27/03/2025
သင်က J pop ကိုစိတ်ဝင်စားတဲ့လူတစ်ယောက် ဖြစ်ပြီး Mixing and Mastering ကိုစိတ်ဝင်စားတဲ့လူတစ်ယောက်ဆိုရင်တော့ ဒီ post ကိုအဆုံးထိဖတ်သွားဖို့တိုက်တွန်းပါတယ်နော်။
ကျွန်တော်တို့Agency ကတော့ ယခင်post တွေမှာတင်ပြသွားတဲ့အတိုင်း V singer Agency ဖြစ်ပြီး J pop culture ပိုင်းကို main သွားတဲ့ Talents တွေကိုမွေးထုတ်ပေးနေတဲ့ Group တစ်ခုဘဲဖြစ်ပါတယ်။
သင်က J pop and Vtuber culture ကို စိတ်ဝင်စားပြီးသင်ကိုယ်တိုင်က ဒီလိုAgency တွေကိုအတူပေါင်းလှုပ်ရှားချင်တဲ့လူတစ်ယောက်ဖြစ်သလိုသင်ကိုယ်တိုင်ရဲ့ Mixing and Mastering skill ကိုမြင့်တင်ချင်တဲ့လူဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့နဲ့အတူတူအလုပ်လုပ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
သင်တို့ရဲ့ skillလဲမြင့်တင်ရင်း ကိုယ်ကိုယ်တိုင်နှစ်သက်တဲ့ Virtual Idol တွေရဲ့လှုပ်ရှားပုံကိုအနီးကပ်လေ့လာဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုဆိုရင်တော့မှားမယ်မထင်ပါဘူး။
ကျွန်တော်တို့နဲ့အတူပူးပေါင်းပြီးအလုပ်လုပ်မယ်ဆိုရင်တော့ mixing and mastering basic ဖြစ်တဲ့အပိုင်းတွေကို နားလည်ထားဖို့ကတော့လိုအပ်ပါတယ်နော်။
ဥပမာအားဖြင့်(Vocal and harmony တို့ကိုခွဲခြမ်းနားလည်မှူ, composition ပိုင်းနားလည်မှု, EQ, Reverb, Bass, Echo, Pitch correction အစရှိတဲ့ effect ပိုင်းဆိုင်ရာတက်ကျွမ်းမှု)
သင်ကိုယ်တိုင်ကဒီလိုအပိုင်းတွေနဲ့ရင်းနှီးနေတဲ့လူတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါတယ်။
သင်ကိုယ်တိုင်ကျွန်တော်တို့နဲ့လက်တွဲချင်ရင်တော့ ဒီ google form ကတစ်ဆင့်ဆက်သွယ်ပေးပါနော်။
https://forms.gle/aAypEaSg2aLfvcU49
ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်ဖို့စောင့်မျှော်နေပါမယ်။