Enjoy Life

Enjoy Life Solo Hiking
Quick Hiking

Adobe Lightroom Adobe Lightroom ဆိုတာ ဘာလဲ?Adobe Lightroom က ဓာတ်ပုံတွေကို အလွယ်တကူ ပြင်ဆင်နိုင်တဲ့ Photo Editing Softwa...
23/06/2026

Adobe Lightroom

Adobe Lightroom ဆိုတာ ဘာလဲ?
Adobe Lightroom က ဓာတ်ပုံတွေကို အလွယ်တကူ ပြင်ဆင်နိုင်တဲ့ Photo Editing Software တစ်ခုဖြစ်ပါတယ်။

Lightroom ကို အသုံးပြုပြီး—
✅ ပုံရဲ့ အလင်းအမှောင် (Exposure) ကို ညှိနိုင်တယ်

✅ အရောင်အသွေး (Color) တွေကို လှပအောင် ပြုပြင်နိုင်တယ်

✅ မိုးအုပ်တဲ့နေ့ ရိုက်ထားတဲ့ပုံတွေကို ပိုမိုထင်ရှားအောင် လုပ်နိုင်တယ်

✅ မြူဆိုင်းတဲ့ Mountain Mood၊ Sunrise Mood၊ Deep Tone Mood စတဲ့ ကိုယ်ကြိုက်တဲ့ Style တွေ ဖန်တီးနိုင်တယ်

✅ RAW Photo တွေကို အရည်အသွေး မပျက်ဘဲ တည်းဖြတ်နိုင်တယ်

တောင်တက်၊ ခရီးသွား၊ သဘာဝဓာတ်ပုံ ရိုက်ကူးသူတွေအတွက် Lightroom က မရှိမဖြစ် အသုံးဝင်တဲ့ App တစ်ခုပါ။

“Camera က ရိုက်ပေးတဲ့ပုံကို Lightroom က အသက်သွင်းပေးတယ်” လို့တောင် ပြောလို့ရပါတယ်။

Camera က ဖမ်းယူထားတဲ့ အခိုက်အတန့်ကို ကိုယ်မြင်ခဲ့တဲ့ Feeling နဲ့ ပိုနီးစပ်အောင် ဖန်တီးပေးနိုင်တဲ့ Tool တစ်ခုပါ။

☁️ မြူဆိုင်းတဲ့ တောင်တန်းတွေကို ပိုအသက်ဝင်အောင်
🌄 နေထွက်အလှကို ပိုထင်ရှားအောင်
🌿 သဘာဝရဲ့ စိမ်းလန်းမှုကို ပိုပေါ်လွင်အောင်
🎨 ကိုယ်လိုချင်တဲ့ Mood နဲ့ Color Tone တွေကို ဖန်တီးနိုင်ပါတယ်။

တခါတလေ Camera က ဖမ်းယူထားတဲ့ပုံဟာ ကိုယ်မြင်ခဲ့တဲ့ အလှတရားကို အပြည့်အဝ မဖော်ပြနိုင်ပါဘူး။

“ကင်မရာက ပုံကို ရိုက်ပေးတယ်၊ Lightroom က ပုံထဲက ခံစားချက်ကို အသက်သွင်းပေးတယ်။”

ဓာတ်ပုံက အမှတ်တရတစ်ခုဆိုရင်
Lightroom က အဲ့ဒီအမှတ်တရကို ပိုပြီး ခံစားလို့ရအောင် ဖန်တီးပေးတဲ့ အရာတစ်ခုပါ။

သင့်ဓာတ်ပုံတွေကို ပိုမိုလှပပြီး အသက်ဝင်စေဖို့ Lightroom က ကူညီပေးနိုင်ပါတယ်၊ Lightroom ကို စမ်းသုံးကြည့်ပြီး သင့်ဓာတ်ပုံများကို နောက်တစ်ဆင့်မြှင့်တင်ကြည့်ပါ။

