My Little Odyssey

My Little Odyssey Japanese University & lifestyle information 💓

အခုတလော medicube တွေအရမ်းခေတ်စားနေလို့ ဒါလေးတွေက လက်ရှိ admin အပျိုကြီး သုံးနေတာလေးတွေ 😬PDRN Toner နဲ့ serum ကတော့ တော်တ...
19/01/2026

အခုတလော medicube တွေအရမ်းခေတ်စားနေလို့
ဒါလေးတွေက လက်ရှိ admin အပျိုကြီး သုံးနေတာလေးတွေ 😬

PDRN Toner နဲ့ serum ကတော့ တော်တော်လေးကောင်းတယ်
သုံးပြီးရင် နောက်ရက် မျက်နှာလေးဝင်းတက်လာတာ

minasan တို့ရော medicube တွေသုံးကြရဲ့လား
ဘာလေးတွေသုံးဖြစ်လဲ ပြောသွားကြအုန်း 😘

18/01/2026

ကျိုတိုနဲ့ 2နာရီလောက်ပဲဝေးတဲ့ Kaga Onsen က hotel လေး
YouTube နဲ့ TikTok မှာတင်တာမို့ English voiceover ဖြစ်သွားတယ်

Kyoto နဲ့ Kanazawa ကသူတွေသွားချင်ရင်သွားလို့ရအောင် sharing လုပ်ပေးလိုက်တယ်နော် 😘


11/01/2026

DAISO ရဲ့ ယန်း100 တန် exfoliation glove🧤
ရေနွေးနွေးလေးနဲ့ ချိုးပြီး အဲ့လက်အိတ်နဲ့ တကိုယ်လုံးကို တိုက်ချလိုက်တာ အားပါးပါး…… ထွက်လာလိုက်တဲ့ ဂျီးတွေ ကိုယ့်ဟာကိုယ်တောင်မယုံဘူး😬
ဂျပန်ဆောင်းတွင်း အရမ်းလဲအေးပြီး အသားပတ်တာမို့ body care လုပ်ချင်တဲ့ သူတွေအတွက်ဆို အတော်ပဲ
ပြီးရင်ပုံမှန်ဆပ်ပြာတိုက် lotion လေးလိမ်းရင် အသားလေးပိုနူးညံ့လာလိမ့်မယ်နော်


2025 ကတော့ ညည်းရင်းညူရင်း တနှစ်ကုန်သွားပြီ။ သူများတွေရဲ့ အမြင်တွေ အတွေးတွေကိုလိုက်တွေး၊ လိုက်ခံစားပေးပြီး ကုန်သွားတဲ့ en...
02/01/2026

2025 ကတော့ ညည်းရင်းညူရင်း တနှစ်ကုန်သွားပြီ။
သူများတွေရဲ့ အမြင်တွေ အတွေးတွေကိုလိုက်တွေး၊ လိုက်ခံစားပေးပြီး ကုန်သွားတဲ့ energy တွေကိုနှမြောလိုက်တာ။

2026 မှာ စိတ်ညစ်စရာအရာတွေ၊ အတွေးတွေကိုတတ်နိုင်သလောက်အကုန်ထားခဲ့မယ်။
စိတ်ရော၊ အိမ်ရော၊ လူပါအကုန်ရှင်းမယ်ဆိုပြီး အိမ်ကိုလည်းရှင်း၊ ဖုန်းထဲကပုံတွေကိုလည်းဖျက်လိုက်တာ 1,300 ကျော်သွားတယ် 😬
အဲ့လိုပဲ negative thoughts တွေ emotions တွေက်ုလည်းဖြတ်ဖို့ ကြိုးစားရအုန်းမယ်။

2026 ရဲ့ plans တွေရှိရင်လည်း share သွားကြအုန်းနော်🤩



မနက်ဖြန်ဆို 2026 ရောက်တော့မှာဆိုတော့ new year resolutions တွေချပြီးကြပြီလား 🤔ကျမကတော့ 2026 မှာ ပညာရေးအပြင် mindfulness န...
31/12/2025

မနက်ဖြန်ဆို 2026 ရောက်တော့မှာဆိုတော့ new year resolutions တွေချပြီးကြပြီလား 🤔
ကျမကတော့ 2026 မှာ ပညာရေးအပြင် mindfulness နဲ့ wellness ကိုအားစိုက်ဖို့တွေးထားတယ်။

