Japanese for All

Japanese for All Interview Tips/ Vocabs Sharing/ 雑談(Japanese Speaking)

20/10/2025

လျှာရှည်ပြီး page နာမည်ပြောင်းလိုက်တာ
ဖော်လိုဝါတွေ လျော့ကုန်တယ်တော့

ခုတော့နာမည်ပြန်ပြောင်းလို့ရဖို့ ရက်၆၀စောင့်ရဦးမယ်
မရည်မွန်ရယ်
ရှည်တာ အရပ်နဲ့တင် ရပါပြီ

ကလေး နေမကောင်းလို့ကလေးထိန်းကျောင်းမသွားတာနဲ့ YouTube ရော YouTube kids ရော ၂ ခုလုံးဖွင့်လို့မရတော့တာနဲ့ ကွက်တိ။ကိုယ်ဘဲမရတ...
16/10/2025

ကလေး နေမကောင်းလို့
ကလေးထိန်းကျောင်းမသွားတာနဲ့
YouTube ရော YouTube kids ရော ၂ ခုလုံး
ဖွင့်လို့မရတော့တာနဲ့ ကွက်တိ။

ကိုယ်ဘဲမရတာလားလို့ တလောကလုံးမရခဲ့တာဘဲ

❗️ဓားတစ်ချောင်းရဲ့ဖြစ်တည်မှု❗️မြန်မာပြန် အောက်စာပိုဒ်တွင်ဖတ်ရှုနိုင်ပါသည်❗️刃の存在❗️裏切りと言ったら世間は恐らく刺した人を憎むだろう!ただ気づいて欲しい刺すのが一...
14/10/2025

❗️ဓားတစ်ချောင်းရဲ့ဖြစ်တည်မှု❗️

မြန်မာပြန် အောက်စာပိုဒ်တွင်ဖတ်ရှုနိုင်ပါသည်

❗️刃の存在❗️

裏切りと言ったら世間は恐らく
刺した人を憎むだろう!
ただ気づいて欲しい

刺すのが一瞬だけど
傷口は刃の形
一生残り続ける傷跡は刃の形
理性では刃にはその気がないから
罪がないと言い続けるかもしれない

だけど、刃よ!
どうして尖っていたの?
どうしてその場にいたの?
どうして消えたのに、苦痛を与えるの?
どうして?

だから、 刃よ!
狂気に満ちてると言われてもいい。
私にとっちゃ、あんたも同罪
眠れない夜の原罪であって 
憎むべき存在。
あんたの存在そのものが人に傷つけるんだよ!

Eain Japanese

!ဓားတစ်ချောင်းရဲ့ဖြစ်တည်မှု!

နောက်ကျောကိုဓားနဲ့ထိုးတယ်လို့ပြောလိုက်ရင်
တစ်လောကလုံးက ဓားနဲ့ထိုးတဲ့သူကိုမုန်းကြမှာပေါ့
ဒါပေမယ့် သတိထားမိစေချင်တယ်
ထိုးလိုက်တာက တဒင်္ဂ ဆိုပေမယ့်
ဒဏ်ရာရဲ့ ပုံပန်းသဏ္ဍာန်ဟာ
ဓားရဲ့ပုံပန်းသဏ္ဍာန်
တစ်သက်လုံးကျန်နေခဲ့မယ့် အနာရွတ်ဟာ
ဓားရဲ့ပုံစံ

အသိစိတ်ထဲမှာတော့
ဓားကိုယ်တိုင်မှာ ဆန္ဒဆိုတာမရှိဘူးလေလို့
တောက်လျှောက် ပြောချင်ပြောနေမိလိမ့်မယ်

ဒါပေမယ့် ဓားရဲ့!
ဘာဖြစ်လို့ ချွန်ထက်နေခဲ့ရတာလဲ?
ဘာဖြစ်လို့ အဲ့မှာရှိနေခဲ့ရတာလဲ?
ဘာဖြစ်လို့ မရှိတော့သည့်တိုင်
နာကျင်မှုတွေပေးနေတာလဲ?
ဘာဖြစ်လို့လဲ?

