
10/03/2023
၂၀၂၀ ခုနှစ်နဲ့ ယှဉ်ရင် ဂျပန်တကယ်လစာ💴💴💴 ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်။ 😭⬇️⬇️⬇️
ဂျပန်ကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းဇယားအရ ဂျပန်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်က ရရှိတဲ့လစာကိုသုံးပြီး အပြင်မှာဈေးဝယ်တဲ့အခါ သုံးလို့ရနိုင်တဲ့ပိုက်ဆံတန်ဖိုး ၁၇.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်။
ဒီ ၃ နှစ်အတောအတွင်း လစာနှုန်း အနည်းငယ်တိုးလာပေမယ့် ကုန်ဈေးနှုန်းမြင့်တက်လာခဲ့တာမို့ တကယ်သုံးနိုင်တဲ့ ပိုက်ဆံတန်ဖိုးက ၂၀ ရာခိုင်နှုန်းနီးပါးကျဆင်းသွားတာပါ။
ငွေကို အဓိထားပြီးဂျပန်မှာ အလုပ်လုပ်နေကြသူများ ဂျပန်မှာ ဆက်အလုပ်လုပ်မလား တစ်ခြားနိုင်ငံကို ပြောင်းပြီး အလုပ်လုပ်မလား စဉ်းစားသင့်တယ်
ဂျပန်သွားရင် ပိုက်ဆံရှာနိုင်မယ်လို့သင်ပြီး ပြင်နေကြသူများလည်း တကယ်ဂျပန်ကို လာသင့်မသင့် စဉ်းစားသင့်ပါတယ်။