BMC-Tech

BMC-Tech ICT for Everyone

ကလေးများနဲ့ ဒစ်ဂျစ်တယ်အနာဂတ်••••••••••••••••••••••••••••••••••ဒစ်ဂျစ်တယ်နည်းပညာတွေ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့ သ...
16/11/2023

ကလေးများနဲ့ ဒစ်ဂျစ်တယ်အနာဂတ်
••••••••••••••••••••••••••••••••••

ဒစ်ဂျစ်တယ်နည်းပညာတွေ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့ သိပ္ပံခေတ်ကြီးထဲမှာ သတင်းအချက်အလက်နည်းပညာ (အိုင်တီ)ဟာ လူသားတိုင်းရဲ့ နေ့စဉ်ဘဝ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ အရေးအရာ အားလုံးနီးပါးအတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။

ဒီလိုမျိုး နည်းပညာခေတ်ကြီးထဲမှာ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အိုင်တီ နည်းပညာတွေရဲ့ သက်ရောက်မှုဟာ အရမ်းကြီးမားပါတယ်။

ကလေးတွေကို သူ့အသက်အရွယ်နဲ့သူ ကျောင်းပို့ပြီး ပညာသင်ကြား (Educate)ပေး ကြသလိုမျိုး အိုင်တီ (သို့) ဒစ်ဂျစ်တယ်စနစ်တွေ နဲ့သက်ဆိုင်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတ၊ အတွေးအခေါ်နဲ့ အသိပညာတွေ (IT / Digital Literacy) ကိုပါ သင်ကြားပေးဖို့လိုအပ်ပါတယ်။

၂၁ ရာစုကနေစလို့ အနာဂတ်ကာလတွေမှာ ကလေးတွေဟာ စာတတ်ဖို့လိုသလို အိုင်တီ ဗဟုသုတရှိတဲ့လူတစ်ယောက် (IT Literate) ဖြစ်ဖို့လည်း မရှိမဖြစ်လိုအပ်လာပြီဖြစ်ပါတယ်။

အိုင်တီခေတ်ကြီးထဲမှာ ပညာတွေ ဘယ်လောက်တတ်တတ် အိုင်တီအကြောင်းသိပ်နားမလည်တဲ့ (IT Illiterate) လူကြီး/လူငယ် မရွေး သတင်းအချက်အလက်အမှားတွေကြားလမ်းပျောက်နေတာ၊အွန်လိုင်းပေါ်ကနေငွေအလိမ်ခံရတာ၊ ATM Password တွေ Mobile Password တွေအခိုးခံရ တာ၊ ကိုယ်ပိုင် ဒစ်ဂျစ်တယ်အချက်အလက်တွေကို အလွဲသုံးစားလုပ်သူတွေထံ ပေါက်ကြားခံရ တာတွေကို လူမှုကွန်ယက်ပေါ်မှာ မြင်နေကြားနေရပါတယ်။

အိုင်တီ နည်းပညာဟာ ကလေးငယ်တွေအတွက်သာမက လူတိုင်းအတွက် တန်ဆေး လွန်ဘေးပါ။

မြန်မာနိုင်ငံမှာ စမတ်ဖုန်းမရှိတဲ့လူ၊ လူမှုကွန်ယက်တစ်မျိုးမျိုးမသုံးတဲ့ မိသားစုတွေဆိုတာ အရမ်းခေါင်တဲ့ကျေးလက်တောရွာတွေကလွဲလို့ ‌မရှိသလောက်ရှားနေပါပြီ။

ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဖုန်းဂိမ်း အဆော့လွန်ပြီး ဂိမ်းစွဲနေတဲ့ ကလေးလေး တွေ၊ အင်တာနက်ပေါ်မှာ အဆိုး/အကောင်း ကန့်သတ်ချက်မရှိအချက်အလက်တွေ ရှာဖွေကြည့်ရှုနေတဲ့ ကျောင်းသားအရွယ် ကလေးငယ် တွေ၊ လူမှုကွန်ယက်ကို အသုံးပြုပုံမှားလို့ လူမှုရေးပြဿနာကြုံတွေ့ရတဲ့ ကလေးငယ်တွေ တွေ့ဖူးကြမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အားလပ်ချိန်မှာ ပညာရေးဆိုင်ရာ Applications တွေ၊ ဝဘ်ဆိုက်တွေကနေ သက်ဆိုင်ရာဘာသာရပ်တွေ စိတ်ဝင်စားဖွယ် ပညာရပ်တွေလေ့လာသင်ကြားနေကြတဲ့ ကလေး ငယ်တွေ၊ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကနေသင်ယူနေကြတဲ့ ကျောင်းသား/သူတွေ၊ ကွန်ပျူတာပရိုဂရမ်းမင်းတွေ သင်ကြားပြီး ပရောဂျတ်တွေဖန်တီးနေတဲ့ကလေးငယ်တွေ ကို မြင်ဖူးတွေ့ဖူးကြမှာပါ။

ကျွန်တော်တို့ငယ်ငယ်က မိဘတွေ နေ့စဉ် သွန်သင်ဆုံးမနေကျ စကားတွေ ဖြစ်တဲ့ ကျောင်းမှန်မှန်တက်ဖို့၊ စာလုပ်ကြဖို့၊ အပြင်တွေလျှောက်မသွားဖို့၊ ဆေးလိပ်မသောက်ဖို့၊ ရည်းစားမထားဖို့ အချက်တွေသာမကဘဲ အွန်လိုင်းဂိမ်းတွေကို အရမ်းမဆော့ဖို့၊ ဖုန်းသုံးတဲ့ အချိန် အရမ်းမများဖို၊ လူမှုကွန်ယက်တွေပေါ်မှာပဲ အချိန်ဖြုန်းမနေဖို့တွေပါ ထည့်ပြီး အသက် အရွယ်အလိုက် သွန်သင်ဆုံးမဖို့လိုလာပြီဖြစ်ပါ တယ်။

မိဘတွေကသာ အိုင်တီနဲ့ဆက်စပ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို စည်းစနစ်တကျ လိုအပ်သလောက် ဉာဏ်ရှိရှိအသုံးချဖို့ ခွင့်ပြုပေးထားမယ်ဆိုရင် ကလေးတွေရဲ့ အတွေးအခေါ်၊ အသိပညာ၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အိုင်တီနည်းပညာဟာ အရမ်းကို အစွမ်းထက်တဲ့ ၂၁ ရာစုရဲ့ သင် ထောက်ကူပစ္စည်းတစ်ခုတစ်နည်းအားဖြင့် စနစ်သစ်ပညာရေးတစ်ခု ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ အိုင်တီနည်းပညာနဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို မိမိတို့ကလေးငယ်တွေ နေ့စဉ်ဘဝရဲ့ နေထိုင်မှု၊ လူမှုပေါင်းသင်းဆက်ဆံမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရေး လေ့လာ သင်ယူမှုတွေမှာ အကျိုးရှိရှိအသုံးချနိုင်ဖို့ စနစ်တကျ ပြင်ဆင်ပေးသွားဖို့မဖြစ်မနေလိုအပ်ကြောင်း အသိပေးတိုက်တွန်းသွားလိုပါတယ်။

××××××××××××××××××××××××

住所

Miyamotodori
Kobe-shi, Hyogo

ウェブサイト

アラート

BMC-Techがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

BMC-Techにメッセージを送信:

共有する