28/06/2023
📣JLPT ဖြေမယ့်သူများ ကြိုတင်သိထားသင့်သော
အချက် (16) ချက်
****************************************
2023 July 2 (တနင်္ဂနွေနေ့ ) JLPTစာမေးပွဲဖြေမယ့်
နေ့ အတွက် အောက်ပါအချက်များကို သတိပြုရန်လိုအပ်ပါတယ်😃
🔴1. JLPT စာမေးပွဲဖြေခွင့်ကတ်ပြား受験票(じゅけんひょう)အရေးကြီးပါတယ်။ အိမ်ကိုကတ်ပြားမရောက်လာသူများ My JLPT မိမိအကောင့်မှ Print ထုတ်ပြီးယူသွားလို့ရပါတယ် ။ ဖုန်းစခရင် ပြလို့မရပါ။
(မမေ့ပါနဲ့နော်👌)
🔴2. ဒီတခါ ဂျပန်ဘက် ဖြေမယ့်သူများ မိမိကျန်းမာရေးစစ်ဆေးချက်စာရွက် (自己ヘルスチェックひょう) Print ထုတ်ယူသွားရန်မလိုပါ ❌ အောက်ပါလင့်မှ ကျန််းမာရေးစာရွက် မှ အချက်များအားလုံး အိုခေဆိုရင် သွားဖြေပါ။
👇
https://www.facebook.com/100057398231577/posts/511070060816264/
🔴3. စာဖြေဌာန နေရာမမှားပါစေနဲ့နော် 🤗
(စာမေးပွဲဖြေခွင့်ကဒ်မှာ ဖြေရမယ့်နေရာသေချာရေးထားပါတယ်၊
နေရာကြိုရှာထားပြီးစောစောသွားနော်။🏃♀️🏃🏻♂️🏃🏻♂️🏃♀️
(မြန်မာမှာဆိုကားပိတ်မယ်၊ဂျပန်မှာဆိုရင်လည်းရထားနောက်ကျတဲ့အခါနဲ့မကြုံရလေအောင်စောစောထပြီးသွားပါ။)
ဂျပန်တက္ကသိုလ်များCampus အခွဲ ကျောင်းအမည်တူတာရှိလို့ မှားတတ်ပါတယ်။
🔴4.မြန်မာဘက် မှတ်ပုံတင်ကဒ်မူရင်း ၊ ဂျပန်ဘက် 在留カードနိုင်ငံခြားသားကဒ်ပြားမူရင်း ၊ ကားမောင်းလိုင်စင်စတဲ့ ကဒ်များယူသွားရပါမယ်(★ မပါသွားရင်စာမေးပွဲဖြေခွင့်မပေးပါ။ ) 😉
ဂျပန်ကဗီဇာသက်တမ်းတိုးထားဆဲ၊နိုင်ငံခြားသားကဒ်လက်ထဲမရှိသူများပတ်စပို့နှင့် သက်တမ်းတိုးထားပါကမိတ္တူ ယူသွားပါ၊ )
🔴 5.📵 စာမေးပွဲခန်းထဲ ဖုန်းပိတ်ထားပါ(power off )📵
(အသံမြည်တာနဲ့စာမေးပွဲဆက်ဖြေခွင့်မပေးပါ။Alarm⏰ထမြည်လို့စာမေးပွဲခန်းကထုတ်ခံရသူတွေရှိဖူးပါတယ်😲)
🔴 6.အချိန်သိရဖို့အတွက် လက်ပတ်နာရီ ပတ်သွားနော်အသံမမြည်တဲ့နာရီဖြစ်ဖို့လိုပါတယ်။
( စာမေးပွဲခန်းမထဲတွင် နာရီမရှိတာများပါတယ်😵
အသံမြည်သော ၊ alarm ပါသော လက်ပတ်နာရီမပတ်နဲ့နော်👌)
🔴7.ခဲတံ ( HB , 2B ) ၃ ချောင်းလောက်ယူသွားပါ(ခဲတံနဲ့ခြယ်ထားတာပဲအမှတ်ပေးပါတယ်၊)✏️✏️✏️✏️ရိုးရိုးခဲတံပိုအဆင်ပြေပါတယ်။
ခဲဆံဘောပင်မရပါ ❌အချိန်ကြာတတ်ပါတယ်။ ❌
ခဲဖျက်လေးလဲသေချာယူသွားပါ။
ချွန်စက်လေးလည်းရှိရင်ယူသွားပါ။ နားချိန်မှချွန်
