Shwe Ein

Shwe Ein Welcome and THANK you for visiting my page. I’m an Entrepreneur and let me share my journey.

ရိုက်ပြီနော် ဒီဘက်လှည့်ကြည့်ပါ📸
15/06/2025

ရိုက်ပြီနော် ဒီဘက်လှည့်ကြည့်ပါ📸

မေးမြန်းတဲ့သူအရမ်းများလာတဲ့အတွက်ကျွန်မ အလုပ်လုပ်ထဲက လုပ်ငန်းတစ်ခု📣ဂျပန်မှာ အလုပ်လုပ်လိုသူများအတွက် အလုပ်ရှာဖွေရေးအတွက် တ...
14/05/2025

မေးမြန်းတဲ့သူအရမ်းများလာတဲ့အတွက်
ကျွန်မ အလုပ်လုပ်ထဲက လုပ်ငန်းတစ်ခု

📣ဂျပန်မှာ အလုပ်လုပ်လိုသူများအတွက် အလုပ်ရှာဖွေရေးအတွက် တိုင်ပင်ဆွေးနွေး ကူညီပေးနေပါတယ်။
※အခမဲ့※ဆွေးနွေးမေးမြန်းပြီး အလုပ်မိတ်ဆက်ပေးတဲ့ အစီအစဉ်ကိုလုပ်ဆောင်နေပါတယ်။

🧑‍💻အကြောင်းအရာ

- ဟိုတယ်နဲ့ ဂျပန်စတိုင်လ်တည်းခိုခန်းများမှာ
အလုပ်လုပ်ကိုင်ချင်တဲ့သူများ၊
- Tokutei ( စားသောက်ဆိုင်၊ ဟိုတယ်၊ အဆောက်အဦးသန့်ရှင်းရေး ) နဲ့သက်ဆိုင်တဲ့အလုပ်ကို စိတ်ဝင်စားသူများ
- ဂျပန်စာ ( N4 Level နှင့်အထက်)
- အသက်(ကန့်သတ်ထားခြင်းမရှိ)

📌တာဝန်ခံနဲ့တစ်ဦးချင်းစီဆွေးနွေးပေးပြီး၊ဆွေးနွေးပြီးတဲ့နောက် မိမိနဲ့ အဆင်ပြေမဲ့လုပ်ငန်းခွင်များကို အလုပ်ရှာ/အလုပ်ပြောင်းဖို့ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

📌အဆင့်တွေအနေနဲ့ကတော့
① ဆွေးနွေးလိုသူများမှmessenger သို့ဆက်သွယ်ခြင်း
② တာဝန်ခံနဲ့ဆွေးနွေးဖို့ရက်ညှိနှိုင်းခြင်း
③ တာဝန်ခံနဲ့ဆွေးနွေးခြင်း/သိလိုရာမေးမြန်းခြင်း
④ အလုပ်လုပ်ကိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ အလုပ်မိတ်ဆက်ပေးဖို့ စတင်လုပ်ဆောင်ခြင်း

ဒီဆောင်ရွက်မှုတွေအတွက် အခကြေး‌‌ငွေကောက်ခံခြင်းမရှိပါဘူး။ ဆွေးနွေးခ၊agency fees ပေးစရာမလို။

ဂျပန်ပြည်တွင်းနေထိုင်သူများက အားလုံး အခမဲ့။

မြန်မာရှိသူများကအတွက်တော့ စိတ်မကောင်းပါဘူး🥹
မြန်မာဘက်ကနေ ပြည်ထွက်ခွင့်လျောက်ရန်
送り出し機関အတွက် ဒေါ်လာ၁၅၀၀ ပေးဆောင်ရပါမယ်။
အဲအခကြေးငွေလွဲပြီးမည်သည့်အခကြေးငွေမှထပ်ပေးဆောင်ရန် မလိုအပ်ပါဘူး။

ဆွေးနွေးပြီးတဲ့အခါ မိတ်ဆက်ပေးမယ့်ကုမ္ပဏီဘက်နဲ့အင်တာဗျူးဖြေဖို့အတွက် CV Form ပြင်ပေးခြင်းပါမယ်။အင်တာဗျူးအတွက်လေ့ကျင့်မှုတွေအပြင်ဂျပန်ရောက်
သည်အထိ follow up သေချာလုပ်ပေးမှာဖြစ်ပါတယ်။

