Kio Tech & Gaming

Kio Tech & Gaming A tech enthusiast | gamer with honest opinions and reviews you can trust.

Apple ကတရုတ် memory ကုမ္ပဏီ CXMT စီသွားပြီးတော့ memory တွေဈေးသွားညှိတာ ဟိုကအောက်ဈေးလာမနှိုက်နဲ့ဆိုပြီးညင်းလွှတ်လိုက်တယ်တ...
06/08/2026

Apple ကတရုတ် memory ကုမ္ပဏီ CXMT စီသွားပြီးတော့ memory တွေဈေးသွားညှိတာ ဟိုကအောက်ဈေးလာမနှိုက်နဲ့ဆိုပြီးညင်းလွှတ်လိုက်တယ်တဲ့ micron တို့ SK Hynix တို့နဲ့တန်းတူဈေးပေးရင်စဥ်းစားမယ်ပေါ့ ၊ တရုတ်မှာကထုတ်လုပ်စားရိတ်သက်သာတဲ့အတွက် ဈေးကလဲသိသိသာသာသက်သာနိုင်ပါတယ် CXMT ကသူများတွေနဲ့တန်းတူ LPDDR5 ကိုထုတ်နိုင်သွားပြီဖြစ်တဲ့အတွက် ကောင်းတာတစ်ခုကတော့ သူ့ရဲ့အဓိက customer တွေဖြစ်တဲ့ Xiaomi တို့ Huawei တို့ကသက်သက်သာသာနဲ့ရနေဦးမယ်ထင်ပါတယ် အဲဒါကြောင့်လဲ Apple ကသူ့ဖက်ကဘယ်လောက်ရေရှည် Demand ရှိတယ်ပြောပြော တရုတ်ပြည်တွင်းမှာလဲ ရေရှည် demand ရှိနေတဲ့အတွက် ညင်းလိုက်ပုံပေါ်ပါတယ်

အခုလိုဖြစ်နေတာ AI ကြောင့်တင်မဟုတ်ပဲ Apple ကြောင့်လဲပါပါတယ် Apple က Micron တို့ဘာတို့နှစ်နဲ့ချီပြီးဈေးနှိမ်ဝယ်ထားတော့ သူတို့ကစက်ရုံတွေဘာတွေမချဲ့နိုင်တဲ့အတွက် အခုလိုရုတ်တရက်ဝယ်လိုအားလဲတက်လာကော Apple ကိုကန်ထုတ်လိုက်ကြတာပါပဲ သူတို့အနေနဲ့ AI data center တွေအတွက် 2027 တစ်နှစ်စာလုံးအတွက် memory တွေရောင်းပြီးပြီလို့တောင်ပြောပါတယ် bubble ပေါက်သွားရင်တော့မပြောတတ်ဖူးပေါ့ အဲဒီ့အခါကြရင်တော့ Apple အလှည့်ပြန်ရောက်မှာပဲ

လက်ရှိ Apple ရဲ့ပြဿနာကဈေးမဟုတ်ပါဘူး stock မရတာပါ အခုမကြာခင်ကြေညာမယ့် iphone 18 မှာသုံးမယ့် A20 Pro chip တွေနဲ့တွဲဖို့ RAM မရလို့ TSMC စီမှာ $1 billion ဖိုးလောက်ဘာမှလုပ်လို့မရပဲ ဒီတိုင်းကြီးပစ်ထားရတယ်လို့ကြားပါတယ် ၊ A20 Pro တွေက TSMC ရဲ့ N2 node နဲ့လုပ်မယ့်ပထမဆုံး consumer chip ဖြစ်ပြီး Apple ထုံးစံအတိုင်း 2nm ဘာညာဆိုပြီးပြူးနေအောင်ပြဖို့အတွက် တော်တော်လေးအားခဲထားတယ်ပေါ့ foldable ဘာညာလဲမိတ်ဆက်မယ်ကြားထားပြီး တော်တော်လေးလဲရောင်းကောင်းမယ်မှန်းထားပါတယ် သိကြတဲ့အတိုင်း iphone တွေမှာ အမြင့်ဆုံးမော်ဒယ်အသစ်ကဘယ်တော့မဆိုပိုရောင်းရတယ်လေ ကြွယ်ချင်ကြတာဆိုတော့ ၊ ဒီနှစ်ကတော့ stock အခြေအနေဘယ်လိုလာမလဲကတော်တော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ xD