🔴8.July 1 ရက်(စနေနေ့ည)စောစောအိပ်ပါ။
အိပ်ရေးဝမှခေါင်းကြည်မယ်လေနော်😘
ဂျပန်မှာ ရာသီဥတု အင်မတန်ပူလို့ ရေ (သို့) pocari sweat ဆောင်ပါ။
🔴 9.စာမေးပွဲဖြေရမယ့်အချိန်က နေ့လည်ခင်းဆိုတော့အိပ်ငိုက်တတ်ပါတယ်။
(Listeningအချိန်၊စာပိုဒ်ဖတ်ချိန်စာမေးပွဲခန်းထဲအိပ်ပျော်သွားသူတွေနှစ်စဉ်ရှိပါတယ်💤💤
စာမေးပွဲမဖြေခင်မှာခေါင်းကြည်အောင်RedBull ဖြစ်ဖြစ်၊ BB drink လေးဖြစ်ဖြစ်၀ယ်ပြီးကြိုသောက်ထားသင့်ပါတယ်။)
🔴 10.မိမိဖြေဆိုမယ့် Level အတွက်အောင်မှတ်ကိုကြိုသိအောင်လုပ်ထားပါ။🈴💯
တစ်မှတ်ဆိုတာအရမ်းအရေးကြီးပါတယ်။
အပုဒ်တိုင်းသေချာစွာဖြေခဲ့ပါ။
အပုဒ်တိုင်းခဲခြယ်ခဲ့ပါ။
မခြယ်ခဲ့တဲ့အပုဒ်မရှိရလေအောင်သေချာခြယ်ခဲ့ပါ။
တစ်ပုဒ်မှာနှစ်လုံးမခြယ်မိပါစေနဲ့။⛔️
🔴11.📝📖စာမေးပွဲမေးခွန်းကိုအချိန်ကိုက်ဖြေဆိုနိုင်ရန်၊ စာမေးပွဲ မေးခွန်းဟောင်း (သို့)၊နမူနာမေးခွန်းပုံစံကိုအနည်းဆုံး၂စုံခန့်နာရီကြည့်ပြီးဖြေထားသင့်ပါတယ်။
🔴 12.Reading စာပိုဒ် ပိုင်းဖြေတဲ့အခါ နောက်ဆုံးအပုဒ်(ဇယား)ကိုအရင်ဖြေပါ။ ကျွန်မကတော့ ဇယားကြိုက်သူမို့ပါ😁
ဖြေပြီးတာနဲ့ အရှေ့ဆုံးကအပုဒ်တိုလေးကိုပြန်ဖြေပြီး။နံပါတ်အစဉ်လိုက်ဖြေပါ။
အတိုပုဒ်စာဖြေပြီးမှ အစဉ်လိုက်ဖြေလည်းရပါတယ်။
နံပါတ်ကြည့်ဖြေပါ။ နံပါတ်မှားမလုံးမိပါစေနဲ့။
🔴13.Listening ဖြေတဲ့အခါသေချာအာရုံစိုက်ပြီးနားထောင်ပါ။
ကက်ဆက်အသံစမ်းတဲ့အခါမကြားရရင်မကြားရဘူးသေချာပြောပါ။
အားနာစရာမလိုပါ။ 👂🏻📻
တစ်ပုဒ်နားထောင်ပြီးတာနဲ့အဖြေ ချက်ချင်းရွေးပြီးခြယ်ပါ။
နောက်တစ်ပုဒ်အသံကဖွင့်နေပြီ ရှေ့ကအပုဒ်အတွက် အဖြေကို စဉ်းစားနေတာမျိုးလုံးဝ မလုပ်ပါနဲ့။❌
🔴14.စာမေးပွဲခန်းထဲမဝင်ခင်အိမ်သာသေချာသွားထားနော်။🚹🚺
လူများတော့ တန်းစီရတာ အချိန်ကြာတတ်တယ်။ 
🔴15. မိမိခုံနံပါတ်ကို ခဲခြယ်ပြီးရင် မှန်မမှန် ၂ခါ ပြန်စစ်ပါ။
ဘောပင်လုံးဝမသုံးရပါ။
🔴 16.အဖြေမသိတဲ့ပုစ္ဆာ ကိုနောက်မှ ပြန်ဖြေမယ်လို့ လုံးဝမလုပ်ပါနဲ့
။ နံပါတ်သေချာကြည့်ပြီး ခဲခြယ်ပါ ။
ခဲခြယ်ခဲ့တဲ့ အဖြေတိုင်းအမှန်ဖြစ်ပြီး အမှတ်ရပါစေ။ 🙏
JLPT ဖြေမယ့်😍 သူငယ်ချင်းတွေကိုလည်း
မျှဝေလိုက်ပါနော်။
ကျောင်းသားကျောင်းသူများအားလုံး လွယ်ကူအဆင်ပြေစွာဖြေဆိုအောင်မြင်နိုင်ပါစေ။🏆🈴