အဲ့ဒါကြောင့် ဓားရဲ့!
ရူးနေပြီဘဲပြောပြောပေါ့
ငါ့အတွက်တော့ နင်လည်းဘဲ ပုဒ်မတူ
အိပ်မရတဲ့ညတွေရဲ့ တရားခံဖြစ်ပြီး
မုန်းစရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခု။

နင့်ရဲ့ဖြစ်တည်မှုဆိုတာကိုက
လူကိုနာကျင်စေတာ…..

အတွေးနယ်ချဲ့ခြင်း

14/10/2025

နားထောင်ဖို့ စကားပြောဖို့အဓိက ရည်ရွယ်ထားတဲ့ VD ဖြစ်ပါတယ်
အကြောင်းအရာကတော့ အလာပသလာပ အဆင့်ပါ

14/10/2025

「休み過ごし方」続きはYouTube で!! Podcastတွေက Eain Japanese page ရဲ့ Theme နဲ့သိပ်မတူလို့YouTubeမှာစုထားချင်လို့ပါ။ FB page ကြီးက တော်တော် အသုပ်စုံဖြစ်နေတယ်လို့ခံစားရတာလည်းပါလို့ပါ။

Comment မှာ YouTube link ရှိပါတယ်။ အဆင်ပြေမယ်ဆိုရင် video အပြည့်လေးလည်းကြည့်၊ Channel လေးလည်း Subscribe လုပ်ထားခဲ့လို့ရပါတယ်။ FOC ပါနော် 😅😅

လုပ်ငန်းခွင် အနိုင်ကျင့်မှုများ_ ハラスメント/コンプライアンス違反အစကတော့ လုပ်ငန်းခွင်ထဲ အနိုင်ကျင့်ခံရတဲ့အခါ ဖြေရှင်းနည်း ဆိုပြီးရေးမလိ...
13/10/2025

လုပ်ငန်းခွင် အနိုင်ကျင့်မှုများ_ ハラスメント/コンプライアンス違反

အစကတော့ လုပ်ငန်းခွင်ထဲ အနိုင်ကျင့်ခံရတဲ့အခါ ဖြေရှင်းနည်း ဆိုပြီးရေးမလို့ဘဲ

ရေးနေရင်းမှတိုင်ပင်တဲ့သူအနေနဲ့ရော၊ အတိုင်ပင်ခံရတဲ့သူနေရာကပါသေချာပြန်စဉ်းစားမိပြီး
တကယ်ရော ပြသနာတွေပြေလည်ခဲ့ရဲ့လား၊ ပြေလည်အောင်ဖြေရှင်းခဲ့ရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တဲ့အခါ ဝေဝါးလာတာနဲ့Yahoo လေးခေါက်ကြည့်မိတယ်

ကျေနပ်အားရစရာကောင်းတဲ့အဖြေပါဘဲ။ 🥲
အထက်လူကြီး သို့မဟုတ် 相談窓口(ကုမ္ပဏီကနေပြီး
ဒီလိုကိစ္စတွေအတွက် တိုင်/တိုင်ပင်လို့ရတဲ့ အဖွဲ့_internal HR လည်းဖြစ်နိုင်သလို၊ ကုမ္ပဏီကစာချုပ်ချုပ်ထားတဲ့Law Firm လည်းဖြစ်နိုင်တယ်။)
ကိုလာတိုင်ပင်တဲ့သူတွေရဲ့ 70% ဟာ မပြေလည်ဘဲရှိနေတယ်လို့ စစ်တမ်းကောက်ယူမှုအရသိရတယ်တဲ့။

