LAUNG LONE city people popular

LAUNG LONE city people popular #လောက်ကောင်ဖော်ထုတ်ရန် #
အချိန်တိုင်:

17/09/2024

ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရား စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ

DDMSC / စက်တင်ဘာ ၁၇

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်ကောင်စီတပ် အခြေစိုက်ရာ လောင်းလုံးမြို့ပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အာဏာရှင်စနစ် အသက်ဆိုးရှည်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြဌာန်းထားတဲ့ မတရားစစ်မှုထမ်းဥပဒေကို ပြည်သူတရပ်လုံး အင်တိုက်အားတိုက် ဆန့်ကျင်ကြဖို့ လှုံ့ဆော်လိုတဲ့အတွက် "ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရား စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ" ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်မှုကြောင့် တပ်ဖွဲ့ဝင်အင်အားပြုန်းတီးမှု ကြုံလာရတဲ့ စစ်ကောင်စီတပ်ဟာ မတရားစစ်မှုထမ်းဥပဒေ ပြဌာန်းပြီး သူတို့ရဲ့ အာဏာတည်မြဲရေး ကြိုးပမ်းနေတာကို ပြည်သူအားလုံးအသိဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် (၅) အထိ သင်တန်းဖွင့်လှစ်ထားပြီးဖြစ်လို့ အနည်းဆုံး လူငယ်ဦးရေ နှစ်သောင်းခွဲအထိ မတရားစစ်မှုထမ်းဖို့ စေခိုင်းခံထားရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံရပြီး ပြည်တွင်းပြန်ပို့ခံရတဲ့ ပြည်သူတွေကိုလည်း နေရပ်ပြန်ခွင့်မပေးဘဲ ယုတ်မာအောက်တန်းကျစွာနဲ့ စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေတာကိုလည်း သက်သေအထောက်အထားခိုင်လုံစွာနဲ့ တွေ့ရှိထားရပြီးဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို ဖိအားပေး စစ်ထဲထည့်နေတဲ့ စစ်မှုထမ်းဥပဒေဟာ ပြည်သူအချင်းချင်း စစ်တိုက်ခိုင်းဖို့နဲ့ စစ်တပ်ရဲ့ အာဏာ တည်တံခိုင်မြဲဖို့သာဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ရင်း စစ်အာဏာရှင်စနစ် ပြုတ်ကျရေး လှုပ်ရှားမှုတွေမှာ အစဥ်တစိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။



DDMSC ရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အောက်ပါ Channel တွေမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်။

YouTube Channel >
https://youtube.com/

Telegram Channel>
https://t.me/ddmsc1

X Channel> https://x.com/ddmscdawei

Tik Tok Channel>
http://www.tiktok.com/

စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်Dawei Watch| စက်တင်ဘာ ၁၃လောင်းလုံးမြို့နယ် ဇ...
13/09/2024

စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်

Dawei Watch| စက်တင်ဘာ ၁၃

လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကိုအသုံးပြု တိုက်ခိုက်သဖြင့် အရပ်သား‌တစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇလွတ်ရွာနှင့် ရွာချင်းကပ်လျက်တည်ရှိသော ကျောက်နီမော်ကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာထဲမှနေပြီး ဇလွတ်ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်ကျပြီး အိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတို့က ပြောကြားသည်။

“ကျောက်နီမော်ရွာထဲက မိုက်ခရိုဝေ့ဖ်တောင်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ ဇလွတ်ရွာထဲက လူနေအိမ်တစ်ဆောင်ပျက်စီးပြီး အဖိုးကြီးတစ်ယောက် ဒဏ်ရာရထားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိကြောင်းဒေသခံတို့က ဆိုသည်။

ကျောက်နီမော်ရွာထဲရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တားဆီးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရောက်လာချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မည်မျှ ထိခိုက်ခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။

