Juno-Tulp van de lente

Juno-Tulp van de lente Viva La Revolution

ခေတ်အဆက်ဆက် အာဏ-ာရှင်စနစ်ထွန်းကားခဲ့မှုကြောင့် စစ်ကိုင်းတိုင်းရဲ့ ပညာရေး / စီးပွားရေး / လူမှုရေး တွေဟာ အဘက်ဘက်က နိမ့်ကျပ...
27/07/2025

ခေတ်အဆက်ဆက် အာဏ-ာရှင်စနစ်ထွန်းကားခဲ့မှုကြောင့် စစ်ကိုင်းတိုင်းရဲ့ ပညာရေး / စီးပွားရေး / လူမှုရေး တွေဟာ အဘက်ဘက်က နိမ့်ကျပြီး လုပ်သားနယ်မြေဖြစ်ခဲ့ရပါတယ် ။ အခုဆိုရင် စစ်ကိုင်းမြို့နယ်မှ ပြည်သူတွေက ငလျင်ဒဏ်ခံစားရပြီး သိပ်မကြာခင်မှာပဲ စစ်ဘေး‌ဒဏ်ကို ခံစားကြရပြန်ပါတယ်

တစ်နိုင်ငံလုံးမှာ ယဉ်ကျေးမှု အထွန်းကားဆုံး ဒေသဟာ ယခုဆိုရင် မြေနိမ့်ရာ လှံခနခနစိုက်နေရပါတယ် နွေဦးတော်လှန်ရေးမှာ တူမီးကိုင်စွဲတော်လှန်ခဲ့ကြတဲ့ ရဲဘော်များရဲ့ မွေးရပ်မြေဟာ ယခုဆိုရင် စစ်မြေတလင်း ဖြစ်နေရပါပြီ

ဒါကြောင့် Women Alliance Burma - အမျိုးသမီးမဟာမိတ်အင်အားစု ရဲ့ ဦးဆောင်မှုဖြင့် စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစုမှ ပြည်သူတွေရဲ့ လိုအပ်နေသော စားနပ်ရိက္ခာ/ ဆေး နဲ့ တခြားသော အသုံးအဆောင်ပစွည်းတွေကို သွားရောက်ကူညီခဲ့ပါတယ် ။

#ပြည်သူမှပြည်သူထံသို့
#ငါတို့အချင်းချင်း၀န်ရံကြ
#ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ
#ပြည်သူမှတစ်ပါးအခြားမရှိ
゚viralシfypシ゚viralシalシ

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နိုင်ငံတကာကစစ်ကောင်စီကို ငွေကြေး၊ ရုပ်ဝတ္ထုနဲ့ နည်းပညာ ကူညီမှုတွေ အများအပြားပေးခဲ့တ...
25/07/2025

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နိုင်ငံတကာက
စစ်ကောင်စီကို ငွေကြေး၊ ရုပ်ဝတ္ထုနဲ့ နည်းပညာ ကူညီမှုတွေ အများအပြားပေးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ငလျင်ဟာ စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော် မြို့ကိုလည်း ထိခိုက်စေခဲ့ပြီး စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာ အဆောက်အအုံတွေ အများအပြား ပျက်စီးထိခိုက်ခဲ့တာလည်း သတင်းတွေအရ တွေ့ကြရပါတယ်။

ဒီလို ငလျင်ဘေးကြောင့် ပြည်သူတွေရော စစ်ကောင်စီ ကိုယ်တိုင်ပါ ကြီးမားတဲ့ထိခိုက်မှုတွေ ကြုံခဲ့ရပေမယ့် တဖက်မှာတော့ စစ်ကောင်စီဟာ ငလျင်ကပ်ဘေး နောက်ပိုင်း ကာလတွေမှာ အရပ်သား ပြည်သူတွေရှိတဲ့ မြို့၊ရွာတွေ ဆေးရုံ၊စာသင်ကျောင်း၊စျေး စတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်မပြတ် တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ငလျင်ကပ်ဘေး ကာလတောင် မရှောင်ဘဲ အဓမ္မစစ်မှုထမ်း ခေါ်ဆောင်မှုနဲ့ ပေါ်တာဆွဲမှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး၊ မြေပြင် စစ်ဆင်ရေးကြီးတွေလည်း တိုးမြှင့်ဆင်နွှဲနေတာ တွေ့ရပါတယ်။

