Eain Japanese

Eain Japanese Interview Tips/ Vocabs Sharing/ 雑談(Japanese Speaking)_ 品よく見せる日本語

🌹“言葉の影響力”🌹(ことばのえいきょうりょく)✨စကားလုံးတွေမှာလွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာကျမတို့အားလုံး လက်ခံထားတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။...
02/03/2026

🌹“言葉の影響力”🌹
(ことばのえいきょうりょく)

✨စကားလုံးတွေမှာလွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာ
ကျမတို့အားလုံး လက်ခံထားတဲ့အမှန်တရားတစ်ခု
ဖြစ်ပါတယ်။

✨အဲ့အကြောင်းကို ကိုယ်တွေ့ဥပမာလေးနဲ့ပြောကြည့်ချင်လို့ပါ။
ဘာရယ်မဟုတ်ဘူး သေးသေးမွှားမွှား
「くだらないこと」ဆိုပေမယ့်လည်း
နေ့စဉ်ဘဝကို ထိခိုက်မှုတွေရှိခဲ့ဖူးတယ်။

🔳တက္ကသိုလ်တက်တုန်းက
Bruno Mars ရဲ့ The Lazy Song ကအရမ်းခေတ်စားပြီးတော့ ကို အရမ်းကြိုက်ခဲ့ပါတယ်။

♪ Today I don’t feel like doing anything〜
♪ I just wanna lay in my bed〜

နေ့တိုင်း နားထောင်နေတော့ ဘာဖြစ်လာလဲ သိလား?

အပြင်ထွက်စရာ မရှိတဲ့နေ့ဆိုရင်
တကယ်ပဲ တစ်နေ့လုံး အိပ်ယာထဲမှာပဲ နေနေတတ်လာခဲ့တယ် 😂

အစက ဟာသလိုပဲ ထင်ခဲ့ပေမယ့်
နောက်ပိုင်းမှာ အဲဒါက “ပုံမှန်” ဖြစ်သွားတယ်။ ဘာမှမလုပ်တော့ဘူး။

🔳ပြီးတော့ ဂျပန်ကို ရောက်လာတဲ့အချိန်မှာ
“右も左もわからない” လို့ ကိုယ့်ကိုယ်ကို cover ယူတဲ့မနေနဲ့ မကြာခဏ ပြောဖြစ်ခဲ့တယ်။

ပြောဖန်များလာပြီး သတိထားမိတဲ့အခါမှာ
တကယ်ပဲ ဘယ်ဘက်နဲ့ ညာဘက်ကို မသေချာ၊ မရေရာဖြစ်သွားတယ် 😂
စဉ်းစားပြီးပြောလေ မှားလေဘဲ😂
အဲဒီအချိန်မှာ နားလည်သွားခဲ့တယ်။

言葉はただの音ではない
စကားလုံးဆိုတာ အသံတစ်ခုတည်း မဟုတ်ဘူး။

毎日言ってるとそれが自分になってしまう。
နေ့တိုင်းပြောနေရင် အဲ့ဒီစကားတွေဟာ ကိုယ်ကိုယ်တိုင်ဖြစ်လာတယ်။

ဒါကြောင့် အခုတော့
「無理」မဖြစ်နိုင်ဘူးလို့ ပြောမယ့်အစား
「まだ途中」ကြိုးစားနေတုန်း လမ်းခုလပ်လို့
ပြောင်းပြောနိုင်အောင် လေ့ကျင့်ကြမယ်။

「できない」မလုပ်နိုင်ဘူးလို့ ပြောမယ့်အစား
「やってみる」
“စမ်းလုပ်ကြည့်မယ်” လို့ ပြောင်းပြောကြည့်ကြမယ်။

ကျမတို့ အမှတ်ရနေဖို့
ကိုယ့်ပြောတဲ့စကားကို အများဆုံး ကြားနေရသူက ကိုယ်တိုင်ဆိုတာဘဲ။
ဆိုတော့
ဒီနေ့ ကျမတို့တွေ ကိုယ့်ကိုယ်ကို ဘယ်လိုစကားတွေပြောကြမလဲ? ✨

Eain Japanese
品よく見せる日本語
3 Mar 26

「裏目に出る(うらめにでる)」ဆိုတာ ဘာလဲ?ပထမဆုံး ကြည့်ရင်「裏(うら)」= နောက်ဘက်「目(め)」= မျက်လုံး「出る(でる)」= ထွက်လာသည်အဲ့ဒါနဲ့ဆိုရင်…“နောက်ဘက်က ...
02/03/2026

「裏目に出る(うらめにでる)」ဆိုတာ ဘာလဲ?