Nvidia ကဒ်အသစ်တွေလာပြီ −Graphic ကဒ်တော့မဟုတ်ပါဘူး ဆော့တဲ့ trading card တွေပါ အနာဂါတ်မှာ သင်တို့အကုန် graphic ကဒ်တွေမဝယ်န...
11/07/2026

Nvidia ကဒ်အသစ်တွေလာပြီ

Graphic ကဒ်တော့မဟုတ်ပါဘူး ဆော့တဲ့ trading card တွေပါ အနာဂါတ်မှာ သင်တို့အကုန် graphic ကဒ်တွေမဝယ်နိုင်တော့မှာကိုကြိုသိနေတဲ့အတွက် Graphic card အစားကိုင်စရာ စက္ကူကဒ်လေးတွေပါ ၊ ပြီးတော့အဲဒီ့ကဒ်တွေကလဲ ဝယ်လို့တောင်မရပြန်ပါဘူး giveaway တွေမှာပေါက်ရင်ပေါက် မဟုတ်ရင် convention တွေမှာသူတို့စီမှာသွားတောင်းရမှာပါတဲ့ ၂ ဆင့်နှိမ်လိုက်သလိုပါပဲ မိုးကောင်းတုန်းတော့ရွာထားဦးပေါ့ကွာ

Steam machine -တော်တော်ကြာကြာစောင့်လိုက်ရတဲ့ Valve ရဲ့ Steam machine တော့ထွက်လာပါပြီ ၊ Zen 4 CPU နဲ့ Navi 33 GPU (Radeon...
22/06/2026

Steam machine
-
တော်တော်ကြာကြာစောင့်လိုက်ရတဲ့ Valve ရဲ့ Steam machine တော့ထွက်လာပါပြီ ၊ Zen 4 CPU နဲ့ Navi 33 GPU (Radeon 7600 series) ပေါ်အခြေခံထားတဲ့ သူ့ရဲ့ specification က ၂၀၂၆ မှာမညံ့လှပေမယ့် 512GB base model ကို $1049 ပေးရမှာကတော့ သိပ်ပြီးမမိုက်လှပါဘူး ၊ အဲဒီ့ ဈေးနဲ့ဆိုရင် Cyberpower တို့ဘာတို့မှာ prebuilt ဝယ်ရင် အများကြီးပိုမြန်တဲ့ CPU နဲ့ Radeon 6700 ကို 1TB SSD လောက်ရနိုင်ပါတယ် ကိုယ့်ဟာကိုယ်ဆင်ရင်ပိုတောင်သက်သာဦးမှာပါ ၊ ဒါပေမယ့် Steam Machine လိုမျိုးကျစ်ကျစ်လစ်လစ်ရှိတဲ့ compact form factor နဲ့တော့မဟုတ်ဖူးပေါ့ ၊ နောက်တစ်ခုက SteamOS က proton ကတစ်ဆင့်သွားမှာဆိုတော့ ဂိမ်းတိုင်းအဆင်မပြေတာရှိဦးမှာပါ လက်ရှိ steam deck သမားတွေအတွက်အဆင်ပြေပေမယ့် မသိတဲ့လူတွေ valve ကထုတ်တဲ့ PC ဆိုပြီးဝယ်ရင်တော့ နည်းနည်းတိုင်ပတ်လောက်ပါတယ် ဒါပေမယ့် Steam Deck လိုမျိုးပဲ windows driver တွေထုတ်ပေးမယ်ထင်ပါတယ် အဲဒါဆိုရင်တော့ compact ဖြစ်ပြီး တော်တော်လေးအဆင်ပြေလောက်တဲ့ gaming pc တစ်လုံးရနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ PC လောကမှာကသေးလေ ဈေးကြီးပေးရလေပဲလေ ၊ Steam machine ကအဲဒီ့နေရာကိုအစားထိုးနိုင်လောက်ပါတယ်

