Si Thu Moe Min

Si Thu Moe Min Si Thu Moe Min OFFICIAL. Si Thu Moe Min Official page..

12/03/2025

Japanese Song

11/28/2025

တို့နှစ်ယောက်အကြောင်း - ရဲလေး၊ သားကြီး

11/28/2025

Kimi no Naka Ni 君の中に

11/28/2025

Trust me

10/04/2025

Aung La Nsang Vs Kadestam ONE Championship အောင်လအန်ဆန်း နောက်ဆုံးပွဲ

09/04/2025

သီးသန့်ဖြစ်တည်မှု - Japanese Lyrics
君だけのために存在
ミャンマーの歌
#君だけのために存在
#သီးသန့်ဖြစ်တည်မှု @ဦးစားပေးဖော်ပြမှု

ချစ်ခြင်းတစ်ခုမှာ ဉာဏ်ရည်တူမှု (Brain Level Matching) ဆိုတာ သာမန်စကားမဟုတ်ပါ။ စိတ်လှုပ်ရှားစရာဖြစ်တတ်တဲ့ ချစ်ခြင်းအစတွေမ...
07/29/2025

ချစ်ခြင်းတစ်ခုမှာ ဉာဏ်ရည်တူမှု (Brain Level Matching) ဆိုတာ သာမန်စကားမဟုတ်ပါ။ စိတ်လှုပ်ရှားစရာဖြစ်တတ်တဲ့ ချစ်ခြင်းအစတွေမှာ များသူကြားသူ မသိနိုင်သေးတဲ့ အရေးကြီးဆုံးအရာတစ်ခုက ဒီ level gap ဖြစ်တတ်ပါတယ်။

အချစ်စတင်ချိန်မှာတော့ မည်သူမဆို နားလည်မှု၊ ကိုက်ညီမှုတွေပဲ မြင်မြင်သာသာ ဖြစ်တတ်ကြပါသလား။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ၊ စဉ်းစားမှုတွေ၊ တန်ဖိုးထားမှုတွေ၊ နေထိုင်ပုံစရိုက်တွေက တဖြည်းဖြည်း မတူကွဲပြားလာပါတယ်။ ထိုအချိန်မှစပြီး Relationship တစ်ခုဟာ စမ်းသပ်ခံနေရတဲ့အချိန်တန်ပါပြီ။

🫶🏻ဉာဏ်တူဖော် ရှိမရှိက တည်တံ့မှုကို သက်သေပြတတ်သည်

ချစ်ခြင်းဆိုတာ သံသယမဲ့ခြင်း၊ နားလည်မှု၊ အပြန်အလှန်ပေးဆပ်မှုနဲ့ တည်ထောင်ထားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ ဉာဏ်တူဖော် ဆိုတဲ့အဓိပ္ပါယ်ကတော့ ကိုယ့်စဉ်းစားပုံ၊ ကိုယ့်အမြင်၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေနဲ့ ကိုက်ညီတဲ့သူတစ်ဦးကို ရွေးချယ်ခြင်းပါ။

ဉာဏ်ရည်မတူတဲ့ Relationship မှာ ဘယ်အချစ်ကပင် တည်တံ့နိုင်ပါ့မလဲ။တစ်ဖက်က မျှော်လင့်ချက်နဲ့ တက်ကြွနေချိန်မှာ၊ တစ်ဖက်က ယနေ့ကလေးနဲ့ပျော်နေတယ်ဆိုရင် အနာဂတ်မှာ ပျက်ခြင်းတစ်ခုဖြစ်မယ် ဆိုတာ မကြာခင် ပြသလာပါတယ်။

တူတဲ့ Vision ရှိတဲ့သူတွေထဲမှာပဲ အချစ်က ပျော်စရာလည်း ဖြစ်နိုင်တယ်။တူတဲ့ IQ, EQ, CQ ရှိတဲ့ဖော်နဲ့ပဲ ဆုံးဖြတ်ချက်တွေကို အတူညီညွတ်ဖန်တီးနိုင်တယ်။
နားလည်မှုရှိမှပဲ နုနယ်တဲ့ခံစားချက်တွေကို တောင်းဆိုခြင်းမလိုပဲ အချင်းချင်းသိနိုင်ပါတယ်။

