31/07/2025
ကိုယ့်အချစ် Taylor Swift ရဲ့ 🎶 Your back beneath the sun.. Wishing I could write my name on it.. ဆိုသူလေးတွေအတွက် ရေးပေးထားခဲ့ဖူးတာလေး.. 💕
လူတစ်ယောက်ရဲ့ဘဝမှာ Taylor Swift ရဲ့
'August' သီချင်းထဲကလို
အင်မတန်ချစ်စရာကောင်းတဲ့ Summer Love တစ်ခုတော့
ရှိတတ်ကြတယ်..
အဲ့ဒီ အချစ်ဟာ
ရင်ခုန်စရာကောင်းတယ်
နူးညံ့လှပတယ်
နွေးထွေးတယ်..
ခဏတာလေးနဲ့ပျောက်ကွယ်သွားမှာကိုသိတယ်
ချစ်မိတယ်
တကယ်ပျောက်ကွယ်သွားတယ်..
ဒါပေမယ့်
ကိုယ်တွေရင်ထဲမှာတော့..
Special နေရာလေးတစ်ခုမှာ..
ထာဝရ နေရာယူသွားခဲ့တယ်.. ။
ဒါပေမယ့်လဲ အဲဒီအဖြစ်အပျက်တွေမတိုင်ခင်မှာတော့ ကိုယ်ဟာ..
သူ့အတွက်များဆို
ကမ္ဘာကြီးကပဲ ပိုနှေးသွားသလို
ပန်းတွေကပဲပိုလှလာသလိုမျိုး..
သူ online မှာ မီးအစိမ်းရောင်လေး လင်းနေတာကအစ အိုး.. အရာရာဟာ စိတ်လှုပ်လျားစရာအတိ ဖြစ်နေမိတာမျိုး..
သူ့အတွက်ဆို
လုပ်စရာရှိတဲ့ plan တွေကိုတောင် ဘေးဖယ်ထား cancel တွေလုပ်ပြီး သူနဲ့အတူရှိနိုင်ဖို့ ရွေးချယ်မိတာမျိုး..
ဘယ်မှာတွေ့ကြမလားဆိုတဲ့ message လေးတွေများဝင်လာရင်
အဲ့ဒီအချိန်မရောက်မချင်း ဘာမှလုပ်မရ
အခြားဘာကိုမှအာရုံမရှိပဲ
နေမထိထိုင်မသာ ရင်ခုန်နေမိတာမျိုး
သူရှိနိုင်တဲ့နေရာ၊ သူသွားမယ့်နေရာကို ရအောင်လိုက်စုံစမ်းပြီးလိုက်ကြည့်
အဲ့မှာ သူနဲ့တိုးရင်တော့ တိုက်တိုက်ဆိုင်ဆိုင် ကံကြမ္မာကပဲစီစဉ်ပေးလို့ bump in ဖြစ်ရတာလိုလို၊ နောင်ဘဝအထိဖူးစာပါမယ့်သူတွေမို့ ဒီလိုမချိန်းထားပဲရေစက်စုံရတာလိုလို
အိုက်တင်တွေဖမ်းချမိတာမျိုး..
သူကြိုက်တတ်တဲ့အရာလေးတွေကို သူ့ Facebook တို့ Instagram တို့ကနေ တဆင့်သွားကြည့်ပြီး.. အဲ့ဒါမျိုးလေးတွေကို သူသတိထားမိအောင်၊ သူ့ attention ရအောင် My day story လေးတွေလိုက်တင်မိတာမျိုး..
နောက်ဆုံး သူ့မွေးနေ့သက္ကရာဇ်တွေပါ လိုက်စုံစမ်းပြီး
သူဘာရာသီဖွားလဲ၊ အဲ့ရာသီဖွားတွေဆို ဘာတွေကြိုက်တတ်သလဲကအစ လိုက်ရှာမိတာမျိုး..
ဒီလိုတွေကြည်နူးရင်ခုန်စရာတအားကောင်းခဲ့ပေမယ့်
တချိန်အဆုံးသတ်သွားမယ်ဆိုတာကို
ဘာလို့မှန်းမသိ ကြိုတင်ခံစားမိခဲ့တာမျိုး..
ဒါကြောင့်
တဖြည်းဖြည်းအဆုံးသတ်သွားချိန်တစ်ခုမှာလဲ..
တချိန်ဒီလိုဖြစ်လာမယ်ဆိုတာမှန်းထားမိခဲ့တဲ့အတွက်
ကိုယ်ဟာ အကောင်းဆုံး နားလည်ပေးနိုင်ခဲ့သလိုမျိုး.. ။
နောက်ပြီး..
အခုလို.. Taylor Swift ရဲ့ 'August' သီချင်းလေး ကြားချိန်တိုင်း
မျောပါသွားရင်း..
အလိုလျှောက်..
လိုက်ပြုံးနေမိတတ်တာမျိုးတို့ပေါ့လေ.. . ။ 💕
ချစ်တဲ့
ဆုဝေ