Charmya Media

Charmya Media Charmya Media is an infotainment channel presenting everything you need to know about Japan.

Charmya Media is an infotainment media channel presenting everything you need to know about Japan.

🎭 ဝါသနာရှင် သရုပ်ဆောင်များ ခေါ်ယူခြင်း 🎭ချိဘ နှင့် တိုကျို ဝန်းကျင်နေထိုင်ကြတဲ့  Photo Model နှင့် သရုပ်ဆောင်ခြင်း ဝါသနာ...
11/09/2025

🎭 ဝါသနာရှင် သရုပ်ဆောင်များ ခေါ်ယူခြင်း 🎭
ချိဘ နှင့် တိုကျို ဝန်းကျင်နေထိုင်ကြတဲ့ Photo Model နှင့် သရုပ်ဆောင်ခြင်း ဝါသနာပါပြီး ကိုယ့်ရဲ့အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသလိုသူတိုင်းအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ!

#ミャンマー

🎭 ဝါသနာရှင် သရုပ်ဆောင်များ ခေါ်ယူခြင်း 🎭

ချိဘ နှင့် တိုကျို ဝန်းကျင်နေထိုင်ကြတဲ့ Photo Model နှင့် သရုပ်ဆောင်ခြင်း ဝါသနာပါပြီး ကိုယ့်ရဲ့အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသလိုသူတိုင်းအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ!

🎥 M38 Japan မှ ဖန်တီးတင်ဆက်မယ့် ဇာတ်လမ်းတိုရုပ်ရှင်များတွင်ပါဝင်ပြီး ကိုယ့်ရဲ့အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသခွင့်ရရှိမည့် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့!

အခုပဲစာရင်းပေးသွင်းပါဝင်လိုက်ပါ 👇

[ https://forms.gle/dZ43mM6rfp7mnE8H6 ]

#ミャンマー

05/09/2025

Career Star | ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်အကိုင်

ဂျပန်နိုင်ငံတွင် Bus Maintenance Mechanic အဖြစ် အလုပ်လုပ်ကိုင်နေသူ မြန်မာလူငယ်တစ်ဦး၏ လုပ်ငန်းခွင်အတွေ့အကြုံများ၊ ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်အကိုင်ကို ဘာကြောင့်ရွေးချယ်ခဲ့ရလဲ ဒီဗီဒီယိုမှာကြည့်ရှုလိုက်ပါ !
--------------------
CHARMYA MEDIA | Be Informed, Be Entertained
Facebook : https://www.facebook.com/charmyamediaJapan
Instagram : https://www.instagram.com/charmyamedia
Tiktok : https://www.tiktok.com/
Youtube : https://www.youtube.com/

#ဂျပန် #ဂျပန်

🎯 ဒီ Seminar က ဂျပန်စာကျောင်းပြီးတာနဲ့   ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပုံများ၊ မြန်မာတွေအတွက် အားသာတဲ့ လက်ရှိအလုပ်အက...
18/08/2025

🎯 ဒီ Seminar က ဂျပန်စာကျောင်းပြီးတာနဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပုံများ၊ မြန်မာတွေအတွက် အားသာတဲ့ လက်ရှိအလုပ်အကိုင်အကြောင်းအရာများ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ စဉ်းစားနေသူတိုင်းအတွက် သိရှိလိုတာတွေကို မေးမြန်ဆွေးနွေးနိုင်မည့် အတွေ့အကြုံလမ်းညွှန်ကောင်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
_ _ _ _ _

🌟 ဂျပန်မှာ Language School တက်နေတဲ့ ကျောင်းသူ/ကျောင်းသားများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ခြင်းဆိုင်ရာကိစ္စများ ဆွေးနွေးပွဲ 🌟