ကျောင်းရယ် အချိန်ပိုင်းအလုပ်ရယ်ကြားထဲမှာ stress တွေကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့မေ့နေတတ်တယ်။
အဲ့ဒါကြောင့် နှစ်သစ်မှာ လက်ရှိအလုပ်တွေကို balance လုပ်ရင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ရယ်၊ ကိုယ်ပျော်တာတွေလုပ်ဖို့ရယ်၊ ဖြစ်ချင်တဲ့ ချထားတဲ့ goals တွေကိုအကောင်အထည်ဖော်ဖို့ အားထုတ်ရအုန်းမယ် 🧐
ကျမတော့ ဒီနှစ်လည်း အလုပ်လုပ်ရင်း new year ဖြတ်သန်းရမှာမို့ အားလုံးပဲ Happy New Year ပါ 🎊



正社員募集ဒါလေးက ကျမ အချိန်ပိုင်းလုပ်နေတဲ့ ဟိုတယ်က အလုပ်ခေါ်စာလေးပါ။ လစာကတော့ 230,000~250,000 円ဆိုတော့ အရမ်းတော့မများပေမဲ့ Ky...
28/12/2025

正社員募集

ဒါလေးက ကျမ အချိန်ပိုင်းလုပ်နေတဲ့ ဟိုတယ်က အလုပ်ခေါ်စာလေးပါ။
လစာကတော့ 230,000~250,000 円ဆိုတော့ အရမ်းတော့မများပေမဲ့ Kyoto မှာ hotel ပိုင်းလုပ်ချင်တဲ့သူတွေ လျှောက်လို့ရအောင်ပါ။
အချိန်ပိုင်းဝန်ထမ်းက admin အပါအဝင်မြန်မာလေးယောက်လောက်ရှိတယ်။ မလေးတို့ ထိုင်ဝမ်တို့တွေလည်းရှိတယ်။

စိတ်ဝင်စားလို့လျှောက်ချင်ရင်

Google မှာ HOTEL KUU KYOTO Recruitment လို့ရိုက်ရှာလိုက်ရင် သူ့ website ရဲ့ အလုပ်ခေါ်စာတွေ့လိမ့်မယ်နော်။
တခြားသိချင်တာတွေရှိလည်းမေးလို့ရပါတယ်။

P.S: ပွဲစားမဟုတ်ပါ။ ဒီတိုင်းအလုပ်ခေါ်စာတွေ့လို့ စိတ်ဝင်စားလျှင်လျှောက်လို့ရအောင် share ပေးခြင်းသာ။ ဖောင်တင်ဘာညာ ကိုယ့်ဟာကိုယ်လုပ်ရမှာပါနော်။



Sapporo မှာစားခဲ့သမျှ ramen ပေါင်းချုပ် 🍜Sapporo က Miso ramen တွေရဲ့အစလို့ပြောလို့ရတယ် ကျမ စားခဲ့တဲ့အထဲ shrimp ramen တော...
28/12/2025

Sapporo မှာစားခဲ့သမျှ ramen ပေါင်းချုပ် 🍜
Sapporo က Miso ramen တွေရဲ့အစလို့ပြောလို့ရတယ်
ကျမ စားခဲ့တဲ့အထဲ shrimp ramen တော်တော်ကြိုက်တယ်

Ichigen ramen နဲ့ Jiro ဆိုတဲ့ ramen ဆိုင်ကိုတော်တော်ညွှန်းကြတယ်။ ကျမတို့ကတော့ ichigen ပဲရောက်ခဲ့တယ်။
Sapporo ရောက်ရင် သွားစားကြည့်ကြနော် 🤩



Merry late Christmas minasan! ပိတ်ရက်တွေမှာ အလုပ်တွေဖိလုပ်နေလား ခရီးသွားနေကြလား။ ကျမတော့ Sapporo ရောက်ခဲ့တယ်။ အရမ်းအေးလိ...
26/12/2025

