Era's Eye

Era's Eye ပြည်သူများဖက်မှရပ်တည်ပြီး ဒီမိုကရေစီအရေးကို ဖျက်စီးမယ့် အာဏာရူးမှုတွေကို ဘက်မလိုက်ဘဲ ဖွင့်ချသွားမည်။
(1)

24/12/2025

🔰နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှ စီစဉ်သည့်ဘာသာပေါင်းစုံအတူလက်တွဲစစ်အာဏာရှင် ဖြုတ်ချပွဲစကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (၂၂၈)ကို ဒီဇင်ဘာလ(၂၄)ရက်နေ့ည (၉)နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။
🔰ဆွေးနွေးပွဲ စတင်သည့် အချိန်တွင်
ဖော်ပြပါ Link မှတဆင့် ဝင်ရောက်နိုင်ပါသည်။
https://bit.ly/4j27ob8
🔰တိုက်ရိုက်ထုတ်လွှင့်ပြသမည့် Pages
✅Mizzima
✅CJ Platform
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times - TV
✅Delta News Agency
✅Independent Mon News Agency
✅သံလွင်ခတ် - Than Lwin Khet News
✅ခေတ်မျက်လုံး-Era's Eye
✅The Nation Voice
✅နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်
✅နွေဦးတော်လှန်ရေးသံဃကွန်ရက်
✅ နွေဦးတော်လှန်ရေး
မြန်မာမွတ်စလင်မ်ကွန်ရက်
✅Learn and Share - လေ့လာဝေမျှ
✅Rehmonnya FM
✅Tun Kyi page
⚠️ပြည်သူများအနေဖြင့် ပါ၀င်ဆွေနွေးနိုင်ပြီး
ဆွေးနွေးသည့် အခါတွင် ခေါင်းစဉ်နှင့် သက်ဆိုင်သည့် မေးခွန်း နှင့် အကြောင်းအရာများကိုသာ မေးမြန်းဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံပါသည်။
⚠️
✅✅✅
Please Like and Share our page

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်ဒီဇင်ဘာလ (၂၄)ရက်။စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့...
24/12/2025

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

ဒီဇင်ဘာလ (၂၄)ရက်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေကာ ဟားခါးမြို့နေပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်ဖို့ အသိပေးထားပါတယ်။

အသံတိတ်သပိတ်ဆင်နွှဲတာကို စစ်တပ်ရဲ့ ရွေးကောက်ပွဲနေ့မှာ ဟားခါးမြို့နေပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ နေထိုင်ပြီး ဆင်နွှဲကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နောက်ပြီး စစ်တပ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်သူတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်ထဲက ပိုင်ဆိုင်တာတွေကို CDF-Hakha ဗဟိုကောင်စီက ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုသိမ်းဆည်းတာဟာ ချင်းပြည်ကောင်စီက တရားဝင်ပြဋ္ဌာန်းထားတဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့လဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သူတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်ထဲက ပိုင်ဆိုင်တာတွေကို လွှဲပြောင်းတာ၊ ဝယ်ယူတာ မလုပ်ကြဖို့ အသိပေးထားပါတယ်။

စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့မှာ ကျင်းပဖို့စီစဉ်နေပြီး အဲ့ဒီစာရင်းထဲ ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်(၈)ခု ပါဝင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှားဒီဇင်ဘာလ (၂၄)ရက်။အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာ...
24/12/2025

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

ဒီဇင်ဘာလ (၂၄)ရက်။

အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့ MRTV စာမျက်နှာအပြင် MRTV ပို့စ်တွေကို ပြန်လည်ကူးယူဖော်‌ပြနေတဲ့ MRN စာမျက်နှာကိုပါ ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

Facebook အနေနဲ့ MITV နံ့ ရတနာပုံသတင်းစာတို့ရဲ့ စာမျက်နှာတွေကို အစောပိုင်းကာလတွေက ဖယ်ရှားခဲ့ပြီးနောက် အခု စစ်အုပ်စုအသစ်ဖွင့်တဲ့ MRTV နဲ့ MRN စာမျက်နှာတွေကို ထပ်မံဖယ်ရှားခဲ့တာပါ။

ဒါဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်အကောင့်တွေကို YouTube၊ Twitch နဲ့ Kick တို့ရဲ့ အရေးယူဆောင်ရွက်တာတွေ ရှိလာခဲ့ပြီးနောက် စစ်အုပ်စု ဝါဒမှိုင်းယန္တရားအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်နဲ့ မီဒီယာတွေကို Facebook နဲ့ Instagram ပလက်ဖောင်းပေါ်မှာ အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေတာလို့ သိရပါတယ်။

