28/07/2025
Strategy(MSTR)အကြောင်း
MSTRဆိုတာကBitcoin ကို Treasury အဖြစ်ရင်းနှီးမြှုပ်နှံတဲ့company ဖြစ်ပါတယ်။Bitcoinပေါင်း 607,770ပိုင်ဆိုင်ထားပြီးတော့July 24,2025နေ့သတင်းအရTop Bitcoin Holdersထဲမှာ အဆင့်4နေရာမှာရှိနေပါတယ်။
Bitcoinကိုထုတ်လုပ်နိုင်တဲ့အရေအတွက်ဟာ21သန်းအထိသာရှိတာဖြစ်ပြီးတော့လက်ရှိမှာ19.8သန်းခန့်ထုတ်ပြီးသွားပြီဖြစ်ပါတယ်။
ဒါဟာBitcoinအားလုံးပေါင်းရဲ့ 94%ဝန်းကျင်ဖြစ်ပြီးတော့ ကျန်ရှိနေတာဟာ 6%ဝန်းကျင်သာဖြစ်ပါတယ်။ဒါ့အပြင်Bitcoinဟာ4နှစ်တစ်ကြိမ် Halvingဖြစ်ပြီးတော့ Bitcoin Minersတွေရဲ့Rewardsကို ထက်ဝက်လျော့ချပါတယ်။
2020,3rd Halvingမှာ Miners တွေရဲ့Rewardsဟာတစ်ခါတူးရင်6.25BTCဖြစ်ပြီးတော့4th Halvingဖြစ်တဲ့2024မှာ3.125အထိ ထက်ဝက်လျော့ကျသွားပါတယ်။5th Halvingဖြစ်လာမည့် 2028မှာတော့Bitcoinရဲ့ Mining Rewards ဟာ1.565ဝန်းကျင်ပဲ ရရှိတော့မှာဖြစ်ပါတယ်။
ဒါဟာLaw of Supply &Demandအရ Bitcoinကိုတန်ဖိုးတက်လာစေနိုင်ပြီးတော့ Inflation က်ိုကျော်လွှားနိင်အောင် Satoshi Nakamotoကဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။သိတဲ့အတိုင်း ရှားပါးတဲ့ပစ္စည်းတွေဟာ တန်ဖိုးကြီးလာတတ်ပါတယ်။
ဆိုတော့ ဒါဆိုရင်ဘာလို့MSTRလိုမျိုးBitcoin ဝယ်စုတဲ့companyတွေရဲ့ ရှယ်ယာကို ဝယ်မှာလဲ။ကိုယ်တိုင်Bitcoinဝယ်စုတာက ပိုကောင်းတာပေါ့။ဒီလိုတွေးမိကြမယ်ထင်ပါတယ်။သူတို့ကဘယ်အချိန်ပြန်ရောင်းမယ်ဆိုတာလဲ မသိဘူး။ဒါ့အပြင် အဲ့တာကိုလဲ ကိုယ်က ထိန်းချုပ်လို့ရမှာမဟုတ်ဘူး။သူတို့Bitcoin တွေကို ဆက်မစုတော့ပဲ စျေးအကြီးဆုံး အချိန်မှာရောင်းလိုက်ရင် Share Holdersတွေအနေနဲ့ ပလုံသွားနိုင်ပါတယ်။
ဆိုတော့MSTRဟာ ဘာကိုရည်ရွယ်တာလဲ?
(မိမိအတွေး)
Bitcoinဟာ အထက်ကပြောထားတဲ့ အချက်အလက်တွေအရ နှစ်ကြာလေ ရှားပါးလာလေဖြစ်လာမှာပါ။ရှားပါးလာလေ တန်ဖိုးကြီးလာလေ ဖြစ်လာပြီးတော့ Bitcoinကိုအများဆုံးပိုင်ဆိုင်ထားတဲ့Companyတွေအနေနဲ့ လည်းအာဏာ၊ပါဝါ၊အခွင့်အရေးတွေရလာနိုင်ပါတယ်။MSTRဟာ ဒါကိုရည်ရွယ်တာဖြစ်နိုင်ပါတယ်။အဲ့တာကိုအသုံးချပြီး MSTRဟာ အဆမတန်ကြီးထွားလာနိုင်ပါတယ်။ဒါကြောင့်MSTRဟာ Bitcoinကိုဆက်ဝယ်နေမှာဖြစ်ပြီးတော့ လုံးဝရောင်းမှာမဟုတ်ပါဘူး။ဒါဟာ ဘာကြောင့် MSTRမှာရင်းနှီးမြှုပ်နှံသင့်လဲဆိုတဲ့ ကျွန်တော့်ရဲ့ အတွေးအမြင်တစ်ခုသာဖြစ်ပါတယ်။ဒါကို မေ့မသွားအောင် အခုလိုရေးခြင်းဖြစ်ပါတယ်။Financial Adviceပေးခြင်းမဟုတ်ပါဘူး။DYORလုပ်ပါ။
အရင်ကရေးခဲ့တဲ့Bitcoin Fundamental Analysis အကြောင်းသိချင်ရင် ဒီမှာဖတ်ပါ။
https://www.facebook.com/share/p/175Q6csbS7/?mibextid=wwXIfr
PHYO THU AUNG