နယ်စပ်ကုန်သွယ်ရေးကျဆင်းမှု၊ အထွေထွေစီးပွားရေး ကျဆင်းမှုတွေအပြင် ငလျင်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေ အကြီးအမားဖြစ်နေခဲ့တဲ့ တိုင်းပြည်မှာ စစ်ကောင်စီဟာ ပြည်သူကိုသတ်ဖို့၊ ဗုံးကြဲဖို့၊ လေယာဉ်ဆီဝယ်ဖို့၊ စစ်ဆင်ရေးကြီးတွေလုပ်ဖို့ ငွေကြေးကို စစ်ကောင်စီဟာ ဘယ်နေရာကနေ ပေါပေါများများ ရလိုက်ပါသလဲ။

သေချာတာတခုတော့ စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး မတ်လကစလို့ နိုင်ငံတကာက ငလျင်ကပ်ဘေးအတွက် ကူညီမှုဟာ ဒေါ်လာသန်း ၁၀၀ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီမှာ ဒေါ်လာတွေသီးတဲ့ အပင် ဒေါ်လာတွေ ထွက်တဲ့တွင်းလိုမျိုး မရှိခဲ့ရင်၊ အနီးဆုံးနဲ့ ပမာဏ အများဆုံး ဒေါ်လာငွေ ရဖို့က ငလျင်ဘေး အကူအညီတွေပဲ ဖြစ်ပါမယ်။
ဒါကြောင့်မို့ ပြည်သူကိုသတ်နေတဲ့
စစ်ကောင်စီကို ယုံကြည်ကိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင်

* ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်
* ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး
* နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး
* စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုရပ်

ဆိုတဲ့ သတင်းစကားကို ဝိုင်းဝန်း ပေးပို့ ကြဖို့
နှိုးဆော်တိုက်တွန်းပါရစေ။

#ငါတို့မှာငါတို့ပဲရှိတယ်







't_meant _2killpeople

22/07/2025

၃၆၈ ❗

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကျဥ်းထောင်များ၊ စစ်ကြောရေးစခန်းများနှင့် အချုပ်ထောင်များ၌ ကျူးလွန်ခဲ့ကြသည့် ရက်စက်ဖိနှိပ်မှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေး အကျဥ်းသား ဦးရေမှာ စုစုပေါင်း (၃၆၈)ဦး အထိ ရှိလာပြီဖြစ်သည်။

Source - AAPP

#သမဂ္ဂကျဆုံးရဲဘော် #ကျဆုံးရဲဘော်များ #နိုင်ကျဉ်း #နိုင်ငံရေးအကျဉ်းသား
#ထောင်တွင်းဆေးဝါးမလုံလောက်မှု
#အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး

#ဆီသို့

🐦‍🔥 Rebirth 🐦‍🔥 လွန်ခဲ့တဲ့ တလလောက်က ကျနော်တို့ ရေမလောင်းနိုင်တော့ ဒီအပင်ရဲ့ အရွက်တွေဟာ ကျစ်လာပြီး သေတော့မယ့်ပုံစံမျိုး မ...
21/07/2025

🐦‍🔥 Rebirth 🐦‍🔥

လွန်ခဲ့တဲ့ တလလောက်က ကျနော်တို့ ရေမလောင်းနိုင်တော့ ဒီအပင်ရဲ့ အရွက်တွေဟာ ကျစ်လာပြီး သေတော့မယ့်ပုံစံမျိုး မြင်ခဲ့ရတယ် လူတွေကတောင် ဒီအပင်တော့ ဆက်ရှင်မယ်မထင်တော့ဘူး ဆိုပြီး ပြောကြတယ်

ကံကောင်းထောက်မစွာနဲ့ ဒီရက်ပိုင်းမှာမိုးတွေ အသားကုန်ရွာတော့ ခုလို အတတ်မြိုင်မြိုင်ကြီး ထွက်လာပါလေရော ..... ကြည့်ပါဦး သူပြန်ရှင်ပီဆိုပြီး လူတွေက ဂရုတစိုက်ပြန်ကြည့်ရှုကြတယ် တအံ့တဩနဲ့ပေါ့