ဒီဘက်ခေတ် ၁၀ စုနှစ်လောက်မှာ လုပ်ငန်းခွင်အနိုင်ကျင့်မှုကြောင့် အဆုံးစီရင်တဲ့ အမှုတွေ၊ စိတ်ကျန်းမာရေးထိခိုက်ပြီး အလုပ်နားလိုက်ရတဲ့ကိစ္စရပ်တွေအတွက် ကျယ်ကျယ်လောင်လောင် အသံတွေထွက်ပေါ်လာတဲ့အပေါ်မှာ အစိုးရအဖွဲ့အစည်းတွေရဲ့ အရေးယူမှုတွေ၊ စည်းမျဉ်းစဉ်းကမ်းတွေ
အနည်းနဲ့အများတင်းကျပ်လာတာကြောင့်
ထမင်းစားရေသောက် အထူးအခွင့်အရေးလို့မှတ်ယူထားကြတဲ့ လူရှေ့မရှောင်သူရှေ့မရှောင် ဆူပူတာတွေ၊ ပါဝါပြတာတွေ အတွက်
ဂျပန်ကုမ္ပဏီတွေအနေနဲ့လည်း ဆောင်ရန် ရှောင်ရန် စည်းကမ်းတွေထုတ်၊
စနစ်တွေပြောင်း၊ ဝန်ထမ်းပညာပေးရေးတွေလုပ်နဲ့ပေါ့။
ပြီးတော့ကုမ္ပဏီတွေရဲ့Home page တွေမှာ コンプライアンス違反နဲ့ပါတ်သတ်ပြီး ဘယ်လို အရေးယူတဲ့စနစ်တွေရှိပါတယ်။ Work Life Balance ဖြစ်အောင် ဘယ်လိုစနစ်တွေလုပ်ပေးထားပါတယ်။ မတူကွဲပြားမှုကို တန်ဖိုးထားပါတယ်။ အစရှိသဖြင့် စာရွက်ပေါ်ကစည်းကမ်းတွေ၊ ဖွဲ့စည်းပုံတွေတော့ ရှိတယ်။
ဝန်ထမ်းတွေရဲ့ moral အဆင့်အတန်းလည်းထိုက်သင့်သလောက်တိုးတက်လာတာရှိသလို အများစုရဲ့အတွေးအခေါ််ကတော့ အရင်အတိုင်းဘဲ
ရှိနေကြသေးတယ်။ တချို့ဆို "ငါတို့တုန်းကဘယ်လို၊ အပေါ််
ကပြောတဲ့အတိုင်းလုပ်ရတာဘဲ။ ခုတော့ နင်တို့ကိုဘဲကြောက်နေရတယ်"
လို့ပြောပြီး စိတ်ဒုက္ခပေးကြသေးတာ။ ဆက်အနိုင်ကျင့်ကြသေးတာ။
တကယ်တမ်းတိုင်တဲ့အခါထိရောက်တဲ့အရေးယူမှုရှိလားဆိုတော့
မျက်နှာကြီးရာဟင်းဖက်ပါနေတုန်းပါဘဲ။ ကုမ္ပဏီအတွက်အကျိုးအမြတ်ရှာပေးနိုင်တဲ့သူဘက်ကိုထိထိရောက်ရောက်အရေးယူမှုတွေမတွေ့ရဘူး
အော်တဲ့သူက အော်မြဲ၊ လက်ပါတတ်တဲ့သူကပါမြဲ၊
ချိုးနှိမ်တတ်တဲ့သူက ချိုးနှိမ်မြဲပါဘဲ။

ကိုယ်တွေနိုင်ငံခြားသားအနေနဲ့ဆိုရင်ပိုဆိုးပါတယ်
စကားကိုမွတ်ထွတ်နေအောင်ပြောတတ်လည်း သိပ်အသုံးမဝင်လှဘူး။ တိုင်ပင်ခံဆိုတဲ့သူတွေကိုယ်တိုင်ကိုက “သူကအဲ့လိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး၊ အဲ့စကားရဲ့နောက်မှာဒီလိုဒီလိုအဓိပ္ပါယ်သက်ရောက်တဲ့စကားတွေကို တိုက်ရိုက်မပြောတာပါ။ ဂျပန်လူမျိုးတွေကစကားကိုအကုန်မပြောတတ်လို့ပါ။ ကိုယ်ကချဲ့ပြီးနားလည်ရတာ"ဆိုတာမျိုး
ကိုယ်ပြောတဲ့စကားကြတော့ဖြည့်မတွေးဘဲ
"နင်ကစကားကို နားလည်အောင်မပြောတော့"တို့၊ "စကားကိုအပြည့်အစုံမပြောလို့"တို့နဲ့ ကိုယ့်အလှည့်ကျ ဖြည့်ပြီးဝေ့ပြီးမတွေးပေးတော့ဘူး။

ဆိုတော့ သွားတိုင်ပင်လိုက်မှ ပိုဆိုးသွားတဲ့ ဖြစ်ရပ်မျိုးတွေလည်းကြုံဖူးတယ်။ မတိုင်ဘဲထားရမလားဆိုတော့လည်း မဟုတ်ပြန်ဘူး။

