွက်) ထင်ထင်ရှားရှား ကုန်သွယ်ရေးလိုငွေပြမှုတစ်ရပ် ရှိနေလင့်ကစား ... အမေရိကန်ပြည်ထောင်စုဟာ ... မြန်မာနိုင်ငံနဲ့ ဆက်လက်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်သွားဖို့ သဘောတူညီထားတဲ့ အချက်ကို ပြသနေခြင်းပါဘဲ။

မည်သို့ပင်ဆိုစေကာမူ ... ၂နိုင်ငံအကြား ... မျှမျှတတနဲ့ တရားသဖြင့်လည်း ရှိတဲ့ ကုန်သွယ်ရေးဖြစ်ပေါ်နေသမျှကာလပတ်လုံး ... ဥက္ကဋ္ဌကြီးတို့နဲ့ ကျနော်တို့ ... ရှေ့ကိုအတူ ဆက်လက်လျှောက်လှမ်းသွားကြဖို့ ... ကျနော်တို့က ဆုံးဖြတ်ထားခဲ့ပါတယ်။

ဒါကြောင့်မို့လို့ ... ယခုအချိန်ထိ ကမ္ဘာမှာ နံပါတ် (၁) ဈေးကွက်ကြီးဖြစ်သော ... ထူးခြားကောင်းမွန်လှတဲ့ ... အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးထဲမှာ ... ပါဝင်ဖို့ ... ဥက္ကဋ္ဌကြီးတို့ကို ကျနော်တို့က ဖိတ်ခေါ်ပါတယ်။

ကျနော်တို့ဟာ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှုအပေါ် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြတာမှာ ... (အမေရိကန်အတွက်) ကုန်သွယ်ရေးလိုငွေပြမှုတွေကို ဖြစ်ပေါ်စေတဲ့ ... မြန်မာဘက်ကအကောက်ခွန်နှုန်းထားတွေ၊ အကောက်ခွန်နှုန်းထား မဟုတ်တာတွေ၊ မူဝါဒတွေ စတဲ့ ကုန်သွယ်ရေးအတားအဆီးတွေကို ... ကျနော်တို့ ရေရှည်မှာ ဖယ်ရှားပစ်ဖို့တွေနဲ့ (ဖယ်ရှားမှုတွေ) ခိုင်မြဲခြင်းရှိဖို့တွေနဲ့ (ဆွေးနွေးမှုတွေဟာ) အဆုံးသတ်ခဲ့ရတာချည်းပါဘဲ။

ကံမကောင်းစွာနဲ့ပဲ ... ကျနော်တို့၂နိုင်ငံဆက်ဆံရေးဟာ ... သာတူညီမျှဖြစ်ခြင်းကနေ ... အလှမ်းကွာဝေးခဲ့ကြရပြီးပါပြီ။

ဒါကြောင့်မို့လို့ လာမယ့် ၂၀၂၅ သြဂက်စ် ၁ ရက်နေ့က စပြီးတော့ ... ကျနော်တို့ဟာ ... အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ အလုံးစုံသော မြန်မာ့ထွက်ကုန်တွေ အပေါ်မှာ ... ခွဲခြားသတ်မှတ်ထားတဲ့ အကောက်ခွန်နှုန်းထားများမှလွဲပြီး ... (ပုံမှန်) အကောက်ခွန်နှုန်းထား ၄၀% သာ ... ကောက်ခံသွားတော့မှာပါ။

မြင့်မားတဲ့အကောက်ခွန်နှုန်းထားကို ရှောင်လွှဲဖို့ ကြားခံနိုင်ငံများမှတစ်ဆင့် (အမေရိကန်နှင့် အပြန်အလှန် တင်ပို့ကုန်အကောက်ခွန်သက်သာစွာကောက်ခံရေးသဘောတူညီမှုရှိသည့် ကနေဒါ မက္ကဆီကို ကဲ့သို့ နိုင်ငံများတို့မှ တစ်ဆင့် မြန်မာ့ထုတ်ကုန်များ တင်ပို့လျှင် - လို့ ဆိုလိုသည်) တင်ပို့လျှင်လည်း ... မြင့်မားသောအကောက်ခွန်နှန်းထားအတိုင်း ပေးချေရပါမယ်။

အကောက်ခွန်နှန်းထား ၄၀% ကောက်ခံတယ်ဆိုတာ ... (အမေရိကန်အတွက်) ဥက္ကဋ္ဌကြီးတို့နိုင်ငံအပေါ် ကုန်သွယ်ရေးလိုငွေပြမှုကို လုံးဝဖယ်ရှားရှင်းလင်းခြင်းနဲ့ အဝေးကြီးလိုနေသေးတဲ့ သက်သက်သာသာ အကောက်ခွန်နှန်းထား ဆိုတာ ကျေးဇူးပြုပြီး နားလည်ပေးပါ။