ဒီနှင်းဆီပင် မသေနိုင်တော့ပါဘူး
သူ့ရဲ့ ရုန်းကန်မှုကပဲ သူ့ကိုရှင်သန်နိုင်ခဲ့တယ် မဟုတ်လား
ရေမလောင်းတဲ့အချိန်မှာ ဆက်တောင့်ခံဖို့ ရုန်းကန်ရတယ်
မိုးရွာလို့ ရေရတော့ အတတ်သစ်ထွက်ဖို့ ရုန်းကန်တယ်

ကျနော်တို့ဘ၀တွေမှာလည်း ရုန်းကန်မှုက အရေးပါတယ်လို့ မထင်မိဘူးလား
ဆင်းရဲမှု‌ကို ရုန်းကန်မှသာလျှင် ဆင်းရဲခြင်းကလွန်မြောက်မယ်
ရှုံးနိမ့်မှုကို ရုန်းကန်မှသာလျှင် အောင်မြင်မယ်
ရုန်းကန်မှု မှုမှာလည်း တောင့်ခံမှုလိုတယ်

ရုန်းကန်နေတုန်းမှာ တောင့်ခံနိုင်ရမယ်
ရှင်းရှင်းပြောရရင် ဒဏ်ခံနိုင်တာပေါ့
ပင်ပန်းမှုရဲ့ဒဏ်
ပျင်းရိခြင်းရဲ့ဒဏ်
ခက်ခဲခြင်းရဲ့ ဒဏ်
ဒီဒဏ်တွေကို ခံစားနေရင်း လွတ်မြောက်အောင်ရုန်းကန်ရမယ်
ရုန်းကန်နိုင်မှ Re- ....... ဆိုတဲ့ အပြောင်းအလဲတွေဖြစ်မယ် ။


#လူငယ်

ကလေးတွေကို သကြားလုံးဝေတဲ့ ပုံစံက မသိရင် မကောင်းတာတစ်ခုခုလုပ်နေသလိုပဲ ခိုးကြောင်ခိုးဝှက်နဲ့ 😁😁တကယ်တော့ ကလေးတွေနဲ့ ဟီးဟီးဟ...
20/07/2025

ကလေးတွေကို သကြားလုံးဝေတဲ့ ပုံစံက မသိရင် မကောင်းတာတစ်ခုခုလုပ်နေသလိုပဲ ခိုးကြောင်ခိုးဝှက်နဲ့ 😁😁

တကယ်တော့ ကလေးတွေနဲ့ ဟီးဟီးဟားဟားလုပ်ချင်တာ အဲ့တာကို သကြားလုံးနဲ့ မြှားတာ 😊

ကလေးတွေက အကုန်ချစ်စရာကောင်းတယ်
အပြစ်ကင်းတယ်
စကားမပီကလာပီကလာလေးဆိုရင် အသည်းပိုယား

နိုင်ငံကို တိုးတတ်အောင်မြင်စေမယ့် မျိုးဆက်ကောင်းတွေ ဖြစ်လာဖို့တော့ အဆင့်အတန်းမြင့်တဲ့ပညာရေး ကို သူတို့လေးတွေ လက်လှမ်းမှီဖို့လိုတာပေါ့
လက်လှမ်းမှီအောင်လည်း လူကြီးတွေက ချပြဆွဲခေါ်သင့်တာပေါ့



#လူငယ်

ပြည်သူပါမှနိုင်မယ့်ပွဲ ရောက်ရာအရပ်က ပါ၀င်ကြ ပုန်ကန်ကြ တော်လှန်ရေးတိုင်းမှာ ပြည်သူ ထောက်ခံမှုမပါဘဲ အောင်မြင်ခဲ့ရိုးထုံးစံ...
16/07/2025

ပြည်သူပါမှနိုင်မယ့်ပွဲ
ရောက်ရာအရပ်က ပါ၀င်ကြ ပုန်ကန်ကြ

တော်လှန်ရေးတိုင်းမှာ ပြည်သူ ထောက်ခံမှုမပါဘဲ အောင်မြင်ခဲ့ရိုးထုံးစံမရှိပါဘူး ပြည်သူ့ရဲ့ထောက်ပံ့မှုပါလို့သာ ကရင်လည်း အင်းစိန်ထိ တိုက်နိုင်ခဲ့တာ ၊ AA လည်း ခုလို အင်အားရှိလာခဲ့ကြတာ ။ ဒါတွေဟာ သမိုင်းက ပြသနေတဲ့ ပြည့်သူ့ရဲ့ စွမ်းအားပဲ ။