အခုလို Facebook ရဲ့ မြန်ဆန်တဲ့ အရေးယူဆောင်ရွက်တာကို JFM အနေနဲ့ ကြိုဆိုပြီး အဲ့ဒီ ဝါဒမှိုင်းဖြန့်စာမျက်နှာတွေအကြောင်း သတင်းပေးခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် နည်းပညာကုမ္ပဏီအားလုံအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ ပလက်ဖောင်းတွေပေါ်မှာ စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ဖို့ ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရမြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်န...
24/12/2025

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ

Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက်

သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း သတင်းပေးပို့ချက်အရ ဒရုန်းထိန်းချုပ်စခန်းအဖြစ် သံသယရှိရသော ဟိုတယ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ ဒရုန်း ၁၀ စီး သိမ်းဆည်းရမိကြောင်း လတ်ခရဘန်း (Lat Krabang) ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများ၏ ပြောကြားချက်အရ ၎င်းတို့အား အမည်မဖော်လိုသူ မြန်မာနိုင်ငံသား တစ်ဦးက ထိုင်းနိုင်ငံသို့လာရောက်၍ ဒရုန်းများ လာယူရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဇေထက်အောင် (၃၂ နှစ်)၊ စနေလင်းထက် (၂၄ နှစ်)၊ ကျော်ဇင်ဟိန်း (၂၁ နှစ်) နှင့် သိန်းဇော် (၃၄ နှစ်) တို့ဖြစ်ကြသည်။ လေဆိပ်နှင့် ၃ ကီလိုမီတာခန့်အကွာရှိ လတ်ခရဘန်း လမ်းသွယ် ၃၀/၄ ရှိ Grand BS Airport Hotel Suvarnabhumi ဟိုတယ် ခန်းအတွင်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် ၎င်းတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါ ၄ ဦးသည် တနင်္ဂနွေနေ့က ဟိုတယ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး 'ဒေးဗစ်' (David) အမည်ဖြင့် အွန်လိုင်းမှ ကြိုတင်ဘိုကင် ပြုလုပ် ကာ တည်းခိုခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စီးကို အဆိုပါအခန်းအတွင်း သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူများ၏ ထွက်ဆိုချက်အရ ယင်းဒရုန်းများကို မြန်မာနိုင်ငံရှိ 'ကီဗင်ဇို' (Kevin Zo) ဟုခေါ်သော အကြီးအကဲထံ ပို့ဆောင်ရန် ညွှန်ကြားခံရခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့က လေဆိပ်အနီးတွင် ဒရုန်းအများအပြား ပျံသန်းနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ အရေးကြီးသည့် နေရာများတွင် ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ရန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က တနင်္လာနေ့တွင် အစီအမံများ အတည်ပြု လိုက်ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ရှာဖွေမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ဝင်ရောက်စီးနင်းခဲ့သည့်နေရာမှာ ဒရုန်းထိန်းချုပ်ရာနေရာ ဖြစ်နိုင်ခြေ ရှိကြောင်း ပြောကြားထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
လက်ရှိတွင် သံသယရှိသူများ၏ ဗီဇာများကို ပယ်ဖျက်လိုက်ပြီး နောက်ထပ်စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ဖမ်းဆီးရမိတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် DJI FlyCart 30 အမျိုးအစားတွေဖြစ်ပြီး ဒါတွေဟာ သာမန်ဒရုန်းတွေမဟုတ်ဘဲ အလေးချိန် ၃၀ ကီလိုဂရမ်ကနေ ၄၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ အဆင့်မြင့် ကုန်တင်ဒရုန်း (Heavy-duty drones) အမျိုးအစားတွေ ဖြစ်ပါတယ်။
ဒီဒရုန်းတစ်စီးရဲ့ တန်ဖိုးဟာ ဘတ် ၅ သိန်းခန့် ရှိပြီး စုစုပေါင်း ဒရုန်း ၁၀ စီးအတွက် အခွန်အပါအဝင် ဘတ် ၇.၅ သန်း (မြန်မာကျပ်ငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပါတယ်။
အဆိုပါဒရုန်းတွေကို နွန်သဘူရီ (Nonthaburi) ရှိ ကုမ္ပဏီတစ်ခုကနေ အိုမန်နိုင်ငံ မှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား တစ်ဦးကတစ်ဆင့် ဝယ်ယူခဲ့တာလို့ သိရပါတယ်။ အဆိုပါ ထိုင်းနိုင်ငံသားဟာ မြန်မာနိုင်ငံက ကီဗင်ချို (Kevin Zo/Kevin Cho) ဆိုသူရဲ့ သူငယ်ချင်းဖြစ်ပြီး အရင်ကလည်း အခုလိုမျိုး ၂ ကြိမ်၊ ၃ ကြိမ်ခန့် ဝယ်ယူပေးခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