ပထမဆုံး ကြည့်ရင်
「裏(うら)」= နောက်ဘက်
「目(め)」= မျက်လုံး
「出る(でる)」= ထွက်လာသည်

အဲ့ဒါနဲ့ဆိုရင်…
“နောက်ဘက်က မျက်လုံး ထွက်လာတယ်”
လို့ ထင်မိမလား?
ဒါမှမဟုတ်
“မျက်လုံးကို ပြောင်းပြန် ထုတ်ပြတာလား?”
လို့လည်း စဉ်းစားမိနိုင်ပါတယ်။

🔥ဒါပေမယ့် အဲ့ဒီလို တိုက်ရိုက်အဓိပ္ပါယ် မဟုတ်ပါဘူး။

✅အမှန်တကယ် အဓိပ္ပါယ်

「裏目に出る」 ဆိုတာက
👉 ကိုယ်က ကောင်းစေချင်လို့ လုပ်လိုက်တဲ့အရာ
👉 အကူအညီဖြစ်စေချင်လို့ ပြောလိုက်တဲ့စကား
👉 အောင်မြင်မယ်ထင်ပြီး ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်

ဒါတွေက
ပြောင်းပြန် ဆိုးကျိုးဖြစ်သွားတာ
ကိုယ့်ကိုယ်ကို ထိခိုက်သွားတာ
ကို ပြောတာပါ။

မြန်မာလိုဆိုရင်
“ကောင်းဖို့လုပ်တာ ဆိုးသွားတယ်”
“အကောင်းလုပ်လိုက်တာ အပြစ်ဖြစ်သွားတယ်”
လိုမျိုးပါ။

📌 由来(မူလအစ)

ဒီစကားလုံးဟာ ဂျပန်ရဲ့ အဟောင်းကစားပွဲတစ်ခုဖြစ်တဲ့
将棋(しょうぎ) ကနေလာတာပါ။

将棋 မှာ
駒(こま)တွေမှာ ရှေ့ဘက်နဲ့ နောက်ဘက်ရှိပါတယ်။
တချို့駒တွေကို လှန်လိုက်ရင် (裏面ကို ပြောင်းလိုက်ရင်)
ပိုအားကောင်းသွားတတ်ပါတယ်။

ဒါပေမယ့်…
တခါတလေ
ကိုယ်က အနိုင်ရမယ်ထင်ပြီး လှန်လိုက်တာက
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ပြန်ထိခိုက်စေတတ်ပါတယ်။

အဲ့ဒီလို
👉 အနိုင်ရမယ်ထင်ပြီး လုပ်လိုက်တာ
👉 ပြောင်းပြန် ဆုံးရှုံးသွားတာကို

「裏目に出る」 လို့ ခေါ်လာတာပါ။

例:

・彼を助けようとして言った言葉が裏目に出た。
→ ကူညီချင်လို့ ပြောလိုက်တဲ့စကားက ပြသနာဖြစ်သွားတယ်

・節約のために安い物を買ったけど、すぐ壊れて裏目に出た。
→ ချွေတာချင်လို့ စျေးပေါတာဝယ်လိုက်တာ၊ ချက်ချင်းပျက်သွားပြီး နောက်ဆုံး ပိုကုန်သွားတယ်။

✨ဆိုတော့ကာ
「裏目に出る」 ဆိုတာ
နောက်ဘက်က မျက်လုံး ထွက်လာတာ မဟုတ်ဘူး
ကောင်းစေချင်လို့ လုပ်တာက ပြောင်းပြန် ဆိုးကျိုးဖြစ်သွားတာ ကို ပြောတာပါ။

တခါတလေ ဘဝမှာလည်း
အရမ်းစိတ်ရင်းစေတနာကောင်းနဲ့
ကောင်းမယ်ထင်လို့လုပ်လိုက်မိတဲ့အရာတွေက
အခြေအနေတွေကို ပိုဆိုးရွားစေတတ်တာမျိုးလည်းရှိတော့
အဲ့လိုဖြစ်လာတဲ့အခါမျိုးမှာ
ဒီစကားလုံးလေးသုံးကြည့်ပေါ့✨

