08/08/2025
コンカフェ (Concept Cafe) ဆိုတာဘာလဲ?
コンカフェ (Concept Cafe) ဆိုတာက အထူးသီးသန့်အကြောင်းအရာ (Concept) တစ်ခုကိုအခြေခံထားတဲ့ ကဖေးတစ်မျိုးဖြစ်ပါတယ်။ ဥပမာ - Maid Cafe၊ နင်ဂျာကထေးစတဲ့ကဖေးတွေဟာ ကွန်ကဖေးတွေပဲဖြစ်ပါတယ်။
ကွန်ကဖေရဲ့ အခြေခံလက္ခဏာတွေက
သီးသန့်အကြောင်းအရာ (Concept) ရှိခြင်း
ဝန်ဆောင်မှုပေးသူများက အထူးအဆန်းဝတ်စုံများ (ဥပမာ - မိတ်ဝတ်စုံ၊ နင်ဂျာဝတ်စုံ) ဝတ်ဆင်ထားပြီး၊ မီနူးနဲ့အဆောင်အယောင်တွေကလည်း အဲဒီ Concept နဲ့ကိုက်ညီအောင် ဒီဇိုင်းလုပ်ထားတာမျိုးဖြစ်ပါတယ်။
အဓိကအမျိုးအစား (၂) မျိုးရှိပါတယ်
- ကဖေးပုံစံ : နေ့ခင်းဘက်ဖွင့်တတ်ပြီး အစားအသောက်နဲ့ဖျော်ဖြေရေးကိုအဓိကထားတယ်။
ဥပမာ - ဝတုတ်တုတ်ကောင်မလေးတွေပဲရှိတဲ့ chubby bar, ယမ်း ၃၀၀ ပေးရပြီး ပါးအရိုက်ခံတဲ့ Slap Bar လိုဖျော်ဖြေရေးတွေရှိပါတယ်
- ဘားပုံစံ : ညနေပိုင်းမှာဖွင့်ပြီး အရက်သောက်ရင်း စကားပြောဖို့သဘောမျိုး။
ဒီ content ရဲ့ခေါင်းစဉ်ဖြစ်တဲ့
Kabuki-Cho, Ikebukuro စတဲ့နေရာတွေသွားတိုင်းတွေ့ရတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့
ကောင်မလေးတွေကဘာလဲ?
ဘာလုပ်လို့ရလဲ?
အဖြေက - ဟိုဟိုဒီီဒီမတွေးကြပါနဲ့၊ဘားပုံစံတွေကများပါတယ်။ ကောင်မလေးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောလို့ရမယ်။ အရက် အဝသောက်ရင်းပေါ့။
ထပ်ပြောပါမယ် ဘာမှထိတွေ့ကိုင်တယ်လို့မရပါဘူးနော်။ ရဲစခန်းရောက်ပြီးတောင်းသလောက်လျော်နေရမှာစိုးလို့ သတိပေးပါတယ်🥴
မိတ်ကဖေး (Maid Cafe) နဲ့ ကွာခြားချက်
- မိတ်ကဖေဆိုတာ ကွန်ကဖေးရဲ့အမျိုးအစားတစ်ခုပါ။
- တချို့ဆိုင်တွေမှာ "မိတ်ကဖေး" လို့ခေါ်ပေမယ့် မိတ်ဝတ်စုံမဝတ်တာမျိုးလည်းရှိတတ်လို့ သတိထားပါ။
ပထမဆုံးအကြိမ်သွားမယ်ဆိုရင် ✅ ဘာလုပ်လို့ရလဲ?*
- Concept အလိုက် အထူးဝန်ဆောင်မှုများ (ဥပမာ - မိတ်ကဖေမှာ ဓာတ်ပုံရိုက်တာ၊ သီချင်းဆိုပြပေးတာ)။
⚠️ သတိထားရမယ့်အချက်တွေက
- တစ်ဆိုင်နဲ့တစ်ဆိုင် စည်းကမ်းချက်များမတူပါ (ဓာတ်ပုံရိုက်ခွင့်၊ အချိန်ကန့်သတ်ချက်) ကွဲပြားနိုင်ပါတယ်။
- ဈေးနှုန်း : အချိန်အလိုက်ကောက်ခံတာ (၁ နာရီ ၂၀၀၀ ယန်း) သို့မဟုတ် မီနူးအလိုက်ကောက်တာမျိုးရှိတတ်ပါတယ်။
ဘယ်သူတွေသင့်တော်လဲ?
- အန်နီမီ၊ ကာရာအိုကေ၊ ကော့စ်ပလေဝါသနာရှင်များ
- သူငယ်ချင်းတွေ၊ ချစ်သူနဲ့အတူ အထူးအချိန်ဖြုန်းချင်သူများ
- ဂျပန်ယဉ်ကျေးမှုကိုစိတ်ဝင်စားသူများ
ကွန်ကဖေးတွေဟာ သာမန်ကဖေးတွေနဲ့မတူတဲ့ ထူးခြားတဲ့အတွေ့အကြုံ
တစ်ခုကိုပေးစွမ်းနိုင်ပါတယ်။ စိတ်ဝင်စားရင် မိတ်ကဖေး (Maid Cafe) လိုမျိုး နာမည်ကြီး Concept တစ်ခုနဲ့ စတင်ကြည့်လို့ရပါတယ်။
Big-Boing