Real Life in Japan

Real Life in Japan ဂျပန်နိုင်ငံရဲ့အကြောင်းအရာပေါင်းစုံရှူထောင့်ပေါင်းစုံ စိတ်ဝင်စားစရာအကြောင်းအရာပေါင်းစုံကိုတင်ပြပေးသွားမှာဖြစ်ပါတယ်...
よろしくお願いします…

23/12/2025

差別やめろ😡
ヘイトスピーチやめろ😡
ဆန္ဒပြသူတွေထက်လာထိန်းတဲ့ရဲတွေကများနေတာ 😂😂
ဆိုင်းဘုတ်ကိုင်ထားတဲ့သူတွေကကျွန်တော်တို့外人တွေဘက်ကပါ

09/12/2025
အချိန်ပိုတွေလုပ်ဖို့ အသင့်ပဲလား ဒါမှမဟုတ်Work life balance ဘက်ကိုပဲသွားချင်ပါသလား✅ခုလက်ရှိအချိန်ပိုသတ်မှတ်ချက် အလုပ်သမား...
27/10/2025

အချိန်ပိုတွေလုပ်ဖို့ အသင့်ပဲလား ဒါမှမဟုတ်
Work life balance ဘက်ကိုပဲသွားချင်ပါသလား

✅ခုလက်ရှိအချိန်ပိုသတ်မှတ်ချက်

အလုပ်သမားတစ်ယောက်က တစ်လကို 45နာရီထက်မကျော်ရန် တစ်နှစ်ကို360နာရီထက်မကျော်ဖို့ သတ်မှတ်ထားတာပါ။ဘယ်လောက်ပဲအလုပ်များတဲ့ လုပ်ငန်းခွင်ဖြစ်ပါစေ 80နာရီကိုကျော်လုပ်လို့မရပါဘူး။သူကလည်းတစ်နှစ်စာပြန်ကြည့်ရင် 360နာရီအတွင်း ရှိနေရမှာဖြစ်ပါတယ်။အကယ်၍ မလိုက်နာနိုင်ခဲ့သည်ရှိသော် 6လအောက်ထောက်ဒဏ်နဲ့ သောင်း
30အောက်ငွေဒဏ်ကို ကုမ္ပဏီဘက်ကကျခံရမှာဖြစ်ပါတယ်။

✅ဒါကိုဘယ်လိုပြောင်းချင်တာလဲ

ဝန်ကြီးချုပ်Takaichiဦးဆောင်တဲ့ အစိုးရသစ်ကဒီစနစ်ကို ပြောင်းလဲဖို့ လုပ်ချင်နေတာပါ။လုပ်သားတစ်ဦးချင်းစီရဲ့ကိုယ်စိတ်ကျန်းမာရေးနဲ့ သူရဲ့ရွေးချယ်မှူအပေါ်မှာလိုက်ပြီး ကန့်သတ်ချက်တွေကို လျော့ချပေးဖို့လုပ်မှာပါ။ ကျန်မာရေးလည်းကောင်းတယ် လုပ်ချင်စိတ်လည်းရှိတယ်ဆိုရင် မတားဘူး ပေးလုပ်မယ်ဆိုတဲ့ သဘောမျိုးပါ။ဒီကိစ္စကို အသေးစိတ်အကောင်အထည်ဖေါ်ဖို့ကို ကျန်းမာရေးနဲ့အလုပ်သမားရေးရာဝန်ကြီးသစ် Ueno ကိုညွှန်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် သိပ်မကြာခင်မှာပဲ အသေးစိတ်အချက်အလက်တွေ သိလာရနိုင်ပါတယ်။

✅အကျိုးနဲ့အပြစ်

ငယ်တုန်းရွယ်တုန်း တိုင်းတပါးရောက်တုန်း ဝင်ငွေရှာချင်တဲ့ လူငယ်လူရွယ်တွေအတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ Work life balance ကိုအရေးပေးတဲ့ သူများအတွက်ကတော့ သိပ်ကောင်းတဲ့သတင်းတစ်ခုတော့ မဟုတ်လောက်ပါဘူး။ဒီကိစ္စနဲ့ဆက်စပ်ပြီး 4週8休ဆိုတဲ့ တစ်လရှစ်ရက်နားရတဲ့စနစ်အပေါ်မှာလည်း သက်ရောက်မှူရှိနိုင်ပါတယ်။နောက်ထပ်ကြားမိတာတော့ များမကြာမီနှစ်အနည်းငယ်အတွင်း ဂျပန်နိုင်ငံရဲ့ပင်စင်စနစ်ဟာလည်း အသက်70ကျော်မှစတဲ့စနစ် အဖြစ်ပြောင်းလဲလာဖို့ အလားအလာရှိနိုင်ပါတယ်။