ဥက္ကဋ္ဌကြီး သိပြီးဖြစ်တဲ့အတိုင်း ... မြန်မာနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံတွင်းက ကုမ္ပဏီများမှ ... အမေရိကန်ပြည်ထောင်စုမှာ ... စက်ရုံထောင်ပြီး ကုန်ပစ္စည်းတွေ လာရောက်ထုတ်လုပ်ကြမယ် ဆိုရင်တော့ မည်သည့်အကောက်ခွန်ပေးရခြင်းမှ မရှိဘူး ဆိုတာအပြင် ... မှန်သောအချက်အလက် အနေနဲ့ ပြောရမယ် ဆိုရင် ... ဒီလို လုပ်ပိုင်ခွင့်အတည်ပြုချက်တွေ ရရှိရေးတွေမှာ ... မြန်မြန်ဆန်ဆန်ဖြစ်ရေး ... လုပ်ငန်းသဘောနည်းလမ်းကျရေး ... ပုံမှန်ဖြစ်ရေးတို့တွေအတွက် .... ကျနော်တို့က ဖြစ်နိုင်သမျှ အရာရာကိုလုပ်ဆောင်ပေးမယ် ဆိုတာပါ။ တစ်နည်းအားဖြင့် ဆိုရရင် ... သီတင်းပတ်အနည်းငယ်အတွင်း ... ဒါတွေအားလုံး ပြီးစီးသွားရပါစေမယ် ...

အကယ်၍များ ဥက္ကကြီးတို့ဘက်က ချမှတ်မယ့် အ​ကောက်ခွန်နှုန်းထားတွေကို ... မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ ... ဥက္ကဋ္ဌကြီးတို့က မည်သည့်ကိန်းဂဏန်းကို ဖြစ်စေ ရွေးချယ် တိုးမြှင့်မယ် ဆိုရင်၊ ... ကျနော်တို့က ဥက္ကဋ္ဌကြီးတို့အပေါ် ချမှတ်ထားတဲ့ (အကောက်ခွန်နှုန်းထား) အပေါ်မှာ နောက်ထပ် ၄၀% ထပ်ပေါင်း ကောက်ခံသွားမှာပါ။

မြန်မာဘက်ကအကောက်ခွန်နှုန်းထားတွေ၊ အကောက်ခွန်နှုန်းထား မဟုတ်တာတွေ၊ မူဝါဒတွေ စတဲ့ ကုန်သွယ်ရေးအတားအဆီးတွေကြောင့် ...နှစ်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုအတွက် (မြန်မာနဲ့ကုန်သွယ်ရာမှာ) ကုန်သွယ်ရေးလိုငွေပြမှု အဆက်မပြတ်ဖြစ်ပေါ်နေခြင်းကို ကုစားဖို့ရာ လိုအပ်နေခြင်းကြောင့် ... အခုလို အကောက်ခွန်နှုန်းထား(အသစ်)နဲ့ ကောက်ခံရခြင်းကို ကျေးဇူးပြုပြီး နားလည်ပေးပါ။

ဒီကုန်သွယ်ရေးလိုငွေပြမှုတွေဟာ ကျနော်တို့ရဲ့စီးပွားရေး နဲ့ အမျိုးသားလုံခြုံရေးကို အဓိကခြိမ်းခြောက်မှု ဖြစ်နေပါတယ်။

အခုကိစ္စကို အရေးတယူရှိပေးခြင်းအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

ကျနော်မှ ဆုမွန်ကောင်းများ တောင်းလျှက် ...

ရိုးသားစွာဖြင့်

ဒေါ်နယ်လ် ဂျေ ထရမ့်ပ်
သမ္မတ
အမေရိကန်ပြည်ထောင်စု

(Trade Deficit = ကုန်သွယ်ရေးလိုငွေပြမှု = မိမိနိုင်ငံမှ တစ်ဘက်နိုင်ငံသို့ ပို့ကုန့် ငွေပမာဏထက် ... တစ်ဘက်နိုင်ငံမှ မိမိနိုင်ငံသို့ သွင်းကုန် ငွေပမာဏက ပိုပိုများပြားနေခြင်း)

07/07/2025

CNA /CC မှ CNO/CNDF ဌာနချုပ်ကို ၂၀၂၅ ဇူလိုင်လ ၆ ရက်နေ့တွင် သွားရောက်စီးနင်းဖျက်ဆီးခဲ့ပေမယ့် ချင်းပြည်နယ် သိုင်ငင်းလမ်းခွဲအနီး မွာလ်ပီးတိုက်ပွဲတွင် ကျဆုံးသွားတဲ့ CNA ရဲဘော် နှင့် CDF Mara ရဲဘော်အလောင်းသယ်သည့် ကားတစ်စီး ဖလမ်းမြို့မရောက်ခင်ရွာတွင် ရှေ့ဆက်မသွားနိုင်သည့်ကားအား CNO/CNDF ရဲဘော်များမှာ စာနာစိတ်အပြည့်ဖြင့် ၂၀၂၅ ဇူလိုင်လ ၇ ရက်မနက်ခင်းတွင် သွားရောက်ကူညီခဲ့သည့်ရုပ်သံ

07/07/2025

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ် ၍ ပြည်သူ ၃,၆၀၀ ကျော် မီဇိုရမ်ဘက်ခိုလှုံ၊၊

Address

Aizawl

Alerts

Be the first to know and let us send you an email when Vawsai hratua posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share