𝐊𝐌𝐇 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐊𝐌𝐇 𝐂𝐡𝐚𝐧𝐧𝐞𝐥 အာရောဂျံ ပရမံလာဘံ
ကျန်းမာခြင်းသည် လာဘ်တပါး

ထိုင်းနိုင်ငံက လွိုင်ကထုံ မီးပုံးလွှတ်ပွဲကို သွားခဲ့တဲ့ သက်မွန်မြင့်သရုပ်ဆောင် သက်မွန်မြင့်က သူမရဲ့ မိတ်ဆွေဖြစ်သူ ဒီဇိုင...
25/11/2025

ထိုင်းနိုင်ငံက လွိုင်ကထုံ မီးပုံးလွှတ်ပွဲကို သွားခဲ့တဲ့ သက်မွန်မြင့်

သရုပ်ဆောင် သက်မွန်မြင့်က သူမရဲ့ မိတ်ဆွေဖြစ်သူ ဒီဇိုင်နာ မပုံ့နဲ့ သွားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အပြင် အခြားသောမြို့များမှာပါ ကျင်းပလေ့ရှိတဲ့ အဆိုပါမီးပုံးပျံပွဲကို သွားရောက်ရင်း မြန်မာနိုင်ငံက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို သတိရနေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း ထိုင်းနိုင်ငံလို စနစ်တကျကျင်းပနိုင်မယ်ဆိုရင် နိုင်ငံခြားငွေရရှိနိုင်တယ်လို့ သူမက ပြောပါတယ်။

ငွေသားတွေ အပုံလိုက်၊ အထပ်လိုက် လှူပြီး စက္ခုဒါနပြုခဲ့ကြတဲ့ စည်ဖြိုးတို့မိသားစု 🙏🙏🙏သရုပ်ဆောင် စည်ဖြိုးရဲ့ မိဘနှစ်ပါးဖြစ်သ...
19/11/2025

ငွေသားတွေ အပုံလိုက်၊ အထပ်လိုက် လှူပြီး စက္ခုဒါနပြုခဲ့ကြတဲ့ စည်ဖြိုးတို့မိသားစု 🙏🙏🙏

သရုပ်ဆောင် စည်ဖြိုးရဲ့ မိဘနှစ်ပါးဖြစ်သူ ဒေါ်သီသီဝင်းတို့ ဇနီးမောင်နှံက စက္ခုဒါနအလှူတွေပြုခဲ့ပါတယ်။ ငွေကျပ် သိန်း ၆၀၀ ကျော်ကို ငွေသားအပုံလိုက် ဗန်းထဲခင်းပြီး လှူဒါန်းခဲ့ပုံကို မျှဝေလာခဲ့တာပါ။ လူအယောက်ပေါင်း ရာချီရဲ့ စက္ခုအလင်းအတွက် ကုသိုလ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ငယ်ဇင်ပွဲမှာ ဆယ်လီဖြစ်သွားသူလေးကတော့ ဟိန်းဝေယံရဲ့ မရီးပဲ 😍တော်တော်ချောတဲ့ အမျိုးသမီး သားတွေကြီး မွေးထားတာ သုံးယောက် ရှိတ...
15/11/2025

ငယ်ဇင်ပွဲမှာ ဆယ်လီဖြစ်သွားသူလေးကတော့ ဟိန်းဝေယံရဲ့ မရီးပဲ 😍

တော်တော်ချောတဲ့ အမျိုးသမီး သားတွေကြီး မွေးထားတာ သုံးယောက် ရှိတယ်တဲ့ အသက်ကလဲ လေးဆယ်ကျော် အရွယ်တဲ့နော်

အရပ်အမောင်းရော ရုပ်ရည်ရော တော်တော်ပြည့်စုံတဲ့ အလှပိုင်ရှင်ပဲ 🥰

မင်္ဂလာပွဲထဲမှာလဲ ပွဲလာပရိတ်သက်တွေက ဟိန်းဝေယံ မရီးကိုပဲ ရှာပီး ဓာတ်ပုံတွေတွဲရို-/က်ကြတယ်တဲ့ ပွဲထဲမှာ သူ အရှာခံရဆုံ: ဆိုပဲ 😅