လက်ရှိမှာဂိမ်းသီးသန့်ဆော့မယ်ဆိုရင်က PS5 Pro တို့ Xbox Series X တို့ကအတန်ဆုံးလို့ထင်ပါတယ် online ဆော့မယ်ဆိုရင် လစဥ်ကြေးတော့ရှိမာပေါ့ ၊ ဒါပေမယ် ကျနော်တို့လို console တွေမှာမရှိတဲ့ဂိမ်းတွေပဲဆော့တဲ့သူတွေကြတော့ တော်တော်လေးဂွကြပါတယ် လက်ရှိကျနော်ဆော့ဖြစ်နေတာ World of Warcraft, Stellaris နဲ့ Dota 2 အဲဒီ့ဂိမ်းသုံးခုပဲဆိုတော့ Steam Machine ကကျနော့်အတွက်တော်တော်လေးကိုဆွဲဆောင်မှုရှိပါတယ် ဒါပေမယ့် video/photo edit လဲလုပ်တဲ့အတွက် SteamOS ကတော့အဆင်မပြေပါဘူး ပြီးတော့ 16GB RAM နဲ့ 8GB VRAM ကတော်တော်နည်းပါတယ် ၊ လက်ရှိ AI server တွေကြောင့် RAM ဈေးတွေပိုးစိုးပက်စက်တက်နေတာကြောင့် RAM တွေ SSD ဈေးတွေက တကိုယ်ရေတကာယသမားတွေ အနားမကပ်နိုင်လောက်အောင် တက်လာတဲ့အတွက် Valve ကဒီလောက်တောင်းရတယ်ဆိုတာ နားလည်ပါတယ် Apple လိုကုမ္ပဏီတောင် RAM တွေ SSD တွေကြိုအော်ဒါတင်ထားတာတောင် Macbook Neo ကိုအလျင်မီအောင်မထုတ်ပေးနိုင်ပါဘူး ၊ တဖြည်းဖြည်းနဲ့ personal computing ကလူတွေအနားမကပ်နိုင်တော့ပဲ corporation တွေရဲ့ subscription တွေအောက်မှာလုံးပါးပါးနေတာကို ဘာမှမတတ်နိုင်ပဲထိုင်ကြည့်နေရတာတော်တော်ဖီလင်အောက်ပါပဲ AI bubble ပေါက်ရင်လဲ စီးပွားရေးကကျမှာသေချာသလောက်ပဲ မပေါက်သေးသရွေ့လဲ ဈေးတွေကမတရားတက်မှာဆိုတော့ ကိုယ်တွေလိုသာမန်ပြည်သူတွေအတွက်က ဆုတ်လဲဆူး စားလဲရူးအခြေအနေပါပဲ

Facebook ကုမ္ပဏီ meta ကသူတို့ရဲ့ AI ကို train ဖို့ခိုးထားတဲ့ အပြာကား‌တွေနည်းတာမဟုတ်ဖူး ၊ အဲဒီ့ကားတွေရဲ့ ပိုင်ရှင်ကုမ္ပဏီ...
16/06/2026

Facebook ကုမ္ပဏီ meta ကသူတို့ရဲ့ AI ကို train ဖို့ခိုးထားတဲ့ အပြာကား‌တွေနည်းတာမဟုတ်ဖူး ၊ အဲဒီ့ကားတွေရဲ့ ပိုင်ရှင်ကုမ္ပဏီတွေက meta ကိုတရားစွဲလို့ရပါတယ်တဲ့ တရားရုံးကအမိန့်ချလိုက်ပါတယ် ၊ AI ကုမ္ပဏီတွေက အင်တာနက်တစ်ခုလုံးကိုပတ်ခိုးပြီး အဲဒါကိုဖန်တီးတဲ့လူတွေကိုအစားထိုးဖို့ကြိုးစားနေတာ ၊ သူတို့ပေးတဲ့အကြောင်းပြချက်က လူတွေလိုပဲ သူတို့ရဲ့ AI model တွေလဲစာတွေဖတ်တယ် ကြည့်တယ်ဆိုပြီးအကြောင်းပြချက်ပေးတာပေါ့ ၊ အခုလိုတရားစွဲလို့ရတာ်ဆိုတာ အတိုင်းအတာတစ်ခုထိတော့ ထိရောက်မှုရှိလိမ့်မယ်ထင်တယ်

မင်းတို့ကလဲ beta မှာ image generation လေးတော့ရုပ်မ‌ပေါက်အောင်လုပ်လေဟ လူတိုင်းကဒါတွေပဲစမ်းကြမယ့်ဟာကို ဘာလဲ google ရဲ့ gem...
09/06/2026