➡️Free Version vs Premium Version⬅️

🆓 Free Version�• အခြေခံ Photo Editing Tools များ အသုံးပြုနိုင်သည်။
�• Light, Color, Crop စသည့် Function များ ပါဝင်သည်။
�• Beginner များအတွက် လုံလောက်သည်။

👑 Premium Version�• Professional Presets များ အသုံးပြုနိုင်သည်။
�• AI Remove, Masking, Advanced Color Grading များ ရရှိသည်။
�• Cloud Storage နှင့် Device များကြား Sync ပြုလုပ်နိုင်သည်။
�• Professional Photographer များအတွက် ပိုမိုသင့်တော်သည်။

➡️➡️➡️အစပိုင်းတွင် Free Version ဖြင့် စတင်အသုံးပြုကြည့်ပြီးမှ လိုအပ်ချက်တွေရှိလာမယ် သုံးရတာ အဆင်ပြေရင် Premium Version သို့ အဆင့်မြှင့်နိုင်ပါသည်။

App Store မှာ download ဆွဲပြီး လွယ်လွယ်ကူကူသုံးနိုင်းပါတယ်။

赤岳 2899m – 1泊2日 Tent Tripတောင်စတက်တဲ့နေ့က ကောင်းကင်မရှင်းဘူး။မိုးဖွဲဖွဲရွာတယ်၊ မြူတွေက တောင်ကြားတွေကို တဖြည်းဖြည်း လာဖုံ...
22/06/2026

赤岳 2899m – 1泊2日 Tent Trip

တောင်စတက်တဲ့နေ့က ကောင်းကင်မရှင်းဘူး။
မိုးဖွဲဖွဲရွာတယ်၊ မြူတွေက တောင်ကြားတွေကို တဖြည်းဖြည်း လာဖုံးတယ်။

တောင်ထိပ်ကနေ အဝေးကြီးမြင်ရမယ့် မြင်ကွင်းတွေ မရှိခဲ့ပေမယ့်၊ အဲ့ဒီနေ့ 赤岳 က တခြားနေ့တွေနဲ့ မတူတဲ့ အလှတရားကို မြင်ခဲ့ရပါတယ်။

ကျောက်တောင်နံရံတွေကြား ဝင်ထွက်နေတဲ့ မြူတိမ်တွေ၊ မိုးရေစက်တွေကပ်နေတဲ့ Alpine ပန်းလေးတွေ၊ လေတိုက်တိုင်း လွင့်သွားပြီး ပြန်ပေါ်လာတဲ့ တောင်တန်းအရိပ်အယောင်တွေက
သဘာဝရဲ့ အသက်ရှူသံကို နီးနီးကပ်ကပ် ခံစားရပါတယ်။

Tent ထဲမှာ မိုးရေစက်တွေ ကျတဲ့အသံကို နားထောင်ရင်း အပြင်ဘက် မြူဆိုင်းနေတဲ့ တောင်တန်းတွေကို ကြည့်မိတဲ့အချိန်က
နေသာတဲ့နေ့မှာ မရနိုင်တဲ့ ငြိမ်းချမ်းမှုတစ်မျိုးကို ခံစားမိပါတယ်။

တောင်တွေက နေရောင်ထဲမှာ လှသလို
မိုးမြူတွေကြားမှာလည်း သူ့အလှသူ ရှိနေတယ်။

တခါတရံ အကောင်းဆုံး ရှုခင်းဆိုတာ
အဝေးကို ထင်းထင်းကြီး မြင်ရတာမဟုတ်ဘဲ
မြူတွေကြားကနေ တစ်ခဏလေး ပေါ်လာတဲ့ တောင်တန်းတစ်စိတ်တစ်ပိုင်း ဖြစ်နေတတ်တယ်။

21/06/2026
တချို့အလှတရားတွေကပိုက်ဆံနဲ့လည်း ဝယ်လို့မရဘူး။ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ တက်ရင်းချွေးတွေ၊ မောပန်းမှုတွေရဲ့ အဆုံးမှာမှဒီလိ...
17/06/2026

