Black&Blue

Black&Blue ဒီလူသားကို ဘာလို့အဲလောက်ချစ်သွားလဲ မပြောပြတက်ဖူး
(1)

18/08/2025
18/08/2025
17/08/2025

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မန်ယူနိုက်တက် အာဆင်နယ်ကို နိုင်ဖို့မဖြစ်နိုင်ဘူး

ပေါ်မာဆင်ခန့်မှန်း
မန်ယူနိုက်တက် ၁-၂ အာဆင်နယ်
Man United 1-2 Arsenal

17/08/2025

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ပွဲစဥ်များ

တတိယနေရာလုပွဲ

ဗီယက်နမ် 🇻🇳🆚🇹🇭 ထိုင်း (19 AUG 2025, 4PM)

--------------------

ဗိုလ်လုပွဲ

မြန်မာ 🇲🇲🆚🇦🇺 သြစတြေးလျ (19 AUG 2025, 7:30PM)

လိမ်ဖယ်လိမ်ဖယ်နဲ့ နိုင်သွားတယ်Captain ကစားတာ အရမ်းတည်ငြိမ်လာတယ်👍
16/08/2025

လိမ်ဖယ်လိမ်ဖယ်နဲ့ နိုင်သွားတယ်
Captain ကစားတာ အရမ်းတည်ငြိမ်လာတယ်👍

ဝင်းသိင်္ဂီထွန်းရဲ့ ဂိုးတွေနဲ့ ထိုင်းအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ် ရလဒ်

မြန်မာ 🇲🇲 (၂-၁) 🇹🇭 ထိုင်း

16/08/2025

မနက်ဖြန် မြန်မာ- ထိုင်းပွဲကို ကြည့်လို့ရမည့် Channels များ

ပြသမည့်အချိန် မြန်မာအချိန် ၃ နာရီခွဲ

TV - MRTV HD ,MRTV Entertainment Channel, Channel 9, SKYNET

YOUTUBE - ASEAN United FC (Myanmar) , Battle Elephant (Thai)

Facebook Live - FA Thailand, Thai Women's Football

Website - LIVE ME Broadcast

ရသမျှလင့်တွေအကုန်လုံးကို LIVE ME Website မှာတင်ပေးထားပါမည်

15/08/2025

မေထက်လူ (သို့) အကောင်းဆုံး အရံလူ

မေထက်လူအကြောင်းရေးမယ်ဆိုရင် အများကြီးစဥ်းစားရပါတယ် မြန်မာအသင်းရဲ့ တိုက်စစ်မှာ သူကစားနေတာ ပွဲချိန်ပြည့် မြင်ချင်တဲ့ သူ့ပရိတ်သတ်တွေ အများကြီး ရှိသလို အရံနေရာမှာနေပီး LINE-UP ကစားဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့ ပရိတ်သတ် အနည်းငယ်လဲ ရှိနေပါတယ်

ကစားသမားတစ်ယောက် အကြောင်းကိုရေးရင် ပြိုင်ပွဲဝင်နေချိန် ဆိုတော့ အများကြီးစဥ်းစားပီးမှ ရေးလိုက်ရပါတယ်

မေထက်လူကို ပရိတ်သတ် နဲ့ စတင်မိတ်ဆက်ခဲ့တာက နီပေါလ် ဖိတ်ခေါ်ဖလားပြိုင်ပွဲကလို့ ပြောရမှာပါ အရင်က သက်တမ်းအငယ်လိုက် ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ် ဆိုပေမယ့် ပရိတ်သတ်က မေထက်လူမှ မေထက်လူ ဖြစ် ခဲ့တာကတော့ နီပေါလ် ဖိတ်ခေါ် ပွဲ မှာ ဖြစ်ပါတယ်

အဆိုပါပွဲမှာ ယွန်းဝတီလှိုင် နဲ့ တွဲဖက်ပီး ခြေစွမ်းပြကစားနိုင်ခဲ့သလို သူရဲ့ နေရာယူတတ် မှု့ နဲ့ အဆုံးသတ်ဂိုးသွင်းယူမှု့တွေကောင်းမွန်လွန်းတာကြောင့် ပရိတ်သတ်တွေ အသဲစွဲ ဖြစ်လာခဲ့တာပါ

တနယ်ရပ်ခြားမှာ ပညာသင်ယူရင်း ဘောလုံးကိုရူးသွပ်တာကြောင့် မြန်မာ အသင်းမှာ ကစားဖို့ပြန်လာပေမယ့် လက်ရှိ အရံ နေရာမှာကစားနေရတာကြောင့် ပရိတ်သတ်တွေ အနေနဲ့ အားမလိုအားမရ ဖြစ်နေကြတာ ဖြစ်ပါတယ်