🫶🏻တိတိကျကျအမြင်မတူရင် ချစ်ခြင်းက ခဏတာဖြစ်သွားတတ်တယ်

ပျော်ရွှင်စရာချစ်ခြင်းရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့ level difference တစ်ခုက အမြဲလှန်လှန်နေရပါတယ်။ မတူတဲ့စိတ်ထား၊ မတူတဲ့သဘောထား၊ မတူတဲ့ Vision တွေကြားထဲမှာ တစ်ဖက်တည်းကသာ “နားလည်စေဖို့” ကြိုးစားနေရင် တစ်ချိန်မှာတော့ စိတ်ကုန်လာပါတယ်။

တစ်ဖက်က “ဘာဖြစ်လဲ မသိဘူး” ဆိုတာနဲ့ပဲနားလည်မှုက ပြတ်တောက်သွားတာပါ။
တစ်ဖက်က သိလာဖို့ ကြိုးစားခြင်းမရှိတော့တဲ့အခါမှာတော့ “ချစ်ခြင်း” ဆိုတဲ့စကားလုံးဟာပင် ဝန်လေးလာပါတယ်။

Relationship တစ်ခုမှာ တစ်ဖက်တည်းကသာ အမြဲရှင်းပြနေရင်၊ တစ်ဖက်ကသာ ကြိုးစားနေရင် ငြင်းခုံမှုနဲ့ ဝေးကွာမှုဟာ တော်တော်ကြာစွာ မေ့လျော့ထားမရတဲ့ အဖြစ်အပျက်ဖြစ်လာနိုင်ပါတယ်။

🫶🏻မျှတမှုမရှိတဲ့နေရာမှာ ချစ်ခြင်း မတည်နိုင်

Relationship တစ်ခုကို ပိုင်ဆိုင်ခြင်းထက် တူညီမှုနဲ့ ငြိမ်သက်မှုက ပိုအရေးကြီးပါတယ်။ ချစ်ခြင်းတစ်ခုမှာ ဉာဏ်တူဖော် ရှိဖို့အရေးကြီးတယ်ဆိုတာက ချစ်ခြင်းတရားကို “တည်တံ့မှုနဲ့တည်ဆောက်ချင်တဲ့” စဉ်းစားမှုပါပဲ။

မျှတမှုမရှိတဲ့ချစ်ခြင်းတစ်ခုမှာ တစ်ဖက်တည်းက နည်းနည်းနဲ့ လှန်ထုပ်ရတဲ့အခြေအနေတွေ ပျောက်မသွားနိုင်ပါဘူး။

တစ်ဖက်က တတ်နိုင်သလောက် ကြိုးစားနေရင်းနဲ့ တစ်ဖက်က မသိချင်၊ မနားလည်ချင်တော့ဘူးဆိုရင်… ချစ်ခြင်းက စိတ်ပင်ပန်းစေတဲ့အရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။

🫶🏻တကယ်တန်ဖိုးရှိတာက ဉာဏ်တူဖော်

ပျော်ရွှင်မှုရဖို့၊ စကားမပြောလည်း နားလည်နိုင်ဖို့၊ အနာဂတ်တူတူကြည့်နိုင်ဖို့… ဒီအရာတွေအားလုံးအတွက် ဉာဏ်တူဖော် ဆိုတာ အခြေခံဖြစ်ပါတယ်။

မတူတဲ့သူနဲ့လည်း ချစ်နိုင်တယ်၊ သည်းခံနိုင်တယ် ဆိုတာ သဘောထားကောင်းမှုပါပဲ။ ဒါပေမဲ့ တည်တံ့မှုလိုချင်တယ်ဆိုရင် တူတဲ့ Mindset, တူတဲ့ Vision, တူတဲ့ စဉ်းစားမှုလိုပါတယ်။

🫶🏻ချစ်ခြင်းက IQ, EQ, CQ တူတဲ့ဖော်နဲ့ပဲ စဉ်ဆက်မပြတ် တည်တံ့နိုင်တယ်။

ဒီအရာက စိတ်ထဲကပဲ မဟုတ်ဘူး ဘဝလမ်းကြောင်းတစ်ခုလုံးကို ညှိတယ်၊ ကိုက်ညီတယ်၊ အတူရုန်းကန်တယ် ဆိုတာနဲ့အတူ ဖြစ်နိုင်တာပါ။

