10/08/2025
Hello 皆さん🌸
မင်္ဂလာပါရှင့်
Work visa အတွက် 在留カット更新 ကို အချိန်မြန်မြန်နဲ့ 必要な種類ကို ပြည့်စုံအောင် ကျွန်မကိုယ်တိုင် ပြင်ဆင်ပြီး visa (5)နှစ် ရခဲ့တာလေးနဲ့ ပက်သက်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့် ။
必要な書類(在留資格により異なる)
技術・人文知識・国際業務(エンジニアなど)
1.在留期間更新許可申請書
🌸🌸入管 website မှာ visa form ကို download ပြီး မိမိကိုယ်တိုင် ဖြည့်ရမည့် အပိုင်းနှင့် မိမိအလုပ်လုပ်နေတဲ့ companyဘက်က ဖြည့်ပေးရမည့် အပိုင်းကို ခွဲပြီး form ဖြည့်ရန်။
2.雇用契約書や就労証明書
🌸🌸 ဝန်ထမ်း ဖြစ်ကြောင်း ထောက်ခံစာရယ်၊ အလုပ်ခန့်ထားတဲ့ စာချုပ်အချက်အလက်ရယ် ကျွန်မတုန်းက company ဘက်ကို ၂မျိုးလုံး တောင်းခဲ့တာမလို့ပါ ဒီထောက်ခံစာ နှစ်မျိုးထဲက တစ်မျိုးပဲရရင်လည်း အဆင်ပြေပါတယ်။
3.源泉徴収票
🌸🌸Companyရဲ့ တစ်နှစ်စာ အခွန်ရှင်းတမ်းပါ ဒါကိုလည်း company ဘက်ကို တောင်းရပါတယ်။
4.住民票、課税、納税
🌸🌸မိမိနေထိုင်တဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ 住民票、 課税、納税 3မျိုးလုံး ထုတ်လို့ရပါတယ် ။ ဒါ့အပြင် 住民票ကို convenience မှာလည်း အလွယ်တကူ ထုတ်လို့ရပြီး ကျန်နှစ်မျိုးကို မြို့နယ်ရုံးမှာ ထုတ်လို့ရပါတယ်။
5.パスポート & 在留カード(原本)
🌸🌸 Passport & 在留 မူရင်းကိုလည်း 入管သွားတဲ့အခါမှာ ယူသွားရပါမယ်ရှင့် ။
အပေါ်က အချက် 5 ချက် 種類そろえるဖြစ်ပြီဆိုရင် သက်ဆိုင်ရာ မြို့နယ်ရဲ့ 入管 ကိုသွားပြီး 申請 လုပ်လို့ရပါပြီ 申請受付票လည်း 入管ကနေ ရရှိမှာဖြစ်ပါတယ်။
入管 website
https://www.moj.go.jp/isa/applications/index.html
申請書 form ဖြည့်နည်း 日本人 ကိုယ်တိုင် ရှင်းပြထားတဲ့ YouTube link ပါ ။ form ဖြည့်တဲ့အခါမှာ photo size (40x30)mm ပုံ (1)ပုံ လိုအပ်ပါတယ် ။ဘောပင်ကို မှင်အနက်ရောင်နဲ့ ဖြည့်ရပါမယ်နော်။
https://youtu.be/4d3EEg6BpYs?si=VF3CUNyEb2gY1C7g
➡️入管မှာ form တင်ပြီး 2ပတ် (သို့မဟုတ်) 1လ အတွင်းမှာ 通知書ハガキ ပို့ပေးလာမှာ ဖြစ်ပါတယ်။ ကျွန်မကတော့ 2weeks အကြာမှာ 通知書ハガキ ရခဲ့ပါတယ်။
➡️通知書ハガキမှာ 新しい在留カットထုတ်ယူရမဲ့ ရက်စွဲ၊ ဝယ်ရမဲ့ တံဆိပ်ခေါင်း အမျိုးအစား၊ ယူဆောင်လာရမည့် အချက်များ ရေးပေးထားပါတယ် ။
➡️入管သို့ 在留カットအသစ်သွားထုတ်တဲ့ရက်မှာ အောက်ပါ အချက်အလက်တွေ ယူသွားဖို့ လိုအပ်ပါတယ် ။
🎁 通知ハガキ
🎁 申請受付票
🎁 passport &在留カット
🎁 収入印紙(stamp)
申請費用 လို့ ခေါ်တဲ့ 収入印紙 တံဆိပ်ခေါင်းကိုတော့ စာတိုက် (သို့မဟုတ်) Convenience မှာ ဝယ်လို့ရပါတယ်။ ကျွန်မကတော့ စာတိုက်ကနေ 6000円 တံဆိပ်ခေါင်း ဝယ်သွားပါတယ် ။
အထက်ပါ အချက်တွေ အဆင့်ဆင့် လုပ်ဆောင်ပြီးရင် visa update လုပ်တာလေး အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။ ☺️☺️
🌸 在留カット更新完了🌸
#在留カット
#在留カット更新