ရွှေစင်ရွှေသား ၉ ပိဿာအသုံးပြုထားတဲ့ မင်္ဂလာဝတ်စုံတွေနဲ့ ဘိသိက်ခံယူမယ့် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင် ❤️❤️❤️သရုပ်ဆောင် ဟိန်း...
14/11/2025

ရွှေစင်ရွှေသား ၉ ပိဿာအသုံးပြုထားတဲ့ မင်္ဂလာဝတ်စုံတွေနဲ့ ဘိသိက်ခံယူမယ့် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင် ❤️❤️❤️

သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့က ဒီကနေ့မှာပဲ စုလျားရစ်ပတ် ဘိသိက်မင်္ဂလာပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ သူမတို့ရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်မယ့် မင်္ဂလာမောင်နှံ တွေရဲ့ ဝတ်စုံ၊ ရွှေတောင်ရှည်ပုဆိုး၊ ရွှေခြုံပုဝါနှင့် ရွှေလက်ကိုင်ပန်းတွေကို ရွှေပိဿာ ၉ ပိဿာနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပတ္တမြားလက်ဝတ်ရတနာတွေကိုလည်း ဆင်မြန်းထားတာတွေ့ ရပါတယ်။

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ဟာ ၆ နှစ်တာ လက်တွဲပြီးတဲ့ကာလမှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။

လေယာဉ်လက်မှတ် သိန်း ၁၀၀ ကျော်တန်ကြေးရှိ Emirates ရဲ့ နှစ်ထပ်လေယာဉ်နဲ့ ဒူဘိုင်းသို့ သွားလည်ခဲ့တဲ့ စည်ဖြိုးရဲ့ မိဘနှစ်ပါး ...
13/11/2025

လေယာဉ်လက်မှတ် သိန်း ၁၀၀ ကျော်တန်ကြေးရှိ Emirates ရဲ့ နှစ်ထပ်လေယာဉ်နဲ့ ဒူဘိုင်းသို့ သွားလည်ခဲ့တဲ့ စည်ဖြိုးရဲ့ မိဘနှစ်ပါး 👏

နာမည်ကျော် Emirates လေကြောင်းလိုင်းရဲ့ နှစ်ထပ်လေယာဉ်နဲ့ ဒူဘိုင်းသို့ သွားရောက်ခဲ့တာပါ။ Emirates ရဲ့ First Class ဖြစ်တဲ့ အဆိုပါလေယာဉ်ဟာ ဇိမ်ခံအမျိုးအစားလေယာဉ်ဖြစ်ပြီး အိပ်စင်၊ Wifi ၊ Bar နဲ့အတူ Shower Spa၊ အလိုရှိတိုင်းသုံးဆောင်နိုင်တဲ့အစားအသောက်တည်ခင်းပေးမှုတွေလည်း ပါဝင်တာလည်းဖြစ်ပါတယ်။

လေယာဉ်လက်မှတ်ဈေးနှုန်းအားဖြင့် ဘန်ကောက်မှ-ဒူဘိုင်းသို့ ဘတ် ၁၃၀၀၀၀ မှ ၂၀၀၀၀၀ ဝန်းကျင်ထိရှိကာ ကျပ်ငွေပေါက်ဈေးအားဖြင့် သိန်း ၁၇၀ ဝန်းကျင်မှ သိန်း ၂၆၀ ဝန်းကျင်ရှိတာကို တွေ့ရပါတယ်။