Merry late Christmas minasan!
ပိတ်ရက်တွေမှာ အလုပ်တွေဖိလုပ်နေလား ခရီးသွားနေကြလား။
ကျမတော့ Sapporo ရောက်ခဲ့တယ်။ အရမ်းအေးလို့ တကိုယ်လုံး カイロ ကပ်ပြီး အပြင်ထွက်ရတယ်။
လူတရပ်စာလောက် နှင်းတွေလည်းအခုမှမြင်ဖူးတော့တယ်။
ဂျပန်ရောက်တုန်းလေး ခရီးတွေထပ်သွားချင်သေးတယ် 🤩

Happy Holiday pr 🎉😍

ဂျပန်မှာ Work Visa နဲ့ဟိုတယ် front desk အနေနဲ့ဘာတွေလုပ်ရလဲ။ 🇯🇵အားလုံးသိတဲ့အတိုင်း Admin က hotel front desk မှာအချိန်ပိုင...
06/06/2025

ဂျပန်မှာ Work Visa နဲ့ဟိုတယ် front desk အနေနဲ့ဘာတွေလုပ်ရလဲ။ 🇯🇵

အားလုံးသိတဲ့အတိုင်း Admin က hotel front desk မှာအချိန်ပိုင်းလုပ်နေတယ်ပေါ့နော်။

Admin တို့ အလုပ်မှာလဲ နိုင်ငံခြားသား 正社員(အချိန်ပြည့်ဝန်ထမ်း) တွေရှိတယ်ပေါ့နော်။
ဆိုတော့ သူတို့နဲ့ အလုပ်အတူတူဝင်ရတာဖြစ်တဲ့အတွက် သူတို့အလုပ်တွေကို Admin ဆိုတော်တော်သိနေပြီပေါ့လေ။

Admin အခုပြောပြမှာကတော့ ယေဘုယျအားဖြင့် front desk staff အနေနဲ့လုပ်ရမှာတွေရယ်၊ အလုပ်လျှောက်ဖို့လိုတာတွေပြောပေးသွားပါမယ်။

အရင်ဆုံးဘာတွေလိုလဲပြောပြပေးမယ်။

1. ဂျပန်ဘာသာစကား အနည်းဆုံး N2 ရှိရပါမယ်။ ခန်းဂျီး ရေးတတ်၊ ဖတ်တတ်နားလည်ရပါမယ်။ အလုပ်မှာဂျပန်ဧည့်သည်တွေဆို 敬語 (လုပ်ငန်းသုံးအသုံးအနှုန်း) တွေသုံးရတာဖြစ်တဲ့အတွက်အဲ့လိုတွေသုံးတတ်ဖို့လည်းလိုပါတယ်။

2. English စာပြောတတ်၊ နားလည်ရပါမယ်။ TOEIC အနည်းဆုံး အမှတ် 750 လောက်ရထားရင်ပိုကောင်းပါတယ်။ နိုင်ငံခြားသားအလာများတဲ့ ဟိုတယ်ဆို ကိုယ့် English ကဂျပန်တွေထက်သာနေမှရပါမယ်။

3. ဂျပန်၊ English အပြင် တခြား တရုတ်တို့၊ ကိုရီးယားတတ်ထားရင် (မတတ်လည်းကိစ္စမရှိပေမဲ့) bonus point ပါ။

4. ကွန်ပြူတာ Microsoft, Excel သုံးတတ်ရပါမယ်။

လစာဘယ်လောက်ရလဲ။

လစာကတော့ ဟိုတယ်ပေါ်မူတည်ပြီး (3 stars, 4 stars, 5 stars) ¥ 210,000~250,000 ထိရပါတယ်။ bonus တွေဘာတွေကတော့ အလုပ်ခေါ်စာမှာရေးထားရင်ရေးထား၊ ရေးမထားရင်အင်တာဗျူးမှာမေးပါ။

ပိတ်ရက်ကတော့ တပတ်နှစ်ရက်ပိတ်ပေမဲ့ shift ပေါ်မူတည်ပီးပိတ်ပါတယ်။
Shift တွေက (ဟိုတယ်ပေါ်မူတည်)
မနက်ဆိုင်း 7:30-4:30
နေ့ဆိုင်း 1:00-22:00
ညဆိုင်း 22:00-8:00
တနာရီ နားချိန်ပေးပါတယ်။