ဒရုန်းတွေကို အစိတ်အပိုင်းတွေ ဖြုတ်ပြီး သေတ္တာအသေးတွေနဲ့ ထုပ်ပိုးကာ ကုန်တင်ကား တွေနဲ့ မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆို ချက်အရ ဒီဒရုန်းတွေကို မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသောမြန်မာနိုင်ငံသားများ

24/12/2025

နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်ကျင်းပသော အပတ်စဉ် ဗုဒ္ဓဟူးနေ့ ဟောပြောဆွေးနွေးပွဲ
▫️ခေါင်းစဉ်
ဇနက
▫️ဟောပြောကြမည့် ဆရာတော်များ
- ဗုဒ္ဓဝိဟာရဆရာတော် (ဩစတေးလျ)
- ဆရာတော် ဦးအဂ္ဂ (နယူးဒေလီ)
▫️ဆွေးနွေးမည့်နေ့ရက်နှင့် အချိန်
နေ့ရက်:၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် (ဗုဒ္ဓဟူးနေ့)
အချိန်: မြန်မာစံတော်ချိန် ည ၇:၃၀ နာရီ
▫️ပါဝင်နားဆင်ရန် ဆွေးနွေးပွဲ စတင်ချိန်တွင် အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်နားဆင်နိုင်ပါသည်။
👉 **လင့်ခ်**: https://bit.ly/4j8woxC
▫️ ထုတ်လွှင့်မည့် စာမျက်နှာများ
ဤအစီအစဉ်ကို အောက်ဖော်ပြပါ စာမျက်နှာများတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
✅ နွေဦးတော်လှန်ရေးသံဃကွန်ရက်
✅ Mizzima - News in Burmese
✅ သံလွင်ခတ် - Than Lwin Khet News
✅ The Tan antharyi Times
✅ Compassie Voor Myanmar
✅ မောင်း
✅ D-Day News
✅ လူထုခေတ်
✅ မြို့တော်
✅ MeKong News - မဲခေါင်သတင်း
✅ Unsung Team
✅ မျက်မှောက်ခေတ်
✅ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်
✅ Red News Agency
✅ Chindwinyoma News - Burmese Edition
✅ Ayeyarwaddy Times - TV
✅ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်
✅ Delta News Agency
✅ Independent Mon News Agency
✅ Learn and Share - လေ့လာဝေမျှ
✅ CJ Platform
✅ Rehmonnya FM
✅ Tun Kyi

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခ...
24/12/2025

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို

ဒီဇင်ဘာလ (၂၄)ရက်။

မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ မြို့နယ်တွေမှာ မကျင်းပနိုင်အောင် အဖွဲ့တွေကနေ စေလွှတ်ထားပြီးဖြစ်ပါတယ်၊ ပြည်သူတွေကလဲ ကောင်းမွန်တဲ့ အစိုးရတရပ်ပေါ်ဖို့ အသိရှိစွာနဲ့ လိုက်နာကြစေလိုပါတယ်"လို့ အသိပေးထားပါတယ်။

တချိန်ထဲမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကပစ(၂၄)ကို ရရှိသိမ်းပိုက်နိုင်ဖို့ ကြိုးစားအားထုတ်နေကာ ပြည်သူတွေရဲ့ နှုတ်လုံတာတွေက အလွန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကပစ(၂၄)ကနေ ထွက်လာတဲ့ အင်အား (၂၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲနဲ့ လျှို့ဝှက်မိုင်းမိတာတွေကြောင့် စစ်တပ်ဘက်က (၂၃)ဦးထက်မနည်း သေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စစ်တပ်စစ်ကြောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်ဘက်က အပြင်မထွက်ရဲဘဲ ကပစ(၂၄)ထဲကနေ မစ်ဇိုင်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေကို နေ့တိုင်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်တာတွေထဲ နေ့တိုင်းလိုလို နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိသလို စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေအပြင် စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေမရွေး လိုက်လံတိုက်ခိုက်နေသလို စစ်ရှောင်တွေကိုလဲ အားဖြည့်ကူညီနေကာ အာဏာရှင်ပြုတ်ကျဖို့ သွေဖယ်တာလုံးဝမရှိဘဲ တိုက်ပွဲတွေ အနီးကပ်ဆောင်ရွက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ဒီဇင်ဘာလ (၂၄)ရက်။ဒီဇင်ဘာလ...
24/12/2025