စည်ဖြိုးရဲ့မိဘနှစ်ပါးဟာ ငွေကြေးချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းလည်းဖြစ်ကြတာကြောင့် အဆိုပါ ဇိမ်ခံလေယာဉ်မျိုးကို စီးနင်းနိုင်ကြတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေချပြီး သဘာဝအလှတရားတွေထဲ ပျော်မွေ့နေတဲ့ သက်မွန်မြင့် ❤️သူမကတော့ ယခုလို ပန်းလေးတွေပွင့်တဲ့  နိုဝင်ဘာလ...
12/11/2025

ထိုင်းနိုင်ငံမှာ အခြေချပြီး သဘာဝအလှတရားတွေထဲ ပျော်မွေ့နေတဲ့ သက်မွန်မြင့် ❤️

သူမကတော့ ယခုလို ပန်းလေးတွေပွင့်တဲ့ နိုဝင်ဘာလလေးကို ချစ်တယ်လို့ ဆိုလာတာပါ။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေချနေထိုင်နေတဲ့ သက်မွန်မြင့်ဟာ သူမ ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကိုပါ စွန့်လွှတ်ပြီးနိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။ ချင်းမိုင်ရဲ့ ဆောင်းတွင်းကာလ သဘာဝတရားလှပမှုတွေကြားမှာ ပျော်မွေ့နေပုံလေးတွေကို ဖော်ပြလာပါတယ်။

ငွေကျပ် သိန်း ၈၀ တန်ဖိုးရှိ ရတနာပစ္စည်းတွေနဲ့ မိခင်ဖြစ်သူ ခိုင်သင်းကြည်ကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ စံထိပ်ထားဦးမေမေရဲ့မွ...
27/09/2025

ငွေကျပ် သိန်း ၈၀ တန်ဖိုးရှိ ရတနာပစ္စည်းတွေနဲ့ မိခင်ဖြစ်သူ ခိုင်သင်းကြည်ကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ စံထိပ်ထားဦး

မေမေရဲ့မွေးနေ့လေးကို တန်ဖိုးကြီး ရတနာပစ္စည်းနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့တာပါ။ သားအမိတွေဖြစ်ကြပေမယ့် ညီအမတွေလို အရွယ်မတိမ်းမယိမ်းနဲ့ နုပျိုနေကြတဲ့ ခိုင်သင်းကြည်နဲ့ စံထိပ်ထားဦးတို့သားအမိတွေလည်းဖြစ်ကြပါတယ်။ စံထိပ်ထားဦးဟာ မိခင်ဖြစ်သူကို ငွေကျပ် သိန်း ၈၀ ကျော်တန်ဖိုးရှိတဲ့ နားဆွဲကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုင်မှာ လာခိုးတဲ့ သူခိုးကိုလည်း ဆိုင်ရှင်ကိုယ်တိုင် က ပြန်ကယ်ပေးနေရတဲ့အဖြစ်🥴
07/09/2025

ဆိုင်မှာ လာခိုးတဲ့ သူခိုးကိုလည်း ဆိုင်ရှင်ကိုယ်တိုင် က ပြန်ကယ်ပေးနေရတဲ့အဖြစ်🥴

ဂီတလောကမှာ D ဖြိုးဆိုတဲ့ နာမည်ရလာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင် တေးရေးဆရာ သောမတ်စ်ရဲ့ နာရေးကို သွားရောက်ခဲ့တ...
06/09/2025

ဂီတလောကမှာ D ဖြိုးဆိုတဲ့ နာမည်ရလာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင် တေးရေးဆရာ သောမတ်စ်ရဲ့ နာရေးကို သွားရောက်ခဲ့တဲ့ D ဖြိုး

အဆိုတော် D ဖြိုးကတေးရေးဆရာ သောမတ်စ်ရဲ့ နာရေးကို သွားရောက်ခဲ့ပါတယ်။ သောမတ်စ်ဟာ သူ့ကို ဂီတလောကမှာ နာမည်ကြီးစေခဲ့တဲ့ 'ဒီကောင်မလေးအတွက်' 'ငါဝအောင်ငိုလိုက်မယ်' အပြင် အခြားနာမည်ကြီးသီချင်းပေါင်းမြောက်မြားစွာကို ရေးသားပေးခဲ့သူပါ။ သူ့အပေါ်ကျေးဇူးတွေမြောက်မြားစွာရှိပြီး လက်ဦးဆရာလည်းဖြစ်ခဲ့တဲ့ သောမတ်စ်ဆုံးပါးသွားမှုဟာ ဆုံးရှုံးမှုကြီးမားခြင်းလည်းဖြစ်ပါတယ်။