တချို့အလှတရားတွေက
ပိုက်ဆံနဲ့လည်း ဝယ်လို့မရဘူး။

ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ တက်ရင်း
ချွေးတွေ၊ မောပန်းမှုတွေရဲ့ အဆုံးမှာမှ
ဒီလို ရူ့ခင်းတွေက ဆုလာဘ်အဖြစ် ပေးတာပါ။

ဒီမြင်ကွင်းအတွက်…
တောင်တက်ရတာ တန်တယ်။

女峰山 (Nyoho-san )女峰山 (Nyoho-san)日光連山 (Nikko Mountains) ထဲက အထင်ကရတောင်တစ်လုံးဖြစ်ပြီး မီးတောင်ဟောင်း တောင်အမျိုးအစားဖြစ်ပ...
16/06/2026

女峰山 (Nyoho-san )

女峰山 (Nyoho-san)日光連山 (Nikko Mountains) ထဲက အထင်ကရတောင်တစ်လုံးဖြစ်ပြီး မီးတောင်ဟောင်း တောင်အမျိုးအစားဖြစ်ပါတယ်၊ အမြင့် 2,483m ရှိပြီး ဇွန်လမှ အောက်တိုဘာလအထိ တောင်တက်ရန် အကောင်းဆုံး ရာသီဖြစ်ပါတယ်။

女峰山 ရဲ့ အလှတရား-
တောင်ထိပ်ကနေ 日光連山 တစ်ခုလုံးကို မြင်နိုင်တယ်။ Mount Nantai၊ Lake Chuzenji နဲ့ အနီးတစ်ဝိုက် တောင်တန်းတွေကို ကြည့်ရှုနိုင်တယ်၊ သစ်တောကြီးတွေ၊ ကျောက်တောင်ကြောတွေ၊ လေတိုက်အားကောင်းတဲ့ Ridge တွေ ရှိလို့ Alpine Feeling ကောင်းတယ်၊ နံနက်စောစောမှာ တိမ်ပင်လယ် (Sea of Clouds) တွေ မြင်ရတတ်တယ်။

ကျွန်တော်တို့ တက်ခဲ့တဲ့ လမ်းကြောင်းက
(Kirifuri Kogen → 赤薙山 → 女峰山)
အတက်အဆင်း လုပ်ခဲ့ကြတာပါ၊ အကွာအဝေး 15–18 km ခန့်၊ကြာချိန် ၉-၁၁နာရီ
ခန့် ကြာနိုင်ပါတယ်၊အခက်အခဲကတော့ (Intermediate - Advanced)level လောက်ရှိပါတယ်။

ခံစားချက်
女峰山 က 富士山 လို လူများတဲ့တောင် မဟုတ်ဘဲ၊ သဘာဝတောရိုင်းဆန်ပြီး လမ်းလျှောက်ရင်း တောင်တန်းတွေကို တဖြည်းဖြည်းဖွင့်ပြတဲ့ တောင်မျိုးပါ။ နေထွက်ချိန်မှာ တောင်တန်းတွေကြားက မြူတွေဝေ့နေတဲ့ မြင်ကွင်းက အရမ်းလှပါတယ်။

女峰山 ကို လူအများဆုံးသွားတဲ့ 霧降高原 (Kirifuri Kogen) Route ကနေ တက်မယ်ဆိုရင် တိုက်ရိုက်女峰山ကို မရောက်ဘဲ တောင်အချို့ကို ဖြတ်ကျော်ရပါတယ်။

霧降高原 → 小丸山 → 赤薙山 → 一里ヶ曽根 → 女峰山

1️⃣ 霧降高原
-နာမည်ကြီး 1,445 လှေကားထစ်ကနေ စတင်တက်ရတယ်။ အစပိုင်းက တောင်တက်လမ်းထက် လှေကားတက်ရတာ ပိုများတယ်။လှေကားထစ် ထိပ်ဆုံးမှာ နေထွက်တာကြည့်ဖို့ view point လိုနေရာလေးရှိပြီး ရာသီဉတုကောင်းရင် လူအရမ်းများပါတယ်။