Work life balance ကပဲဆက်လက်ဦးဆောင်သွားမလား

ခေတ်နောက်ပြန် ဆွဲသလိုဖြစ်နေတဲ့ စနစ်သစ်ကပဲ ဦးဆောင်သွားမလား ကတော့ အမြင်တွေကိုပြောပြပေးကြည့်ပါဦးဗျာ။

Ps:အောက်က ပုံက ကျွန်တော် အလုပ်လုပ်နေတဲ့ပုံမဟုတ်ပါဘူး 😁😁

#fypシ゚viralシfypシ゚viralシalシ
#ဂျပန်

ဒီပုံလေးကိုတော်တော်သဘောကျတယ်နိုင်ငံအချင်းချင်းဖဲ့နေကြတာအပေါ်က 🇰🇷Korea နဲ့ 🇯🇵Japan က“တရုတ်တွေကနားသိပ်ငြီးတာ စကားပြောရင်အေ...
24/10/2025

ဒီပုံလေးကိုတော်တော်သဘောကျတယ်နိုင်ငံအချင်းချင်းဖဲ့နေကြတာ

အပေါ်က 🇰🇷Korea နဲ့ 🇯🇵Japan က
“တရုတ်တွေကနားသိပ်ငြီးတာ စကားပြောရင်အော်ကျယ်အော်ကျယ်နဲ့”

ဘယ်ဘက်မှာ 🇰🇷Korea နဲ့ 🇨🇳China က
“ဂျပန်တွေ ခုမှ အတိတ်မေ့သလိုလို ရွေပျောက်သလိုမနေနေနဲ့ စစ်တွင်းကငါတို့အပေါ်
ကျူးလွန်ခဲ့တာကို နောင်တရ ကိုယ့်သောက်
ပြစ်ကိုယ်သိ”

ညာဘက်က 🇯🇵Japan နဲ့ 🇨🇳Chinaက
“Koreaတွေ ကင်မုချီက မင်းတို့အစားအစာမဟုတ်ဘူး ငါတို့ကငရုတ်သီးမှုန့်နဲ့ အစပ်အရသာလေးထည့်ပြီးဆန်းသစ်လိုက်လို့ ကမ္ဘာကျော်သွားတာ ဂုဏ်ဆာမနေနဲ့”

တချို့🇯🇵တွေကပြောကြသေးတာဗျ
ခုBlack Pink ,BTSတို့နဲ့ ကမ္ဘာကျော်နေတဲ့
K-pop ဆိုတာက 1980ပတ်ဝန်းကျင်ကစခဲ့တဲ့
🇯🇵ရဲ့Jpop ဆိုတဲ့နာမည်ကိုဒဲ့ခိုးချလို့ လုံးဝမကျေန်ဖူးတဲ့ဗျာ

တစ်ခါတစ်လေမှာ နိုင်ငံကြီးတွေလည်း ကလေးတွေမုန့်လုစားသလို ရန်ဖြစ်ကြတာပဲနော်😁😁

#fypシ゚viralシfypシ゚viralシalシ
#ဂျပန်

10/27ကနေ10/29အထိ ဒေါ်နယ်ထရမ့်လာမယ်ဂျပန်ဘုရင် နဲ့ ဝန်ကြီးချုပ်အသစ်ကိုတွေ့ဖို့🤝အမေရိကန် သမ္မတရဲ့ power နဲ့ effect က ဂျပန်အ...
23/10/2025

10/27ကနေ10/29အထိ ဒေါ်နယ်ထရမ့်လာမယ်
ဂျပန်ဘုရင် နဲ့ ဝန်ကြီးချုပ်အသစ်ကိုတွေ့ဖို့🤝

အမေရိကန် သမ္မတရဲ့ power နဲ့ effect က ဂျပန်အပေါ်မှာ ဘယ်လောက်ရှိလည်းတော့မသိဘူး

Tokyo မြို့လည်ခေါင်နဲ့ အတော်အသင့်ဝေးတဲ့
Civil Engineering Site တွေအထိတောင် ထူးခြားဖြစ်စဉ်တွေရှိရင် ရဲ👮‍♂️ကိုအသိပေးဖို့ လောင်စာပစ္စည်းတွေမပျောက်အောင်ထိန်းသိမ်းထားဖို့ သတိပေးစာ🚨⚠️တွေလာနေတာ