ယင်းပစ်ခတ်မှုကြောင့် အနီးအနားက ဒေသခံများ ထွက်ပြေးနေကြရသည့်အပြင် ကျန်းမာရေးမကောင်းသည့် ဒေသခံအချို့မှာ ထွက်ပြေးမနိုင်ဘဲ ပိတ်မိနေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က စက်တင်ဘာလ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့မှစ၍ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်လည်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့နှင့် DNLA အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရေကြောင်းမှစစ်ကူများ ရောက်လာခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာအစွန် ရွာဖျားဖက်သို့ ကင်းလှည့်နေသဖြင့် စစ်ကြောင်းထိုးလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ပုံစာ - လက်နက်ကြီးထိမှန်ခဲ့သည့် ဇလွတ်ရွာနေအိမ်

စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်

Dawei Watch| စက်တင်ဘာ ၁၃

လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကိုအသုံးပြု တိုက်ခိုက်သဖြင့် အရပ်သား‌တစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇလွတ်ရွာနှင့် ရွာချင်းကပ်လျက်တည်ရှိသော ကျောက်နီမော်ကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာထဲမှနေပြီး ဇလွတ်ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်ကျပြီး အိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတို့က ပြောကြားသည်။

“ကျောက်နီမော်ရွာထဲက မိုက်ခရိုဝေ့ဖ်တောင်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ ဇလွတ်ရွာထဲက လူနေအိမ်တစ်ဆောင်ပျက်စီးပြီး အဖိုးကြီးတစ်ယောက် ဒဏ်ရာရထားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိကြောင်းဒေသခံတို့က ဆိုသည်။

ကျောက်နီမော်ရွာထဲရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တားဆီးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရောက်လာချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မည်မျှ ထိခိုက်ခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။

ယင်းပစ်ခတ်မှုကြောင့် အနီးအနားက ဒေသခံများ ထွက်ပြေးနေကြရသည့်အပြင် ကျန်းမာရေးမကောင်းသည့် ဒေသခံအချို့မှာ ထွက်ပြေးမနိုင်ဘဲ ပိတ်မိနေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က စက်တင်ဘာလ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့မှစ၍ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်လည်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့နှင့် DNLA အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရေကြောင်းမှစစ်ကူများ ရောက်လာခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာအစွန် ရွာဖျားဖက်သို့ ကင်းလှည့်နေသဖြင့် စစ်ကြောင်းထိုးလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ပုံစာ - လက်နက်ကြီးထိမှန်ခဲ့သည့် ဇလွတ်ရွာနေအိမ်

Dawei Watch ရဲ့ သတင်းတွေကို

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

Website > https://www.daweiwatch.com/13/09/2024/97981/

12/09/2024
12/09/2024

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲက ဘဝတွေဟာဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာကို သာမန်ပြည်သူတွေ သိနိုင်ဖို့ ခက်ခဲ....

ထားဝယ ပြည်သူများအား လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့် အကြံပြုချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပညာပ...
01/04/2024

ထားဝယ ပြည်သူများအား လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့် အကြံပြုချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပညာပေးပြုလုပ်ခဲ့သည့် ပုံရိပ်များ။

21/09/2023

ဃ ရပ်ကွက် စာသင်းကျောင်းရှေ့တွင် ခွေးတွေရှင်းလင်းမှု

(၇၆) နှစ်မြောက် အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ====================================၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၁။ ၁၉၄...
19/07/2023

(၇၆) နှစ်မြောက် အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ
====================================

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် တိုင်းပြည်အတွက် ကြီးမား သော ဆုံးရှုံးမှုအဖြစ် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဖွယ်နေ့ တစ်နေ့ဖြစ်ပါသည်။ မသမာ လူတစ်စုတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့ကြရသည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ မေ့ဖျောက် ၍ မရနိုင်သည့် နေ့တစ်နေ့လည်းဖြစ်ပါသည်။