စစ်ကိုင်းမှာ မကွေးမှာ မုံရွာမှာ pdf တွေ ခုလိုလွတ်လွတ်လပ်လပ်သွားလာနိုင်တယ်ဆိုတာ ပြည်သူထောက်ခံမှု ပြည်သူရဲ့အားပေးမှုရှိလို့သာ ဖြစ်လာခဲ့တာပါ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ့လက်ထဲမှာပဲရှိပါတယ်

ခုချိန်မှာဆိုရင် စကစရဲ့ ဖျက်ဆီးမှုဟာတနေ့ထက်တနေ့ဆိုးဝါးလာပါတယ် သူတို့ဘက်မှာ ပြည်သူမထောက်ခံတဲ့အတွက် သူတို့ အားအင်ချိနဲ့လာတယ် ဒါကိုသိတဲ့ မအလလက်ပါးစေကျွန်တွေက " ပြည်သူဆိုတာမရှိဘူး " ဆိုတဲ့ စကားကိုသုံးပြီး ရွာတွေကို ‌လေယာဉ်သုံးပီး ဗုံးကြဲ / မ ီး ရှို့ လုပ်နေကြတာ မျက်မြင်ပါ ။

တလောကပဲ လင်းတလူးရွာက စစ်ဘေးရှောင်တွေ နေတဲ့ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ကြဲသွားပါတယ် ။စကစကို ပုန်ကန်တော်လှန်ပီး တော်လှန်အစိုးရကိုထောက်ခံအားပေးတဲ့ ပြည်သူတွေ ထိခိုက်ခံစားနေကြရတာပါ ။

တော်လှန်ပြည်သူတွေအနေနဲ့လည်း ထိခိုက်ခံစားနေကြရတဲ့ ပြည်သူတွေကို အကောင်းဆုံး ကူညီရမှာပါ ။ တကယ့်မြေပြင်မှာ အလုပ်လုပ်တဲ့အဖွဲ့အစည်းကို ကူညီကြရပါမယ် ။

လှည်းဘီးနွံထဲကျွံနေသည် ကူ၍တွန်းပေးကြပါ ။
ပြတ်ပြတ်သားသားထောက်ခံအားပေးကြလို့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကိုလည်း ကူညီကြပါ ။

https://www.facebook.com/share/p/1C26scYvMG/

ကျနော်တို့အဖွဲ့ရဲ့ project ဖြစ်ပါတယ် ။
အလုပ်နဲ့ ချည်းသက်သေပြခဲ့တာ page မှာကြည့်နိုင်ပါတယ် ။

#ငါတို့မှာငါတို့ပဲရှိတယ်
#စစ်ကိုင်း
#ပြည်သူ

ငလျှင်ဒဏ်ကြောင့် နေအိမ်ပျက်စီး၊ ရေကြောပျောက်လို့  ရေရှားပါးမှုဒဏ်ခံစားခဲ့ရသော စစ်ကိုင်းဒေသက ပြည်သူတွေဟာ ယခု  စစ်ဘေးဒဏ်ပါ...
16/07/2025

ငလျှင်ဒဏ်ကြောင့် နေအိမ်ပျက်စီး၊ ရေကြောပျောက်လို့ ရေရှားပါးမှုဒဏ်ခံစားခဲ့ရသော စစ်ကိုင်းဒေသက ပြည်သူတွေဟာ ယခု စစ်ဘေးဒဏ်ပါခံစားနေပါတယ်ခင်ဗျာ

နေအိမ်တွေမီးရှို့ခံရ ကြီးကြီးငယ်ငယ်မရွေး မြင်မြင်ရာ အကုန်သတ်ခံနေကြရပါတယ် ဒါ့ကြောင့်ကိုယ့်အိမ် ကိုယ့်ရွာမှာ မနေရဲတော့ဘဲ စစ်ရှောင်ကြရ‌တော့တယ်