ကျွန်တော် ပြောပြချင်တာက မေထက်လူ က ကောင်းပါတယ် မြန်မာအသင်းအတွက် တကယ်ကိုလိုအပ် နေတဲ့ တိုက်စစ်မှုး တစ်ဦးပါ ဒါဟာ နိုင်ငံခြားမှာ ကစားနေလို့ အထင်ကြီးပီးပြောတာလဲမဟုတ် ပါဘူး ကျောင်းအသင်းမှာ ကစားတာဆိုတာလဲသိပါတယ် ကျွန်တော် ကိုယ်တိုင်လဲ တခြားနိုင်ငံမှာ ကျောင်းတတ်ရင်း ကျောင်းလိဂ်မှာ ၂ နှစ် ကစားခဲ့ဖူး ပါတယ်

လက်ရွေးစင်အသင်းမှာ အရံပဲပါပါ ဘယ်နေရာပဲပါပါ သူ့ရဲ့ Education Career အတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်

မေထက်လူက ၂၀၀၃ ခုနှစ်မွေးတာမို့လို့ အခုမှ အသက် ၂၂ ပဲ ရှိပါသေးတယ် ပြိုင်ပွဲ တစ်ခုပဲ ဝင်ကန်ဖူးသေးတဲ့ အသက် (၂၂) အရွယ် တိုးတက်ဖို့ လမ်းအများကြီး ရှိသေးတဲ့ ကစားသမားတစ်ယောက်ကို ဒီအချိန်မှာ မင်မင် လဲ နည်းပြသာဆို သင်ယူဖို့ပဲ တိုက်တွန်းအုံးမှာပါ သူ့ကို မသုံးမဖြစ် သုံးရမယ့် အခြေအနေ လက်ရှိ လက်ရွေးစင်အသင်းမှာ မရှိသေးပါဘူး

မြန်မာအသင်းဟာ လက်ရှိ တိုက်စစ်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ ကိုပိုင်ဆိုင်ထားပီး ဘယ်သူက ပိုကောင်းတယ် ဆိုတာ ပြောရခက်ပါတယ် ဒါပေမယ့် WTGT ထက် လက်ရှိ ကောင်းတဲ့ ကစားသမားဆိုတာတောမရှိသေးပါဘူး

မေထက်လူဟာ WTGT နဲ့ အပြိုင်ကစားသမားမဟုတ်ပဲ သူ့နေရာကို ဆက်ခံမယ်လို့ နည်းပြအဖွဲ့က ရည်မှန်းထားပုံရပါတယ် သူအများကြီး သင်ယူ ရအုံးမှာပါ ပရိတ်သတ် နဲ့ မီဒီယာတွေ အရမ်းပင့်လို့ ကျဆုံးသွားရတဲ့ ကစားသမားတွေအများကြီးရှိပါတယ် သူကစားရင်း နဲ့ သူသာ အကောင်းဆုံးဆိုတာ သက်သေပြသွားပါလိမ့်မယ်

ပရိတ်သတ်တွေ အနေနဲ့ သိရမှာက မေထက်လူ ဟာ သင်ယူနေတာပါ

မေထက်လူကို သူနဲ့ ထိုက်တန်တဲ့‌နေရာကို ရောက်ဖို့ တဆင့်ချင်း ကြိုးစားခွင့်ပေးလိုက်ကြပါအုံးလို့ပဲ ပြောရင်း အဆုံးသတ်ချင်ပါတယ်

15/08/2025

မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း၏ သွင်းဂိုး (၅)ဂိုးအထိ ရှိလာပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားများ

14/08/2025
14/08/2025

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဥ်များ

မြန်မာ 🇲🇲 🆚 🇹🇭 ထိုင်း (16 AUG , 3:30PM)

ဗီယက်နမ် 🇻🇳 🆚 🇦🇺 သြစတြေးလျ (16 AUG , 7:30PM)

😇
13/08/2025

😇

ဒဏ်ရာက သက်သာလာပြီးနောက် မန်ယူနိုက်တက်အသင်း နဲ့ ဂိုးဖမ်း လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ အိုနားနား

အချစ်မီး
13/08/2025

အချစ်မီး

住所

Yokohama, Kanagawa

電話番号

+817015000000

ウェブサイト

アラート

Black&Blueがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する