Era's Eye

Era's Eye ပြည်သူများဖက်မှရပ်တည်ပြီး ဒီမိုကရေစီအရေးကို ဖျက်စီးမယ့် အာဏာရူးမှုတွေကို ဘက်မလိုက်ဘဲ ဖွင့်ချသွားမည်။

12/08/2026

🔰နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှ စီစဉ်သည့်ဘာသာပေါင်းစုံအတူလက်တွဲစစ်အာဏာရှင် ဖြုတ်ချပွဲစကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (၂၆၁) ကို
ဩဂုတ်လ (၁၂) ရက်နေ့ည (၉) နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။
🔰ဆွေးနွေးပွဲ စတင်သည့် အချိန်တွင်
ဖော်ပြပါ Link မှတဆင့် ဝင်ရောက်နိုင်ပါသည်။
https://bit.ly/45KjPCC
🔰တိုက်ရိုက်ထုတ်လွှင့်ပြသမည့် Pages
✅Mizzima
✅CJ Platform
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times - TV
✅Delta News Agency
✅Independent Mon News Agency
✅သံလွင်ခတ် - Than Lwin Khet News
✅ခေတ်မျက်လုံး-Era's Eye
✅The Nation Voice
✅နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်
✅နွေဦးတော်လှန်ရေးသံဃကွန်ရက်
✅ နွေဦးတော်လှန်ရေး
မြန်မာမွတ်စလင်မ်ကွန်ရက်
✅Learn and Share - လေ့လာဝေမျှ
✅Rehmonnya FM
✅Tun Kyi page
⚠️ပြည်သူများအနေဖြင့် ပါ၀င်ဆွေနွေးနိုင်ပြီး
ဆွေးနွေးသည့် အခါတွင် ခေါင်းစဉ်နှင့် သက်ဆိုင်သည့် မေးခွန်း နှင့် အကြောင်းအရာများကိုသာ မေးမြန်းဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံပါသည်။
⚠️
✅✅✅
Please Like and Share our page

12/08/2026

နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်ကျင်းပသော အပတ်စဉ် ဗုဒ္ဓဟူးနေ့ ဟောပြောဆွေးနွေးပွဲ
▫️ခေါင်းစဉ်
- လက်ရှိမြန်မာ့နိုင်ငံရေးနှင့် အနာဂတ်တော်လှန်ရေးခရီးကြမ်း အပိုင်း(၂)
▫️ဟောပြောကြမည့် ဆရာတော်များ
- ဒယ်ဂူးဆရာတော်(တောင်ကိုရီးယား)
- ဆရာတော် ဦးဓမ္မမေတ္တာ
▫️ဆွေးနွေးမည့်နေ့ရက်နှင့် အချိန်
နေ့ရက်:၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက် (ဗုဒ္ဓဟူးနေ့)
အချိန်: မြန်မာစံတော်ချိန် ည ၇:၃၀ နာရီ
▫️ ထုတ်လွှင့်မည့် စာမျက်နှာများ ဤအစီအစဉ်ကို အောက်ဖော်ပြပါ စာမျက်နှာများတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
✅ နွေဦးတော်လှန်ရေးသံဃကွန်ရက်
✅ Mizzima - News in Burmese
✅ သံလွင်ခတ် - Than Lwin Khet News
✅ The Tan antharyi Times
✅ Compassie Voor Myanmar
✅ မောင်း
✅ D-Day News
✅ လူထုခေတ်
✅ မြို့တော်
✅ MeKong News - မဲခေါင်သတင်း
✅ Unsung Team
✅ မျက်မှောက်ခေတ်
✅ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်
✅ Red News Agency
✅ Chindwinyoma News - Burmese Edition
✅ Ayeyarwaddy Times - TV
✅ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်
✅ Delta News Agency
✅ Independent Mon News Agency
✅ Learn and Share - လေ့လာဝေမျှ
✅ CJ Platform
✅ Rehmonnya FM
✅ Tun Kyi

▫️TikTok တွင်လည်း အောက်ပါလင့်ခ်မှတဆင့် ပြန်လည် ဝင်ရောက်နားဆင်နိုင်ပါသည်။ - https://www.tiktok.com/.metta8?_r=1&_t=ZS-933dM6tB3qB

တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို KNU ဥက္ကဋ္ဌပြောဩဂုတ်လ (၁၂)ရက်။တော်လှန်ရေးအင်အားစုတွေ...
12/08/2026

တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို KNU ဥက္ကဋ္ဌပြော

ဩဂုတ်လ (၁၂)ရက်။

တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပြန်တည်ဆောက်ဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။