ဂျပန်စာကျောင်းပြီးတာနဲ့ အလုပ်အကိုင်ကောင်းတွေကို ချက်ချင်းရနိုင်မယ့် နည်းလမ်းတွေ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ဘယ်လိုရွေးချယ်မလဲ၊ ဂျပန်ရဲ့ Work Visa (၂) မျိုး ကွာခြားချက်၊ မြန်မာတွေအတွက် အားသာချက်ရှိတဲ့ အလုပ်အကိုင်များ၊ ဂျပန်မှာ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့်အချက်များ အပါအဝင် အရေးကြီးသော အကြောင်းအရာတွေကို ပြောပြပေးသွားမည့် Career Pathway Seminar for Myanmar Students ကို ဂျပန်နိုင်ငံ၊ ချိဘမြို့ရှိ Nimo's Kitchen Burmese Cuisine မှာ ဩဂုတ်လ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

👨‍💼 ပြောကြားပေးမည့်သူမိတ်ဆက်
ကိုကြည်သူရှိန်
Founder & President of SHEINOVIC Holding

✨ ၂၀၀၁ မတ်လ ဂျပန်စာကျောင်းဖြင့် ဂျပန်ရောက်ရှိခဲ့ပြီး
✨ ၂၀၀၃ မတ်- ၂၀၀၇ မတ် Chiba University Faculty of Engineering, Urban Environment System ဖြင့် B.E ဘွဲ့ရရှိခဲ့ပြီး
✨ ၂၀၀၇ ဧပြီ-၂၀၁၀ မတ် Tokyo Shinjuku ရှိ Japan Trading company တွင် အလုပ်ဝင်ရောက်ပြီး
✨ ၂၀၁၀ ဧပြီ ကိုယ်ပိုင်ကုမ္ပဏီကို Chiba Ichikawa တွင် စတင်တည်ထောင်ခဲ့ပြီး
✨ ၂၀၂၅ ဧပြီ ဂျပန်တွင် ကုမ္ပဏီသက်တမ်း ၁၅ နှစ်၊ မြန်မာနှင့် ထိုင်းတွင်လည်း လုပ်ငန်းများ ကျောင်းများ စီမံခန့်ခွဲလျက်ရှိသူ ဖြစ်ပါတယ်။
📌 ယခုအချိန်အထိ ဂျပန်မှာ Visa ၆ မျိုးနဲ့ နေထိုင်ဖူးသည့်အတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

📅 ကျင်းပမည့်အချိန် : ( August 23 / 2:30 - 4:30 PM )
📍 ကျင်းပမည့်နေရာ : Nimo’s Kitchen Burmese Cuisine
ニモズ キッチン ビルマ 料理
〒260-0013 Chiba City, Chuo-ku,
Chuo 2-6-3FC Building 3rd floor
📍 Google Maps - https://maps.app.goo.gl/Vg5NQ6eAwEDfuGYu5

🇯🇵 ဂျပန်ပြည်တွင်း Work Visa အလုပ်ပြောင်းချင်သူများ၊ Tokutei Ginou အလုပ်အကိုင်များနှင့် Training 3 နှစ်ပြည့်ပြီးသူများအတွ...
21/07/2025

🇯🇵 ဂျပန်ပြည်တွင်း Work Visa အလုပ်ပြောင်းချင်သူများ၊ Tokutei Ginou အလုပ်အကိုင်များနှင့် Training 3 နှစ်ပြည့်ပြီးသူများအတွက် အလုပ်ခေါ်စာများ စုစည်းပေးလိုက်ပါတယ် 😘

🇯🇵 Tokutei Ginou / Training 3 နှစ်ပြည့်ပြီးသူများ
1. Machine Installation
2. Restaurant
3. Construction ( Pipeline )

🇯🇵 Work Visa
1. Japanese Coordinator
2. Construction Management
3. System Operator
4. Front Desk Receptionist

အလုပ်ခေါ်စာများကို comment တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ

ဂျပန်နိုင်ငံရဲ့ မီးပန်းပွဲတော် (花火大会 - Hanabi Taikai) 🎆ဂျပန်မှာ မီးပန်းပွဲတွေကို ခေတ်ဒိုး (Edo Period - ၁၆၀၃-၁၈၆၈) ကတည်း...
13/07/2025