၂။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များ ရုံး၌ တိုင်းပြည်ကျွန်ဘဝက လွတ်မြောက်ရေးနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေးပြုလုပ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးများကို မျိုးချစ်ခေါင်းဆောင် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး မြန်မာပြည်၏ အနာဂတ်ကို ဖျက်ဆီးခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောကြောင့် မိမိတို့တိုင်းပြည်အတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ အလွန်များပြားသည်ကို ယနေ့နိုင်ငံရေး အခြေ အနေများအား သုံးသပ်ကြည့်ပါက သိနိုင်မည်ဖြစ်ပါသည်။ တစ်စုတစ်ဖွဲ့ကောင်းစားရေးအတွက် တိုင်းပြည်ကို အသုံးချကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြသောကြောင့် မိမိတို့တိုင်းပြည်သည် ယနေ့အချိန်အထိ နလန်မထူနိုင်ဘဲ အာဇာနည်သူရဲကောင်းများစွာလည်း ဆုံးရှုံးခဲ့ကြရပါသည်။

၃။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း ဂဠုန်ဦးစောနှင့် အပေါင်းအပါများကဲ့သို့ အကြမ်းဖက် စိတ်ဓာတ်များဖြင့် အာဏာရှင်ပီသစွာ ပြုမှုလုပ်ဆောင်လျက်ရှိသည့် တရားမဝင် စစ်အုပ်စုသည်လည်း ပြည်သူလူထုထံမှ ဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူ ခဲ့ပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့်လူမျိုးတို့၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များစွာ ကို ချနင်းဖျက်ဆီးလျက် ရှိပါသည်။ လူမဆန်သော စစ်အာဏာရှင်တို့၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက ခေါင်းငုံ့မခံဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ကိုပင် ပဓာနမထားဘဲ အာဇာနည်ခေါင်းဆောင်(၉)ဦး စိတ်ဓာတ်အပြည့်ဖြင့် အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး တွဲလက်ညီညီ တိုက်ပွဲဝင်လျက် ရှိပါသည်။ ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သောအာဇာနည်သူရဲကောင်းများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ မိမိတိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဂုဏ်ပြု ဦးညွှတ်လိုက်ပါသည်။

၄။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးပြတ်ခဲ့သော အာဏာရှင်စနစ် ပျက်သုဉ်းရေးလုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းနှိုးဆော် လိုပါသည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့၏ ကျေးဇူးကိုသိ၍ အမှန်တကယ် လေးစားမြတ်နိုးတန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်ကြီးများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူပေးခဲ့သည့် လွတ်လပ်ရေးကို ရေရှည်တည်တံ့ အောင် မိမိတို့နိုင်ငံသားအားလုံးက ဦးလည်မသုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။

၅။ အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအားလုံးအနေဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေ တည်လျက် အာဇာနည်ကြီးများ ချမှတ်ခဲ့သည့် နိုင်ငံရေးလမ်းစဉ်များကို ကျင့်သုံးကာ မိမိတို့အားလုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အမှန်တရားမှပေါက်ဖွားလာသော ခွန်အားများဖြင့် ရှေ့ဆက်ချီတက်ကြပါစို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

သင်္ကန်းတုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ထားဝယ်မြို့...
05/07/2023

သင်္ကန်းတုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့

ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်က သင်္ကန်းတုံးရွာရှိ ဥဩစစ်ကြောင်းမှ PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် နေအိမ်ငါးဆောင်ကို မီးရှို့သွားခြင်းဖြစ်ကြောင်း သင်္ကန်းတုံးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာသူများရှိကာ လက်နက်ခဲယမ်းအချို့လည်း ပါသွားကြောင်း စစ်ကြောင်း တာဝန်ခံက Dawei Watch သို့ ပြောဆိုထားသည်။