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ (၂၄)ရက်။

ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"(၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ (၂)ပတ်လောက်အထိ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်း သေဆုံးပြီး (၃၇)ဦးကျော် ဒဏ်ရာရရှိခဲ့တာ"လို့ ဆိုပါတယ်။

အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာလ (၉)ရက်၊ (၁၀)ရက်၊ (၁၆)ရက်နဲ့ (၂၀)ရက်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၁၂)ဦးထက်မနည်း သေဆုံးကာ (၃၇)ဦးထက်မနည်း ဒဏ်ရာရခဲ့သလို ပြည်သူ့စစ်တဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက (၂)ပတ်ကျော်တဲ့အထိ တိုက်ခိုက်ခဲ့ရာ ပေါက်မြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ MDY-PDF ရဲဘော်တဦး ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ PRF အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ)(BORDERLESS)၊
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊Phoenix Guerrilla Force(ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ပေါက်/မြိုင် (ပကဖ)နဲ့ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အိုအိမ်တွေကို ခြိမ်းခြောက်လုယူဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ အဖိနှိပ်ခံ ပြည်သူလူထုအကျိုးစီးပွားအတွက် ကာကွယ်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်းဒီဇင်ဘာလ (၂၄)ရက...
24/12/2025

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

ဒီဇင်ဘာလ (၂၄)ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာကောင်းအနေနဲ့ ရယူပြီး စစ်ကိုင်းဒေသကို ပိုမို ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဖော်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်"လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်မှုလုပ်ငန်းစဥ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းတခုကို အကောင်အထည်ဖော်လာနိုင်တဲ့အပေါ် အတိုင်းမသိ ၀မ်းသာဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

NUG အနေနဲ့ အစိုးရစုဖွဲ့မှု၊ တည်ဆောက်မှု၊ စိုးမိုးထိန်းချုပ်နယ်မြေတွေ ချဲ့ထွင်မှုနဲ့ အစိုးရယန္တရားတွေ လည်ပတ်မှု စတင်နိုင်အောင် (၅)နှစ်တာကာလထဲ အဆင့်ဆင့် တည်ဆောက်ယူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပါက အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာရှိသလို အခက်အခဲစိန်ခေါ်မှုတွေကိုလဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ များစွာရှိတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး အတူတည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ် စတင်ပျိုးထောင်တည်ဆောက်ရာမှာ NUG နဲ့ ဒီကနေ့ ပေါ်ထွန်းလာမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့အကြား ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထူးအရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ပြီး ဖက်ဒယ်စနစ်ကို အတူတကွတည်ဆောက်ကြရာမှာ တော်လှန်ရေးကာလ/ကြားကာလထဲမှာ တည်ဆောက်ကြရတာကြောင့် ပုံမှန်အခြေအနေမှာ တည်ဆောက်တဲ့ ဖက်ဒရယ်အစိုးရအနေအထားမျိုးထက် ပိုမိုအားစိုက်ထုတ်ပြီး ညီညွတ်မှုအခြေခံနဲ့ အောင်မြင်အောင် လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့ကြောင့် ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင့် လုပ်ငန်းစဉ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ ဖက်ဒရယ်တန်ဖိုးတွေ၊ ဒီမိုကရေစီတန်ဖိုးများနဲ့အညီ အထူးအားစိုက်ပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့တာ၀န်ဟာ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်းThe Nation -၂၀၂၅ ခု...
24/12/2025

မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း

The Nation -၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့

စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည် ပဋိပက္ခအခြေအနေ အပေါ် တိုက်ရိုက်သက်ရောက်မည်ဖြစ်ရာ လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် နယ်စပ်စီမံခန့်ခွဲမှုအတွက် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ ကျော် အသုံးပြုနေရသည်။

ဖြတ်ကျော်ရာဇဝတ်မှုများ။- မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer) များအတွက် နားခိုရာဖြစ်လာပြီး၊ ယင်းသည် ထိုင်းနိုင်ငံသားများနှင့် စီးပွားရေးကို တိုက်ရိုက် ထိခိုက်စေလျက်ရှိသည်။

နယ်စပ်လုံခြုံရေး။- နယ်စပ်ဖြတ်ကျော် လက်နက်ကြီးကျည်ကျရောက်မှုနှင့် လက်နက်ကိုင် များ ကျူးကျော်ဝင်ရောက်မှုများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်စရာဖြစ်နေပြီး၊ ရွေးကောက်ပွဲက အကြမ်းဖက်မှုကို မလျှော့ချနိုင်ပါက အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်သည်။