အချစ်အတွက် ချစ်တာတင်မလုံလောက်တော့တဲ့အခါ၊ ဉာဏ်ရည်တူဖော် ရှိဖို့လိုလာပါတယ်။အတူဘဝတစ်လျှောက် လျှောက်ချင်တဲ့လမ်းပေါ်မှာ တူညီတဲ့ စဉ်းစားမှုရဲ့ဖော်ရှိမှပဲ ချစ်ခြင်းတစ်ခုက တန်ဖိုးရှိလာတာပါ။

Kh,John(Hantharwaddy )

လူတယောက်ရဲ့သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ1 လိုချင်တာတွေရပြီးတဲ့အခါသရုပ်မှန်ပေါ်လာလေ့ရှိတယ်2 သူလိုချင်တာတွေမရနိုင်ဖူ...
07/25/2025

လူတယောက်ရဲ့
သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ

1 လိုချင်တာတွေရပြီးတဲ့အခါ
သရုပ်မှန်ပေါ်လာလေ့ရှိတယ်

2 သူလိုချင်တာတွေမရနိုင်ဖူးဆိုတာ
သေချာသွားတဲ့အချိန်မှာလည်း
လူတယောက်ရဲ့ သရုပ်မှန်ပေါ်လာလေ့ရှိတယ်

အဲ့ဒါကြောင့်
အထက်ကအခြေနေနှစ်ခုနဲ့မကြုံရမချင်း

လူတယောက်ရဲ့စကားတွေကိုလည်း အယုံမစောနဲ့.
လုပ်ရပ်တွေကိုလည်း အကြည့်မစောနဲ့
အမူအယာတွေကိုလည်း အကြွေမစောနဲ့

အချိန်မကျသေးပဲ စိုက်တဲ့အပင်က
ဘယ်တော့မှအသီးမသီးသလို

အချိန်မကျသေးပဲခူးတဲ့အသီးကလည်း
ဘယ်တုန်းကမှ အရသာရှိရိုး ထုံးစံမရှိခဲ့ဖူး...။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

🌪 "သင်ကျရှုံးချိန်မှာ ဘယ်သူမှမလာပါဘူး" – တကယ်အမှန်ပါ။တစ်ခါတလေမှာတော့ ကိုယ့်ဘဝထဲက တစ်စုံတစ်ယောက်ကို လုံးဝယုံကြည်ခဲ့ဖူးကြလ...
07/25/2025

🌪 "သင်ကျရှုံးချိန်မှာ ဘယ်သူမှမလာပါဘူး" – တကယ်အမှန်ပါ။

တစ်ခါတလေမှာတော့ ကိုယ့်ဘဝထဲက တစ်စုံတစ်ယောက်ကို လုံးဝယုံကြည်ခဲ့ဖူးကြလိမ့်မယ်။
ကိုယ့်က ပေးကမ်းခဲ့ဘူးတာမျိုးတွေကိုလည်း တန်ဖိုးထားလိမ့်မယ်လို့ ထင်ခဲ့ဖူးကြမယ်။
ဒါပေမယ့် တကယ်တမ်းကတော့ အောင်မြင်တဲ့အချိန်မှာပဲ လူတွေလာကြတာပါ။
ကျရှုံးတဲ့အချိန်မှာတော့… လူတွေက တိတ်တိတ်လေး အနားကမသိမသာ ထွတ်သွားကြမယ်။

ဒီနေ့ဖတ်မယ့် စာက သင့်တွက်တကယ်လိုအပ်တဲ့ သတိပေးချက်တစ်ခုဆိုလည်း မမှားပါဘူး။
သင့်နေနဲ့ ကိုယ့်ဘဝကို တန်ဖိုးထားဖို့ သိသင့်လာချိန်ပဲလို့ ဆိုရမှာပါ။ 🕯️