စစ်ကြောင်းကြောင့် ကသုတ်ကရုတ် ပြေးကြရတဲ့အခါ ဆန်/ဆီဆိုတာ နိုင်သလောက်ပဲ သယ်ယူနိုင်တာမို့ တနေ့ထက်တနေ့ စားနပ်ရိက္ခာလိုအပ်ချက်ကြီးမားပါတယ် ။ ဒါ့ကြောင့် တော်လှန်ပြည်သူများမှ ဆန်တအိတ်စာဖြစ်ဖြစ်ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်

အတိဒုက္ခဝေနေကြသောပြည်သူတွေအတွက် မျှော်လင့်စရာ ဆိုတာ တော်လှန်ပြည်သူတွေပဲရှိတာပါ ။

ကျနော်တို့မှာ ကျနော်တို့ပဲရှိပါတယ် ခင်ဗျာ

#ငလျင်
#ငါတို့မှာငါတို့ပဲရှိတယ်

12/07/2025
ပြည်သူသည်သာ အခရာပါ ။ပြည်သူဟာ သန်းပေါင်းများစွာ အုပ်ချုပ်သူဟာ လက်တစ်ဆုပ်စာ ပြည်သူတွေ ကိုယ်လိုချင်တာကို တိုက်ယူလို့ရပါတယ် ...
27/06/2025

ပြည်သူသည်သာ အခရာပါ ။
ပြည်သူဟာ သန်းပေါင်းများစွာ အုပ်ချုပ်သူဟာ လက်တစ်ဆုပ်စာ

ပြည်သူတွေ ကိုယ်လိုချင်တာကို တိုက်ယူလို့ရပါတယ် တိုက်ယူတယ်ဆိုတာမျိုးကလည်း အမှားအမှန်ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ် ပြည်သူတွေသာ အသိအမြင်ကြွယ်၀ပြီး အုပ်ချုပ်သူတွေကို ကောင်းကောင်းခိုင်းစေနိုင်မယ် ဆိုရင် အုပ်ချုပ်သူတွေက ပြည်သူတွေကို အနိုင်ကျင့်ရဲမှာ မဟုတ်‌ပါဘူး

ပြည်သူတွေပညာတတ်ဖို့လိုပါတယ် အမှားအမှန်သိမြင်နားလည် မှသာ သတ္တိရှိပြီး ကိုယ်မလိုချင်တာကို တိုက်ယူရဲမှာပါ

ဒေါ်အောင်ဆန်းစုကြည်ကို အမေဟုခေါ်ဝေါ် သုံးစွဲခဲ့သူများလည်း သား/သမီးတာ၀န်ကျေပွန်စွာနဲ့ ဒေါ်အောင်ဆန်းစုကြည် လိုချင်တာ၊ဖြစ်ချင်တာကို အမေ့အတွက် တိုက်ယူပေးရမှာဖြစ်ပါတယ်

ကျနော်တို့ ဆက်သွားမယ်
ခင်ဗျားတို့လည်းဆက်သွားပါ
မယိုင်မလဲ ခိုင်မြဲစွာ မတ်မတ်ရပ်တည်ပါ ။

#ဒေါ်အောင်ဆန်းစုကြည်


ပုံမှာမြင်ရတာကတော့ ကလေးတွေ စာလုပ်နေတဲ့ပုံပဲဖြစ်ပါတယ် ။ ဒီလိုမြင်ကွင်းမျိုးမြင်ရဖို့ ၄လ‌ လောက်ကြိုးစားလိုက်ရပါတယ် ။ အဓိက ...
20/06/2025

ပုံမှာမြင်ရတာကတော့ ကလေးတွေ စာလုပ်နေတဲ့ပုံပဲဖြစ်ပါတယ် ။
ဒီလိုမြင်ကွင်းမျိုးမြင်ရဖို့ ၄လ‌ လောက်ကြိုးစားလိုက်ရပါတယ် ။

အဓိက ခက်ခဲမှုကတော့ learning ကိုမရင်းနှီးတဲ့ မိဘတွေ ဆီကနေ ကလေးတွေစာသင်ရဖို့ ခွင့်ပြုချက်တောင်းခံရတာပါပဲ