သူမတို့ရဲ့ မင်္ဂလာဦးအိမ်၊ သူမကို ဂုဏ်မငယ်ရအောင် မိဘစုံလင် မင်္ဂလာပစ္စည်းအဖြစ် တင်တောင်းခဲ့တဲ့ အိမ်ကြီးကို ထိုင်ကြည့်ပြီး...
03/09/2025

သူမတို့ရဲ့ မင်္ဂလာဦးအိမ်၊ သူမကို ဂုဏ်မငယ်ရအောင် မိဘစုံလင် မင်္ဂလာပစ္စည်းအဖြစ် တင်တောင်းခဲ့တဲ့ အိမ်ကြီးကို ထိုင်ကြည့်ပြီး အပျော်ဆုံးဖြစ်ခဲ့တဲ့ ပိုးကြာဖြူခင်

သူမက ဒီအိမ်ကြီးမှာပဲ စတုဒိသာအလှူတွေ အများကြီးလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေ၊ ကလေးတွေနဲ့ အမျိုးတွေအများကြီး စုပေါင်းကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတဲ့ ဒီအိမ်ကြီးကို ထိုင်ကြည့်နေရတာက အပျော်ရွှင်ဆုံးအချိန်တွေပဲလို့ပြောပါသေးတယ်။ ဒါ့အပြင်ဒီအိမ်ဟာ သူမတို့ရဲ့ မင်္ဂလာဦးအိမ်ဖြစ်တဲ့အပြင် သူမကိုတင်တောင်းထားခဲ့တဲ့ အိမ်လေးလည်းဖြစ်တယ်လို့ ခင်ပွန်းရဲ့ ချစ်ခြင်းမေတ္တာတွေကြီးမားပုံကို ဖော်ပြလိုက်တာပါ။

သူမရဲ့ မွေးလလေးကို လှပတဲ့ အမှတ်တရလေးတွေနဲ့ ပိတ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ဩဂုတ်လ ၁၀ ရက်နေ့လေးကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ခဲ့သလ...
03/09/2025

သူမရဲ့ မွေးလလေးကို လှပတဲ့ အမှတ်တရလေးတွေနဲ့ ပိတ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ဩဂုတ်လ ၁၀ ရက်နေ့လေးကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ခဲ့သလို စက်တင်ဘာလကိုကူးပြောင်းလာတဲ့နေ့မှာပဲ သူမရဲ့ အလှပဆုံးအမှတ်တရလေးတွေကို ဖော်ပြလာခဲ့ပါတယ်။ မွေးနေ့အမှတ်တရကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ မွေးလလေးကို လှပခြင်းတွေနဲ့ပိတ်ခဲ့တာတွေ့ရပါတယ်။

Trend လေး အမှီ Copy 🙏🏻အမေစု မျက်နှာက မြင်လိုက်တာနဲ့ကို လင်းပြီး ကိုယ့်ရဲ့ နေ့ရက်ကိုပါ ကျက်သရေရှိသွားစေတာမျိုး။
02/09/2025

Trend လေး အမှီ Copy 🙏🏻
အမေစု မျက်နှာက မြင်လိုက်တာနဲ့ကို လင်းပြီး ကိုယ့်ရဲ့ နေ့ရက်ကိုပါ ကျက်သရေရှိသွားစေတာမျိုး။

住所

Nakatsugawa-shi, Gifu

ウェブサイト

アラート

𝐊𝐌𝐇 𝐂𝐡𝐚𝐧𝐧𝐞𝐥がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する