📣တိုကျိုပတ်လည်နဲ့ပတ်ဝန်းကျင်က Chiba Ibaraki Kanagawa Saitamaမှာ ရဲတွေဒီရက်ပိုင်း ခြေရှုပ်နေမှာမို့ ကားမောင်းဆိုင်ကယ်​မောင်းတို့ အနေအထိုင်အသွားအလာဆင်ခြင်ကြပါ

တကယ်တော့လည်း ဒုတိယကမ္ဘာစစ်ပြီးကတည်းကဂျပန်က အမေရိကန်အပေါ် အမြဲချစ်ကြောက်ရိုသေနေခဲ့တာပါ

ဟိုစကားပုံလေးတောင်သွားသတိရတယ်

#အရိုးကွဲအောင်ရိုက်လို့အသဲစွဲအောင်ချစ်တာတဲ့😅😅

#ဂျပန်

#fypシ゚viralシfypシ゚viralシalシ

ဂျပန်မှာနိုင်ငံအကြီးအကဲဖြစ်ဖို့က ကိုယ်တွေနိုင်ငံနဲ့ယှဉ်ရင်လွယ်သလိုပဲ  တကယ်ပြောတာခုဝန်ကြီးချုပ်ဖြစ်လာမယ့် 高市さんဆိုရင် anno...
22/10/2025

ဂျပန်မှာနိုင်ငံအကြီးအကဲဖြစ်ဖို့က ကိုယ်တွေနိုင်ငံနဲ့ယှဉ်ရင်လွယ်သလိုပဲ တကယ်ပြောတာ

ခုဝန်ကြီးချုပ်ဖြစ်လာမယ့် 高市さんဆိုရင် announcerဘဝကလာတယ် နိုင်ငံရေးမိသားစုကလာတာမဟုတ်ခဲ့ဘူး

သာမန်အနေအထားကပဲ ဒါပေမယ့် ကြိုးစားချင်စိတ် နိုင်ငံအပေါ်စေတနာမှန်တဲ့ စိတ်တစ်ခုထဲနဲ့ပဲ အမြင့်ဆုံးရာထူးကိုရခဲ့တာ အများကပေးအပ်ခဲ့တာ

ကိုယ်တွေဆီမှာတော့😢😢

announcerဘဝကနေ နိုင်ငံ့အကြီးအကဲဖြစ်ဖို့မပြောနဲ့

ပညာရေးကလည်း Oxford university ထွက်

နိုင်ငံရေးမျိုးရိုးကလည်း အဖိုး အဖေမျိုးဆက်
လိုက် နိုင်ငံ့ခေါင်းဆောင်ရဲရဲတောက်တွေ

နိုင်ငံရေးလှုပ်ရှုားမှု ဆိုတာကလည်း အကျယ်ချုပ်နဲ့ထောင်ဆိုတာ သူမဘဝရဲ့ အချိန်များစွာဖြတ်သန်းခဲ့တဲ့နေရာတွေ

နိုင်ငံချစ်စိတ် မှန်မမှန်ကတော့ သားနဲ့ခင်ပွန်းကို ပစ်ပယ်ပြီး နိုင်ငံအတွက်ပေးဆပ်ခဲ့တာပဲကြည့်တော့

Noble prize အကြောင်းကတော့ထည့် ပြောစရာမလိုတော့ဘူး

ဒီလောက်အဘက်ဘက်ပြည့်စုံနေတဲ့သူတစ်ယောက်ဟာ ကိုယ်တွေနိုင်ငံမှာတော့ အသက်၇၀-၈၀တန်းရောက်လည်း ဖြောင့်ဖြောင့်တန်းတန်း နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ကခက်ခဲနေတုန်းပဲတဲ့ဗျာ