အခုအခါ SCEF အနေနဲ့ လူမျိုးစုတွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် နားလည်မှု ရရှိစေဖို၊ သက်ဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို တွေ့ဆုံဆွေးနွေးနေတယ်လို ဆိုပါတယ်။

SCEF ရဲ့ ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး လူမျိုးစုအားလုံးရဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တိုကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပြန်တည်ဆောက်ဖိုလို ပြောဆိုထားပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေကို မျက်လှည့်ပြဖို၊ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိဖိုနဲ့ ၂၀၀၈ခြေ/ဥကို ထပ်မံအတည်ပြုဖိုအတွက်ဖြစ်တယ်လို ဆိုပါတယ်။

ဒါဟာ ဒီနိုင်ငံမှာရှိနေတဲ့ ပဋိပက္ခတွေကို အရှိန်မြင့်ပြီး ပိုမိုပြင်းထန်လာစေဖိုအတွက်သာ ဖြစ်တယ်လို KNU ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီလို လူတဦးထဲရဲ့ ဦးဆောင်မှုအောက်မှာ မတရားတဲ့ ရွေးကောက်ပွဲကျင်းပတာနဲ့ အစိုးရဖွဲတာတွေကို လက်ခံမှာမဟုတ်ဘူးလို အသိပေးပြောဆိုထားချက်အရ သိရပါတယ်။

လယ်ဒိုနယ်ထဲ စစ်တပ်ရဲ့ ပေါင်(၅၀၀)ဗုံး ကြဲချတာကြောင့် အရပ်သား(၃)ဦး သေဆုံးခဲ့ရဩဂုတ်လ (၁၂)ရက်။ဩဂုတ်လ (၁၀)ရက်နေ့ ညနေ (၄)နာရီက...
12/08/2026

လယ်ဒိုနယ်ထဲ စစ်တပ်ရဲ့ ပေါင်(၅၀၀)ဗုံး ကြဲချတာကြောင့် အရပ်သား(၃)ဦး သေဆုံးခဲ့ရ

ဩဂုတ်လ (၁၂)ရက်။

ဩဂုတ်လ (၁၀)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က လယ်ဒိုမြို ဘုရားကြီးကျေးရွာထဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘုရားကြီးရွာထဲ အကြမ်းဖက်စစ်တပ်ဟာ တောင်ငူလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တာလို ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ စစ်ဘေးရှောင်အမျိုးသမီးတဦးအပါအဝင် (၉)နှစ်အရွယ် ကလေးငယ်တဦးနဲ့ ကျေးရွာနေ အမျိုးသမီးတဦး စုစုပေါင်း (၃)ဦး သေဆုံးခဲ့ရတယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အသက်(၅)နှစ်နဲ့ (၉)နှစ်အရွယ် ကလေးငယ်(၂)ဦးအပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို ထိမှန်ပျက်စီးခဲ့တယ်လို ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာတာမရှိဘဲ နိုင်ငံတဝန်း လေယာဉ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်နေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့တိုင်း ကျူးလွန်နေတယ်လိုလဲ KNU ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

တီမောနိုင်ငံသမ္မတ ဖိတ်ကြားတာကြောင့် မာရသွန်ပြိုင်ပွဲကို NUG က အားကစားကိုယ်စားလှယ်အဖွဲ စေလွှတ်ခဲ့ဩဂုတ်လ (၁၂)ရက်။တီမောသမ္မ...
12/08/2026

တီမောနိုင်ငံသမ္မတ ဖိတ်ကြားတာကြောင့် မာရသွန်ပြိုင်ပွဲကို NUG က အားကစားကိုယ်စားလှယ်အဖွဲ စေလွှတ်ခဲ့

ဩဂုတ်လ (၁၂)ရက်။

တီမောသမ္မတရဲ့ တရားဝင်ဖိတ်ကြားတာကြောင့် ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို NUG က အားကစားကိုယ်စားလှယ်အဖွဲ စေလွှတ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ (၃၈)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး အားကစားအဖွဲဝင်(၃)ဦးဟာ ၂၁.၁ကီလိုမီတာအကွာအဝေး မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို ဆိုပါတယ်။

ပြိုင်ပွဲဟာ ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသထဲ သွေးစည်းညီညွတ်မှုနဲ့ အားကစားနဲ့သံတမန်ရေးရာတိုကို မြှင့်တင်ဖို ရည်ရွယ်ကျင်းပတာဖြစ်ပြီး NUG ရဲ့ ပံ့ပိုးမှုနဲ့ အားကစားသမားတွေက မြန်မာနိုင်ငံကိုယ်စားပြု ပါ၀င်ခဲ့တာလို ဖော်ပြထားပါတယ်။