စစ်တပ်အာဏာမြဲနေခြင်း။- ရွေးကောက်ပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကျင်းပ နိုင်ခြင်းနှင့် အားလုံးမပါဝင်နိုင်ခြင်းတို့ကြောင့် စစ်တပ်ကသာ အာဏာဆက်လက် ဆုပ်ကိုင် ထားမည်ဖြစ်ရာ၊ ပဋိပက္ခ၏ ရင်းမြစ်များနှင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများမှာ ဆက်ရှိ နေဦးမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ လုံခြုံရေး၊ ဘတ်ဂျက်နှင့် နယ်စပ်ဘေးကင်းရေးတို့မှာ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲနှင့် ခွဲခြားမရအောင် ဆက်စပ်နေသည်။ အဆိုပါ ရွေးကောက်ပွဲ သည် လက်ရှိပဋိပက္ခနှင့် ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ရွေးကောက်ပွဲကို အဘယ်ကြောင့် အလေးထားသင့်သနည်း? ဤမေးခွန်းနှင့်ပတ်သက်သည့် အချက် ၃ ချက်ရှိသည်။
၁။ စစ်ပွဲ၏အကျိုးဆက်ကြောင့် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ ကျော် ကုန်ကျနေခြင်း ရှည်ကြာနေသော ပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်များ အဆက် မပြတ် ဝင်ရောက်လျက်ရှိသည်။ ကုလသမဂ္ဂနှင့် ထိုင်းလုံခြုံရေးအေဂျင်စီများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ဆေးဝါး၊ အစားအစာ၊ အရေးပေါ်ခိုလှုံရာနှင့် နယ်စပ်လုံခြုံရေးအတွက် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ မှ ၅၀၀ ကြား အသုံးပြုနေရသည်။ ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်အတွင်း ကရင်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာနိုင်ကာ ထိုင်းနိုင်ငံအနေဖြင့် ဘတ်ဂျက်နှင့် ဝန်ထမ်းအင်အား ပိုမိုပြင်ဆင်ထားရမည်ဖြစ်သည်။

၂။ ထိုင်းနိုင်ငံကို တိုက်ရိုက်ထိခိုက်စေသည့် ဖြတ်ကျော်ရာဇဝတ်မှုများ။
စစ်ပွဲကြောင့် အုပ်ချုပ်မှုကင်းမဲ့နေသော နေရာများသည် တရားမဝင်လုပ်ငန်းများအတွက် ပျိုးထောင်ပေါက်ဖွားကြီးထွားရာနေရာများ ဖြစ်လာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထွက်ရှိသော မူးယစ်ဆေးဝါးများမှာ ဒေသတွင်း အဓိကရင်းမြစ် ဖြစ်နေဆဲဖြစ်သည်။

မြဝတီ၊ ကချင်ပြည်နယ်နှင့် ဝ (UWSA)၊ ကိုးကန့်ဒေသများတွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer) များ အခြေစိုက်နေကြသည်။

ထိုင်းလုပ်သားများစွာမှာ မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ရန် လှည့်ဖြားခြင်း ခံနေရသလို၊ ဆိုင်ဘာရာဇဝတ်မှုများကြောင့် ထိုင်းနိုင်ငံသားများ နှစ်စဉ် ငွေကြေးဆုံးရှုံးမှု ကြီးစွာ ကြုံတွေ့နေရသည်။

၃။ နယ်စပ်တိုက်ပွဲများက ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေခြင်း။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း မဲဆောက်၊ ဆော့မွေနှင့် ဖုတ်ဖရဒေသများတွင် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ၊ ထိုင်းပိုင်နက်အတွင်း လက်နက်ကိုင်များ ဝင်ရောက်မှုနှင့် လက်နက်ကြီး ကျည်များ ကျရောက်မှုတို့ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ရွေးကောက်ပွဲက ပဋိပက္ခကို မဖြေရှင်းနိုင်ပါက ယင်းဖြစ်ရပ်များမှာ ပိုမိုပြင်းထန်လာနိုင်သည်။

၂၀၂၅ မြန်မာ့ရွေးကောက်ပွဲအကြောင်း သိထားသင့်သည့် အချက် ၅ ချက်။
၁။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်မည်မဟုတ် - မြန်မာနိုင်ငံ နယ်မြေ၏ ၅၀% မှ ၆၀% ခန့်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်တပ်က ထိန်းချုပ်ထားနိုင်သော နေရာများ ၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်သည်။ လူဦးရေ၏ ၂၀% အောက်သာ မဲပေးနိုင်မည်ဟု ခန့်မှန်းရပြီး ထိုင်းနယ်စပ်နှင့် ထိစပ်နေသော တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ပေ။