စိတ်ဝင်စားသူများ
messenger မှတစ်ဆင့်လွတ်လပ်စွာ လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

個別相談会

သားသမီး ပညာရေး ပေးနည်းမှားသွားခဲ့တဲ့အကြောင်း။မနေ့ညက ဂျပန်စရောက်ခါတည်းကခင်ခဲ့တဲ့ဂျပန်သူဌေးမိန်းမနဲ့ ညစာစားခဲ့တယ်။အဲဒါနဲ့ ...
11/05/2025

သားသမီး ပညာရေး ပေးနည်းမှားသွားခဲ့တဲ့အကြောင်း။

မနေ့ညက ဂျပန်စရောက်ခါတည်းကခင်ခဲ့တဲ့ဂျပန်သူဌေးမိန်းမနဲ့ ညစာစားခဲ့တယ်။

အဲဒါနဲ့ ဟိုပြောဒီပြောပြီး အကြောင်းစုံနေရောပဲ။
နောက်တော့ သူ့သားသမီးလေးယောက်အကြောင်းကို ပြောစကားဖြစ်ကြတယ်။

နှစ်ယောက်က စိတ်မပူရကြောင်းနဲ့ နှစ်ယောက်က
စိတ်ပူရကြောင်းကို သူပြောပြတာ နားထောင်ခဲ့တယ်။

စိတ်ပူရတဲ့ သူ့သားသမီးအတွက်
သူ ပညာသင်ပေးနည်းမှားခဲ့လို့ နောင်တ ရနေတာတဲ့။

ဘယ်လို မှားလည်းဆိုတော့
ခလေးကို ဘာမှ မွေးလာကတည်း ပညာအစုံ
အားကစားတွေ၊ဘာသာစကားသင်တန်းတွေ အစစအရာရာ
အကောင်းဆုံးဆရာ၊အကောင်းဆုံးကျောင်း၊ အကုန်သီးသန့်ဆရာဌားပြီး သင်ပေးခဲ့တာတဲ့။
လုံးဝ ဘာအခက်အခဲမရှိ အောင်အကုန် လုပ်ပေးခဲတာတဲ့။

အဲတော့ အခုက ဘာပြဿလည်းဆိုတော့
သူ့သားနဲ့သမီး နှစ်ယောက် အလွယ်တကူ
အကုန်ရခဲ့လို့ ဘယ်အရာကိုမှ လေးလေးနက်နက် မလုပ်တော့တာတဲ့။တစ်ချိန်လုံးစာကြိုးစားခိုင်းနေတော့ ဘယ်အချိန် ဘယ်အရာက အရေးကြီးနေမှန်း
မသိတော့ဘဲ လုပ်နေတဲ့အရာအားလုံး သာမန်လိုဖြစ်ပြီး
လေးနက်တဲ့ ကြိုးစားမှု မရှိဘဲ ဖြစ်လာတဲ့တယ်။

နောက်ဆုံးတော့ သူပြောတာ
ခလေးက သင်ချင်တယ်လို့မပြောခဲ့တာတွေကို
သူသင်ခိုင်းခဲ့တယ်။
ကျောင်းစာမေးပွဲအတွက်ဆိုလည်း
အကောင်းဆုံး စျေးကြီးတဲ့ဆရာတွေကိုပဲ အပ်ခဲ့တော့
တိတ် အခက်အခဲမရှိ ဆရာတွေဆီက အကူအညီရနေတော့
ဘဝမှာ ကိုယ်တိုင် လမ်းစဖောက်ပြီး
ကြိုးစားရတာ မရှိခဲ့တော့လို့

စာက အရမ်းတော်တာနော်၊ဒါပေမယ့်
အပြင်လောက အခက်အခဲ တစ်ယောက်တည်း
မယှဉ်ဆိုင်နိုင်တာ၊ ကိစ္စရပ်မှာ လေးနက်မှု မရှိဖြစ်သွားတယ်တဲ့။

ကျန်တဲ့နှစ်ယောက်ကတော့ အကောင်းဆုံးဆိုတဲ့
အရာတိတ်မလုပ်ပေးခဲ့ဘူး၊ လုပ်ချင်တဲ့သင်ချင်ဆိုတဲ့ အရာအကောင်းကောင်း ထောက်ပံ့ပေးတာတဲ့။

