All About Mobile Phones

All About Mobile Phones We interest Mobile Phones,You?

https://linkf.ly/6u8L9aQOneplus 6 Red!!! ❤❤❤
09/09/2018

https://linkf.ly/6u8L9aQ
Oneplus 6 Red!!! ❤❤❤

The OnePlus 6 is starting to get OxygenOS Open Beta 2 (Android Pie) which brings optimizations to Wi-Fi, background power, front camera, and more.

12/08/2017

mobile phone တစ်​လုံးမှာ အ​ရေးပါ ဆုံး​သော
CPU အ​ကြောင်းနည်းနည်း ​ရေး​ပေးပါ့မယ်

Mobile Central Processing Unit (CPU)
Mobile CPU ဆိုတာဘာလဲ?
Mobile တစ်လုံးရဲ့ CPU ဆိုတာ Mobileကို
ကိုယ်ခိုင်းလိုက်တဲ့ အလုပ်တွေလိုက်လုပ်ပေးရတဲ့အရာပါ၊
CPU ကဘာနဲ့တူလည်းဆိုတော့ လူဦးနှောက် နဲ့တူပါတယ်။

Core ဆိုတာဘာလဲ?
Core ဆိုတာ processor အတွင်းက ခိုင်းလိုက်တာကို
သိတာ နဲ့ သက်ဆိုင်ရာကို ပြန်ညွှန်ကြားရတဲ့အရာပါ။
Single Core (တစ်ခု)
Dual Core (နှစ်ခု)
Quad Core (လေးခု)
Hexa Core(ခြောက်ခု)
Octa Core (ရှစ်ခု)
Deca Core (ဆယ်ခု)
ect..
စသည်ဖြင့် ဆင့်ကဲပြောင်းလဲလာပါတယ်။

Core တွေများတော့ ဘာတွေပိုကောင်းလာလဲ?
Core တွေများတော့ ခိုင်းလိုက်တာတွေကို
လျှင်လျှင်မြန်မြန် မလေးဘဲ ပိုလုပ်နှိုင်လာပါတယ်။
ဥပမာ- HD movie ကြည့်ရင်း browser သုံးနှိုင်လာပါတယ်၊
ယေဘုယျ အားဖြင့် Core များလေပိုကောင်းလေပါ။

Android Phone တစ်လုံး nomal load မှာ
လေးမလေးက CPU နဲ့မဆိုင်ပါဘူး၊ အသုံးပြုတဲ့
phone က cache ဘယ်လောက်ရှိလဲ?
System Optimize ဘယ်လောက်ဖြစ်လည်း?
အပေါ်မှာ မူတည်ပါတယ်။
Cache တွေများနေမယ် Optimize မကောင်းရင်
မိမိသုံးတဲ့ phone က ဘယ်​CPU ဘဲ သုံးသုံး
လေးနေမှာပါ။

Android Mobile CPU
ထဲမှာအသုံးများတဲ့ CPU ​တွေက​တော့
Qualcomm Snapdragon (SD)
MediaTek (MTK)
Samsung Exynos
Huawei Hisilicon Kirin
စတဲ့ Soc ​တွေကနာမည်​ကြီးပါတယ်​။

System On a Chip (SoC)
ဆိုတာက​တော့ ​ယေဘုယျ အားဖြင့်
-Graphic processor (GPU)
-Memory
-USB Controller
-Power Management Circuit
-Wireless radios (WiFi, 3G, 4G LTE, Bluetooth)
-Modem
-Image Signal Processor (ISP)
and so on...
စသည့်​ ပစ္စည်းများကိုပါ CPU အတွင်း
ပေါင်းစပ်​ထားတဲ့ အစုအ​ဝေးပါ။

SoC များထဲမှာတော့
SD က GPU ,Modem,ISP စတဲ့
ပစ္စည်းများကို ကိုယ်ပိုင်ထုပ်ပြီး
CPU ထဲ တွဲဖက် ထည့်သွင်း
အသုံးပြုပါတယ်။

MTK (or) Other SoC ​တွေက
GPU, Modem,ISP စတာတွေကို
အခြားထုပ်​လုပ်​သူ​တွေထံမှ ၀ယ်​သုံးပါတယ်​။

အဲလို ​​​ပေါင်းစပ်​မှု​တွေက
Normal Load မှာမသိသာပါဘူး
Heavy load (or)
High performances Load တွေမှာ
ကိုယ်ပိုင် ထုတ်​ထားတာနဲ့
ဝယ်သုံးတာက အတူတွဲဖက်​ပြီး
အလုပ်လုပ်နေရာမှာ အရမ်းကို သိသာပါတယ် ။

Core များအ​ကြောင်း​ပြောရရင်​​တော့
ယေဘုယျ အားဖြင့်​ Core များ​လေလုပ်​ငန်းတာ
ဝန်​များပိုလုပ်​​လို့ရတယ်လို့ဆို​ပေမဲ့ Architecture များနှင့်
လည်းသက်​ဆိုင်​တဲ့ အတွက်
SD 810 Octa-Core ထက်
SD 820 Quad-Core ကပိုမို​ကောင်းမွန်​တာ
ကိုလည်း​တွေ့ရမှာပါ။

SD များမှာ​တော့
800 series ​တွေက အမြင်​ဆုံး
600 series ​တွေက အလယ်
400 series ​တွေက ဒုတိယဈေးအသက်​သာဆုံး
200 series ​တွေက ​ဈေးသက်​သာဆုံး
လို့ မှတ်​ယူထားနိုင်​ပါတယ်

Mobile SoC ​တွေအ​ကြောင်းက အရမ်းကျယ်​ပြန့်​တာမို့
အကုန်​​ရေးဖို့ မလွယ်​လှပါဘူးဗျာ။
အထက်​ပါအတိုင်း အနည်းငယ်​ သိရှိထားပါက
Mobile Phone တစ်​ခုဝယ်​ယူပါက အ​တော်​အသင့်
အ​ထောက်​အကူ ရမယ်​လို့​မျှော်​လင့်​ပါတယ်​။
MOT

住所

Hojo
Matsuyama, Ehime
799-2499

ウェブサイト

アラート

All About Mobile Phonesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー