15/12/2025
နှစ်ကြောင်းပေါ်ပြီး ကိုယ်ဝန်မဟုတ်သောအခြေအနေများ
🙋ဆီးစစ်တုန်းက ၂ကြောင်းပေါ်တာ အာထရာစောင်းရိုက်တော့ကိုယ်ဝန်မဟုတ်ဘူးတဲ့ ဘာလို့လဲ
🙋ကိုယ်ဝန်မရှိဘဲ ၂ကြောင်းပေါ်နိုင်လား
စသဖြင့် မေးမြန်းတာလေးတွေရှိလို့ ဆောင်းပါးလေးနဲ့ရှင်းပြပေးလိုက်ပါတယ်။
ဆီးစစ်တံနဲ့ စစ်ဆေးပြီးကိုယ်ဝန်ဟုတ်မဟုတ်စစ်တဲ့နည်းက လွယ်ကူရိုးရှင်းပြီးလူတိုင်းလုပ်နိုင်တာမလို့ အများစု ကိုယ်တိုင်စစ်ဆေးလေ့ရှိပါတယ်။ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတာလို့ များသောအားဖြင့်တော့ ယူဆလို့ရပါတယ်။ ဒီနည်းက အလွယ်စစ်တဲ့နည်း ဖြစ်လို့ ၂ ကြောင်းပေါ်ပြီဆို ကိုယ်ဝန်ဟုတ်မဟုတ်သေချာအောင် ဆေးခန်းပြပြီးဆရာဝန်နဲ့စစ်ဆေးဖို့တော့လိုအပ်ပါတယ်။ ဘာလို့လဲဆို
၂ကြောင်းပေါ်တိုင်းကိုယ်ဝန်ရှိတာလို့ ရာနှုန်းပြည့်ပြောဖို့ခက်သေးလို့ပါ။
ကိုယ်ဝန်မဟုတ်တဲ့ ၂ ကြောင်းပေါ်စေနိုင်တဲ့အခြေအနေတွေကတော့ 👇
1️⃣False Positive
👉 test kit error, စစ်နည်းမမှန်ခြင်း
👉evaporation line အငွေ့ပြန်ခြင်းကြောင့် အရာထင်ခြင်း
- ဤအခြေအနေတွင် အရောင်မပါပဲအလျာလေးပဲပေါ်တတ်တယ်။ အမြင်ဖြင့်ခွဲရခက်တတ်တယ်။
2️⃣သားအိမ်ပြင်ပသန္ဓေတည်ခြင်း Ectopic pregnancy
သားဥပြွန်၊ သားဥအိမ် စတဲ့နေရာတွေမှာသန္ဓေတည်လို့ ၂ ကြောင်းပေါ်တာမှန်ပေမယ့် အာထရာစောင်းမှာ သန္ဓေသားကိူမတွေ့ရတတ်ဘူး
3️⃣စပျစ်သီးသန္ဓေတည်ခြင်း နှင့် စပျစ်ခိုင်ကင်ဆာ Choriocarcinoma
hCG ပမာဏအရမ်းများများထွက်လို့ ၂ ကြောင်းပေါ်ပြီး ကလေးမဟုတ်ပဲ စပျစ်ခိုင်၊ ကင်ဆာဆဲလ်တွေဖြစ်နေတတ်ပါတယ်
4️⃣ကိုယ်ဝန်ပျက်ကျ/ဖျက်ချ ပြီးချိန်
သားပြတ်သားလျှောဖြစ်ထားပြီးချိန်တွင် သန္ဓေသားမရှိတော့သည့်တိုင် အနည်းဆုံး ၇ရက်မှ အများဆုံး ရက်ပေါင်း၆၀ ထိ ဆီးစစ်လျှင် ၂ ကြောင်းပေါ်နိုင်ပါတယ်။ ဒါကြောင့် ကုန်မကုန်စစ်တဲ့အခါ ဆီးဖြင့်စစ်ပြီးမှန်းခြင်းမသင့်ပါ။
5️⃣ကင်ဆာများ
- Germ cell tumor, Teratoma ( မျိုးပွားအင်္ဂါဆဲလ်အကျိတ်)
- Testicular tumor ( ကျားမျိုးဥကင်ဆာ)
- Ovarian germcell tumor ( သားဥအိမ်ကင်ဆာ)
ရှားတော့ရှားပေမယ့် hCG ထုတ်နိုင်တဲ့ ကင်ဆာတွေထဲမှာ အသည်းကင်ဆာ၊ ရင်သား၊ သားအိမ်ခေါင်း၊ အစာအိမ်၊ မုန့်ချိုအိတ် ကင်ဆာများလည်းပါဝင်ပါသေးတယ်။
6️⃣ဆေးဝါးများကြောင့်
အချို့သော ဆေးဝါးများ ဖြစ်တဲ့ အတက်ကျဆေး၊ စိတ်ငြိမ်ဆေး အိပ်ဆေး၊ ဆီးဆေး၊ ကင်ဆာဆေးများ၊ အယားပြေဆေးများ၊ စိတ်ဆေးများ စတာတွေသောက်သုံးထားခြင်းကလည်း အဖြေကိုမှားပြီး ၂ကြောင်းပေါ်စေနိုင်ပါတယ်။
📌 ဒါကြောင့်မို့လို့ ၂ ကြောင်းပေါ်ပြီဆိုတာနဲ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်မှ ကိုယ်ဝန်ဟုတ်မဟုတ် အတည်ပြုရန်အတွက် ရာဇဝင်သေချာမေးမြန်းခြင်း၊ လိုအပ်သော စစ်ဆေးခြင်းများ စစ်ဆေးခိုင်းပြီး ဟုတ်မဟုတ် အတည်ပြုပေးပါလိမ့်မယ်။ ကိုယ်ဝန်ဆိုလည်း ကိုယ်ဝန်အလျောက် လိုအပ်တဲ့ စောင့်ရှောက်မှု ကုသမှုများခံယူဖို့လိုပြီး မဟုတ်ရင်လည်းမဟုတ်သည့်အလျောက် အခြေအနေအလိုက်ကုသမှုခံယူသင့်တာပဲ ဖြစ်ပါတယ်။
စာဖတ်သူပရိသတ်များလည်း သားသမီးရဖို့ကြိုးစားနေသူတွေ အမြန်ဆုံးရရှိကြပါစေ ၊ မရချင်သေးသူများလည်း မဟုတ်ပါစေနဲ့ လို့ ဆုတောင်းပေးရင်း ဆောင်း ပါးလေးကို အဆုံးသတ်လိုက်ပါတယ်နော်။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် 🤗
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
MRCGP [ International]
အ ထွေထွေရောဂါကု ဆရာဝန်
ဆောင်းပါးလေးကို အကျိုးရှိစေမယ်ဆိုရင် like and share လေးလည်း လုပ်သွားပေးပါဦးလို့။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။
( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌❌❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗
အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။
ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)