LHA’s Quotes

LHA’s Quotes Peaceful life 🌠

03/08/2026

မတူတဲ့အရာတွေကို တူတူဖြစ်ဖို့
adjustလုပ်ရတာ မလွယ်ကူပါဘူး..
အဝိုင်းကအဝိုင်း..
လေးထောင့်က လေးထောင့်ပါပဲ
ဝိုင်းချင်တဲ့အရာက ဝိုင်းမှအဆင်ပြေမှာဖြစ်သလို
လေးထောင့်ကလဲ လေးထောင့်ကျနေမှပါ..
သူ့နေရာ သူ့သဘာဝနဲ့သူမလို့..
အတူပုံဖော်ပြီး လှပတဲ့အရာအဖြစ်မရှိချင်သရွေ့
မပေါင်းစပ်ချင်စမ်းပါနဲ့..

#သံပေတံ
JP Time, 01:03 Aug4

29/07/2026

ဘဝမှာ တစ်စုံတစ်ယောက်ကို
ကိုယ့်ဘက်ကစပြီး Blockလုပ်လေ့မရှိပါဘူး...
Blockခံရတဲ့ ခံစားချက်ကို နားလည်တဲ့အတွက်
ကိုယ့်ကို မကြိုဆိုတော့တဲ့ ရပ်ဝန်းကို
ပြန်ပြီး ဆက်သွယ်မိတဲ့အခါ
တစ်ဖက်သားရဲ့ဘဝကို
အခက်အခဲရစေမှာစိုးလို့
လွတ်လပ်စွာ ပျော်ရွှင်နိုင်စေဖို့အတွက်
အသိစိတ်နဲ့ပဲ ပြန်မဖွင့်ဖြစ်လောက်တော့မယ့်
တံခါးတစ်ချပ်ကို ပိတ်ပေးလိုက်ခြင်းသာ..

ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား
ရောက်လေရာအရပ်မှာ လိုချင်တဲ့အရာတွေရပြီး
မျှော်လင့်တဲ့ဘဝမျိုး ပိုင်ဆိုင်ပါစေကွယ်...

#သစ်သားပေတံ
JP Time 01:53 July 30

28/07/2026

အဆင်မပြေတဲ့အချိန်မှာ
ကိုယ့်ဘဝထဲဝင်လာခဲ့တဲ့သူကို ..
အဆင်ပြေပြေနဲ့ထွက်သွားနိုင်အောင် ..
ဧည့်ဝတ်ကျေပေးခဲ့တာဟာလည်း
မေတ္တာပဲ မဟုတ်လား ...

#သံပေတံ
JP ⏱️00:45 July29

28/07/2026

ဒီအချိန်မှာ ...
ဝေဒနာရှင်အားလုံး
ဂရုစိုက်နေရသူအများစု
အစားထိုးမရ ဆုံးရှုံးခဲ့ရသူများ …

မပြိုလဲကြဖို့အရေးကြီးပါတယ်
ပြိုလဲ ကြေကွဲတာ အေသင်ချိုဆွေပဲ ရှိပါတယ်

အားတင်းကြစို့ သူငယ်ချင်း
#သစ်သားပေတံ
JP Time 23:54 July28

27/07/2026

နေ့တိုင်း Dateကြည့်ဖြစ်တယ်
ဖုန်းထဲက ပြက္ခဒိန်မှာ ..

#ကျောက်ကျောပေတံ
JP Time 07:42 July28

27/07/2026

တစ်ယောက်တည်းကိုပဲ
အရမ်းချစ်တတ်တဲ့သူတစ်‌ယောက်ဘဝကနေ
အများစိတ်ချမ်းသာ ပျော်ရွှင်ရတဲ့
အရမ်းရယ်ရတဲ့သူတစ်ယောက်အဖြစ်ပဲ
နေပြီး ရပ်တည်တော့မယ်

#ကျောက်ကျောပေတံ
JP Time 07:38 28July

25/07/2026

တစ်ခုခုကိုစွန့်ပစ်ရဖို့ကြုံလာပြီဆိုရင်..
ဘာလို့အမြဲတမ်း အလှည့်ကျသူဟာ
ငါပဲဖြစ်နေရတာလဲ ?

