
11/03/2025
သင့်စကားသံကိုအသုံးပြုနိုင်လောက်အောင်ရဲရင့်ပါ။ သင့်နှလုံးသားကိုနားထောင်လို့ရတဲ့အထိ သတ္တိရှိပါ။ သင့်စိတ်ကူးထားတဲ့ ဘဝအတိုင်းနေထိုင်နိုင်ဖို့ ခွန်အားရှိပါတဲ့။အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ ကိုယ့်ဘဝအတွက် ဘယ်လိုမျိုးတွေရဲရင့်ဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်။ ခွန်အားရှိနေဖို့လိုတယ်ဆိုတာကိုပြောပြထားတဲ့စကားဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သင့်စကားသံကိုအသုံးပြုနိုင်လောက်အောင် ရဲရင့်ပါလို့ ပြောထားပါတယ်။ ဆိုလိုရင်းကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မှန်ကန် တယ်လို့ ယုံကြည်ထားတဲ့ ယူဆချက်တွေကို ရဲရဲဝံ့ဝံ့ပြောဆိုတတ်ဖို့ပါ။ တစ်ချို့ကရှိပါတယ်။ အာဏာကိုကြောက်လို့ပဲဖြစ်ဖြစ်၊ ရာထူးဂုဏ်သိမ်ကိုရှိန်နေလို့ပဲဖြစ်ဖြစ် အရာတိုင်းကို တခြားသူရဲ့ပြောတဲ့ အတိုင်း ဟုတ်ကဲ့ဟုတ်ကဲ့လို့ တွင်တွင်ပြောပြီး ကိုယ့်ရင် ထဲက တကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒကို မြိုသိပ်ထားတတ်ကြပါတယ်။ ဒီလိုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အခြေအနေမှာ တအုံ့နွေးနွေး နဲ့ နေထိုင်လုပ်ကိုင်ရတာ မပျော်ရွှင်တော့ဘဲဖြစ်တတ်ပါတယ်။ တကယ်တော့ ကိုယ့်ဘက်က မှန်တာကို မှန်တဲ့အကြောင်း ပွင့် ပွင့်လင်းလင်းပြောရဲဆိုရဲရပါမယ်။ ကိုယ်မှန်တာကို မပြောရဲခြင်းဟာ ကိုယ့်ဘက်က မှားပါတယ်လို့ ဝန်ခံလိုက်တဲ့သဘောဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် အမှန်တရားသာစစ်မှန်တယ်ဆိုရင် အမှန်ကိုအမှန် အတိုင်း မုန်းမုန်းချစ်ချစ် ပြောရဲရပါမယ်။
Linn(Notes For You)