၂။ တိုင်းရင်းသားနှင့် အတိုက်အခံပါတီများ ဖယ်ထုတ်ခံထားရခြင်း။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းရင်းသားပါတီများနှင့် ဒီမိုကရေစီ အင်အားစုပါတီများ၏ အခွင့်အရေးကို ကန့်သတ်ထားသည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီ (USDP) ကဲ့သို့ စစ်တပ်နှင့်နီးစပ်သော ပါတီများသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၃။ နိုင်ငံတကာက အသိအမှတ်ပြုရန် ခဲယဉ်းခြင်း။
အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားထားသည်။ တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့ကမူ ဒေသတွင်းလုံခြုံရေးနှင့် မဟာဗျူဟာအရ ထောက်ခံသည့်သဘော ပြသထားသည်။

၄။ လူသားချင်းစာနာမှု အကျပ်အတည်းကြားတွင် ကျင်းပခြင်း။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၃.၁ သန်းကျော်ရှိနေပြီး၊ အရပ်သားများ၊ ကျောင်းများနှင့် ဆေးရုံများအပေါ် တိုက်ခိုက်မှုများမှာ တစ်နှစ်လျှင် အကြိမ်ရေ ၁,၀၀၀ ကျော် ရှိနေသည်။ ထို့ကြောင့် ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်မည်မဟုတ်ပေ။

၅။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်သာ ရှိနေခြင်း - ရွေးကောက်ပွဲပြီးသော်လည်း စစ်တပ်သည် လွှတ်တော်အမတ်နေရာ ၂၅% နှင့် အဓိကဝန်ကြီးဌာန ၃ ခု (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ) ကို ဆက်လက်ချုပ်ကိုင်ထားမည်ဖြစ်သည်။ ဤဖွဲ့စည်းပုံသည် ပဋိပက္ခ၏ အဓိကရင်းမြစ် ဖြစ်နေဆဲဖြစ်သည်။

နိဂုံး
အချုပ်အားဖြင့်ဆိုရသော် ရွေးကောက်ပွဲက ပဋိပက္ခကို မလျှော့ချနိုင်ပါက ထိုင်းနိုင်ငံသည် ဒုက္ခသည်ဦးရေ တိုးလာခြင်း၊ နယ်စပ်တိုက်ပွဲများ ပိုမိုကြုံတွေ့ရခြင်းနှင့် ရာဇဝတ်မှုများ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် နိုင်ငံတော်ဘတ်ဂျက်အပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမား လာမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် မြန်မာ့လုံခြုံရေးသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် ခွဲခြားမရအောင် ဆက်စပ်နေပါသည်

ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပ...
24/12/2025

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့

ချောင်အန်မာ (Chong An Ma) ဧရိယာတွင် ထိုင်းတပ်ဖွဲ့များက ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့များက ထိုင်းတပ်စခန်းများကို မော်တာ၊ အမြောက်နှင့် BM-21 ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တာကွိုင် (Ta Kwai) ဒေသနှင့် အနီးရှိ ကုန်းမြင့် ၃၅၀ (Hill 350) ပေါ်ရှိ ထိုင်းတပ် စခန်းများ သို့ ကမ္ဘောဒီးယားတပ်ဖွဲ့များက BM-21 ရော့ကတ်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည်။

ထိုင်းတပ်ဖွဲ့များကလည်း အမြောက်များနှင့် ဒရုန်းများကို အသုံးပြု၍ တုံ့ပြန်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်အမြောက်အမြားကို ဖျက်ဆီးခဲ့သည်။

အသေးစိတ်သတင်းအချက်အလက်များ
ဒုတိယစစ်ဒေသ (Second Army Area) စစ်ဆင်ရေးဌာနက အင်္ဂါနေ့ (ဒီဇင်ဘာ ၂၃) ညနေ ၅ နာရီတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံးရသတင်းကို ထုတ်ပြန်ခဲ့သည်။