2️⃣ 小丸山 (Komaruyama)
အမြင့် 1,601m၊ လှေကားအဆုံးနားမှာ ရှိတယ်။ တောင်ပေါ်၊ တောင်အောက် ရှုခင်းကြည့်လို့ကောင်းတဲ့ နေရာလေးပါ။

3️⃣ 赤薙山 (Akanagi-san)
အမြင့် 2,010m၊女峰山 မရောက်ခင် အရေးကြီးဆုံး တောင်တစ်လုံးပါ၊ ဒီနေရာကနေ 女峰山 ကို ပထမဆုံး မြင်ရတတ်တယ်။

4️⃣ 一里ヶ曽根 Ridge
ကျောက်တောင်ကြော၊ သစ်တောနဲ့ Ridge လမ်း။ လမ်းနည်းနည်း ကြမ်းပါတယ်၊ adventure feeling အပြည့်အဝ ရတဲ့နေရာလေးပါ။

5️⃣ 女峰山 (2,483m)
နောက်ဆုံး Summit၊ 日光連山၊ 男体山၊ 中禅寺湖 တွေကို မြင်ရတယ်။ အစပိုင်း → လှေကား၊ အလယ်ပိုင်း → သစ်တတေား၊နောက်ပိုင်း → Ridge & Rocky Trail၊Summit → 360° View

ဒီ Route က “လှေကား → သစ်တော → Ridge → Summit” ဆိုတဲ့ အရသာအကုန်ရတဲ့ 日光 ရဲ့ အလှဆုံးတောင်တွေထဲက တစ်ခုပါ။

လမ်းညွန်-

新宿駅 → 霧降高原

① 新宿駅 → 東武日光駅

* JR 新宿駅 → 池袋駅
* 池袋駅 → 東武日光駅 (東武特急リバティ)
* ခန့်မှန်း 2 နာရီ 30 မိနစ် မှ 3 နာရီ ဝန်းကျင်

② 東武日光駅 → 霧降高原

東武日光駅 ရှေ့ Bus Stop 2D မှ
「霧降高原」「大笹牧場」 သို့ သွားသော Tobu Bus စီးပါ။

* Bus စီးချိန် 25 မိနစ်ခန့်
* 「霧降高原」 မှတ်တိုင်တွင် ဆင်းပါ

မှတ်ချက်-
🚌 Bus ကား ဆွဲချိန် တအားနည်းလို့ 女峰山ထိတက်ရင် အပြန် bus ကား မမီပါဘူး၊တောင်ပေါ်ထိ မတက်ဘဲ 霧降高原ထိဘဲ view point ကြည့်ရင် okတယ်၊ နေထွက်တာ အစေားပိုင်း (၄:၃၀)ဖြစ်လို့ bus မရှိပြန်ပါဘူး ၊အကောင်းဆုံးကတော့ အုပ်စုနဲ့ ကားငှါလာ နေထွက်တာကြည့် တောင်တက် ။

天空回廊 (Tenkū Kairō) “ကောင်းကင်ဆီသို့ တက်သွားသော လှေကား” လို့ အဓိပ္ပါယ်ရပြီး၊ 栃木県日光市 (Nikkō) ရှိ 霧降高原(Kirifurikōgen )ရဲ့ အ...
14/06/2026

天空回廊 (Tenkū Kairō)
“ကောင်းကင်ဆီသို့ တက်သွားသော လှေကား” လို့ အဓိပ္ပါယ်ရပြီး၊ 栃木県日光市 (Nikkō) ရှိ 霧降高原(Kirifurikōgen )ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပါတယ်။

ဘာကြောင့် နာမည်ကြီးတာလဲ?
-လှေကား 1,445 ထစ်ရှိတယ်
-အမြင့်ကွာခြားချက် 240m ခန့်
-လှေကားထိပ်ရောက်ရင် ကျယ်ပြန့်တဲ့ လွင်ပြင်နဲ့ တောင်တန်းရှုခင်းကို မြင်ရတယ်
-နေထွက်၊ နေဝင် အချိန်တွေမှာ အရမ်းလှတယ်
-တခါတလေ တိမ်ပင်လယ် (雲海) ကိုပါ မြင်နိုင်တယ်

