01/10/2026
Web Browser အဆင့်ကနေ လုပ်ငန်းခွင်အတွက် AI Assistant ကြီးအဖြစ် အသွင်ပြောင်း
Google Chrome ဟာ သာမန် Web Browser အဆင့်ကနေ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်တဲ့ စွယ်စုံရ AI Assistant ကြီးအဖြစ် အသွင်ပြောင်းသွားပြီဆိုတာ သတိထားမိပြီလား?
အသစ်ထွက်ရှိလာတဲ့ Update မှာဆိုရင် Search Bar ထဲက "Ask Google" ဆိုတဲ့ စာသားနဲ့အတူ ညာဘက်ထောင့်မှာ "AI Mode" ခလုတ်ကို အလွန် ရှင်းလင်းလွယ်ကူတဲ့ UI/UX နဲ့ တစ်ပါတည်း တွဲဖက်ပေးထားပါတယ်။ ဒါဟာ သမားရိုးကျ ရှာဖွေခြင်း (Searching) သက်သက် မဟုတ်တော့ဘဲ၊ အခြား AI Application တွေဆီ သီးခြားသွားနေစရာမလိုဘဲ Browser ကနေတင် ကိုယ်လိုချင်တာကို တိုက်ရိုက်ခိုင်းစေ ဖန်တီးနိုင်မယ့် (Prompting/Creating) လုပ်ငန်းခွင် အတွေ့အကြုံသစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။