ချောင်အန်မာ ဒေသတွင် ထိုင်းတပ်ဖွဲ့များသည် ကြိုတင်ပြင်ဆင်ထားသော ထိုးစစ်အစီအစဉ် ဖြင့် နယ်မြေရှင်းလင်းခြင်း၊ စခန်းချခြင်းနှင့် သတ်မှတ်ထားသော ပစ်မှတ်များတွင် လုံခြုံရေး တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆမ်တေး – ဒွန်တွမ် – ဖူဖီ – ဆတ္တဆွန် – ဖနွမ်းပရာဆစ်စို – ချောင်တာသောင်း စသည့် စစ်မျက်နှာတစ်လျှောက်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့များက မော်တာ၊ အမြောက်နှင့် BM-21 ရော့ကတ်များကို အသုံးပြု၍ ထိုင်းရှေ့တန်းစခန်းများကို တိုက်ခိုက်ခဲ့သည်။ ထိုင်းတပ်ဖွဲ့ များ ကလည်း အမြောက်များဖြင့် တုံ့ပြန်ပစ်ခတ်ကာ ပစ်မှတ်အများအပြားကို ချေမှုန်းခဲ့သည်။

ဖာမိုအီဒန်း (Pha Mo I Daeng) နှင့် ဟွေ့တာမာရီယာ (Huai Ta Maria) ဒေသများတွင်လည်း တိုက်ပွဲများ တစ်ကျော့ပြန် ဆက်လက်ဖြစ်ပွားနေသည်။ ကမ္ဘောဒီးယားဘက်မှ လက်နက် ငယ်များ၊ မော်တာများ၊ နောက်ပွင့်ရိုင်ဖယ်များနှင့် အမြောက်များကို အသုံးပြုခဲ့ရာ စီစကတ်ခရိုင်၊ ကန်သာရာလက်မြို့နယ်ရှိ ဘန်ဆမ်မင်း (Ban Sam Meng) နှင့် ဘန်ဖူမိစွန် (Ban Phumisorn) ရွာများရှိ ရော်ဘာစိုက်ခင်းများအတွင်း ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။

ထိုင်းတပ်ဖွဲ့များက မော်တာများ၊ ဒရုန်းမှ ဗုံးကြဲချမှုများနှင့် အမြောက်များကို အသုံးပြု၍ တုံ့ပြန်ခဲ့ပြီး ကမ္ဘောဒီးယားတို့၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။

ဖူမာခွဲ (Phu Makuea) နှင့် ဖလန်ဟင်းပက်ကွန် (Phlan Hin Paet Kon) ဒေသများတွင် ကမ္ဘောဒီးယားဘက်မှ BM-21 အပါအဝင် ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ရာ ဖူမာခွဲ တောင်ထိပ်နှင့် အနီးတစ်ဝိုက်သို့ ကျရောက်ခဲ့သည်။ ထိုင်းတပ်ဖွဲ့များကလည်း အမြောက်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။ ထို့ပြင် ဖူမာခွဲဘက်မှ ဖာမိုအီဒန်းဘက်သို့ ပျံသန်းလာသော ဒရုန်းကြီးတစ်စီးကိုလည်း တွေ့ရှိခဲ့သည်။

ခါန (Khana) ဒေသတွင် ထိုင်းတပ်ဖွဲ့များသည် လုံခြုံရေးခိုင်မာအောင် လုပ်ဆောင်ခြင်း၊ ခံစစ်စခန်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တပ်ဖြန့်ထားမှုများကို ထိန်းသိမ်းခြင်းတို့အပေါ် အာရုံစိုက် ဆောင်ရွက်ခဲ့သည်။

တာကွိုင် (Ta Kwai) ဒေသတွင် ထိုင်းတပ်ဖွဲ့များက ကင်းထောက်ခြင်းနှင့် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အရေးကြီးသော ပစ်မှတ်နေရာများကို ထိန်းချုပ်ထားသည်။ ကမ္ဘောဒီးယားတပ်ဖွဲ့များကမူ ကုန်းမြင့် ၃၅၀ နှင့် တာကွိုင်ဒေသရှိ ထိုင်းစခန်းများသို့ BM-21 ရော့ကတ်များဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။

ဒုတိယစစ်ဒေသ အနေဖြင့် ထိုင်းနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ဂုဏ်သိက္ခာရှိစွာဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံးCNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်...
24/12/2025