1️⃣ မျှော်လင့်မှုနဲ့ အမှောင်ဘက်ခြမ်း။ 💭

လူတော်တော်များများ "ကျရှုံးချိန်မှာ လူတွေလာကူကြလိမ့်မယ်" လို့ထင်တတ်ပါတယ်။
ဒါက မျှော်လင့်မှုသက်သက်တော့လည်း မဟုတ်ပါဘူး။
ပေးကမ်းခဲ့ဘူးလို့ လူသားဆန်ဆန် ပြန်မျှော်လင့်မိတာမို့ မလွန်ပါဘူး။
ဒါပေမယ့် ဒါက ...Fake Hope နဲ့ပြုလုပ်ထားတဲ့ အိပ်မက်တစ်ခုသာသာပါပဲ။
တကယ်တော့ လူတွေက သူတို့ရဖို့အတွက်သာ သင့်ဆီကို ဝိုင်းလာနေကြတာပါ။
သင့်ရဲ့အောင်မြင်မှု မရှိတော့ရင် သင့်ကိုလူပိုကြီးအဖြစ် ခွဲခြားသတ်မှတ်ကြလိမ့်မယ်။ 😔

2️⃣ မွဲကြည့်လိုက်ပါ… အဖြေမှန်ကို တွေ့ရလိမ့်မယ်။ 🔍

"မင်းဘာလဲဆိုတာ သိချင်ရင် တစ်ခါလောက်တော့ မွဲကြည့်လိုက်ပါ။"တဲ့။
သင်အနစ်နာဆုံးအချိန်၊ ကျရှုံးချိန်မှာ ဘယ်သူလာဖြစ်မလဲဆိုတာ…သိရတာပါ။
အောင်မြင်တဲ့အချိန်မှာ သင့်ကို အားလုံးရဲ့ "သူငယ်ချင်း" အဖြစ် လက်ခံထားကြမယ်။
ကျရှုံးတဲ့အချိန်မှာတော့ သူတို့အတွက်"သတိတရ မရှိတော့နိုင်တဲ့" လူပ်ိုတစ်ယောက်ပါပဲ။ 👁️‍🗨️

3️⃣ ပေးခဲ့ဘူးတယ် VS ပြန်ပေးခြင်းမခံရတဲ့သူ။ 😿

ဘဝတလျှောက်လုံးမှာ ကိုယ်ပေးခဲ့ဘူးတဲ့ အရာများစွာ ရှိကြလိမ့်မယ်။
ချစ်ခြင်းမတ္တာတွေ၊ အချိန်တွေ၊ ငွေကြေးတွေ၊ ကူညီပံ့ပိုးမှုတွေ စသည်ဖြင့်ပေါ့။
ဒါပေမယ့် လူတော်တော်များများက မျှတမှု၊ ကျေးဇူးတရားကို မသိကြပါဘူး။
ပေးတုန်းက ရသလောက်ယူကြမယ်။
ပြန်ပေးဖို့ဆိုတော့ မသိမသာနဲ့ တိတ်တိတ်လေး ဖြစ်သွားကြတယ်။ 🤷

4️⃣ ကျရှုံးချိန်က လူ တွေရဲ့အကြောင်းကို ထဲထဲဝင်ဝင် သိလာရမယ်။ 🤹

ကိုယ်ပေးကမ်းထားခဲ့ဘူးတဲ့ တစ်ယောက်ယောက်ကို ယုံမိနေရင်တော့ –
ဒါက အမှားအကြီးကြီးကို လက်ခံထားမိတာပါပဲ။
ကိုယ်ကပြိုလဲချိန်မှာ တစ်စုံတစ်ယောက် သင့်ကိုမခေါ်ယူနိုင်ပါဘူး။
ကိုယ်ကခေါ်မိရင်လည်း မကြားသလို၊ သတိမမူမိသလို ဆက်ဆံခံရမှာပါ။
အဲဒီအချိန်က စစ်မှန်တဲ့ ဘဝလောကဓံရဲ့ စမ်းသပ်မှုစစ်စစ်ပါပဲ။ 🔥