ဂျပန်နိုင်ငံရဲ့ မီးပန်းပွဲတော် (花火大会 - Hanabi Taikai) 🎆

ဂျပန်မှာ မီးပန်းပွဲတွေကို ခေတ်ဒိုး (Edo Period - ၁၆၀၃-၁၈၆၈) ကတည်းက စတင်ကျင်းပခဲ့ပြီး၊ မကောင်းတဲ့ အာရုံတွေကို နှင်ထုတ်ဖို့နဲ့ သေဆုံးသူတွေကို အမှတ်တရပြုဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ မီးပန်းပွဲတော်တွေဟာ နွေရာသီရဲ့ အထင်ကရ ရိုးရာပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်ဇူလိုင်ကနေ သြဂုတ်လအတွင်း ကျင်းပလေ့ရှိပါတယ်။ မီးပန်းတွေကို ညနေခင်းကောင်းကင်မှာ ဖောက်ခွဲပြသရင်း လူထုကို အံ့ဩပျော်ရွှင်စေတဲ့ ဒီပွဲတော်မှာ ဂျပန်လူမျိုးတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေပါ စုဝေးကြည့်ရှုလေ့ရှိပါတယ်။

⚠️ မီးပန်းပွဲတော်သွားမည့်သူတွေ သိထားသင့်တဲ့အချက်များ

✅ မီးပန်းတွေကိုစောင့်ကြည့်မယ့်သူတွေများတာကြောင့် စောစောသွားပြီး နေရာယူထားဖို့ အရေးကြီးပါတယ်။
✅ လူထူတဲ့နေရာမှာ အစားအသောက်ဝယ်ရခက်နိုင်လို့ ရေနဲ့ မုန့်တွေကြိုတင်ယူဆောင်သွားပါ။
✅ မိသားစုနဲ့သွားမယ်ဆိုရင် ကလေးတွေကို လက်မလွှတ်ပါနဲ့၊ လူထူထပ်တဲ့နေရာမှာ ပျောက်ဆုံးနိုင်လို့ပါ။
✅ မီးပန်းတွေကို ကင်မရာနဲ့ ကောင်းကောင်းရိုက်ချင်ရင် Tripod ယူသွားပါ။ ဖုန်းကင်မရာကို Night Mode ဖွင့်ပြီး ရိုက်ပါ။
✅ လူများတဲ့နေရာမှာ ပျောက်ဆုံးသွားရင် Meeting Point (သီးသန့်စုဝေးရာနေရာ) ကို ကြိုတင်သတ်မှတ်ထားပါ။

📍အစည်းကားဆုံးနှင့် အထင်ရှားဆုံး ပွဲတော်များနှင့်ရက်စွဲများ

1. Sumida River Fireworks (July 26, 2025)
2. Omagari National Fireworks Competition (August 30, 2025)
3. Tsuchiura National Fireworks Competition (November 1, 2025)
4. Nagaoka Fireworks (August 2-3, 2025)
5. Osaka Tenjin Fireworks (July 25, 2025)
6. Chichibu Night Festival Fireworks (December 3, 2025)
7. Lake Toyako Fireworks (April 28 to October 31, 2025)
8. Makuhari Beach Fireworks Festa ( August 3, 2025 )

ခိုင်မာတယ့် ဂျပန်အလုပ်အကိုင် ရှာဖွေနေသူများအတွက် ဂျူလိုင်လအတွင်း ခေါ်ယူလျက်ရှိသည့်အလုပ်အကိုင်များစုစည်းမှုကို Comment တွင် ကြည့်ရှုပြီး လျှောက်ထားနိုင်ပါပြီ။

#ဂျပန်

Charmya Study မှ မြန်မာ့အနုပညာလောက၏ ကြယ်ပွင့် အကယ်ဒမီ လူမင်းအား Chief Representative အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ အပ်နှင်း ...
26/06/2025

Charmya Study မှ မြန်မာ့အနုပညာလောက၏ ကြယ်ပွင့် အကယ်ဒမီ လူမင်းအား Chief Representative အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ အပ်နှင်း