ဘယ်လိုပြောရမလဲ၊ ရေးရင်းနဲ့တောင် မမဆောင်းဖြစ်လာပြီ😅

လူဆိုတာ နိုင်လို့ရတဲ့သူဆိုရင် နိုင်ပါတယ်။ နိုင်ကြည့်ပြီး ရနေရင် ပိုပိုပြီးနိုင်ပါတယ်။
အစတည်းက မဟုတ်မခံလေးနဲ့ မဟုတ်ရင်မဟုတ်တာ၊ မသိရင်မသိတာ၊ မလုပ်နိုင်ရင် မလုပ်နိုင်တာကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား
ပြောနိုင်တာအကောင်းဆုံးပါဘဲ။
ဘာမဆို ဟုတ်ကဲ့လုပ်နေရင်တော့ ခံရပါလိမ့်မယ်။

အနည်းဆုံးတော့ ကိုယ်မမှားဘူးဆိုတဲ့အကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်က သိအောင်လုပ်ထားတာကောင်းပါတယ်။ ဆိုတော့

✅ကိုယ်တစ်ယောက်တည်းဖြေရှင်းလို့အဆင်မပြေတော့ဘူးဆိုရင် အရင်ဆုံး လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြထားပါ
✅အထက်လူကြီးကိုပြောပြပြီးသူနဲ့အတူမတွဲထားဖို့ပြောပါ။
အဆင်သင့်ရင်သင့်သလို၊ အလာပ သလာပ ပြောသလိုဘဲဖြစ်ဖြစ်၊ 面談မှာဘဲဖြစ်ဖြစ်ပေါ့
✅မရတော့ရင် 相談窓口ကိုတိုင်ပင်ပါ။
✅အဲ့ဒါမှမရရင် အလုပ်ပြောင်းပါ။

မိမိရဲ့အဖိုးတန်တဲ့အချိန်တွေကို လူ့အမှိုက်တွေနဲ့မလဲတာအကောင်းဆုံးပါဘဲ။

Eain Japanese Yimon

女王の星の下に生まれた(じょおうのほしのしたにうまれた)ဘုရင်မဇာတာနဲ့မွေးလာတာ😎😎တခြားတော့မဟုတ်ပါဘူး 💦အိမ်သန့်ရှင်းရေးလုပ်ဖို့ ရေကိုင်ရင် “လက်ကိုက်”💦ပ...
13/10/2025

女王の星の下に生まれた
(じょおうのほしのしたにうまれた)
ဘုရင်မဇာတာနဲ့မွေးလာတာ😎😎

တခြားတော့မဟုတ်ပါဘူး
💦အိမ်သန့်ရှင်းရေးလုပ်ဖို့ ရေကိုင်ရင် “လက်ကိုက်”
💦ပန်းကန်ဆေးရင် ပန်းကန်ဆေးဆပ်ပြာနဲ့မတည့်လို့ “လက်ယား”
💦ထမင်းဟင်းချက် “ ဆီပူလောင်”
💦ဖုန်ခါဖုန်စုပ် “ရင်ကျပ်”
ဆိုတော့ မလုပ်တော့ဘူး။ အမြင်မတော်တဲ့သူလုပ်ကြ😅😅
ကိုယ့်ဘာသာကိုယ် ဘုရင်မဇာတာလို့ဘဲ သတ်မှတ်လိုက်တော့တယ်😁🤨

「星の下に生まれる」ဆိုတာက ဇာတာတစ်ခုခုနဲ့မွေးလာတယ်လို့ပြောချင်တဲ့အခါမှာသုံးပါတယ်။

泥棒の星の下に生まれた。
お嬢様の星の下に生まれた。
奴隷の星の下に生まれた。

などなど ကြိုက်သလိုပြောနိုင်ပါတယ်

12/10/2025

ဘာတွေဆိုနေတာလဲတော့သိဘူး
けど、魂が入ってるね!カッコいい🥰🥰🥰

魂が入ってる(たましがはいってる)
心がこもってる(こころがこもってる)

