26/10/2025
G-10 ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓ-မ္မကျင့်ခံရ ‼️
စလင်းမြို့ အထက ကျောင်းမှာ ဖြစ်သွားခဲ့တာပါ
ဘယ်လောက်အထိ ယုတ်မာသလဲဆိုရင်
G-10 ကျောင်းသူကို ကျောင်းသား လေးယောက်က အုပ်စုဖွဲ့ အဓ-မ္မပြုကျင့် VD ရိုက်ပြီး Telegram ဘက်မှာ လိုင်းပေါ်တင်ဖြန့်ခဲ့တာတဲ့
Oct 23 ရက်နေ့က
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်ရှိ
အမှတ် ၁ - အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁)မှာ ပညာသင်ကြားနေတဲ့
Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓ-မ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရမ် အွန်လိုင်းမှာ ဖြန့်ဝေမှုဖြစ်ပွားခဲ့တယ်လိုသိရ
Grade – 10 ကျောင်းသူကို ရည်စားဖြစ်တဲ့
Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ချိန်းဆိုကာ အရက်သေစာသောက်စားပြီးနောက် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓ-မ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
“ကျောင်းသူမလေးကို ကျောင်းသားလေးက
သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ်ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး
မုဒိ-မ်းကျင့်လိုက်ကြတာ။ မုဒိ-မ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လ-ည်ပ-င်းကို ညှ-စ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိ-မ်းကျင့်ကြတာ” လို့ စလင်းမြို့ခံ အရင်းအမြစ်က သိရ
အဲဒီလို အရက်သေစာသောက်စားပြီး ရည်စားဖြစ်သူနဲ့ အဖွဲက ဝိုင်ဝန်းအဓ-မ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောခဲ့ရာမှ ပြန်လည်သတိရလာချိန်
ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ ဆေးရုံကို ဒေသခံတွေက ကူညီပို့ဆောင်ပေးခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာ ကျောင်းသူဖြစ်သူကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ ရည်စားဖြစ်သူအပါဝင် လေးဦးကို
ရဲစခန်းက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
မိဘတွေ ကိုယ့်သားသမီးတွေကို ဂရုစိုက်ကြပါ
အထူးသဖြင့် သမီးမိန်းကလေးတွေကို သေချာသွန်သင်ဆုံးမကြပါ
ဖုန်းပေးသုံးမယ်ဆိုရင်လည်း စည်းကမ်းတကျပေးကိုင်ပြီး Online အသုံးပြုခြင်းရဲ့နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုးတွေ သေချာရှင်းပြပေးကြပါ
အကျင့်စာရိတ္တတွေ ပျက်သုဉ်းနေတဲ့
ခေတ်ပျက်ကြီးထဲမှာ
မြင်ရကြားရ စိတ်ပျက်စရာတွေ ကောင်းနေပြီ
#မကွေး
#စလင်း