နောက်ဆုံးတော့ သူ စကားကို ပြောင်းပြီးပြောသွားတယ်။
ခလေးတွေကို သည်းခံတတ်အောင်
သင်ပေးဖို့လိုတယ်ဆိုပြီး
ပြောသွားတယ်။
အဲဒါမှ လောကထဲ သန်သန်မာမာနဲ့ ရင်ဆိုင်ရဲမှာတဲ့။

သည်းခံခြင်းဆိုတာက အခက်အခဲကို
ဆုံခိုင်းကြုံခိုင်းပြီးမှ
သင်ယူရတဲ့ ပညာရပ်မျိုးမို့
ဂျပန်ပီသစွာ ခလေးတွေကို တခါတလေ
ဒုက္ခတွေ၊ပြဿနာတွေအခက်အခဲ ပေးသင့်တယ်လို့
မပြောဘဲ သည်းခံတတ်မှုကို သင်ပေးသင့်တယ်လို့ ပြောသွားတယ်။

ဒီလို အမှားမျိုးက တော်တော်များ
မိဘတွေမှားတတ်ကြမယ်လို့ထင်ပါတယ်။
ချစ်လွန်းတော့ အစစအရာ အကောင်းဆုံးဖြစ်စေချင်ဇောနဲ့
အလိုသေးမရှိ အခက်အခဲမရှိ လုပ်ပေးမိကြမယ်ထင်ပါတယ်။

ကြီးလာမှ ခလေးက လောကဒဏ်ကို မခံနိုင်ဘဲ
မိဘတွေကို စိတ်ပူစေတဲ့သားသမီးအဖြစ်သို့ ရောက်သွားရော။

အဲကြောင့် မိဘဖြစ်ခဲ့ရင်
ကလေးပညာရေးအလွန်သတိထားရမယ်။
ချစ်ခဲ့တာကို နစ်ခဲ့ခြင်းဖြစ်သွားရတာလောက်
မိဘရင်မှာ ပူလောင်ရတဲ့အရာ မရှိဘူးလို့
မနေ့ညက သူဌေးမဆီက သိလိုက်ရတယ်။

မိဘဖြစ်သူများအတွက် ပြန်လည်သတိထားရအောင်လို့
ပြန်ရေးရတာပါ။

မိဘများအားလုံး မှန်ကန်တဲ့စနစ်နဲ့ သားသမီးများကို
ပျိုးထောင်နိုင်ကြပါစေ။

ပုံကတော့ ဘာမှမဆိုင်ပါဘူး
ရေစိုပြီး မုန်ဝါးနေတဲ့မှန်ရှေ့မှာ ၂၀၂၃တုန်း
ခေတ်စားခဲ့တဲ့ ဖုန်းကြွားနည်းရိုက်ကြည့်တာ😅

coffee time☕️
06/05/2025

coffee time☕️

osaka aquarium kaiyukanမှာ တစ်ယောက်ထဲ ငေး☺️☺️
04/05/2025

osaka aquarium kaiyukanမှာ တစ်ယောက်ထဲ ငေး☺️☺️

03/05/2025

လူတိုင်းမှာ ကိုယ်ပိုင်မူဝါဒရှိတယ်။

ကျွန်မမှာလည်း မူဝါဒရှိတယ်။

မိသားစုထဲမှာ
အငယ်ဆုံး၊တဇွတ်ထိုးအဆန်ဆုံး၊
အဆိုးဆုံး၊အလွတ်လပ်ဆုံး။
လုပ်ချင်ရာလုပ်မယ်။
အပြောမချိူဘူး။
ကြောက်စရာအကောင်းဆုံးထဲက
တစ်ယောက်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။
ဒါပေမယ့် ကိုယ့်ကြောင့်
မိသားစု စိတ်ညစ်ရအောင်
မျက်နှာငယ်ရတာမျိုးမလုပ်ဘူး။
လုပ်လည်းမလုပ်ခဲ့ဖူးဘူး။
ဒါ့အပြင် တစ်ခြားသူတွေလည်း
အနှောက်အယှက်မပေးဘူး။
သဘောမကောင်းပေမယ့် စိတ်ပုတ်စိတ်ယုတ်လူရုပ်မာ
ကိစ္စမျိုးမလုပ်ဘူး။ မျှတခြင်းကိုမြတ်နိုးတယ်။