တစ်ယောက်က ရှေ့ကလုပ်ပြမှ လိုက်လုပ်တတ်တဲ့ ဓလေ့နဲ့ အကြောက်တရားကြီးစိုးပြီး ပညာရေနိမ့်ပါးတဲ့ အတွက် ဘယ်အရာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မဆုံးဖြတ်နိုင် တဲ့အခါ သူများနောက်ကျရတာ မဆန်းပါဘူး

စာသင်ဖို့ရာ အခက်အခဲတွေရှိကြတယ် ကျောင်းသားအားလုံးနီးပါး ဖုန်းကောင်းကောင်းမရှိကြဘူး ဖုန်းရှိတဲ့ကျောင်းသူတွေမှာလည်း " ချိန မိတ် " တွေဖြစ်လို့ ဂလူးဂလူး ဖွင့်မရ တဲ့ အခြေအနေမျိုးတွေမှာ တတ်နိုင်သမျှ အကောင်းဆုံး ရှိတာနဲ့ ကူညီပေးရတယ်

အသိဉာဏ် /ပညာ / အတွေးအခေါ် အရာရာဟာဆင်းရဲလွန်းလို့ ခနခန အသုံးချခံရပြီး ခံရပြီးမှသာ အသုံးချသွားမှန်းကိုသိတာမို့ ဘယ်အရာကိုမဆို သံသယမျက်လုံးနဲ့ မယုံကြည်နိုင်ဖြစ်ကြရတယ်

#လူငယ် တွေဘက်က စာလုပ်ချင်တာတောင် မိဘတွေရဲ့ထိန်းချုပ်မှု ( စိုးရိမ်မှု) အောက်ကနေ ရုန်းမထွက်နိုင်တဲ့အတွက် သူတို့ရဲ့တတ်လမ်းတွေ အပိတ်ခံရတယ် ဒါတောင် မိဘတွေဟာ သူတို့ရဲ့ အမှားကို အမှားမှန်းမသိကြဘူး

အဘက်ဘက်ကနေ ပိတ်ဆို့ခံထားရတဲ့ ဒီကလေးတွေအတွက် သူတို့တတ်လမ်း ဆိုတာ " ပညာသင်ယူခြင်း " (စာသင်ခြင်း) ကလွဲလို့ ဘာတစ်ခုမှရှိမနေဘူးလေ ဒါကိုတောင် သင်ယူလေ့လာဖို့ လွတ်လပ်ခွင့်‌မပေးတဲ့ မိဘတွေရဲ့ ချစ်ခြင်းတရားဟာ လွဲမှားနေမှန်း သူတို့ကိုယ်တိုင်တောင် သိမနေကြဘူး

ဒါတွေဟာ ခေတ်အဆက်ဆက်က ပညာရေးနိမ့်ပါးတဲ့ အကျိုးတရားတွေပဲ
ဒီဒေသဟာ ဒီမျိုးဆက်မှာ ဒီတလရမှာ အသိပညာပြောင်းလဲမှု တစ်ခုမှမရှိခဲ့ဘူး ဆိုရင် ခေါင်းပုံဖြတ်ခံ အမြတ်ထုတ်ခံ လုပ်သားထုတ်လုပ်ရုံကြီး ဖြစ်မြဲ ဖြစ်ဆဲ ဖြစ်လတ္တံ့ ဖြစ်အံ့ ..... ။


#စစ်ကိုင်း

" ချာတိတ်တွေ လမ်းပေါ်ပဲ့ကြွေတစ်ယောက်မှ သောက်ဖတ်မလုပ်တာ သည်းခံ " ကိုကျားပေါက်ကိုရဲ့ သည်းခံ သီချင်းဖြစ်ပါတယ် ။ ကျနော်စစ်ကိ...
19/06/2025

" ချာတိတ်တွေ လမ်းပေါ်ပဲ့ကြွေတစ်ယောက်မှ သောက်ဖတ်မလုပ်တာ သည်းခံ "