NUG က စေလွှတ်ခဲ့တဲ့ အားကစားသမား (၃)ဦးထဲ အမျိုးသမီး(၂)ဦးနဲ့ အမျိုးသားတဦးဖြစ်ပြီး အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကာ အမျိုးသားအပြေးသမား ကိုအာသာဟာ ပထမနေရာ ရရှိခဲ့တယ်လို ဆိုထားပါတယ်။

အဲ့ဒီနောက် ဩဂုတ်လ (၉)ရက်နေ့ နံနက်ပိုင်းမှာ တီမောသမ္မတ ဒေါက်တာ ဟိုဆေး ရာမိုစ် ဟိုတာက အားကစား သမား ၃ ဦးကို သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ဒီလီမြိုအခြေစိုက် NUG ရဲ့ မြန်မာနိုင်ငံ မစ်ရှင်ရုံး ဒုတိယအကြီးအကဲလဲ ပါ၀င်တက်ရောက်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံရာမှာ အားကစားကိုယ်စားလှယ်အဖွဲက ဖိတ်ကြားပေးတာနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပေးတာအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သမ္မတရဲ့ တော်လှန်ရေးအတွေ့အကြုံ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ နွေဉီးတော်လှန်ရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို မျှဝေခဲ့တယ်လို သိရပါတယ်။

မောင်တောခရိုင်ထဲ ညမထွက်ရအမိန့် ULA/AA ထုတ်ပြန်ဩဂုတ်လ (၁၂)ရက်။မောင်တောခရိုင်ထဲ ည(၁၀)နာရီကနေ နံနက် (၄)နာရီအချိန်အထိ ညမထွက်...
12/08/2026

မောင်တောခရိုင်ထဲ ညမထွက်ရအမိန့် ULA/AA ထုတ်ပြန်

ဩဂုတ်လ (၁၂)ရက်။

မောင်တောခရိုင်ထဲ ည(၁၀)နာရီကနေ နံနက် (၄)နာရီအချိန်အထိ ညမထွက်ရအမိန့်ကို အာရက္ခတပ်တော်(ULA/AA)က မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။

မောင်တောခရိုင်ထဲ RSO၊ ARSA နဲ့ ARA အဖွဲတွေဟာ တဖက်နိုင်ငံကို အခြေကုပ်ပြီး အာရက္ခပြည်ထဲ ထိုးဖောက်ကာ ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်တာတွေ ပြုလုပ်နေတယ်လို ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို ဩဂုတ်လ (၉)ရက်နေ့ကစပြီး ည(၁၀)နာရီကနေ နံနက် (၄)နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ဘူးသီးတောင်နဲ့ မောင်တောမြိုတိုက ပြည်သူတွေအနေနဲ့ မပျက်မကွက် လိုက်နာဖိုနဲ့ မလိုက်နာရင် ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေ ရှိလာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံတွေဆီ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရယူဖို ပြောဆိုထားပါတယ်။

ဒီလိုညမထွက်ရအမိန့် ထုတ်ပြန်တဲ့နေ့ကစပြီး ထုတ်ပြန်ချက် မရုပ်သိမ်းမချင်း အတည်ဖြစ်တယ်လို သိရပါတယ်။

ပလက်ဝမြိုကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ဩဂုတ်လ (၁၁)ရက်။ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ပလက်ဝမြိုကို စစ်ကောင...
11/08/2026

ပလက်ဝမြိုကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

ဩဂုတ်လ (၁၁)ရက်။

ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ပလက်ဝမြိုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာတစီးနဲ့ ပလက်ဝမြိုအဝင်ဆိုင်းဘုတ်အနီးကို လေကြောင်းကနေ ဗုံး (၂)လုံး ကြဲချခဲ့တာလို ဆိုပါတယ်။

စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးတွေဟာ မြိုအဝင်အဝအနီးရှိ အရပ်သားတဦးရဲ့ နေအိမ်ကို ထိမှန်ခဲ့ပြီး အသက် (၁၃)နှစ်နဲ့ (၁၉)နှစ်အရွယ်ရှိ အမျိုးသမီးငယ် (၂) ဒဏ်ရာရခဲ့တယ်လို ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေနေရာကို နေ့တိုင်း ဆက်တိုက်ဗုံးကြဲနေတာကြောင့် ပြည်သူတွေအနေနဲ့ အရင်ထက် ပိုမိုဂရုစိုက်ဖို တိုက်တွန်းထားပါတယ်။