တကယ်တွေးမိတိုင်း ရင်ဘတ်က တဆစ်ဆစ်နာတယ်😭😭

တကယ်လို့များ高市さんသာ မြန်မာပြည်မှာမွေးဖွားခဲ့ရင် ဝန်ကြီးချုပ်မပြောနဲ့ ဆင်ခြေဖုံးကရပ်ကွက်ဥက္ကဌလောက်တောင် နေရာပေးပါ့မလားမသိဘူး(အရည်အချင်းကိုစော်ကားချင်းမဟုတ်)

တကယ်လို့များသာ အမေအိုရေ လူတွေကမမွေးဖွားခင်မှာနိုင်ငံရွေးလို့ရရင် ဒီနိုင်ငံကိုဘယ်တော့မှပြန်မရွေးပါနဲ့တော့လို့ အဝေးရောက်နိုင်ငံသားတစ်ယောက် ရင်နာနာနဲ့ ပြောလိုက်ပါရစေဗျာ

#fypシ゚viralシfypシ゚viralシalシ
#ဂျပန်

ဂျပန်အစိုးရသစ်ရဲ့policy📕တွေကဘာလဲကိုယ်တွေနဲ့ဘာတွေသက်ဆိုင်နေမလဲ1️⃣စားသောက်ကုန်တွေကို အခွန်ကောက်ခံမှူကို ဖျက်သိမ်းမယ် ။ဒါကိ...
21/10/2025

ဂျပန်အစိုးရသစ်
ရဲ့policy📕တွေကဘာလဲ
ကိုယ်တွေနဲ့ဘာတွေသက်ဆိုင်နေမလဲ

1️⃣စားသောက်ကုန်တွေကို အခွန်ကောက်ခံမှူကို
ဖျက်သိမ်းမယ် ။ဒါကိုချက်ချင်းဆောင်ရွက်နိုင်မှာမဟုတ်တဲ့အတွက် ၂နှစ်အတွင်း နိုင်ငံစီးပွါးရေးကောင်းအောင်လုပ်ပြီး စားသောက်ကုန်ကနေအခွန်မရလည်း နိုင်ငံ့ဘဏ္ဍာမထိခိုက်နိုင်အောင် ဆောင်ရွက်မယ်။၃နှစ်မြောက်မှာလက်တွေ့ အကောင်အထည်ဖော်မယ်။

2️⃣အောက်လွတ်တော်အမတ် အရေအတွက်ကို ၁၀%လျော့ချမယ် ။လွတ်တော်ထဲလာအိပ်နေတာများလို့နေမယ်😂 (ဒါကတော့ကိုယ်တွေနဲ့မဆိုင်ပါ🤌)

3️⃣ဒုတိယမြို့တော် တည်ထောင်မယ် ။စီးပွါးရေးအရ အိုဆာကာကဒုတိယမြို့တော်လို ဖြစ်နေပေမယ့် အုပ်ချုပ်ရေးပိုင်းမှာဆိုရင်တော့ အခြေခံအဆောက်အအုံပိုင်း စတာတွေမှာလိုအပ်ချက်တွေရှိနေသေးတာ ဖြစ်ပါတယ်။ပြောင်းရွေ့ရတဲ့ ရည်ရွယ်ချက်ကတော့ 南海トラフငလျှင်လို ကြီးမားတဲ့သဘာဝဘေးအန္တရာယ်မျိုးကြောင့် တိုကျိုရဲ့အုပ်ချုပ်ရေးယန္တရားပြိုလဲသွားခဲ့ရင် ဒုတိယအနေနဲ့ အိုဆာကာကနေနိုင်ငံကို အုပ်ချုပ်ရေးစီမံဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ဘတ်ဂျက်အနေနဲ့ 4~7兆円တောင် လိုတာမို့လက်တွေ့ဖြစ်မဖြစ် ကတော့စောင့်ကြည့်ချင်စရာဖြစ်ပါတယ်။

4️⃣ကျန်းမာရေးအာမခံကို တနှစ်စာဆောင်ငွေထဲက 6万လျော့ပေးမယ် ။ဒီကိစ္စကလည်း နိုင်ငံ့ဝင်ငွေထဲကနေတစ်နှစ်ကို 4兆円လျော့သွားမှာမို့လုပ်နိုင်မလားစောင့်ကြည့်ချင်စရာပါ။ဖြစ်လာရင်တော့6万သက်သာတာပေါ့ဗျာ။