(၂၅ ဇွန် ၂၀၂၅၊ ရန်ကုန်) – Charmya Study ၏ မြန်မာနိုင်ငံဆိုင်ရာ Chief Representative အဖြစ် မြန်မာ့အနုပညာလောက၏ ထင်ရှားသော ကြယ်ပွင့် အကယ်ဒမီ လူမင်း အား ဂုဏ်ပြုခန့်အပ်သည့် အခမ်းအနားကို Chatrium Hotel တွင် ယမန်နေ့က အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။
အကယ်ဒမီ လူမင်းဦးဆောင်သော Charmya Study အနေဖြင့် မြန်မာလူငယ်များ၏ အနာဂတ်ပညာရေးအခွင့်အလမ်းများအား ဆက်လက်ဦးဆောင်ကူညီပေးသွားမည်ဖြစ်ပြီး၊ Charmya Study ၏ ဂျပန်အခြေစိုက် မိခင်ကုမ္ပဏီဖြစ်သော SHEINOVIC Japan မှ General Manager ဖြစ်သူ Ms. Kimie Tamari မှ အဖွင့်အမှာစကားပြောကြားပြီး အကယ်ဒမီ လူမင်းအား Charmya Study ၏ Chief Representative တာဝန်အဖြစ် Ms. Kimie Tamari မှ ခန့်အပ်လွှာ အပ်နှင်းခြင်း၊ အကယ်ဒမီ လူမင်း၏ ကျေးဇူးတင်စကားနှင့် အနာဂတ်လုပ်ငန်းဆောင်တာများအကြောင်း မျှဝေခြင်း၊ Charmya Study Alumni များ၏ ဂျပန်နိုင်ငံမှ အမှတ်တရ Video Message ပြသခြင်း၊ အမေးအဖြေ အစီအစဉ်ဖြင့် ဧည့်သည်များနှင့် ကျောင်းသားများအား ပညာရေးအခွင့်အလမ်းများ ဆွေးနွေးခြင်း။
အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့သည်။

( သတင်းဖော်ပြချက်အပြည့်အစုံ - https://www.facebook.com/charmyastudy/posts/688191810786299 )

20/06/2025

“မီးရောင်များရဲ့နောက်မှာ … လူတစ်ယောက်ရှိတယ်။ ဘေးကင်းမှု၊ တိကျမှုနဲ့ တာဝန်ယူမှုကို အခြေခံပြီး စနစ်တကျလုပ်ကိုင်နေရတဲ့ လုပ်ငန်းခွင်ထဲမှ မြန်မာလူငယ် လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးအကြောင်းကို အတူတူကြည့်လိုက်ရအောင်”

🎌 ခိုင်မာတဲ့ ဂျပန်အလုပ်အကိုင်အတွက် Charmya Job 💪

#ဂျပန် #ဂျပန်

13/06/2025

HR Career အတွေ့အကြုံများနှင့်ဂျပန်နိုင်ငံရောက် အတွေ့အကြုံများကို မျှဝေပေးနေသူ Content Creator မအေးငြိမ်းသူ နှင့်တွေ့ဆုံခြင်း

Watch on YouTube 👉 https://youtu.be/lPALOWojC0c
------------------------------------------------------------------------------------------
CHARMYA MEDIA | Be Informed, Be Entertained
Facebook : https://www.facebook.com/charmyamediaJapan
Instagram : https://www.instagram.com/charmyamedia
Tiktok : https://www.tiktok.com/
Youtube : https://www.youtube.com/