ဥဩစစ်ကြောင်းက PDF တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သည့် တပ်ရင်းမှာ ပလောက်အခြေစိုက် ခလရ (၂၈၀) နှင့် လောင်းလုံးအခြေစိုက် မောင်းမကန်သွားသည့် လမ်းပိုင်းရှိ ခလရ (၁၀၄) တပ်ရင်းများဖြစ်ပြီး ယင်တပ်ရင်းများက မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဟိန္ဒားသတ္တုမိုင်းနှင့် ဖောင်းတောရေအားလျှပ်စစ်ကို သွားကြည့်ပြီးပြန်လာသည့် ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ စစ်ကောင်စီတပ်၏ ရိက္ခာပို့ပြီး ပြန်လာသည့် ယာဉ်တန်းကို သရက်ငုတ်ရွာနှင့် လိပ်ကြယ်ပြောင်ရွာကြားတွင် ဇွန် ၂၈ ရက်က ဥဩစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများနှင့် ရိက္ခာပို့ယာဉ်တန်း ၁၆ စီးက ထားဝယ်ဘက်ကို ပြန်သွားသော်လည်း စစ်ကြောင်းတစ်ကြောင်းကျန်ရစ်ခဲ့သည်။

ယင်းစစ်ကြောင်းမှာ သင်္ကန်းတုံးရွာသို့ ဝင်ရောက်တိုက်ခိုက် မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းစစ်ကြောင်းသည် သင်္ကန်းတုံးနှင့် အနီးတဝိုက်က ကျေးရွာများကို ပြောက်ကျားစနစ်ဖြင့် စစ်ကြောင်းထိုး နေကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံအချို့၏ ပြောဆိုချက်အရသိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခံရခြင်း၊ ရိုက်နှက် နှိပ်စက်ခံရခြင်း၊ ပစ်သတ်ခံရခြင်း၊ နေအိမ်မီးရှို့ခံရခြင်း စသည်တို့ကြောင့် ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရွာတွင် ပြန်လည်မနေထိုင်တော့ဘဲ နေအိမ်၊ ဥယျာဉ်ခြံတို့ အခြေအနေတို့ကို လာရောက်ကြည့်ရှုရန် ခဏတဖြုတ်လာရောက်ခြင်းသာရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း သင်္ကန်းတုံးရွာက နေအိမ်များကို စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေခဲ့သေးပြီး ယခုနှစ် ဖေဖေဖော်ဝါရီလနှင့် မေလထဲတွင် သင်္ကန်းတုံးရွာက နေအိမ်တစ်ဆယ်ကျော် မီးရှို့ခံခဲ့ရသေးသည်။

🫡တိုက်တဲ့သူတွေကလဲ ကိုယ်ဖက်နစ်နာထိခိုက်မှုမရှိအောင်တိုက်မယ်🫡ဆန္ဒဖော်ထုတ်ပြတဲ့သူတွေကလဲ သတိအမြဲကပ်ပြီး သွေးမအေးတမ်းပြမယ်။🫡ထ...
24/06/2023

🫡တိုက်တဲ့သူတွေကလဲ ကိုယ်ဖက်နစ်နာထိခိုက်မှုမရှိအောင်တိုက်မယ်

🫡ဆန္ဒဖော်ထုတ်ပြတဲ့သူတွေကလဲ သတိအမြဲကပ်ပြီး သွေးမအေးတမ်းပြမယ်။

🫡ထောက်ပို့သူတွေကလဲ မပျက်မကွက်တမ်း နိုင်ရာဖက်က ကူထောက်ပံ့ကူညီခြင်းဖြင့် အတူလက်တွဲအမြဲထောက်ပို့ကြမယ်။

#အားလုံးကိုလေးစားပါတယ် ၊ ၊ ၊

($သာကူးတွေကိုယ်စိတ်ကိုလိပ်ပြာလုံပါစေ)

14/06/2023

အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ဒို့ပြည်သူတွေမရပ်တန်းနေဖို့လိုပါတယ်။

14/06/2023

အာဏာရှင်ကို ဆန့်ကျင်ဖို့ ဒို့ပြည်သူတွေမရပ်တန်စို့

住所

Kyoto-shi, Kyoto

アラート

LAUNG LONE city people popularがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する