20/02/2026
ကျောင်း COE(Certificate of Eligibility)လျှောက်တဲ့အခါRejectဖြစ်ရတဲ့အကြောင်းအရင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်ရှင့်💁🏻♀️
1️⃣4E(Bank Statement),4K (Bank Transaction)
📌အကြောင်းအရင်းကတော့ Bank Statement မခိုင်လုံခြင်း/ဘဏ်စာအုပ်မှာစည်းတုံးမပါခြင်း/ငွေအဝင်အထွက်စာရင်းသေချာစွာမပြသနိုင်ခြင်း
🔺ကျောင်းသားအများဆုံးထိတတ်ကြတဲ့ reject အမျိုးအစားဖြစ်ပြီးပြန်လျှောက်ရလည်းလွယ်ကူတဲ့reject အမျိုးအစားပါ
2️⃣5C(False information or Misrepresentation)
📌အကြောင်းအရင်းကတော့ လဝကဘက်ကနေကိုယ်တင်သမျှ စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးတော့လိမ်လည်တယ်လို့သံသယရှိတာမျိုးပါ
🔺ကိုယ်ပြထားတဲ့ Bank Statement ကိုအယုံအကြည်မရှိခြင်း၊Sponsor ရဲ့ဝင်ငွေကိုမယုံကြည်တာမျိုးနဲ့ အဓိကကတော့ကိုယ့်ဘက်ကတင်သမျှစာရွက်စာတမ်းအားလုံးကိုအယုံအကြည်မရှိဘူးဆိုတဲ့ reject အမျိုးအစားဖြစ်ပြီး ပြန်လျှောက်ဖို့လည်းခက်ပါတယ်
3️⃣6B (Financial unstable)
📌အကြောင်းအရင်းကတော့ ငွေကြေးထောက်ပံ့မှုမလုံလောက်လို့ထိတဲ့ reject အမျိုးအစားပါ
🔺ပြန်လျှောက်ရလွယ်ကူတဲ့Reject အမျိုးအစားဖြစ်ပြီးပြန်လျှောက်ချင်ရင်တော့အရင်ပြထားတဲ့ငွေပမာဏကိုတိုးပြနိုင်ရင်ရပါတယ်
4️⃣2A,2B,2C
📌အကြောင်းအရင်းကတော့ Student visa လျှောက်ထားသူ၏ ဂျပန်စာအရည်အချင်း (သို့)တင်ပြထားသော အချက်အလက်များ မလုံလောက်ခြင်း / မကိုက်ညီခြင်း(သို့) Sponsor information မလုံလောက်ခြင်း တို့နဲ့ထိတဲ့ reject အမျိုးအစားပါ
🔺 2ကြိမ်မြှောက်ပြန်လျှောက်တဲ့လူတွေမှာလည်းတွေ့ရများတဲ့ reject အမျိုးအစားဖြစ်ပြီး ပြန်လျှောက်တဲ့အခါစာရွက်စာတမ်းမခိုင်လုံခြင်း ၊Sponsor အချက်အလက်မလုံလောက်ခြင်းဆိုတဲ့အကြောင်းအရင်းနဲ့ထိတာများပြီး လျှောက်ထားသူအပေါ်ယုံကြည်မှုကင်းမဲ့တာမျိုးမလို့နောက်တကြိမ်ပြန်လျှောက်ဖို့လည်းခက်ပါတယ်
❗️COEကျပြီးတာနဲ့ ချက်ချင်းပြန်မလျှောက်ဘဲအနည်းဆုံး၆လ(သို့)၁နှစ်လောက်တော့စောင့်ပြီးမှmeiကတော့လျှောက်စေချင်ပါတယ်
5️⃣4L(အခွန်ပြတာမလုံလောက်ခြင်း)
📌အကြောင်းအရင်းကတော့မိမိ Sponsor ရဲ့လုပ်ငန်းမှာပေးဆောင်ထားတဲ့အခွန်ပမာဏမလုံလောက်ခြင်း(သို့)Tax certificate မခိုင်လုံဘူးဆိုတဲ့အချက်နဲ့ထိတာပါ
🔺Reject ထိပြီဆိုတာနဲ့ကိုယ်လျှောက်ခဲ့တဲ့ Agency ကနေတဆင့်ကျောင်းဘက်ကို Reject Letterကိုကျိန်းသေပေါက်တောင်းရပါမယ်
🔺Reject Letter ရှိမှသာကျောင်းပြန်လျှောက်ရလွယ်ကူမှာဖြစ်ပါတယ်(Meiအကြံပြုချင်တာကတော့ကိုယ်ကျခဲ့တဲ့ကျောင်းမှာ ပြန်လျှောက်တာကအောင်ဖို့ chance ပိုများပါတယ်)
❗️Immigration ပေါ်မူတည်ပြီး Reject ဖြစ်ရတဲ့ Reason လေးတွေလည်းအနည်းငယ်ကွဲပြားနိုင်ပါတယ်နော်🙇🏻♀️
#ဂျပန်စာလေ့လာကြမယ်