ငါ့ဘဝရဲ့ခံယူချက်တွေ
Lifestyle တွေဟာ
လူအများကိုဒုက္ခပေးတဲ့
အမှားအယွင်းများဖြစ်နေခဲ့သလား??

ရွေးချယ်ခံရတဲ့အဓိပ္ပာယ်ဆိုတာ
ဘာများပါလဲနော် ???
အနာဂတ်ကိုကြိုကြည့်ခွင့်ရမယ်ဆိုရင်
ဘယ်တော့များမှ သိခွင့်ရမှာပါလဲ ???

JP Time 23:10 July 25 ⏰
#သစ်သားပေတံ

22/07/2026

ဘဝကိုဘယ်လိုနေထိုင်ဖြတ်သန်းလဲလို့မေးရင်..

တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ
စိတ်ညစ်စရာအကြောင်းအရင်းတစ်ခုက
ကျွန်တော်ဖြစ်နေခဲ့သည်ရှိသော်
ကိုယ်ပိုင် အသိစိတ်တစ်ခုနဲ့ပဲ
အဝေးကိုအလိုက်တသိ
တိတ်တဆိတ်ပဲထွက်သွားပေးလိုက်တာပါပဲ..
သူတစ်ပါးကိုယ့်ကြောင့်
စိတ်မချမ်းသာနေရင်
ကိုယ်မပျော်ဘူးလေ
အတင်းကြီးလုပ်ယူရတာတွေက
စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်..

ချစ်မိခဲ့ရဖူးသူရေ ရောက်လေရာအရပ်
အတူရှိချင်တဲ့နေရာမှာ အမြဲပျော်ရွှင်ပါစေပေါ့..

#ကျောက်ကျောပေတံ
JP Time 07:53 23June

17/07/2026

ငယ်စဉ်ကတည်းက ဖြစ်ချင်တဲ့အရာလို့
မေးတဲ့အခါသာယာ‌ အေးချမ်းပျော်ရွှင်ရသော
ကိုယ်ပိုင်မိသားစု‌ဘဝတစ်ခု တည်ဆောက်ဖို့
အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးတယ်
ဖြစ်နိုင်မယ်ဆိုတာကို ယုံကြည်ပြီး
ပါရမီဖြည့်ဖက်ရဖို့ ကြိုးစားကြည့်ခဲ့ဖူးတယ်..

အရွယ်ရောက် 10တန်းအောင်တဲ့အခါ
မိဘ‌တွေ တစ်ယောက်စာသက်သာပြီး
ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ သားသမီးတစ်ယောက်
ကျရာတာဝန်ထမ်းပေးဖို့ အားထုတ်ရင်း
independent ဖြစ်တဲ့ဘဝတစ်ခု
ငွေရေးကြေးရေးမှာဖြစ်ဖြစ် ပြဿနာများစွာကို
ဖြေရှင်းတဲ့နေရာဖြစ်ဖြစ် မိမိအသိနဲ့သတိကို အသုံးချပြီး
ကြိုးစားဖို့ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်အတွက်
တစ်ယောက်စာ Life plan နဲ့ဆို ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ပေမယ့် နှစ်ယောက်စာဖြစ်လာတဲ့အခါ နှစ်ယောက်စာလုံလောက်တဲ့ Life planမျိုး စဉ်းစားကြရပါတယ်