14/6/2026 မနက်(4:30)မှာ ရိုက်ထားတဲ့ နေထွက်ပုံတွေပါ။ အာရုံဦးအချိန်မှာ ကောင်းကင်အရောင်ပြောင်းသွားပုံတောင်တန်းအလွှာလိုက် ထွက်ပေါ်လာပုံ
မြူခိုးကြားက နေရောင်ခြည် တိုးထွက်လာပုံတွေက ဒီနေရာရဲ့ အလှတရားပါ

🥾 တောင်မတက်ချင်သူတွေအတွက်
女峰山 summit မတက်ဘဲ 天空回廊 လှေကားထိပ်အထိ တက်ရုံနဲ့

-နေထွက်တာ ကြည့်နိုင်တယ်
-တောင်တန်းရှုခင်းတွေကို ကြည့်နိုင်တယ်
-ဓာတ်ပုံလှလှလေး ရိုက်နိုင်တယ်

မှတ်ချက်-
ကိုယ်ပိုင်ကား/ကားငှါးလာမှ မနက်အစေားပိုင်းကိုလာလို့အဆင်ပြေတာပါ၊bus အစေားပိုင်းမရှိပါ၊

14/06/2026

女峰山

平ヶ岳 (Hiragatake / ひらがたけ) 日本百名山 (Japan 100 Famous Mountains) စာရင်းဝင်ပြီး၊ Niigataနှင့်Gunma နယ်စပ်ပေါ်တွင် တည်ရှိပါတယ်။...
12/06/2026

平ヶ岳 (Hiragatake / ひらがたけ)

日本百名山 (Japan 100 Famous Mountains) စာရင်းဝင်ပြီး၊ Niigataနှင့်Gunma နယ်စပ်ပေါ်တွင် တည်ရှိပါတယ်။ဂျပန်ရဲ့ ရာနှုန်းပြည့် သဘာဝအလှကို ထိန်းသိမ်းထားသည့် တောင်များထဲမှ တစ်လုံးဖြစ်ပြီး 2,141 m မြင့်ပါသည်။

တောင်ထိပ်တစ်ဝိုက်မှာ ကျယ်ပြန့်တဲ့ စိုစွတ်မြေပြင်ကျယ်တွေ ရှိတယ်။သစ်သားပြားလမ်းကလေးတွေ ပေါ် လျှောက်ရင်း မြက်ခင်းကျယ်ကြီးတွေကို ခံစားနိုင်တယ်။အခြားတောင်တွေလို တောင်ထိပ်မှာကျောက်တုံးတွေနဲ့ မဟုတ်ဘဲ မြေပြန့်ပြီးမြက်ခင်းစိမ်း တောင်ထိပ် ဖြစ်နေတာပါ။

玉子石 (Tamagoishi)
平ヶ岳 ရဲ့ ကျော်ကြားတဲ့ နေရာပါ၊
ဘဲဥပုံသဏ္ဍာန် ကြီးမားတဲ့ ကျောက်တုံးတစ်လုံးပါဘဲ၊ ကျောက်တုံးအောက်ခြေ သေးသေးပေါ်မှာ တင်နေသလို မြင်ရပါလိမ့်မယ်(အနီးစပ်ဆုံး ပြေားရရင် ကျိုတ်ထီးရိုး ဘုရာလို)ပါ။ လေဒဏ် မိုးဒဏ်ကြောင့် နောက် ၄/၅နှစ်ဆို ပျောက်ကွယ်(ပြုတ်ကျ)သွားနိုင်တဲ့တယ်လို့ ပြေားကြသူတွေလည်းရှိပါတယ်။လူတိုင်း 平ヶ岳တောင်ပေါ်ရောက်ရင် ကျောက်တုံးဆီ ဓာတ်ပုံ လာရိုက်ကြပါတယ်။