5️⃣ မျိုးစေ့ကောင်းပေမဲ့လည်း မြေမကောင်းရင်…ဘာပင်မှမဖြစ်ထွန်းနိုင်ပါဘူး။🌱

ကိုယ့်ရဲ့ လူတွေအပေါ်မှာ ထားခဲ့တဲ့ရည်ရွယ်ချက်က တကယ်တန်ဖိုးရှိပါတယ်။
ကိုယ်စိုက်ပျိုးခဲ့တဲ့ စေတနာစကားသံတွေ၊ ကူညီခဲ့ဘူးတဲ့ အထောက်အပံ့တွေ၊
ဆွဲထူမြှင့်တင်ပးခဲ့ဘူးတဲ့ လက်တစ်စုံစသည်ဖြင့် ...မျိုးစေ့ကောင်းတွေအဖြစ်ပါ။
ဒါပေမယ့် မြေမကောင်းရင် – ဘာအပင်မှ ပေါက်မလာနိုင်ပါဘူး။
ရေမရရင်၊ ရာသီဉတုမကောင်းရင် – ဖူးမလာနိုင်ပါဘူး။

လူမှားပြီး ကူညီပေးကမ်းဘူးရင်တော့ ဘာမှမမျှော်လင့်တာ အကောင်းဆုံးပါ။
သင်တကယ်ကျရှုံးရင် သူတို့မလာနိုင်ပါဘူး။
ဒီလိုပါပဲ ကိုယ်ကူညီဘူးသူက အမြင်မကောင်းရင်တော့လည်း –
သင့်အနေနဲ့ အကောင်းဆုံး ကြိုးစားပေးခဲ့ရင်တောင် မှားနေသလိုခံစားရလိမ့်မယ်။ 🌧️

6️⃣ ကိုယ့်ကိုယ်ကိုသာ အားကိုးလက်ခံရာပါ။ 💪

အားကိုးရာ အခြားလူတစ်ဦးထက်ပိုပြီး ကိုယ့်ကိုယ့်ကို ပိုမိုယုံကြည်နိုင်ဖို့ လိုပါတယ်။
တစ်ချိန်တုန်းက ချစ်ခဲ့ဘူးသူ မှန်သမျှက ကိုယ့်အတွက်ဆိုတာ မဖြစ်နိုင်လို့ပါ။
ကိုယ့်အတွက် ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ စိတ်ထဲထားဖို့ မတွေးပါနဲ့။
တစ်ယောက်တည်းနဲ့ လမ်းဖြစ်အောင် ရအောင်သာဖောက်ပါ။

7️⃣ စုဆောင်းဖို့ အချိန်ကောင်းကို လက်မလွှတ်မိပါစေနဲ့။ 💼

အလုပ်အဆင်ပြေတဲ့ အချိန်မှာ ပေါပေါပဲပဲ မသုံးဖြုန်းမိပါစေနဲ့။
ဒါက စုဆောင်းဖို့အချိန်ကောင်းပါ၊ အမြဲတမ်းအဆင်ပြေဖို့ဆိုတာ မသေချာပါဘူး။
အောင်မြင်ချိန်မှာမှ စုစုဆောင်းဆောင်း မလုပ်နိုင်ခဲ့ရင်…
မနက်ဖြန်မှာ သိမ်ငယ်တာတွေကို ကြုံတွေ့ကြရလိမ့်မယ်။
သိမ်ငယ်တဲ့အချိန်မှာ "တောင်းပန်ခြင်း" ထက် — "ကြိုတင်ပြင်ဆင်မှု" ကသာ တန်ဖိုးရှိပါတယ်။

8️⃣ မျှော်လင့်မှုအစား… ကြိုးစားမှုကို အာရုံစိုက်ပါ။🛠️

လူတွေက သင့်ဆီက ရစရာမရှိတော့ရင် အလေးမထားတော့ပါဘူး။
အချစ်တကယ်လိုချင်ရင်တော့ — ကိုယ့်ကိုယ်ကိုသာ ချစ်နိုင်အောင် ကြိုးစားပါ။
ဘာအထောက်အပံ့မှ မျှော်လင့်မနေဘဲ – ကိုယ့်လက်နဲ့သာ ဖန်တီးရယူပါ။
ကြိုတင်ပြင်ဆင်ထားနိုင်ရင် ကောင်းမွန်တဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ပါတယ်။
ဒါ့ကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်ကိုယ်ကိုပဲ ယုံကြည်ပါ။ 🛤️