ဗျူဟာပြောင်းရတယ်ပေါ့ မတူတဲ့အရာနှစ်ခုကို တူညီတဲ့အရာတစ်ခုဖြစ်ဖို့ သွားရတဲ့ခရီးဟာ မလွယ်ပါဘူး
တစ်ဖက်သူမှာလည်း ရည်မှန်းချက် သွားချင်တဲ့
ရေရှည် ရေတိုLife Style ရှိတတ်ကြသလို တွေးတဲ့အရာတွေကွဲပြားတဲ့အခါ တစ်ယောက်တစ်နေရာစီပြန်ဖြစ်သွားတတ်ကြပါတယ် ကံပါသလောက် အရင်းနှီးဆုံးသူစိမ်းကနေ
အရမ်းအဝေးဆုံးသူစိမ်းတွေအဖြစ်ပေါ့
ဘဝခရီးမှာက အမြဲတမ်းအတူရှိဖို့ဆိုတာမသေချာပါဘူး သူတစ်ပါးကိုလည်းထိန်းချုပ်ဖို့မဖြစ်နိုင်ပါဘူး ကိုယ်နဲ့အတူမဖြတ်သန်းချင်တော့တဲ့ ဆုံးဖြတ်ချက်ကိုလည်းလေးစားပေးရမယ်လေ မိမိကိုယ်သာ ကိုးကွယ်ရာမဟုတ်လား...

စွဲလမ်းမိသွားတဲ့အခါ သံယောဇဉ်တွယ်တတ်တဲ့သူအတွက်ကတော့ နှစ်ယောက်အသားကျနေတဲ့ဘဝကနေ
သံယောဇဉ်ကိုပြန်ဖြတ်ရ Habitကို Brain စီ Data ပြန်ပို့ရနဲ့တစ်ယောက်တည်းဘဝကိုပြန်တည်ဆောက်ရ
Move onရတာ အပြောလွယ်ပေမယ့် လုပ်ရမလွယ်ပါဘူး

ကိုယ်လိုချင်ပေမယ့် ကိုယ်မလုပ်နိုင်တော့ဘူး ပင်ပန်းတယ်လို့‌ တွေးမိတဲ့ အသက်အရွယ်ရောက်လာတဲ့အခါ
သူတစ်ပါးဘဝထဲကိုလဲ အလွယ်တကူဝင်ရောက်ဖို့
မကြိုးစားတော့ဘူး
ကိုယ့်ဘဝထဲလဲ အလွယ်တကူ အဝင်မခံတော့ဘူး
သဘောကျတယ်ဆိုရင် သဘောကျတယ်ဆိုတဲ့အဆင့်လောက်မှာပဲရပ်လိုက်တယ်
လောကကြီးမှာ နောက်ထပ်ရင်းနှီးပြီးမှ
မသိခဲ့တဲ့သူစိမ်းတစ်ယောက် ထပ်မတိုးချင်တော့ပါဘူး ..

ဝေးကွာရမယ့်ဒဏ်ကို ကာကွယ်ပြီးသားဖြစ်သလို
အရာခပ်သိမ်း မိမိကိုယ်ကိုထိန်းချုပ်နိုင်တဲ့ အဆင့်မှာပဲရှိသေးလို့ စိတ်ငြိမ်းချမ်းစွာနဲ့ အလှအပလေးကို
ခံစားလို့ရပါသေးတယ်

Long Termအတွက် အတူကြိုးစားပြီး
ကိုယ့်ကိုအဆုံးရှုံးမခံနိုင်တဲ့
အမြဲတမ်းအတူတူ ပြန်ပြီးဆွေးနွေး
ညှိနှိုင်းသူမလာသေးသ၍တော့
ထပ်ချစ်ဖြစ်ဖို့ ကြာဦးမယ် ထင်တယ်..