平ヶ岳 ရဲ့ အလှ
平ヶ岳 ရဲ့ အလှက မြင့်မားတဲ့ ကျောက်တောင်တွေမှာ မဟုတ်ဘဲ၊ တောင်ထိပ်ပေါ်က အဆုံးမရှိသလို ထင်ရတဲ့ မြက်ခင်းပြင်ကျယ်ကြီး၊ သစ်သားလမ်းလေးနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ သဘာဝအလှလို့ဘဲ ပြေားရမှာပါ။

平ヶ岳ကိုတက်တဲ့ လမ်းကြောင်း အများကြီးထဲမှာက day hiking အတွက် အဓိကလမ်းကြောင်းဖြစ်တဲ့ 鷹ノ巣登山口コース (Takanosu Trailhead Route) ကနေ တက်အဆင်းလုပ်ခဲ့ကြပါတယ်၊အသွားအပြန် 20–22 km ခန့်၊ တောင်တက်ချိန် 10–12 နာရီလောက် ခရီးနှင်းခဲ့ကြရပါတယ်၊ဦးဆောင်သူကတော့ MTC ပဲ့ကိုင်ရှင်(ဦးရှင်)ပါ။

သတိထားရမယ့် အချက်—
ရေဖြည့်စရာ နေရာမရှိ၊အရိပ်မရှိတဲ့ နေရာတွေ များ။ Day Hike အတွက် အလွန်ရှည်တဲ့ Route၊ နံနက်စောစော (3–4 နာရီဝန်းကျင်) စတင်တက်မှ အဆင်ပြေ၊ လေဝင်တဲ့ အရပ်က တောင်ကြီးကာထားလို့ အရမ်းအံ့ပါတယ် ၊ဝါးရွက်လို အပင်တွေ ရှလို့ ခြေလက်တွေ ယားတတ်လို (ပေါ်/အောက်)အရှည် ဝတ်သွားပါ။

平ヶ岳 ရဲ့ ထူးခြားချက်
“平ヶ岳 ကို “ကောင်းကင်ပေါ်က မြက်ခင်းပြင်” လို့တောင် ခေါ်နိုင်ပါတယ်။ တောင်ထိပ်မှာ တောင်အမှတ်အသားတိုင်တစ်တိုင်ဘဲ ရှိနေတာပါ၊မြက်ခင်းကျယ်ကြီးတွေ၊ 池塘 (ရေအိုင်လေးများ)တွေကြား လမ်းလျှောက်ရတာကြောင့်၊တောင်တက်နေတာထက် ကောင်းကင်ပေါ်က မြက်ခင်းပြင် တစ်ခုထဲ လမ်းလျှောက်နေရသလို ခံစားရတယ်။

平ヶ岳 ရဲ့ မိုးကြိုးအန္တရာယ်
平ヶ岳 ကို တခြားတောင်တွေနဲ့ မတူစေတဲ့ အချက်က၊ တောင်ထိပ်ရောက်ရင် သစ်တောမရှိတော့ဘဲ ကျယ်ပြန့်တဲ့ လွင်ပြင် (湿原) ဖြစ်သွားတာ၊သစ်ပင်ကြီး၊ တဲအိမ်၊အဆောက်အဦးမရှိ၊ အမြင့် 2,000m ကျော်မှာ ပတ်ပတ်လည် ပွင့်လင်းနေတဲ့အတွက် လွင်ပြင်ကျယ်ကြီးဟာ မိုးကြိုးဝင်လာရင် အန္တရာယ်အများဆုံးနေရာလည်း ဖြစ်လာတယ်ပါတယ်။ အကာအကွယ် ယူဖို့ သစ်ပင်ကြီးကြီးမားမား ရှိမနေပါဘူး။