#ဂျပန်

08/06/2025

🎌 အနာဂတ်အတွက် တည်ငြိမ်တဲ့ အလုပ်လမ်းကြောင်း တည်ဆောက်ဖို့ လိုအပ်တဲ့ (၄) ချက်

👉နံပါတ် (၁) စိတ်ဝင်စားမှု
ပထမဆုံးအနေနဲ့ ကိုယ်နဲ့ကိုက်ညီနိုင်မည့်အလုပ်အကိုင်ကိုရွေးခြယ်ခြင်းပါ၊ ကိုယ်က လူမှုဆက်ဆံရေးကောင်းသူဆိုရင် စားသောက်ဆိုင်၊ ဧည့်ကြိုဝန်ဆောင်မှု တွေကိုရွေးချယ်လုပ်ကိုင်လို့ရပြီး၊ စက်ပစ္စည်းတွေကို စိတ်ဝင်စားသူဆိုရင်တော့ စက်ရုံ၊ ထုတ်လုပ်ရေးလုပ်ငန်းများ၊ AI နယ်ပယ်ကို စိတ်ဝင်စားသူဆိုရင်တော့ အိုင်တီနယ်ပယ်တွေကိုရွေးခြယ်တာမျိုးပါ။

👉နံပါတ်(၂) ဈေးကွက်လိုအပ်ချက်
ဂျပန်နိုင်ငံမှာ Technology, Healthcare, Food Industry စတဲ့နယ်ပယ်တွေမှာ လုပ်သားလိုအပ်ချက်မြင့်မားလျက်ရှိတာကြောင့် ဒီလိုနယ်ပယ်ထဲမှာ ကိုယ့်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကိုရွေးခြယ်ပြီးတော့ လုပ်ကိုင်သင့်ပါတယ်။

👉နံပါတ်(၃) ဘာသာစကားနဲ့လုပ်ငန်းခွင်ယဉ်ကျေးမှု
ဂျပန်မှာ ရည်ရှည်အလုပ်လုပ်ချင်တယ်ဆိုရင် ဂျပန်ဘာသာစကားနဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို နားလည်ဖို့အရေးကြီးတယ်။ စကားပြောတတ်ရုံနဲ့မလုံလောက်ဘူး။ Business Level communication ကို လေ့ကျင့်ထားဖို့လိုတယ်။ အင်္ဂလိပ်၊ ဂျပန်ဘာသာစကားတွေအပြင် ဂျပန်လုပ်ငန်းခွင်ယဉ်ကျေးမှုတွေကို နားလည်ထားမယ်ဆိုရင်တော့ ရည်ရှည်အလုပ်လုပ်ကိုင်နိုင်ဖို့အထောက်အကူပြုပါတယ်။

👉နံပါတ်(၄) အရည်အချင်းမြှင့်တင်ပါ
စဉ်ဆက်မပြတ်လေ့လာသင်ယူမှုက ကိုယ့်ရဲ့အရည်အချင်းကိုမြှင့်တင်ပေးပြီး တည်ငြိမ်တဲ့အလုပ်လမ်းကြောင်းနဲ့ ကောင်းမွန်တဲ့ ဝင်ငွေလမ်းကြောင်းကိုဖန်တီးပေးနိုင်ပါတယ်။

အပေါ်က ဘယ်အချက်တွေကိုလုပ်ဆောင်ပြီးပြီလဲ Comment မှာ ရေးသွားခဲ့ပါအုံး 🥰🥰🥰

🎌🎌🎌 Work Visa, Tokutei Ginou အလုပ်အကိုင်ရှာဖွေနေသူတို့အတွက်လည်း "ခိုင်မာတဲ့ ဂျပန်အလုပ်အကိုင်အတွက် " မှ အလုပ်ခေါ်စာတွေ မျှဝေပေးလိုက်ပါတယ်။
👇👇👇
======================
1️⃣ Machine Installation & Maintenance Worker (CL0025-01)
💰 Salary- ¥ 200,000 မှ ¥ 230,000
အ️သေးစိတ်စုံစမ်းရန် နှင့် အလုပ်လျှောက်လွှာတင်ရန် ⬇️
https://www.careers-page.com/charmyajob.../job/LR8746XX

2️⃣ ဆောက်လုပ်ရေးပိုင်း ဝရိမ်ဆော်ခြင်း (Wielding)
💰 လစာ – ¥200,000 – ¥280,000
အ️သေးစိတ်စုံစမ်းရန် နှင့် အလုပ်လျှောက်လွှာတင်ရန် ⬇️
https://www.careers-page.com/charmyajob.../job/L8W79R43