မင်းတို့ကလဲ beta မှာ image generation လေးတော့ရုပ်မ‌ပေါက်အောင်လုပ်လေဟ လူတိုင်းကဒါတွေပဲစမ်းကြမယ့်ဟာကို ဘာလဲ google ရဲ့ gemini လိုင်စင်မှာ nano banana မပါလို့လား ?? ပုံမြင်ပြီးရီလိုက်ရတယ်ဆိုတာ

ဒီနေ့ WWDC မှာကြေညာသွားတဲ့ထဲမှာအကြမ်းဆုံးကတော့ Siri AI ပဲ ၊ လောလောဆယ် AI chatbot တွေထဲမှာ ChatGPT ကနံပါတ် ၁ နဲ့ဦးဆောင်နေ...
08/06/2026

ဒီနေ့ WWDC မှာကြေညာသွားတဲ့ထဲမှာအကြမ်းဆုံးကတော့ Siri AI ပဲ ၊ လောလောဆယ် AI chatbot တွေထဲမှာ ChatGPT ကနံပါတ် ၁ နဲ့ဦးဆောင်နေတာ သူက market share ရဲ့ 50% ကျော်လောက်ကိုသိမ်းထားနိုင်တယ် ၊ Gemini ကိုအခြေခံထားတဲ့ အခု Siri AI ကဘယ်လိုလာမလဲမသိသေးပေမယ့် ကိုယ့်အကြောင်းနားလည်တဲ့ privacy ရှိတဲ့ chatbot ကိုလူတွေကသုံးဖြစ်ကြမှာပဲ လူအများစုကလဲ browser တောင် default browser ပဲသုံးကြတာလေ ၊ အဲဒါဆိုရင်ကျန်တဲ့ chatbot တွေကပိုးစိုးပက်စက်သာမနေဘူးဆိုရင် Siri AI ကလဲ good enough ဆိုရင်သေချာတာ လူတော်တော်များများသုံးကြလိမ့်မယ် ၊ အခု macos မှာဆို upload ဘာညာတောင်မလိုဘူး finder ထဲမှာတင်တန်းပြီး summarize ဘာညာခိုင်းလို့ရနေပြီ ၊ ပြီးတော့ image generation credit တွေဘာတွေက iCloud ထဲမှာ ထည့်ထားလိုက်တော့ တော်တော်များများက ကျန်တဲ့ subscription တွေမလိုလောက်တော့ဘူးလို့တွေးလာနိုင်တယ် ၊ အဲဒါဆိုရင် ကျန်တဲ့ chatbot တွေရေရေလည်လည်အထိနာမယ်ထင်တယ် ၊ Gemini တက်လာတော့ ChatGPT ကျသွားသလိုပဲ ၊ Anthropic ကအဲဒါတွေကြိုမြင်လို့ enterprise ဖက်ပဲဦးစားပေးလုပ်နေတာ OpenAI လဲမြင်သင့်သလောက်မြင်တယ် အဲဒါကြောင့် Codex ကိုပဲဦးစားပေးတော့မယ်လို့ထုတ်ပြောသွားတာပဲ ၊ သူတို့စီမှာ user တွေကျသွားရင် enterprise ကလဲသူတို့တောင်းတဲ့ token ဈေးကိုမပေးနိုင်ရင်တိုင်ပတ်ပြီ (အခုလို subsidize လုပ်စိုက်ပေးထားတဲ့အချိန်မှာတောင် ညီးနေကြတာ) ၊ အဲလိုအခြေအနေဆိုရင် လက်ရှိ Capex တွေအကုန်ဘာဖြစ်သွားမလဲဆိုတာအရမ်းတွေစိတ်ဝင်စားဖို့ကောင်းနေပြီ xD

တဖြည်းဖြည်းနဲ့ YMTC က micron တို့ sandisk တို့နဲ့ market share တူလာပြီ ဒါတောင်သူတို့က sanction တွေကြောင့် production ချဲ...
04/06/2026

တဖြည်းဖြည်းနဲ့ YMTC က micron တို့ sandisk တို့နဲ့ market share တူလာပြီ ဒါတောင်သူတို့က sanction တွေကြောင့် production ချဲ့ဖို့တိုင်ပတ်နေလို့ ၊ SSD တွေ SD card တွေဈေးကျဖို့ကသူ့ပဲအားကိုးစရာရှိတော့တယ် ကျန်တဲ့သူတွေက ကိုယ်တွေ consumer တွေကိုရောင်းကိုမရောင်းချင်တော့ဘူးဖြစ်နေတာ