ကိုကျားပေါက်ကိုရဲ့ သည်းခံ သီချင်းဖြစ်ပါတယ် ။
ကျနော်စစ်ကိုင်းကို စရောက်တော့ ကလေးတွေမှာ တလရ စိတ်ဓာတ် ပြင်းထန်နေမယ်ထင်ခဲ့တာ တကယ်တော့မဟုတ်ပါဘူး ။ အပျော်ပါးပဲစိတ်၀င်စားပြီး လေးလေးနက်နက်ဘာကိုမှ ရှိမနေကြဘူး အရင်းစစ်တော့ အမြစ်မြေ ဆိုသလို တလရ ၄နှစ် အတွင်းမှာ တော်တော်ကို ပြတ်ကျန်ခဲ့ကြတယ်လေ

ပညာရေးလား ?
( ကျောင်းတွေပိတ်ထားရတယ် )

စီးပွားရေးလား ?
( ခနခနပြေးနေရတော့ ‌အခြေပြတ် နေ့စားပဲလုပ်ရတယ် )

အပြင်ဗဟုသုတလား ?
( စတားလင့်ကို တစ်နာရီ တထောင်ပေးသုံးရတယ် )

ကိုယ့်တန်ဖိုးမြှင့်တင်ဖို့ အခြားသောစွမ်းရည်တွေလား ?
( ရှိတယ်လေ ဂျင်ဝိုင်း ကြက်ဝိုင်း ဖဲဝိုင်း နွားပြိုင်ပွဲ ++++)

ဒါတွေသာ နောက်ကျနေတာ တခြားအရာတွေမှာတော့နောက်မကျဘူး

အချစ်ရေးဆိုရင် ၁၅ နှစ်လောက်ကတည်းက ရည်းစားရလို့ ၁၈နှစ်မှာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရနေပြီ
တစ်တော့ဆော့ဖို့ဆိုရင် ၁၀ သမီးကလည်း ဖင်လှုပ်တတ်တယ်

ဒါတွေဟာ ကလေးတွေအပြစ်တော့မဟုတ်ဘူး ကလေးဆိုတာဘာသိမှာလဲ
ပျော်ရာမှာပဲနေချင်ကြတာလေ ဘယ်သူ့အပြစ်လဲဆိုရင် မိဘတွေပဲလို့
ပြောရမှာပဲ

" ငါ့သမီး/သား က လိမ္မာတယ် ငါ့စကားနားထောင်တယ် "
" ငါ့သမီး/သား ကို ငါနိုင်တယ် "

အဲ့လိုစကားတွေကိုပြောလည်းပြော လူရှေ့သူရှေ့ဆို မိဘက သား/သမီးကိုနိုင်ကြောင်း ၊ သား/သမီးကလိမ္မာကြောင်း ပြ‌ကြသေးတာ အဲ့တော့ တခွန်းတသံ တမိန့်အောက်မှာ မလှုပ်ရဲကြ ၊ ဘာမှပြန်မပြောရဲကြ

အဲ့တော့ကျဉ်းကျပ်တဲ့သူတို့လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားကြတော့တာပဲ

-ရွာတောင်ဘက်က ကောက်ရိုးပုံမှချိန်းတွေ့ မကြာမီ ကိုယ်၀န်ရှိတစ်ခုလပ်ဖြစ်
- ရည်းစားကို တယောက်ပြီးတယောက်ထား တန်ဖိုးကိုချနင်းထားတဲ့ မိန်းကလေးတွေ
- ဘ၀ရည်မှန်းချက်ဘာမှမရှိ ပျော်ရာလုပ်နေတဲ့ကောင်လေးတွေ
- မသိခြင်းတရား စိုးမိုးလွန်းအားကြီးတဲ့ မိဘတွေ

ခေတ်အဆက်ဆက်ကတည်းက စစ်ကိုင်းတိုင်းဟာ ပညာရေးနိမ့်ပါးခဲ့ရတယ်
အသိပညာနိမ့်ပါးခဲ့ကြတယ်
အတွေးအခေါ်အားနည်းတယ် ဒါတွေကြောင့်ပဲ
လုပ်သား ထုတ်ကုန် အမြင့်ဆုံး ဒေသဖြစ်နေတာပေါ့ ။

( to be continued)
#စစ်ကိုင်း
#လူငယ်

30/05/2025

Birthday လက်ဆောင် ကတော့ အင်ကျီ 2ထည်ရပါတယ်ဗျာ ❤️🎆

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when Juno-Tulp van de lente posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share