トゥーラ様

トゥーラ様 トゥーラ様, デジタルクリエイター, kameido suijin, Koto-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ဂျပန်နိုင်ငံသို့ Language School ( COE ) လျောက်ထားရာတွင် အငြင်းပယ်ခံရသူများသို့အကြံပြုပါရစေ… COE Reject ပြုလုပ်ရတဲ့အကြော...
24/08/2023

ဂျပန်နိုင်ငံသို့ Language School ( COE ) လျောက်ထားရာတွင် အငြင်းပယ်ခံရသူများသို့အကြံပြုပါရစေ…

COE Reject ပြုလုပ်ရတဲ့အကြောင်းအရာတွေရှိပါတယ်။ အဆင့်သတ်မှတ်ချက်တွေလည်းရှိပါတယ်။

COE ( Certificate Of Eligibility ) ဆိုလိုတာက ဂျပန်နိုင်ငံကိုပြည်ဝင်ဖို့အတွက် အရည်အချင်းပြည့်မီကြောင်းအထောက်အထားထုတ်ပေးတာဖြစ်ပါတယ်။

( The most common reason for Japan student visa rejection is due to spelling or numerical mistakes in the supporting documents. Any missing documents from the list provided by the Japanese embassy will result in the cancellation of the visa. )

ဂျပန်နိုင်ငံကို LS လျှောက်တဲ့အခါ Personal Document Process နဲ့ Financial Document Processes နှစ်မျိုးရှိပါတယ်။ ဒီအချက်အလက်တွေဟာ တိတိကျကျဖြစ်ဖို့အလွန်အရေးကြီးပါတယ်။

စာရွက်စာတမ်းတင်ပြမှူမှာ အချက်အလက်တင်ပြမှုမပြည့်စုံ ၊ မမှန်ကန်ရင် မရနိုင်ပါ။

COE တင်တဲ့အခါ သက်ဆိုင်ရာကျောင်းအလိုက် COE နံပါတ်များရရှိမှသာအတည်ပြုနိုင်မည်ဖြစ်ပါသည်။

🔹1A to 1D ထိခဲ့ရင် ဘယ်သောအခါမှ ဂျပန်နိုင်ငံသို့ပြန်လျောက်နိုင်ခွင့်မရှိတော့တဲ့ ရာသက်ပန် reject ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာချိုးဖောက်ထားသောသူလို့ယူဆထားသူများဖြစ်ပါတယ်။ ( ပြည်နှင်ခံရဖူးသူ ၊ ပြစ်မှုကျူးလွန်ဖူးသူ အစသဖြင့်ပါ။ )

🔹2A , 2B နဲ့2C ဆိုရင်ဖြင့် ပထမတစ်ကြိမ် COE အငြင်းပယ်ခံထားရဖူးပြီး နောက်တစ်ကြိမ်ပြန်လျှောက်ရာမှာ သေသေချာချာမပြင်ဆင်လာသူတွေ Reject ထိတဲ့အကြောင်းအရာပါ။ လျှောက်ထားသူအပေါ်အယုံကြည်ကင်းမဲ့ခြင်းလို့ယူဆနိုင်ပါတယ်။

🔹3A to 3D နဲ့ rejected ဖြစ်ခဲ့ရင် မိမိရဲ့ပညာအရည်အချင်းတင်ပြမှုအထောက်အထားများအား အယုံအကြည်မရှိခြင်း ၊ မနှစ်သက်ခြင်း ၊ သံဿယဖြစ်ခြင်း ၊ လိုင်လုံမှုမရှိခြင်းကြောင့်လို့အဓိပ္ပါယ်သက်ရောက်ပါတယ်။

🔹4A to 4L နဲ့ထိသမျှလုံးဝစိတ်ပူစရာမလိုပါ။ rejected ထိတဲ့အကြောင်းကိုသိလျှင် ပြန်တင်လို့အောင်နိုင်ခြေများပါတယ်။ မိမိနှင့်သက်ဆိုင်တဲ့ reject reason ကိုသိရင်ပြန်ပြင်ပေးရုံပါပဲ။

🔸4E - Bank Statement မခိုင်လုံတာပါ။

🔸4K - Bank Transaction မလုံလောက်တာပါ။

🔸4L - အခွန်မှတ်တမ်းမခိုင်လုံခြင်းဖြစ်ပါတယ်။

🔸6B နဲ့ထိရင်တော့အသက်သာဆုံးပါ။ငွေကြေးထောက်ပံ့မှုအားနည်တယ်လို့ယူဆတဲ့အတွက် ငွေပမာဏတိုးပြရင်အဆင်ပြေပါတယ်။