03/06/2026

Samsung ဖုန်းတွေနဲ့ Apple device တွေပုံတွေ video တွေအလွယ်ပို့လို့ရပြီ
-ကျနော့်ဖုန်းလေးကတော့အခုမှ One UI 8.5 Update ရလို့စမ်းဖြစ်တာပါ Pixel တွေကတော့ရတာကြာပြီထင်ပါတယ် တရုတ်ဖုန်းတွေဆို sync လို့ပါရတာလားမသိဘူးတွေ့ဖူးပါတယ် ကိုယ်တွေကတော့ ပို့လို့ လက်ခံလို့ရရုံနဲ့တင်တော်တော်အဆင်ပြေနေပါပြီ xD

02/06/2026

A7V ကိုသူ့ရဲ့ 2nd native ISO ဖြစ်တဲ့ ISO 8000 မှာရိုက်ထားတာပါ noise reduction လုံးဝပြန်မလုပ်ထားပါဘူး တော်တော်လေး clean ဖြစ်ပါတယ် ၊ Sony ကင်မရာဆိုတော့လဲ IBIS ညံ့တော့နည်းနည်းခါနေတာသည်းခံပေးကြပါ xD

RTX Spark ထွက်လာတော့ AMD လဲပို့စ့်လိုက်တင်တယ် သူတို့မှာလဲ 128GB unified memory ရတာရှိပါတယ်ပေါ့ translation layer မလိုတဲ့...
02/06/2026

RTX Spark ထွက်လာတော့ AMD လဲပို့စ့်လိုက်တင်တယ် သူတို့မှာလဲ 128GB unified memory ရတာရှိပါတယ်ပေါ့ translation layer မလိုတဲ့အတွက် သုံးရပိုအဆင်ပြေပါတယ်ဆိုပြီး အဲဒါတွေကတကယ်လဲဟုတ်ပါတယ် ဒါပေမယ့်ပြဿနာက unit လုံလုံလောက်လောက်မရတာရယ် AI workload တွေအတွက် NPU ရယ် GPU ရယ်ဆိုပြီး ၂ ခုကွဲနေတာရယ် ၊ Spark မှာက NPU မပါတော့ဘူး GPU နဲ့ပဲအကုန်တွက်မှာ အဲဒီ့အတွက် ပါဝါဘယ်လောက်ကြိတ်မလဲတော့မသိဘူးပေါ့ ၊ အခုထိတော့ ဘယ်တမျိုးကပိုကောင်းသလဲဘယ်သူမှသေချာမသိ Apple, Intel, AMD, Qualcomm, Mediatek, Samaung တို့အကုန်ပါပဲ NPU ရယ် GPU ရယ်ခွဲထားတယ် GPU ကပါဝါအရမ်းကြိတ်တာကိုး ၊ nvidia ကအခု GPU ကိုပဲ agentic အကုန်ခိုင်းမယ် ဘယ်နည်းပိုကောင်းလဲကတော့ hardware အစစ်တွေထွက်လာရင်သိမယ် ၊ ကျနော်ကတော့ GPU တစ်ခုထည်းကအကုန်လုပ်တာပိုသဘောကျတယ် silicon အရမ်းမပုတ်တော့ဘူး အဲဒီ့ AI core တွေကိုတခြားဟာတွေအတွက်လဲခိုင်းလို့ရမယ် ဥပမာ အခု nvidia ရဲ့ neural texture compression လိုမျိုးပေါ့ ၊ NPU သီးသန့်ခွဲထုတ်လိုက်တော့ ပါဝါစားတော့သက်သာပါရဲ့ performance ကျသွားပြီး model အသစ်တွေထွက်လာရင်မနိုင်တာတွေရှိလာဦးမယ် asic တွေမှာဖြစ်တဲ့ပြဿနာပဲ ၊ bubble ပေါက်သွားလို့ open model တွေပါလစ်ကုန်ရင်လဲ ဂိမ်းဆော့စရာတော့အဖက်တင်မှာပဲ xD

住所

Katsushika-ku, Tokyo

ウェブサイト

アラート

Kio Tech & Gamingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する