စိတ်နှစ်ထားတယ်၊ passionate ဖြစ်တယ် လို့ပြောလို့ရပါတယ်

အလုပ်လျှောက်တယ်ဆိုတာ အမှန်တော့မိမိကိုယ်ကိုကိုယ်Marketing ဆင်းနေရတာပါကျတော်/ကျမ ဒါတွေ၊ ဒါတွေလုပ်တတ်ပါတယ်မျှော်မှန်းလစာကတေ...
11/10/2025

အလုပ်လျှောက်တယ်ဆိုတာ
အမှန်တော့မိမိကိုယ်ကိုကိုယ်
Marketing ဆင်းနေရတာပါ

ကျတော်/ကျမ ဒါတွေ၊ ဒါတွေလုပ်တတ်ပါတယ်
မျှော်မှန်းလစာကတော့ဒီလောက်ပါဆိုပြီး ကြေငြာစာလည်းရေးရသေးတယ်

စိတ်ဝင်စားတဲ့ အလုပ်ရှင်တွေ့ရင် အင်တာဗျူးဖြေရမယ်။ ဆိုတော့ စျေးစရောင်းပါပြီ😬

ရောင်းသူဝယ်သူ အကြိုက်တွေ့သွားတဲ့အခါ
အရောင်းအဝယ်ဖြစ်သလိုဘဲ
ကိုယ်မှာရှိတဲ့ အရည်အချင်းနဲ့ ကုမ္ပဏီလိုအပ်ချက်၊ ပေးနိုင်တဲ့လစာ ကိုက်ညီသွားရင်တော့
အရောင်းအဝယ်ဖြစ်ပြီပေါ့။

အရောင်းအဝယ်ဖြစ်ရုံနဲ့ရပြီလားဆိုတော့မဟုတ်သေးပြန်ဘူး။ သူ့ပိုက်ဆံယူထားတဲ့အတွက် သူ့ကိုဝန်ဆောင်မှုပြန်ပေးရသေးတယ်
တာဝန်ယူပြီး ကုမ္ပဏီအတွက်အကျိုးအမြတ်ရအောင် အလုပ်လုပ်ပေးရဦးမယ်။ ပစ္စည်းကိုရောင်းလိုက်တာနဲ့မတူတဲ့အချက်ပေါ့။

အလုပ်လျှောက်တဲ့အခါ၊ ကိုယ်ကလည်း အင်တာဗျူးဖြေထားတယ် ကုမ္ပဏီဘက်က ကိုယ့်ကိုကြိုက်စျေးပေးဆိုရင်တောင် အလုပ်မဝင်ခင်အချိန်ထိ မိမိမှာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့

မိမိအတွက် အကောင်းဆုံးဖြစ်မယ့်လုပ်ငန်းခွင်ကို မိမိရွေးချယ်ပိုင်ခွင့်ရှိတယ်။ offer လက်ခံပြီးမှ အစတုန်းကပြောခဲ့တဲ့အလုပ်တွေမဟုတ်ဘဲ ခိုင်းတယ်၊ အစပြောတုန်းက လုပ်ရမယ်ဆိုတဲ့နေရာနဲ့မတူတဲ့နေရာမှာခိုင်းတယ် ဆိုရင် ကုမ္ပဏီဘက်က စာချုပ်ဖောက်တာဖြစ်တဲ့အတွက် ငြင်းဆန်ပိုင်ခွင့်၊ အလုပ်ထွက်ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့။
အချိန်တွေနှမျောဖို့ကောင်းပါတယ်။

တစ်ခုသတိထားရမှာက အလုပ်ခဏခဏပြောင်းတာ၊ အလုပ်တစ်ခုတည်းမှာ အကြာကြီးမနေဘဲ၁ နှစ်လောက်လုပ်၊ လပိုင်းလောက်လုပ်ပြီးပြောင်းတယ်ဆိုတာ မိမိ career အတွက်မကောင်းပါဘူး။ နောက်ပိုင်းအလုပ်လျှောက်တဲ့အခါ အခက်အခဲရှိတတ်ပါတယ်။

အပေါ်ကပြောခဲ့သလို မလွှဲသာတဲ့ အခြေအနေ ဆိုခဲ့မယ်ဆိုရင်တောင် တစ်ခုတစ်လေဘဲကောင်းပါတယ်။
何事も程よく!

住所

Minato, Tokyo

ウェブサイト

アラート

Japanese for Allがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する