Reject ထိတဲ့ reason ကိုမသိပဲ ကျောင်းပြန်တင်တာမဖြစ်သင့်ဘူးလိူ့မြင်ပါတယ်။ reject ဖြစ်တာဟာ ဘဏ်ကြောင့် လုပ်ငန်းကြောင့်ဆိုလည်း sponsor ပြောင်းစရာမလိုအပ်ဘူးထင်ပါတယ်။

sponsor ပြောင်းရင် ထပ်ကျဖို့ ၁၀၀%လို့မြင်ပါတယ်။ နောက်တချက်က sponsor ရဲ့data ကို ညှိရပါမည်။ bank စာအုပ်အသစ်လုပ်ရပါမည်။ personal & financial data အကုန်အသစ်ပြန်လုပ်တဲ့အခါ အနည်းဆုံးကြာချိန် ၂ပတ် - ၃ပတ်ပါ။

1️⃣ COE အငြင်းခံရတဲ့reason ကိုသေချာ မရှင်းပြနိုင်ရင် မတင်ပြနိုင်ရင် 2A နဲ့ထပ်ထိပါမည်။

2️⃣ Rejectဖြစ်တဲ့reasonကိုရှင်းပြချက်မခိုင်လုံဘူးလို့ယူဆရင် 2B နဲ့ထိပါမယ်။

3️⃣ Japan Immigration ဘက်က တစ်ကျောင်းတည်းမှာလျှောက်ထားတဲ့ sponsor လည်းမတူ ၊ ကိုယ်ရေးမှတ်တမ်းတွေကိုအယုံအကြည်မရှိရင် 2C နဲ့ထပ်ကျနိုင်ပါတယ်။

4️⃣အထက်ပါအကြောင်းအရာများနဲ့ reject ထပ်ထိရင် အလုပ်နဲ့လျှောက်တဲ့အခါမှာတောင် COE ရရန်မလွယ်တော့ပါ။

ထိတဲ့reason ကိုသေချာသိမှ လက်ရှိsponsor မှာပဲ ပြင်သင့်တာပြင်တာဟာ အသင့်တော်ဆုံးလို့မြင်ပါတယ်။

Sponsor နောက်တယောက်သာ ဒီကျောင်းသားလုပ်နိုင်ရင် သူ့မိသားစုဟာ လုပ်ငန်းနှစ်ခုနဲ့ရပ်တည်နိုင်တဲ့သဘောသက်ရောက်ပါမည်။

COE Reject ဖြစ်ခဲ့တဲ့ကျောင်းသားအတွက်ကျောင်းပြန်လျှောက်တဲ့အခါ

1️⃣Reject Reason ဟာအရေးအကြီးဆုံးဖြစ်ပါတယ်။

2️⃣မိမိ Reject ဖြစ်ခဲ့တဲ့ကျောင်းကိုပြန်လျှောက်ခြင်းသည်သာ အောင်နိုင်ဖို့ရာခိုင်နှုန်းအများဆုံးဖြစ်ပါမည်။

3️⃣နောက်တစ်ကျောင်းထပ်လျှောက်မည်ဆိုလျှင် ယခင်ကျောင်းမှထောက်ခံစာလိုအပ်ပါမည်။

4️⃣Sponsor ပြောင်းလဲလျှောက်ထားခြင်းသည် July Intake Rejected ဖြစ်ခဲ့သူအတွက် Oct Intake အတွက်မမီနိုင်ပါ။ Oct Rejected - Jan Intake မမီနိုင်ပါ။ Jan Rejected - April Intake မမီနိုင်ပါ။ April Rejected - July Intake မမီနိုင်ပါ။

5️⃣Language School သည် မိမိဘာသာ သက်ဆိုင်ရာ ဂျပန်ကျောင်းသို့တိုက်ရိုက်လျောက်ထားနိုင်ပါတယ်။ မိမိဘာသာပြင်ဆင်တင်ပြလို့ရပါသည်။

6️⃣မိမိကိုယ်တိုင်လျှောက်ထားမှုအား အဆင်မပြေနိုင်ယူဆသူများမှသာ ဝန်ဆောင်မှုပေးသောကျောင်းတွေကိုအားကိုးအပ်နှံကြခြင်းဖြစ်ပါတယ်။ အားကိုးလိုက်တဲ့ကျောင်းကနေ ဖြစ်ချင်ရာဖြစ် လက်လွတ်စပါယ်လျောက်ပေးတဲ့အခါ ကျောင်းသားနစ်နာရပါတယ်။

ကျနော်လေ့လာသိရှိနားလည်ထားသလောက်တင်ပြခြင်းဖြစ်ပါတယ်။ လုံလောက်မှုမရှိတဲ့အခါအကြံပြု ဖြည့်စွက်ပေးခဲ့စေချင်ပါတယ်ခင်ဗျ။

ကျေးဇူးတင်ပါတယ်။😇

Crd-

住所

Kameido Suijin
Koto-ku, Tokyo
136-0071

ウェブサイト

アラート

トゥーラ様がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する