11/06/2026
🏪 FamilyMart ထဲရောက်လာမယ့် Seven Bank ATM
ဂျပန်မှာ ဇွန်လ ၁ ရက်နေ့ကစပြီး FamilyMart ဆိုင်တွေထဲမှာ Seven Bank ရဲ့ ATM စက်အသစ်တွေကို စတင်တပ်ဆင်နေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်ခွဲတွေအားလုံးမှာ ၄ နှစ်အတွင်း ATM စက်ပေါင်း ၁ သောင်း ၆ ထောင်ကျော်အထိ အစားထိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Seven Bank ATM က ဂျပန်မှာ ဘဏ်ပေါင်း ၆၀၀ ကျော်နဲ့ ချိတ်ဆက်ထားပြီး ဖုန်းနဲ့တင် ငွေသွင်းငွေထုတ်၊ ငွေဖြည့်တာတွေပါ လုပ်လို့ရလို့ သုံးရတာ တကယ်အဆင်ပြေတဲ့ ATM ပါ။အရင်ကဆို western union နဲ့မြန်မာကိုပါ ငွေလွယ်လွယ်ကူကူလွဲလို့ရခဲ့သေးတာပါ။ မရတော့တာတော့ သုံးလေးနှစ်တောင် ရှိတော့မယ် သကောင့်သားနဲ့မရှေးမနှောင်းပါပဲ😅။
👉
7 bank card ရှိသူတွေအတွက်တော့ နေ့အချိန်အတွင်း 手数料 0yenနဲ့ ငွေထုတ်လို့ရမယ့်နေရာတွေများလာမှာဆိုတော့ တော်တော်အဆင်ပြေကြမှာပါ။
😢
အနီးနားမှာ ゆうちょ銀行မရှိလို့ family martမှာရှိတဲ့ゆうちょ出張ATM သုံးတဲ့သူတွေကတော့ ထုတ်ခသက်သာချင်ရင် 7bank 口座 အကောင့်ပြေးလုပ်ရမယ့်သဘောပါ။
တစ်ခုသတိထားရမှာက family mart ထဲက 7bank atmတွေက အနီရောင် 🔴 မဟုတ်ဘဲ
အစိမ်းရောင်🟢ဖြစ်နေမှာပါတဲ့ဗျာ။အားမတန်လိုမာန်လျော့ ပေမယ့် အလုံးစုံတော့မလိုက်လျောသေးဘူးဆိုတဲ့သဘောပါ။
#ဂျပန်သတင်း