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ အာရှတောဆင်ရိုင်း ၇ ကောင် သေဆုံးပြီး ဆင်ပေါက်တစ်ကောင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
ရထားမောင်းသူသည် ဆင်အကောင်ရေ ၁၀၀ ခန့်ရှိသည့် ဆင်အုပ်ကြီးကို မြင်တွေ့ခဲ့သဖြင့် အရေးပေါ်ဘရိတ်ကို အသုံးပြုခဲ့သော်လည်း ရထားမှာ ဆင်အချို့ကို တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီးရထား ပြောရေးဆိုခွင့်ရှိသူ ကာပင်ဂျယ် ကီရှော ရှာမား (Kapinjal Kishore Sharma) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
တိုက်မိမှုကြောင့် ရထားတွဲ ၅ တွဲနှင့် စက်ခေါင်းတို့မှာ လမ်းချော်သွားခဲ့သော်လည်း လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရှာမားက ဆိုသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် သေဆုံးသွားသော ဆင်များကို ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့နှောင်းပိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်သွားမည်ဖြစ်သည်။
မတော်တဆမှုဖြစ်ပွားရာနေရာမှာ အာသံပြည်နယ်၏မြို့တော် ဂူဝါဟာတီ (Guwahati) ၏ အရှေ့တောင်ဘက် ၁၂၅ ကီလိုမီတာ (၇၈ မိုင်) ခန့်အကွာရှိ တောအုပ်ထူထပ်သော ဒေသတစ်ခုဖြစ်သည်။ ပြည်နယ်အတွင်းရှိ ရထားလမ်းများပေါ်တွင် ဆင်များ မကြာခဏ သွားလာတတ်သော်လည်း အဆိုပါ မတော်တဆမှုဖြစ်ပွားသည့်နေရာမှာ ဆင်ကူးလမ်းအဖြစ် သတ်မှတ်ထားသော နေရာမဟုတ်ကြောင်း အိန္ဒိယမီးရထားဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၊ ဆိုင်းရန်း (Sairang) မြို့မှ ထွက်ခွာလာသော ရာဇဌာနီ အိတ်စ်ပရက်စ် (Rajdhani Express) အမြန်ရထားသည် မြို့တော် နယူးဒေလီသို့ ခရီးသည် ၆၅၀ တင်ဆောင်ကာ ဦးတည်မောင်းနှင်နေစဉ် ဆင်များကို တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းချော်မသွားတဲ့ ရထားတွဲတွေကို ဖြုတ်ထုတ်ပြီး နယူးဒေလီကို ဆက်လက်ထွက်ခွာ နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ လမ်းချော်သွားတဲ့ ရထားတွဲ ၅ တွဲမှာ ပါလာတဲ့ ခရီးသည် ၂၀၀ ခန့်ကိုတော့ တခြားရထားတစ်စီးနဲ့ ဂူဝါဟာတီမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ရှာမားက ပြောသည်။

အာရှတောဆင်ရိုင်း အကောင်ရေ ၇,၀၀၀ ခန့်ရှိပြီး ဆင်အများဆုံး နေထိုင်ရာဒေသတစ်ခု ဖြစ်သည့် အာသံပြည်နယ်တွင် အရှိန်ပြင်းမောင်းနှင်သော ရထားများက ဆင်ရိုင်းများကို တိုက်မိခြင်းမှာ ထူးဆန်းသောဖြစ်ရပ် မဟုတ်ပေ။ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ တစ်ပြည်နယ် လုံး အတိုင်းအတာဖြင့် အရှိန်ပြင်းရထားများကြောင့် အနည်းဆုံး ဆင် ၁၂ ကောင်ခန့် သေဆုံးခဲ့ရသည်။

စပါးရိတ်သိမ်းချိန်ဖြစ်သည့် ယခုကဲ့သို့ ကာလမျိုးတွင် တောဆင်ရိုင်းများသည် လူနေရပ်ကွက်များအတွင်းသို့ မကြာခဏ ကျူးကျော်ဝင်ရောက်လာလေ့ ရှိကြသည်။

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရဒီဇင်ဘာလ (၂၃)ရက်။ဒီကနေ့ ညနေ...
24/12/2025

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

ဒီဇင်ဘာလ (၂၃)ရက်။

ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့ ပျူစောထီးတွေ လူစုနေတဲ့အချိန်မှာ အဝေးထိန်းမိုင်း (၂)လုံးနဲ့ ပစ်ခတ်ခဲ့တာ။ ထိခိုက်တာရှိနိုင်ပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲပဲ"လို့ ဆိုပါတယ်။

ကျောက်အိုင်ရွာရှိ စစ်တပ်လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေဟာ အုပ်ချုပ်ရေးမှုးရုံးမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ လူစုနေချိန် ပြင်းအားမြင့် အဝေးထိန်းမိုင်း (၂)လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကာ ထိခိုက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အဲ့ဒီစစ်တပ်လက်ပါးစေတွေဟာ တရားမဝင်ရွေးကောက်ပွဲလုပ်ဖို့ ‌ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့နေရာတွေ၊ တရားမဝင်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

住所

Minato, Tokyo
105-0014

電話番号

+818040904355

ウェブサイト

http://eraseye.com/

アラート

Era's Eyeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Era's Eyeにメッセージを送信:

共有する