Wai_thagreatest

Wai_thagreatest Wai_thagreatest, ゲーム動画クリエイター, Kobe-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

26/08/2023

ကျွန်တော်နှင့် ရန်ကုန်ဇာတ်လမ်းအစ

"သားကြီးရေ အိမ်မှာပဲ ဒီလိုနေတော့မှာလား။ နိုင်ငံရေးကလည်းမတည်ငြိမ်နဲ့ ကျောင်းကဖွင့်ဖို့ကြာအုံးမှာ တစ်ခုခုလုပ်ဖို့တွေးအုံးကွ အဖေတတ်နိုင်တာတော့ အကုန်ပံ့ပိုးပေးမယ်"
"ဟုတ်ကဲ့ အဖေ"
ပြောသာပြောလိုက်ရတာပါ။ အခုထိ ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာ ရေရေရာရာမသိသေး…
အတွေးပေါင်းစုံနဲ့ပဲ အဝတ်အစားလဲပီး ဘောလုံးကန်ဖိနပ်နဲ့ခြေအိတ်နဲ့ယူပီး ဘောလုံးကွင်းဖက်ကိုလှည့်လာလိုက်တော့တယ်။
ရပ်ကွက်ထဲ အိမ်နဲ့အနီးနားမှာက ကျွန်တော်တို့ညီအစ်ကိုသူငယ်ချင်းတွေ ကွင်းအလွတ်တစ်ခုထဲမှာ ဂိုးအကျဉ်းလေးတွေနဲ့ မြေဘာညာညှိပီး လုပ်ထားတဲ့ ဖူဆယ်ကွင်းသေးသေးလေးရှီတာကိုး။
ဘော်ဒါတစ်ချို့လည်းပါတော့ တော်ကီလေးဖုတ် ဘောလုံးလေးကန် စလိုက်နောက်လိုက်ဆိုတော့ ခဏတော့ပျော်ရတာပေါ့။ ရန်ကုန်ဇာတ်လမ်းကအဲ့မှာစတာပဲ။ ဘောလုံးအတူကန်နေကြ ဘော်ဒါတွေက မန်းလေးလိမ့်မယ့်ကောင်နဲ့ ရန်ကုန်မှာ ဂျပန်စာသင်တန်းတက်မယ့်ကောင်နဲ့ဖြစ်လာကြရော။
"ငါကတော့ သင်္ကြန်ပီးရင် ရန်ကုန်မှာ သင်တန်းသွားတက်တော့မယ်ကွာ" "ငါလည်း မန်းလေးလိမ့်တော့မယ်ကွာ"
ဘော်ဒါတွေကတစ်ယောက်ပီး တစ်ယောက်သွားဖို့ဆုံးဖြတ်ထားပီးနေကြပီ။ ဒါနဲ့ ကျွန်တော်လည်း ရန်ကုန်တက်မယ်ဆိုပီး တွေးမိလာရော။ သွားတာကတော့ ဟုတ်ပါပီ။ ဟိုကျ ဘာသင်ရမလဲ ဘာလုပ်ရမလဲ စသဖြင့်လည်းတွေးစရာကရှိသေးတယ်မလား။ အိမ်ပြန်ရောက်တော့ ရေမိုးချိုး စားသောက်ပီး အဖေနဲ့အမေကို ရန်ကုန်မှာ သင်တန်းတက်ချင်တယ်ပြောရတာပေါ့။
"သင်တန်းတက်တာကဟုတ်ပါပီ ဘာသင်တန်းတက်မယ် စိတ်ကူးထားလဲ ငါ့သားရ"
"အခုလောလောဆယ်တော့ မဆုံးဖြတ်ရသေးဘူးအဖေရ ဟိုကိုအရင်သွားပီး ဟိုရောက်မှပဲ သေချာစုံစမ်းပီး တက်မလားလို့ပါ"
"ဟ မင်းဟာကလည်း မဖြစ်သေးပါဘူးကွာ တစ်ခုခုဆုံးဖြတ်ပီးမှ သွားတာမကောင်းဘူးလားကွ ပီးတော့ မင်းတစ်ယောက်တည်း ငါစိတ်မချပါဘူး"
"အို…ဘာစိတ်မချစရာရှိလဲ တော့်သားကလေးမှ မဟုတ်တော့တာ နိုင်ငံခြားသွားဖို့သာလုပ် ငါ့သားရေ"
"ဟုတ်အမေ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလိုနဲ့ နောက်ရက်အရောက် ဘော်ဒါတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ညိုကြီးကလည်း ရန်ကုန်မှာ ဂျပန်စာသင်တန်းတက်မှာတဲ့ အဖော်တော့ရပီပေါ့ ငါလည်း ဂျပန်စာပဲတက်မယ်ကွာပေါ့။
အိမ်ပြန်ရောက်တော့လည်း အဖေနဲ့အမေ့ကိုပြောပီး ဂျပန်စာသင်တန်းတက်မယ် ဂျပန်သွားမယ့်အကြောင်းပြောပြတိုင်ပင်ဖြစ်တယ်။ အမေကတော့သွားပေါ့ ရတယ်တဲ့။ အဖေကတော့ အင်တင်တင် သူ့မျက်စိရှေ့မဟုတ်ရင် သိပ်စိတ်မချဘူးထင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း အမေ့သဘောအတိုင်းဖြစ်သွားရတာပါပဲ။ ကားလက်မှတ်ဝယ် လိုအပ်တာတွေလုပ်ပီး ညိုကြီးနဲ့အတူတူလစ်မယ်ပေါ့ ကဲမယ်ပေါ့ ဟိုရောက်ရင်။ သကောင့်သားက သွားခါနီး ၅ရက်လောက်အလိုကျမှ အိမ်ကအလုပ်သမားတစ်ယောက်က အလုပ်ထွက်သွားလို့ ဒီလအတွက်အလုပ်တွေလက်စသတ်ဖို့ အမေ့ကိုဝိုင်းကူရမှာမို့ လကုန်မှသွားဖြစ်မယ်ဖြစ်ရော။ ကိုယ်ကလက်မှတ်လည်းဖြတ်ပီးသားဆိုတော့ ဘာလုပ်ရမယ်မသိဖြစ်နေတာပေါ့။ အဲ့မှာတင် အခြားဘော်ဒါတစ်ကောင်ဖြစ်တဲ့ မျောက်ကြီးကလည်းသွားမယ်ဖြစ်ရော ဒါနဲ့ မျောက်ကြီးနဲ့အတူတူပဲသွားဖြစ်တော့တယ်။ သွားမယ့်နေ့မနက်ကျ အဖေနဲ့အမေကိုကန်တော့ ဘာဘာလုပ်ပီးတော့ အဖေက ကားဂိတ်ကိုလိုက်ပို့ရှာတယ်။ ဘော်ဒါတစ်ချို့လည်း ခဏနေတော့ရောက်လာကြတာပေါ့။ အဖေပြန်သွားတော့မှ ဆေးလိပ်လေးသောက် မေရီလေးလည်းသောက်ရင်း ကားထွက်မယ့်အချိန်ကိုစောင့်ရတာပေါ့။ ဒီလိုနဲ့ ကားစထွက်ပီး ရန်ကုန်ခရီးစဉ်လည်းစတော့တာပေါ့ဗျာ…..

ဆက်ရန်…

住所

Kobe-shi, Hyogo
6500003

ウェブサイト

アラート

Wai_thagreatestがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する