အခုလထဲ စစ်ကောင်စီတပ်ဟာ သံတွဲ၊ မြောက်ဦးနဲ့ အမ်း စတဲ့ မြိုတွေကို နေ့ညမရွေး ဗုံးကြဲတိုက်ခိုက်တာကြောင့် အပြစ်မဲ့ပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ရတယ်လို သိရပါတယ်။

ရေဘေးသင့်နေတဲ့ ခင်ဦးနယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ဩဂုတ်လ (၁၁)ရက်။ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က ခင်ဦးနယ် ကွမ်းတို...
11/08/2026

ရေဘေးသင့်နေတဲ့ ခင်ဦးနယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဩဂုတ်လ (၁၁)ရက်။

ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က ခင်ဦးနယ် ကွမ်းတိုင်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

"ခင်ဦးနယ် ကွမ်းတိုင်းရွာကို စကစက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်တိတိ လေကြောင်းတိုက်ခိုက်တာ။ ဈေးဆိုင်အိမ်တအိမ်နဲ့ နွားခြံဘက်ကို တိုက်ခိုက်သွားတာာ လူထိခိုက်တာတော့ မရှိဘူး"လို ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကွမ်းတိုင်းရွာရှိ ဈေးဆိုင်အိမ်တအိမ်နဲ့ နွားခြံတခြံတိုကို ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် တိုက်ခိုက်ခဲ့ရာ လူထိခိုက်တာမရှိဘဲ နွားတကောင် ထိခိုက်ခဲ့တယ်လို သိရပါတယ်။

"ကွမ်းတိုင်းရွာထိပ်ချောင်းလဲ မိုးရွာလိုရေကြီးကာ ကွမ်းတိုင်းမြောက်ဘက် ပင်တင်းရေလှောင်ကန်လဲ ရေပြည့်နေလို ရေပိုလွဲကနေလွတ်ထားရပြီး ကွမ်းတိုင်းရွာတောင်ဘက် မင်းကန်ကြီး ရေလှောင်ကန်လဲ ရေပြည့်နေလို လွှတ်ထားရပါတယ်"လို သူက ဆက်ပြောပါတယ်။

ကွမ်းတိုင်းရွာဟာ ခင်ဦးမြိုအရှေ့ဘက် (၂)မိုင်အကွာမှာတည်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရွာမြောက်ဘက်ရှိ ပင်တင်းရေလှောင်ကန်နဲ့ တောင်ဘက်ရှိ မင်း‌ကန်ကြီးရေလှောင်ကန်တိုကနေ ရေလွှတ်ထားရပါတယ်။

ဒီကနေ့အချိန်အထိလဲ ခင်ဦးနယ်အနောက်ခြမ်း မူးမြစ်ဘေးရှိ တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်နဲ့ သက်သာပန်းတောင်းရွာတို ရေကြီးနေတုန်းပဲလို သိရပါတယ်။

တော်လှန်ရေးလုပ်ငန်း ပိုမိုအကျိုးပြုနိုင်ဖို PLSO/PLSF နဲ့ PIO/PIA တို ပေါင်းစည်းဩဂုတ်လ (၁၁)ရက်။ပြည်သူ့လွတ်မြောက်ရေးကျောင...
11/08/2026

တော်လှန်ရေးလုပ်ငန်း ပိုမိုအကျိုးပြုနိုင်ဖို PLSO/PLSF နဲ့ PIO/PIA တို ပေါင်းစည်း

ဩဂုတ်လ (၁၁)ရက်။

ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ/တပ်တေယ်(PLSO/PLSF)နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ/တပ်တေယ်(PIO/PIA)တို ပေါင်းစည်းခဲ့တယ်လို ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။

PLSO/PLSF နဲ့ PIO/PIA တိုဟာ ၂၀၂၁ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖိုနဲ့ နိုင်ငံသစ်တည်ဆောက်ဖိုဆိုတဲ့ ရည်မှန်းချက်ကို အခြေခံကာ ဖွဲစည်းလှုပ်ရှားခဲ့ကြတာလို ဆိုပါတယ်။

အခုအခါ အဲ့ဒီအဖွဲ(၂)ဖွဲဟာ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ အကျိုးပြုနိုင်ဖိုအတွက် ဇွန်လ (၆)ရက်နေ့မှာ အဖွဲတခုထဲအနေနဲ့ ပေါင်းစည်းခဲ့တာလို သိရပါတယ်။