ဒါဟာ ကျွန်မရဲ့လက်ဆွဲထားတဲ့မူဝါဒပဲ။
ဘာရယ်မဟုတ်၊ကိုယ့်ရဲ့ဝါဒက ရိုးရိုးလေး၊ဒါပေမယ့် အမြဲကြိုးစားပြီးသတိသရနဲ့မနေဘူးဆိုရင်လွယ်ကူမနေဘူး။
ဆက်လက်ထိန်းနိုင်ဖို့က
ကိုယ့်ကိုယ်ရပ်တည်နိုင်မှရမယ်လေ။

2025/5/3 ည အတွေးမှတ်စု

🥰ဝါသနာဆိုတာ ဖြတ်ရခက်သား🥰အသက်ကသာ ကြီးလာတာ အကြိုက်ကတော့၁၃နှစ်သားပဲအိမ်သုံးပစ္စည်းဆိုရင် အရုပ်လေးတွေနဲ့ဆို အရမ်းကြိုက်တယ်။အ...
01/05/2025

🥰ဝါသနာဆိုတာ ဖြတ်ရခက်သား🥰
အသက်ကသာ ကြီးလာတာ အကြိုက်ကတော့
၁၃နှစ်သားပဲအိမ်သုံးပစ္စည်းဆိုရင် အရုပ်လေးတွေနဲ့ဆို အရမ်းကြိုက်တယ်။
အခုလည်း ဘေစင်ရေဆိုအမှိုက်ပုံးလည်း အရုပ်လေးနဲ့ဝယ်ပြန်တယ်။ မြင်ရင်မဝယ်ဘဲမနေနိုင်တဲ့ရောဂါ။

24/04/2025

💡အတွေးလေးပြောင်းကြည့်ရအောင်။💡

“ငါ အလုပ်လုပ်မှ ထမင်းစားရမှာ”လို့
တွေးတာထက် “ထမင်းစားလို့ အလုပ်လုပ်တာ”လို့
တွေးကြည့်ရင် စိတ်သက်သာပြီးပျော်ရွင်မှုနဲ့
အလုပ်လုပ်နိုင်တယ်လေနော်။

ဖိအားပေးတဲ့အတွေးနဲ့ ကင်းအောင်ကြိုးစားနေထိုင်တာ
အကောင်းဆုံးသော ဘဝနေနည်းပဲလေနော်။

ငါးလေတွေကြည့်ပြီး အတွေးမိတွေးရာ

မြန်မာပြည် အလွမ်းပြေစာလေးတဖြတ်စားနှစ်သစ် မုန့်လုံးထဲက ငရုပ်သီးမိ😄
22/04/2025

မြန်မာပြည် အလွမ်းပြေစာလေးတဖြတ်စား
နှစ်သစ် မုန့်လုံးထဲက ငရုပ်သီးမိ😄

နေ့လယ်စာ Leon hamburger🍔 ပေါင်မုန့်အသားညှပ်နဲ့ အာလူးငရုပ်ကောင်းကြော်တဲ့အရင်လို ထမင်းမှထမင်းပဲမဟုတ်တော့ဘူးအကုန်စားတတ်သွား...
21/04/2025

နေ့လယ်စာ Leon hamburger🍔 ပေါင်မုန့်အသားညှပ်နဲ့ အာလူးငရုပ်ကောင်းကြော်တဲ့

အရင်လို ထမင်းမှထမင်းပဲမဟုတ်တော့ဘူး
အကုန်စားတတ်သွားပြီ။

ကျွန်မ ပြောင်းလဲသွားပြီ။
ကျွန်မတို့က ပတ်ဝန်းကျင်နဲ့ ပြောင်းလဲတတ်တဲ့အမျိူးမို့
စိတ်အနှောက်အယှက် ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ မကိန်းအောင်းမိစေနဲ့နော်။

ကျွန်မတို့သတွေ ပြောင်းလဲလွယ်လို့ပါ။

🎼🎶ချယ်ရီမြေမှာ ပျော်နေလား နန်းရယ်🎶🎶
20/04/2025

🎼🎶ချယ်ရီမြေမှာ ပျော်နေလား နန်းရယ်🎶🎶

住所

Izumo-shi, Shimane

ウェブサイト

アラート

Shwe Einがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Shwe Einにメッセージを送信:

共有する