鷹ノ巣登山口コース (Takanosu Trailhead Route)
Solo Hiking おすすめမလုပ်ပါဘူးနော်၊ သွားချင်သပဆို သူငယ်ချင်း မိတ်ဆွေတွေနဲ့ အုပ်စုလိုက်သွားပါ၊ public transportation မရပါဘူး(ရှိလားဆိုရင် ရှိပါတယ်)၊ ကိုယ်ပိုင် /ကားငှါး သွားမှ အဆင်ပြေမယ် ၊ car parking မှာ အိမ်သာ ရှိပါတယ် ၊ တောင်ပေါ်ထိ အိမ်သာမပြေားနဲ့ တဲအိမ်နဲ့တူတာ ဘာတစ်ခုမှမရှိပါ၊ ရေများများယူသွားပါ ၊ကျတော်တို့သွားတုန်းက ရေမလောက်လို့ တောင်အောက်စမ်းချောင်းရေကို သောက်လိုက်ရပါတယ်😂၊ တေားတိုး တတ်ရင် တစ်ရှူး ဆောင်သွားပါ😂။

အထူးသတိပြုချက်-
အတက်အဆင်းပြုမယ့် လမ်းကြောင်း သေချာလေး မှတ်သားရပါမယ် ၊လွင်ပြင်ကျယ်မှာ လမ်းကြောင်း အမျိုးမျိုး ကနေ တက်လာပြီး ပြန်ဆင်းရင် အစအန ရှာမရဘဲ တခြားလမ်းကမှားဆင်းရင် ငါးပါမှောက်ပါမယ် (ကျတော်တို့ မှားတော့မလိုပါ)😂လမ်းညွန်ဆိုင်းဘုတ် အများစုက မြေပြင်နဲ့ ကပ်လျှက်ရှိနေတာ များလို့ သတိမမူမိတာ များပါတယ်။

မိုးရွာလေ တောင်တန်းတွေက ပိုလှလေမိုးရွာတဲ့နေ့မှာ တောင်မတက်ချင်တဲ့ သူတွေရှိကြမယ်လို့ ထင်တယ်။ လမ်းချော်မယ်၊ မိုးရေစိုမယ်၊ မ...
10/06/2026

မိုးရွာလေ တောင်တန်းတွေက ပိုလှလေ

မိုးရွာတဲ့နေ့မှာ တောင်မတက်ချင်တဲ့ သူတွေရှိကြမယ်လို့ ထင်တယ်။ လမ်းချော်မယ်၊ မိုးရေစိုမယ်၊ မြင်ကွင်းမလှဘူးလို့ ထင်ကြတာများတယ်။

ဒါပေမယ့် မိုးရွာလည်းဘဲ တောင်တန်းတွေမှာတော့ သူ့အလှသူ ရှိပြီးသားပါ။

သစ်ရွက်ပေါ်က မိုးစက်လေးတွေ၊ မြူမှုန်ကြားက တိတ်ဆိတ်တဲ့ တောလမ်းတွေ၊ စိမ်းစိုလန်းဆန်းနေတဲ့ သဘာဝရဲ့ အရောင်တွေ၊ မိုးရေစိုနေတဲ့ မြေဆီနံ့လေးတွေက နေသာတဲ့နေ့တွေမှာ မရနိုင်တဲ့ အတွေ့အကြုံတွေပါ။

တောင်ကို တက်တာက မြင်ကွင်းကြည့်ဖို့တင် မဟုတ်ပါဘူး။ သဘာဝရဲ့ ခံစားချက်ကို နီးနီးကပ်ကပ် ထိတွေ့ဖို့လည်း ဖြစ်ပါတယ်။

မိုးကြောင့် တောင်မတက်ခဲ့တဲ့သူတွေက တောင်တန်းတွေရဲ့ အခြားတစ်မျိုးသော အလှတရားကို လွဲချော်သွားနိုင်ပါတယ်။

မိုးစက်တွေကြားက အေးချမ်းမှု
မြူမှုန်တွေကြားက လျှို့ဝှက်ဆန်မှု
စိမ်းစိုလန်းဆန်းတဲ့ သဘာဝရဲ့ အသက်ရှုသံ

မိုးရွာတဲ့ တောင်တန်းတွေမှာလည်း သူ့အလှသူ ရှိနေဆဲပါ။

住所

大安町石榑南2999-5宇賀渓キャンプ場案内
Inabe-shi, Mie
511-0266

ウェブサイト

アラート

Enjoy Lifeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する