အင်တာဗျူးအောင်သွားလို့ 内定 (အလုပ်ခန့်စာ) ရသွားရင်Hotel ကနေ work visa လျှောက်ပေးပါတယ်။ လစာက ¥210,000-250,000 ဆိုပေမဲ့ ဝင်ငွေခွန်၊ ကျန်းမာရေးခွန်နဲ့ ပင်စင်အဖြတ်ခံရရင် ¥180,000-210,000 လောက်အသားတင်ကျန်မယ်ထင်ပါတယ်။ (ဒါကတော့ ခန့်မှန်းခြေပါ)

ပင်ပန်းလား။

ပင်ပန်းလားဆို တောက်လျှောက်မတ်တပ်ရပ်နေရတာရယ်၊ ညဆိုင်းဆင်းရလို့ ညလုံးပေါက်ရင်တော့ ပင်ပန်းပါတယ်။ ကျန်တာက customer complaints တွေ၊ booking တွေစီမံခန့်ခွဲရတာ၊ ရုံးအလုပ်များပါတယ်။

ဘယ်ကနေလျှောက်လဲ။

Indeed, Townwork , Gaijinpot စတာတွေမှာ full time အလုပ်တွေတင်ပါတယ်။
တချို့ မြန်မာ အလုပ်ရှာAgency ကရှာကျသလို၊ ဂျပန်အလုပ်ရှာ Agency တွေကလည်းလျှောက်လို့ရပါတယ်။

ကဲ စာရှည်ပြီမို့ ဒီလောက်နဲ့ပဲရပ်ပါတော့မယ်။

Admin အရင်ကတင်ထားတဲ့ ပိုစ့်တွေကိုစုတင်ပေးထားပါမယ်။ အခုတလော တောက်လျှောက် Japan နဲ့ပတ်သတ်တဲ့ အကြောင်းတင်ပေးမှာမို့ page ကို like&follow ပေးကြပါအုန်းနော် 😊😊

ဂျပန်မှာ ကုန်ကျစရိတ်သက်သာအောင်နေနည်း

https://m.facebook.com/story.php?story_fbid=1020416910089942&id=100063649281765

JLPT listening အမှတ်ပြည့်ရအောင်လေ့ကျင့်ရန်

https://m.facebook.com/story.php?story_fbid=984297940368506&id=100063649281765

How I get Scholarship in Japanese University? ဂျပန်တက္ကသိုလ်မှာ စကောလားရှစ်လျှောက်ကြမယ်

https://m.facebook.com/story.php?story_fbid=981743803957253&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-1

https://m.facebook.com/story.php?story_fbid=1135953015202997&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-2

https://m.facebook.com/story.php?story_fbid=1165451195586512&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-3

https://m.facebook.com/story.php?story_fbid=1277291697735794&id=100063649281765

Admin အခုတလော Facebook ထက် TikTok မှာ active ဖြစ်နေပါတယ်။ ကျောင်း၊ အလုပ်နဲ့ cosmetics အကြောင်းလေးတွေတင်နေတာမို့ စိတ်ဝင်စားရင် follow လုပ်ပေးသွားကြအုန်းနော် 😘

https://www.tiktok.com/?_t=ZS-8wumJjdoisz&_r=1

See you next time🙋‍♀️

ဂျပန်မှာ အချိန်ပိုင်းအလုပ်လျှောက်ဖို့ အတွက်ဘာလိုလဲ။ ဂျပန်မှာ အလုပ်လျှောက်တဲ့အခါ 履歴書 (Rirekishou) လို့ခေါ်တဲ့ ဖောင်လိုပါတ...
04/06/2025

ဂျပန်မှာ အချိန်ပိုင်းအလုပ်လျှောက်ဖို့ အတွက်ဘာလိုလဲ။

ဂျပန်မှာ အလုပ်လျှောက်တဲ့အခါ 履歴書 (Rirekishou) လို့ခေါ်တဲ့ ဖောင်လိုပါတယ်။
အခုကတော့ အချိန်ပိုင်းအလုပ်လျှောက်ဖို့ အတွက်ပဲပြောပြပေးမှာဖြစ်ပါတယ်။ တခြား work visa တို့ဘာတို့ကတော့ 自己 PR အစရှိသည်ဖြင့်ပိုပြီးပြည့်ပြည့်စုံစုံရေးရပါတယ်။
ဒါကလည်း သူတို့သတ်မှတ်ထားတဲ့ပုံစံအတိုင်းရေးရ၊ လျှောက်ရပါတယ်။