Trauma များမှ လွတ်မြောက်ခြင်း
ငြိမ်းချမ်းခြင်းကို ရှာဖွေပြီး စိတ်ရှည်ထားခြင်း

#သံပေတံ
JP Time 06:34am

27/06/2026

ကျွန်တော် အကြိုက်ဆုံးဘဝရဲ့
အနိုင်ယူခြင်းကတစ်ခုပဲရှိပါတယ်

``မိမိရဲ့စိတ်ကိုအနိုင်ယူရခြင်းပါ``
အကြိမ်ကြိမ်တိုက်ပွဲဝင်ပြီး အနိုင်ယူခဲ့ဖူးပါတယ်

ဘဝရဲ့ နောက်တစ်ဆင့်ရောက်တဲ့အချိန်ရယ်လို့
ခံစားရတိုင်းမှာ ကျွန်တော့်စိတ်က
ကိုယ့်ကိုကိုယ် ဖျက်ဆီးဖို့ အကြိမ်ကြိမ်
တွန်းအားပေး တိုက်တွန်းတတ်ပါတယ် ..

ကိုယ်ရဲ့စိတ်က ကိုယ့်ကိုလွှမ်းမိုးသွားမှာကို
ကျွန်‌တော် သိပ်ကြောက်ပါတယ်
မကောင်းတဲ့အတွေးစိတ်‌တွေဝင်လာတဲ့အခါ
ထွက်သမျှEnergyတွေကလဲ မကောင်းတာတွေပဲရှိလာမှာပါ

ဒါကြောင့် အတွေးတွေမလွန်ဖို့ emotionတွေကို
neglect လုပ်ဖို့ မလွယ်ပေမယ့်
ခက်ခက်ခဲခဲပဲ ကြိုးစားရပါတယ်
မိမိကိုယ်ကို ဘာဖြစ်နေသလဲ အသိဆုံးမို့

ငိုစရာရှိရင် ငိုချလိုက်တယ်
ရယ်စရာရှိရင် ရယ်လိုက်တယ်
စိတ်ထဲမှာအကုန် သိမ်းထားတာထက်
အဓိကက စိတ်ထဲရှင်းပြီး ပေါ့ပါးသွားဖို့ပါပဲ
စိတ်အညစ်အကြေးတွေကို ဖြူစင်စွာဆေးကြောဖို့ပေါ့

စိတ်တွေသန့်ရှင်းလာပြီဆို ဝင်လာတဲ့အတွေးတွေက
Positive ဘက်ကို များလာတတ်ပါတယ်
လုပ်သမျှကိုင်သမျှအဆင်ပြေချောမွေ့တတ်ပါတယ်
ကိုယ့်ဘဝကို ကိုယ်ပဲထိန်းချုပ်ပိုင်ခွင့် ရှိလို့
စိတ်များကြည်လင်နေရင်လေ
အရာရာကိုလဲ ဖြေရှင်းရဲတယ်
ရင်ဆိုင်ဖို့လဲ ယုံကြည်ချက်ရှိနေတယ်

ဒါကြောင့် စိတ်ပင်ပန်းလာတဲ့အခါ
တစ်ယောက်တည်းနေပြီး
တိတ်တဆိတ်မိမိအသံကိုပြန်နားထောင်ကြည့်ပါ

ဘာတွေမှားနေခဲ့သလဲ
ဘာတွေမျှော်လင့်ခဲ့တွယ်တာခဲ့မိလို့
ဘယ်လိုဆိုးကျိုးတွေဖြစ်နေရသလဲ
မိမိကိုယ့်ကိုသုံးသပ်ဆင်ခြင် သင်ခန်းစာယူရင်း
စိတ်အေးချမ်းသောနေ့ရက်များဆီသို့
ပြန်လည်ရောက်ရှိခြင်းဟာ
လောကရဲ့နေ့ရက်တွေကို
အေးချမ်းမှုနဲ့အကောင်းဆုံး
ဖြတ်သန်းနိုင်ခြင်းပါပဲ..

#သံပေတံ
July27, 12:01JP⏰

住所

Okayama-shi, Okayama
700-0016

電話番号

+817090550747

ウェブサイト

アラート

LHA’s Quotesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

LHA’s Quotesにメッセージを送信:

ショートカット

共有する