Brighten Wisdom ထွန်းတောက်အသိဉာဏ်

  • Casa
  • Italia
  • Ari
  • Brighten Wisdom ထွန်းတောက်အသိဉာဏ်

Brighten Wisdom ထွန်းတောက်အသိဉာဏ် This page is for sharing about health,fashion,education wellness,wisdom,and life tips. Updated daily

26/09/2025

လူသားဆန်တဲ့
လူ့ဘောင်အဖွဲ့အစည်းအတွက်
တကယ်တမ်း လိုအပ်တာက
လူတော်တွေချည်း မဟုတ်ပါဘူး ..
လူကောင်း တွေလည်း ပိုလိုအပ်ပါတယ် .. ။

26/09/2025

စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်
‎ တကယ်တော့အကြောင်းတရားကောင်းမှ
‎အကျိုးတရား လှတာနော်။

26/09/2025

Gratitude brings peace. When something touches you, take a moment to say "thank you."

26/09/2025

စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်ပါ။
🙏ဒေါက်တာ နန္ဒမာလာဘိဝံသ🙏

26/09/2025

စေတနာတွေ ပြတ်တောက်ခဲ့လျှင် ..
အကျိုးပေးတွေလည်း ပြတ်တောက်တတ်သည်။
စေတနာတွေသန့်ရှင်းခဲ့လျှင် ..
အကျိုးပေးတွေလည်း အားကြီးစေသည်။

25/09/2025

လူရယ်လို့ဖြစ်လာရင်
အချောင်လည်းအမုန်းခံရမယ်...။
အကောင်းမမြင်တတ်သူဆီက
ကဲ့ရဲ့သံကိုလည်း ကြားရမယ်...။
ဒါဟာသဘာဝလောကဓံပါပဲ
အပြစ်ဆိုစရာမလိုပါဘူး...😊

25/09/2025

ကုသိုလ်လည်းမရ၊ပညာလည်း
မရ ဥစ္စာလည်း မရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေ အတွက်အချိန်မဖြုန်းပါနဲ့။

24/09/2025

ဘယ်အရာမှ မမြဲတာ လက်ကိုင် ထား ခြင်းဖြင့်
ချစ်/မုန်း သူ လဲ ပြောင်းလဲ သွားနိုင် ပါတယ်။ထားရမှာကစိတ်ကောင်းသာ။

24/09/2025

သူတပါး မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ် ။အချိန်သည် လူ့တန်ဖိုး🤍

အမျိုးသားတွေက သူတို့အရမ်းချစ်တဲ့အမျိုးသမီးကို ရင်ထဲမှာ တသက်လုံးမြတ်မြတ်နိုးနိုးသိမ်းထားပြီးသူတို့ကို ချစ်တဲ့ အမျိုးသမီးက...
23/09/2025

အမျိုးသားတွေက သူတို့အရမ်းချစ်တဲ့
အမျိုးသမီးကို ရင်ထဲမှာ တသက်လုံး
မြတ်မြတ်နိုးနိုးသိမ်းထားပြီး

သူတို့ကို ချစ်တဲ့ အမျိုးသမီးကိုတော့
လက်ထပ်ပြီး အနားမှာ ထားကျပါတယ်

ဒါဟာ 90% လောက်အထိ မှန်တဲ့ အမျိုးသားများကို
ဆန်းစစ်ထားချက်ဖြစ်ပါတယ်

ကျနော့် ပတ်ဝန်းကျင်က အတော်များများ အမျိုးသားတွေကို မေးမြန်းလေ့လာကြည်သမျှတော့
မှန်ပါတယ်😎

(တချို့ အမျိုးသမီးတွေ ကိုယ်ချစ်တဲ့ အမျိုးသားကို လက်ထပ်ခွင့် ရတယ် ဆိုပြီး ပျော်မနေကြနဲ့အုံးနော်
ရင်ထဲမှာ သိမ်းထားတဲ့သူ ရှိလားဆိုတာ ကိုယ့်လူကိုယ် ပြန်စစ်ဆေး မေးကြည့်ကြအုံး😌)