履歴書 (Rirekisho) က 7/11, family mart စတဲ့ convenience stores တွေမှာ ယန်း 200~300 ဝန်းကျင်နဲ့ အလွယ်တကူဝယ်လို့ရပါတယ်။
ဝယ်ပြီး ကိုယ်ရေးအချက်အလက်၊ ကိုယ်ဝင်ချင်တဲ့နာရီ၊ ရက်ရွေးယုံပါပဲ။

ဒီမှာ Admin က စာရွက်မဝယ်ဘဲနဲ့ レジュメ လို့ခေါ်တဲ့ application လေး download ဆွဲပြီး အဲ့မှာတခါထဲဖြည့်ထားပါတယ်။ convenience store တွေမှာရောင်းတဲ့ဟာနဲ့တူတူပါပဲ။ ကိုယ့်ဓါတ်ပုံပါတခါထဲထည့်လို့ရတဲ့အတွက် application မှာရေးပြီး print ထုတ်ခြင်းဟာ ကိုယ့်CV ကိုရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။

နောက်အလုပ်လျှောက်ခါနီးရင် ရက်စွဲပြောင်းပြီး print ထုတ်ရုံပါပဲ။ print အတွက်က သက်ဆိုင်ရာ convenience store ရဲ့ application download ဆွဲရပါတယ်။ ဥပမာ 7/11 ဆို 7 multicopy application ပေါ့။ အဲ့application ကို download ဆွဲ ပြီးရင် レジュメ application မှာ print ထုတ်မယ့် convenience store ကိုရွေးပြီး save ထားရပါမယ်။ save ထားတဲ့ အခါ レジュメapplication ကနေ code ပေးပါလိမ့်မယ်။ ပြီးရင်တော့ 7/11 ကprinter မှာ print ကိုရွေးပြီး code ထည့်ရုံပါပဲ။

print ထုတ်ရင် black&white ဆို ¥ 20-50 ဝန်းကျင်ပါ။ အတိအကျတော့မမှတ်မိတော့လို့။

ဆိုတော့ကာ အချိန်ပိုင်းလျှောက်မယ့်သူတွေအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
မသိရင်admin ကို လာမေးလို့ရပါတယ်။

Admin အရင်ကတင်ထားတဲ့ ပိုစ့်တွေကိုစုတင်ပေးထားပါမယ်။ အခုတလော တောက်လျှောက် Japan နဲ့ပတ်သတ်တဲ့ အကြောင်းတင်ပေးမှာမို့ page ကို like&follow ပေးကြပါအုန်းနော် 😊😊

ဂျပန်မှာ ကုန်ကျစရိတ်သက်သာအောင်နေနည်း

https://m.facebook.com/story.php?story_fbid=1020416910089942&id=100063649281765

JLPT listening အမှတ်ပြည့်ရအောင်လေ့ကျင့်ရန်

https://m.facebook.com/story.php?story_fbid=984297940368506&id=100063649281765

How I get Scholarship in Japanese University? ဂျပန်တက္ကသိုလ်မှာ စကောလားရှစ်လျှောက်ကြမယ်

https://m.facebook.com/story.php?story_fbid=981743803957253&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-1

https://m.facebook.com/story.php?story_fbid=1135953015202997&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-2

https://m.facebook.com/story.php?story_fbid=1165451195586512&id=100063649281765

ဂျပန်မှာ အိမ်ငှါးရင်လိုအပ်တဲ့ အချက်များ Part-3

https://m.facebook.com/story.php?story_fbid=1277291697735794&id=100063649281765

Admin အခုတလော Facebook ထက် TikTok မှာ active ဖြစ်နေပါတယ်။ ကျောင်း၊ အလုပ်နဲ့ cosmetics အကြောင်းလေးတွေတင်နေတာမို့ စိတ်ဝင်စားရင် follow လုပ်ပေးသွားကြအုန်းနော် 😘

https://www.tiktok.com/?_t=ZS-8wumJjdoisz&_r=1

See you next time🙋‍♀️

住所

Osaka

ウェブサイト

アラート

My Little Odysseyがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する