ဂျပန်အလုပ်အင်တာဗျူးကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်စေဖို့အထောက်အကူဖြစ်စေမည့် ဗီဒီယိုများကိုစုစည်းပေးထားပါတယ်။ Comment မ...
01/06/2025

ဂျပန်အလုပ်အင်တာဗျူးကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်စေဖို့အထောက်အကူဖြစ်စေမည့် ဗီဒီယိုများကိုစုစည်းပေးထားပါတယ်။

Comment မှာ ဗီဒီယို Links များစုစည်းပေးထားပါတယ် 🥰

ဂျပန်ပြည်တွင်း အလုပ်ရှာဖွေနေသူများ၊ အလုပ်ပြောင်းချင်သူများအတွက် Charmya Job မှခေါ်ယူနေသည့်အလုပ်အကိုင်များကို မိတ်ဆက်ပေးလိုက်ပါတယ်၊ သိရှိလိုတာတွေကို message box ကနေလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ် 😘

🎌 Field Engineer - Semiconductor Equipment (Work Visa) 👷‍♂️🗾

🎌 CAD Operator

🎌 ဆောက်လုပ်ရေးပိုင်း ဝရိမ်ဆော်ခြင်း (Wielding)

🎌 အခြေခံအဆောက်အဦး နှင့် စက်ကိရိယာလုပ်ငန်း (လုပ်ငန်းခွင်သုံး ပိုက်လိုင်းစီမံခြင်း)

--------------------
CHARMYA MEDIA | Be Informed, Be Entertained
Tiktok : https://www.tiktok.com/
Youtube : https://www.youtube.com/
#ဂျပန်

30/05/2025

"ကိုယ်ကလည်း Growth ဖြစ်လာသလို သူတို့လည်း Growth ဖြစ်လာတာကို သဘောကျတယ်"

Message Box မှတဆင့် 🎌ဂျပန်ပြည်တွင်း အလုပ်အကိုင်များအကြောင်း လာရောက်မေးမြန်းထားသူများအတွက် 😘✈️Narita, 🎡Yokohama, 🏯Osaka (...
25/05/2025

Message Box မှတဆင့် 🎌ဂျပန်ပြည်တွင်း အလုပ်အကိုင်များအကြောင်း လာရောက်မေးမြန်းထားသူများအတွက် 😘
✈️Narita, 🎡Yokohama, 🏯Osaka (သို့) Hyogo စတဲ့မြို့များမှာလုပ်ကိုင်ရမည့် Tokutei Ginou အလုပ်ခေါ်စာများကို ဖော်ပြပေးလိုက်ပါတယ်။
အလုပ်ခေါ်စာအလိုက် သက်ဆိုင်ရာကျွမ်းကျင်အောင်လက်မှတ်များရှိထားဖို့လိုအပ်ပြီး၊ Training မှာပြောင်းချင်သူများလည်း လျှောက်ထားလို့ရတဲ့အလုပ်အကိုင်တွေဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အောက်ပါလင့်တွေမှာ တိုက်ရိုက်စာရင်းသွင်းလျှောက်ထားလို့ရပါတယ်။
👉👉👉 စားဖိုဆောင်ဝန်ထမ်း (ချက်ပြုတ်ရေးအပိုင်း) - https://shorturl.at/hGXDI
👉👉👉 စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း - https://www.careers-page.com/charmyajo.../job/L67W385R/apply
👉👉👉 လုပ်ငန်းခွင်သုံး ပိုက်လိုင်းစီမံခြင်း - https://shorturl.at/AMbug
ခိုင်မာတဲ့ ဂျပန်အလုပ်အကိုင်အတွက် Charmya Job 💪 မှာ လျှောက်ထားလိုက်ပါ

住所

〒260-0013 Katsura Bldg 401, Chuo Ward 4-13-2, Chiba City, Chiba Prefecture
Chiba-shi, Chiba
260-0013

ウェブサイト

アラート

Charmya Mediaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する