***ကာယကံ ၊ ဝစီကံ ၊ မနောကံ ထို ကံ သုံးပါးထဲမှာ ကာယကံနဲ့ ဝစီကံကတော့ ထင်ရှားလေတော့ သီလနဲ့ အထူးစောင့်ထိန်းကြတယ်။

#မနောကံ ကတော့ မိမိစိတ်ထဲမှာဖြစ်တာဆိုတော့ အပြင်ပန်းမှာ မထင်ရှားပေမဲ့ ကံအရာမှာတော့ ကံမြောက်မူတွေဖြစ်စေတယ်။ စိတ်က ကမ္ဘာကြီးကို ဆောင်နိုင်သလို၊ ဖျက်ဆီးနိုင်တာလည်း သူပဲ။ စိတ်ဆောင်လို့ ၊ စိတ်အထင်တွေ၊ စိတ်ဇောတွေကြောင့်သာ လောကကြီးရယ်၊ ဘုံဘဝတွေရယ်လို့ ဖြစ်တည်လာကြတယ်။
လွတ်မြောက်ရာသို့ ရှာဖွေနိုင်၊ ရောက်စေနိုင်တာလည်း ဒီစိတ်...
သံသရာလည်စေတာလည်း ဒီစိတ် ပါပဲ။
ထို့ကြောင့် မြတ်ဗုဒ္ဓက #စိတ္တံအာရက္ခသမ္ပဒါ ( စိတ်ကိုစောင့်ရှောက်ပါ ) လို့ ဟောကြားခဲ့တယ်။ စိတ်ဆိုတာလည်း အတွေးပါပဲ။ မိမိရဲ့ အတွေးကို မိမိစောင့်ရှောက်ရမှာပါ။
အတွေးတွေကိုလည်း #အကြောင်းတွေး_အကျိုးတွေးရယ်လို့ ခွဲခြားသိမြင်ရမယ်။

#အကျိုးတွေး ::: မိမိနေ့စဉ် ဘာလုပ်မယ် ၊ ဘာစားမယ် ၊ ဘယ်သွားမယ်၊ ဘယ်သူတွေနဲ့တွေ့မယ် .. စသဖြင့် ကံနယ်မှာနေသူတို့အဖို့ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ရန် တွေးခြင်းမျှပင်။

#အကြောင်းတွေး ::: သူကတော့ မတူဘူး။ မကျေနပ်ခြင်း - ကျေနပ်ခြင်းတွေအပေါ် သူပဲ ၊ ငါပဲရယ်နဲ့ လောဘ ၊ ဒေါသတွေ အားကြီးပြီး တွေးနေခြင်းပင် .. အတွေးတွေဆက်နေခြင်းပင်။ အတွေးနဲ့ပင် လူသတ်၊ အတွေးနဲ့ပင်မကောင်းရာတွေကို သွားသွားညွှန်နေ၊ ဆက်တွေးနေခြင်းတို့ပင်။

အကြောင်းအတွေးတွေ မပွားဖို့တော့ သတိ၊ ပညာက အရေးပါပါတယ်။ မိမိရဲ့ အတွေးလေးတွေ သတိနဲ့ကပ်၊ ပညာနဲ့ထိန်းကွပ်ပြီး စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်‌တိုင်လည်း အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းနှင့်အတူ လွှတ်မြောက်ရာလမ်းကို လျှောက်လှမ်းနိုင်သလို မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်ပါတယ်။

#ဝိမုတ္တိယုဂခေတ်
#တင့်တယ်သောစောင့်ရှောက်ခြင်း

Indirizzo

Ari

Notifiche

Lasciando la tua email puoi essere il primo a sapere quando Brighten Wisdom ထွန်းတောက်အသိဉာဏ် pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Condividi