Eain Japanese
品よく見せる日本語
3 Mar 26

🔥虫の居どころが悪い🔥(むしのいどころがわるい)အကြောင်းမရှိပဲ စိတ်မကောင်းဖြစ်နေတာ၊ စိတ်တိုနေတာကို ဆိုလိုပါတယ်။✅由来(မူလအဓိပ္ပါယ်)ရှေးခေတ်ဂျပန်လူတ...
01/03/2026

🔥虫の居どころが悪い🔥
(むしのいどころがわるい)

အကြောင်းမရှိပဲ စိတ်မကောင်းဖြစ်နေတာ၊ စိတ်တိုနေတာကို ဆိုလိုပါတယ်။

✅由来(မူလအဓိပ္ပါယ်)

ရှေးခေတ်ဂျပန်လူတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာ 「虫(むし)」 လို့ခေါ်တဲ့ မမြင်နိုင်တဲ့ အရာလေးတွေ ရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ပြီးတော့အဲ့ဒီ “虫” က လူရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တယ်လို့ ထင်မြင်ကြတယ်။

ဒါကြောင့်
「虫の居どころが悪い」ဆိုတာဟာ
👉 ခန္ဓာကိုယ်ထဲက “虫” ရဲ့ နေရာ (居どころ) မကောင်းဘူး
👉 အဲ့ဒီကြောင့် စိတ်မကောင်းဖြစ်နေတယ်

ဆိုတဲ့ အယူအဆကနေ ပေါ်လာတာပါ။

📝 လက်ရှိအသုံးပြုပုံ

အခုခေတ်မှာတော့ အမှန်တကယ် ပိုးကောင်ရှိတယ်လို့ မဆိုလိုတော့ပါဘူး။

✔ အကြောင်းမရှိပဲ စိတ်တိုနေတာ
✔ စိတ်မကြည်မသာဖြစ်နေတာ
✔ မုဒ်မကောင်းတာ

တွေကို ဆိုလိုချင်တဲ့အခါ သုံးပါတယ်။

📌 例:
今日は虫の居どころが悪いみたい。
ဒီနေ့ စိတ်ရှုပ်နေတဲ့ပုံဘဲ။

Eain Japanese
品よく見せる日本語
1 Mar 26
#大人の語彙力ノート




🔥尊敬語ပြောင်းနည်း၂🔥✅V1れる/ V2られる✨V1အုပ်စုအတွက်ဆိုရင် れるပုံစံပြောင်းပါ例:山田さんは14:00に帰られます。ယမဒ စံ ကညနေ၂ နာရီ ပြန်ပါမယ်။ ✨V2အုပ...
01/03/2026

🔥尊敬語ပြောင်းနည်း၂🔥

✅V1れる/ V2られる

✨V1အုပ်စုအတွက်ဆိုရင် れるပုံစံပြောင်းပါ
例:山田さんは14:00に帰られます。
ယမဒ စံ ကညနေ၂ နာရီ ပြန်ပါမယ်။

✨V2အုပ်စုအတွက်ဆိုရင် られるပုံစံပြောင်းပါ

例:今日は山田先生が教えられます。
ဒီနေ့ကတော့ ယမဒစံက သင်ပေးပါမယ်။

Eain Japanese
品よく見せる日本語
1Mar26

#大人の語彙力ノート

Eain ဆိုတာ သူပါ🥰
28/02/2026

Eain ဆိုတာ သူပါ🥰

🔥尊敬語ပြောင်းနည်း ၁🔥敬語ရဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့ 尊敬語(そんけいご)ကိုဆိုတာကိုဘယ်လိုသုံးရမလဲတဖက်လူရဲ့ အပြုအမူ၊ ဖြစ်တည်မှု၊ အခြေအနေ...
26/02/2026

🔥尊敬語ပြောင်းနည်း ၁🔥

敬語ရဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့ 尊敬語(そんけいご)ကိုဆိုတာကိုဘယ်လိုသုံးရမလဲ

တဖက်လူရဲ့ အပြုအမူ၊ ဖြစ်တည်မှု၊ အခြေအနေကို
မြှင့်တင်ပြောဆိုခြင်းအားဖြင့် လေးစားသမှုကိုဖော်ပြတဲ့ စကားအစုံးအနှုန်းကို 尊敬語လို့ခေါ်တယ်။

🌹အပြုအမူ(verb)