9️⃣ အဆင်ပြေချိန်မှာ စနစ်တစ်ခုချဖို့ မမေ့ပါနဲ့။ 🔗

ကိုယ်တိုင်က အားမရှိတော့တဲ့နေ့ – ကိုယ့်ဘက်က နိမ့်ကျသွားရင် ...
ငွေမရှိတော့ရင် ဆုံးရှုံးမှု ပိုကြီးမားလိမ့်မယ်။
ဒါကို ကာကွယ်ဖို့အတွက် မဖြစ်မနေ ကိုယ့်ဘက်က တည်ငြိမ်မှုလိုပါတယ်။
မပြည့်စုံရင် ဘဝသိမ်ငယ်ရမယ်၊ ဝန်းနည်းရမယ်၊ စိတ်အားငယ်ရမယ်။
အဆင်ပြေချိန်မှာ တော်ရုံတန်ရုံနဲ့ မပြိုလဲနိုင်တဲ့ စနစ်ကောင်းတစ်ခုကို တည်ဆောက်ထားပါ။ 🧱

🔟 ကိုယ့်ကိုယ်ကို အသိတရားကို လက်မလွှတ်လိုက်ပါနဲ့။ 🧘

လောကမှာ ယုံကြည်မှုဆိုတာ လူတော်များများ မရှိကြပါဘူး။
လောကမှာ ကိုယ့်အတွက် တကယ်အားထားရမယ့်သူက ကိုယ်တိုင်ပါပဲ။
ကိုယ်တိုင်ကောင်းနေမှ – ပြန်ထလာနိုင်မယ်။
တစ်ယောက်ယောက်ကို မျှော်ကိုးမိရင်တော့ ဘယ်တော့မှ ပြန်ထရပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
တကယ်အဆင်မပြေတဲ့နေ့ကို တစ်ယောက်တည်းရင်ဆိုင်ဖို့အတွက်… ကိုယ့်ကို အားထားထားပါ။ 🖤

◾တကယ်တော့ ဘယ်သူကမှ သင့်ဘဝအတွက် တာဝန်မယူကြပါဘူး။
အားလုံးက ကိုယ့်ရဲ့အခြေအနေကိုသာ အလေးထားတတ်ကြတာပါ။
ဒါကြောင့် ကိုယ့်အနေနဲ့ စနစ်တကျ စုဆောင်း၊ စီမံခန့်ခွဲဖို့က အရေးကြီးဆုံးပါ။
ကိုယ်ကပြိုလဲချိန်မှာ တကယ်ဖမ်းပေးနိုင်သူက ကိုယ်တိုင်ပါပဲ။
ဘယ်တော့မှ ကိုယ့်ကိုယ်ကိုထက် ပိုနားလည်နိုင်တဲ့သူ လောကမှာ မရှိပါဘူး။
ကိုယ့်အားနဲ့ ကိုယ်တိုင်ကမ္ဘာကို ပြန်ဖန်တီးဖို့… ဒီနေ့ကစတင်ဖို့ ပြောချင်ပါတယ်။ 🌱💪

အခုစာဖတ်နေသူအတွက် –
သင့်ဘဝက တစ်ယောက်တည်း ဖြစ်လာနိုင်တယ်ဆိုတာကို…
စိတ်ထဲအနားယူနိုင်မယ့်အထိ သတိတရဖို့ပါ။ 🤍

> “လူတွေက မင်းအားလိုချင်တဲ့အချိန်မှာပဲ လာကြမယ်…
မင်းအားနည်းတဲ့အချိန်မှာတော့ ငြိမ်သွားကြလိမ့်မယ်။
ကိုယ့်အနေနဲ့ – စွမ်းရည်ရှိတုန်း စုဆောင်းထားပါ။
မျှော်လင့်မှုထက် ကြိုးစားမှုကိုပဲ ယုံကြည်ထားပါ။”

ချစ်ခြင်းများစွာဖြင့်။

ပါမောက္ခ ဒေါက်တာစိုင်းနော်ဂျာ
မြန်မာ့မဟာဗျူဟာတက္ကသိုလ်(MSU)
Thursday. July. 24. 2025

Address

Washington D.C., DC

Alerts

Be the first to know and let us send you an email when Si Thu Moe Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share