13/08/2026
生きていればさえ 希望がある✨💫
(အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိတယ်)
ဒီတစ်ခါတော့ စာအကြောင်းမဟုတ်ဘဲ ဇာတ်ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်ရှင်။
ဒီဇာတ်ကားလေးက ဘဝမှာ ဘယ်လောက်ပဲကျရှုံးပါစေ၊ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့ရပါစေ၊ သတ္တိမလျှော့ဘဲ အသစ်ကနေ ပြန်လည်စတင်နိုင်တဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို ဖော်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
ဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီးတို့ဟာ လုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးစားလုပ်ကိုင်ကြပါတယ်။ အောင်မြင်မှုရပြီးတိုင်း မမျှော်လင့်ထားတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံတွေ့ရပြီး လုပ်ငန်းအသစ်တွေကို အစကနေ ပြန်စရတဲ့ အခြေအနေမျိုးတွေ မကြာခဏ ရှိလာပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ပျက်အားငယ်မသွားဘဲ အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ထပ်မံကြိုးစားကြပါတယ်။
ဇာတ်ကားက “ဘယ်လောက်ပဲ လဲကျပါစေ ပြန်ထနိုင်တယ်” ဆိုတဲ့ အားအင်ပေးတဲ့ အဓိပ္ပာယ်ကို ထိထိမိမိ ဖော်ပြထားပါတယ်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေသေးတယ်ဆိုတဲ့ သင်ခန်းစာကောင်းကိုလည်း ပေးစွမ်းထားပါတယ်။
ဂျပန်စာလေ့လာနေသူတွေအတွက်လည်း ဂျပန်စကားအသုံးအနှုန်းတွေ၊ ပြောဆိုပုံတွေကို လေ့လာနိုင်တာကြောင့် ဂျပန်ဘာသာစကား ပိုမိုကျွမ်းကျင်လာစေဖို့ အထောက်အကူပြုမယ်လို့ ထင်ပါတယ်။
ဒါကြောင့် အားလုံးပဲ အချိန်ရရင် ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်နော်။ 😊✨
နဲ့ NHK မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်နော်။