နွေဦးတော်လှန်ရေးမှာ ဖွဲစည်းခဲ့တဲ့ အဖွဲအများစုဟာ ရည်မှန်းချက် တူညီကြပြီး နည်းနာနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ အပိုင်းမှာသာ ကွဲပြားကြတာကို တွေ့ရတယ်လို ဆိုထားပါတယ်။

ဒါ့ကြောင့် တူညီတဲ့ နိုင်ငံရေးရည်မှန်းချက် အိပ်မက်ကို အခြေခံကာ အပြန်အလှန် လေးစားမှု၊ ရိုးသားမှုနဲ့ အနစ်နာခံမှုတိုနဲ့ အရင်းအမြစ်တွေ ပေါင်းစည်းရှာဖွေတာ၊ အဖွဲတခုထဲအနေနဲ့ ပေါင်းစည်းဖို လိုအပ်တယ်လို ထုတ်ပြန်ထားပါတယ်။

နောက်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖိုနဲ့ နိုင်ငံသစ်တည်ဆောက်ဖို ယုံကြည်ချက်၊ ရည်မှန်းချက်တူညီတဲ့ သက်ဆိုင်ရာအဖွဲတွေနဲ့ တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ဖို အသင့်ရှိတယ်လို ပူးတွဲကြေညာချက်ထဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရှေ့ဆက်လျှောက်လှမ်းရမယ့် တော်လှန်ရေးခရီးကြမ်းမှာ အတူပေါင်းစည်းပြီး PIO/PIA အနေနဲ့ တော်လှန်ရေးတာဝန်တွေကို ဆောင်ရွက်သွားမယ်လိုလဒ အသိပေးထားချက်အရ သိရပါတယ်။

သံတွဲမြို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှု အရပ်သား (၁၄)ဦးအထိ သေဆုံးခဲ့ရဩဂုတ်လ (၁၁)ရက်။မနေ့က နေ့လယ် (၁)နာရီအချိန်က သံတွဲမြိုရှ...
11/08/2026

သံတွဲမြို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှု အရပ်သား (၁၄)ဦးအထိ သေဆုံးခဲ့ရ

ဩဂုတ်လ (၁၁)ရက်။

မနေ့က နေ့လယ် (၁)နာရီအချိန်က သံတွဲမြိုရှိ ကျောက်ကြီးရွာကို စစ်ကောင်စီတပ်က ဖျက်အားပြင်း ဗုံးသီး(၃)လုံး ကြဲချခဲ့တယ်လို AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"ကျောက်ကြီးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ(၁)စီးနဲ့ မိနစ်(၂၀)လောက် လှည့်ပတ်ပြီး ဗုံးကြဲသွားတာ။ ကြဲချသွားတဲ့ဗုံးက ဖျက်အားပြင်းဗုံးသီးတွေ ပေါင်(၃၀၀)ဗုံးတွေဖြစ်နိုင်တယ်"လို ဆိုပါတယ်။

ကျောက်ကြီးရွာကို စစ်ကော်မရှင်တပ်က ပေါင်(၃၀၀)လိုယူဆရတဲ့ ဖျက်အားပြင်းဗုံးသီး (၃)လုံး ကြဲချခဲ့ရာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားပြည်သူ (၁၄)ဦးအထိ သေဆုံးခဲ့ရကာ အဲ့ဒီအထဲ အသက်(၆)နှစ်နဲ့ (၉)နှစ်အရွယ် ကလေး(၂)ဦးပါဝင်လို သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖြစ်စဉ်ထဲ အရပ်သားထိခိုက်ဒဏ်ရာရသူ (၁၁)ဦးအထိရှိခဲ့သလို နေအိမ် (၂၁)လုံးအပြင် ဆန်စက်၊ ဖုန်းဆိုင်နဲ့ ကားတွေ ပျက်စီးဆုံးရှုးခဲ့ရတယ်လိုလဲ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းကစပြီး သံတွဲမြိုကို စစ်ကော်မရှင်တပ်က နေ့ရောညပါ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား‌ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

ဒါ့ကြောင့် အာရက္ခပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်တိုကို အရင်ကထက် ပိုမိုဂရုစိုက်ကြဖို AA က ထပ်မံအသိပေးထားတယ်လို သိရပါတယ်။

住所

Minato, Tokyo
105-0014

アラート

Era's Eyeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Era's Eyeにメッセージを送信:

ショートカット

共有する