✨お+(V)+になる
 例:田中さんがお休みになる。
  တနကစံ နား(အိပ်)တော့မယ်

   田中さんがお帰りになる。
   တနကစံ ပြန်တော့မယ်

ဒီနေရာမှာ なるကို なりますဆိုပြီး ますပုံပြောင်းသုံးရင် ပိုပြီးယဉ်ကျေးစေတဲ့အတွက် なりますဆိုပြီး သုံးပေးဖို့ အားပေးပါတယ်။

Eain Japanese
品よく見せる日本語
26Feb 26
#大人の語彙力ノート





#ビジネス日本語

23/02/2026

လူက ဂူဂါပြီး အသစ်မရိုက်နိုင်လို့
အရင်ကတင်ထားတာလေးဘဲ ပြန်တင်မယ်

🔥相対てきに🔥(そうたいてきに)တခြားနဲ့ယှဉ်ရင် ဆိုတဲ့အဓိပ္ပါယ်ပါほかにくらべて ဆိုပြီးတော့လည်းပုံမှန်ပြောလေ့ရှိကြပါတယ်  စကားလုံးတမျိုးတည်းကိုဘ...
23/02/2026

🔥相対てきに🔥
(そうたいてきに)
တခြားနဲ့ယှဉ်ရင် ဆိုတဲ့အဓိပ္ပါယ်ပါ

ほかにくらべて ဆိုပြီးတော့လည်းပုံမှန်ပြောလေ့ရှိကြပါတယ်

စကားလုံးတမျိုးတည်းကိုဘဲထပ်ခါတလဲလဲ အသုံးပြုတဲ့အခါ စကားမကြွယ်တဲ့ imageဖြစ်စေတာမို့
အဓိပ္ပါယ်တူ စာလုံးကွဲတွေသုံးကြည့်ဖို့လည်း
အကြံပေးချင်ပါတယ်

Eain Japanese
品よく見せる日本語
23Feb 26

敬語 အမျိုးအစားများ① 尊敬語(そんけいご)တဖက်သူ(聞き手:နားထောင်တဲ့သူ)ရဲ့ အပြုအမူ၊ အရာဝတ္တု၊ ဂုဏ်သတ္တိ စတာတွေကို လေးစားမှုဖော်ပြတဲ့ အသုံ...
23/02/2026

敬語 အမျိုးအစားများ

① 尊敬語(そんけいご)
တဖက်သူ(聞き手:နားထောင်တဲ့သူ)ရဲ့ အပြုအမူ၊ အရာဝတ္တု၊ ဂုဏ်သတ္တိ စတာတွေကို လေးစားမှုဖော်ပြတဲ့ အသုံးအနှုန်း

② 謙譲語(けんじょいご)
မိမိ(話し手:စကားပြောသူ)ရဲ့ အပြုအမူ ကို နှိမ့်ချခြင်းအားဖြင့် တဖက်လူ(聞き手:နားထောင်တဲ့သူ)အား လေးစားမှုပေးတဲ့ အသုံးအနှုန်း
သူ့မှာ (Ⅰ )(II)ဆိုပြီး ၂ မျိုးထပ်ခွဲလို့ရသေးတယ်။
နားထောင်တဲ့သူတစ်ယောက်တည်းနဲ့တိုက်ရိုက် သက်ဆိုင်တဲ့အပြုအမူမျိုးဆိုရင် (Ⅰ)
謙譲語(Ⅰ)
例:🌱山田先生、わたくしが校内をご案内します。

နားထောင်တဲ့သူနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ အပြုအမူမျိုးမဟုတ်ရင် (Ⅱ)
謙譲語(Ⅱ)
例:🌱私は 田中と申します。
  
  🌱午後3:00ごろに御社に伺います。

③ 丁寧語(ていねいご)
တဖက်လူနဲ့ဆက်ဆံတဲ့အခြေအနေ၊ အနေအထား တွေကို မပျက်ယွင်းရအောင် စိတ်ကသိကအောက်မဖြစ်ရအောင်သုံးတဲ့ ယဉ်ကျေးတဲ့အသုံးအနှုန်း
ပုံမှန်အားဖြင့် (です/ます)ကိုသုံးကြတယ်

④美化語(びかご)
စကားပြောသူရဲ့ အဆင့်အတန်း၊ ယဉ်ကျေးသိမ်မွေ့မှုကိုပြချင်လို့သုံးတဲ့အသုံးအနှုန်း
お、ごအစရှိသဖြင့်ထည့်သုံးကြတယ်။
例:お電話、ご飯

Eain Japanese
品よく見せる日本語
23 Feb 26

住所

Minato, Tokyo

ウェブサイト

アラート

Eain Japaneseがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する