5️⃣ဥပဒေနဲ့စည်းကမ်းတွေကို မလိုက်နာ နိုင်တဲ့နိုင်ငံခြားသားတွေကို ထိထိရောက်ရောက်အရေးယူမယ်။အဲ့လိုလုပ်ခြင်းအားဖြင့်စည်းကမ်းရှိရှိနဲ့နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း အကျိုးရှိစေမှာဖြစ်တယ်။ကြပ်ကြပ်မတ်မတ်ကိုင်တွယ်နိုင်အောင် နိုင်ငံခြားသားအရေးကို သီးသန့်ဆောင်ရွက်မယ့်ဝန်ကြီးကို ခန့်ထားမယ်။(တချို့အပိုင်းတွေက အရင်ကလောက်တော့နေသာထိုင်သာရှိမှာ မဟုတ်တာတော့သေချာပါတယ်)

တခြားနှစ်ခုသုံးခုလည်း ရှိသေးပေမယ့်ကျွန်တော်တို့နဲ့လည်းမဆိုင်တဲ့ どうでもいいဖြစ်တဲ့အတွက်မရေးတော့ပါဘူးဗျာ

အားလုံးအဆင်ပြေကြပါစေ


#ဂျပန်
#fypシ゚viralシfypシ゚viralシalシ


#

အာရက္ခတွေအခေါ်က  #ငါးညို့တင်္နသာရီတိုင်းဘက်မှာတော့  #ဘီးဇင်းအကြေတစ်ကြောမှာကျပြန်တော့  #ငါးကွန်းရှပ်👉တစ်ချို့သတိထားချင်မှ...
18/10/2025

အာရက္ခတွေအခေါ်က #ငါးညို့
တင်္နသာရီတိုင်းဘက်မှာတော့ #ဘီးဇင်း
အကြေတစ်ကြောမှာကျပြန်တော့ #ငါးကွန်းရှပ်

👉တစ်ချို့သတိထားချင်မှလည်း ထားမိမှာဖြစ်ပေမယ့် ငယ်ဘဝတုန်းကတည်းက နေ့လည်သရေစာအဖြစ် ပတ်သတ်ခဲ့ပြန်ရော

👉အသက်လေးရလာတော့ သောက်ကြစားကြ🥂ရင်လည်း သူက🍺🥃ဘီယာ ဝီစကီနဲ့ဆိုမပါမဖြစ်ပါပဲ

ဟုတ်ပါတယ် ကျွန်တော်တို့အရမ်းကြိုက်ကြတဲ့ ပင်လယ်ပြန်လက်ဆောင် ငါးမုန့်ကို ဒီငါးကနေပဲ လုပ်တာဖြစ်ပါတယ်

ဒီငါးကို ဟိုတစ်လောကပဲ ငါးဆုပ်လုပ်နည်းနဲ့ ငါးဖယ်ဆုပ်နဲ့တူလို့ သဘောကျကြတဲ့အကြောင်း တွေကိုလည်း တော်တော်များများတွေ့ရပါသေးတယ်
အထောင်းနာမယ်ဆိုရင်တော့ သူ့က ငါးဖယ်တန်းဝင်ပါပဲ

ဂျပန်မှာတော့ သူ့နာမည်ကို သုံးမျိုးခေါ်ပါတယ်
サゴシ 40-50cm
ヤナギ 50-60cm
サワラ 60cm以上
ဆိုပြီတော့ငါးအရွယ်နဲ့ သတ်မှတ်တာပါ

ကျွန်တော်ဒီနေ့ရလာတာတော့ サゴシအရွယ်ပါ
မြင်သာအောင်ပြောရရင် 25ကျပ်သားဆိုဒ်
တစ်ကောင်ကို ယန်း400ကျော်လေးနဲ့ရခဲ့တာ
စဉ်းစားချိန်တောင် မရဘူး တန်လွန်းတော့ တွေ့တာနဲ့ကောက်ထည့်ခဲ့တာ (ပုံမှန်စျေးဆို100gကိုပဲယန်း200~300ပေးရတာကိုး )

👨‍🍳ချက်နည်းကတော့ ကြော်ကြော်ချက်ချက် သုပ်သုပ်ဖုတ်ဖုတ်ပြုတ်ပြုတ် ကြိုက်တာသာလုပ်စား ဒီငါးကခင်ဗျားတို့ကိုသစ္စာမဖောက်စေရဘူး ပြီးတော့ မြန်မာမှာ ရေချိုငါးပဲစားဖူးတယ်
ဂျပန်မှာဘာငါးစားရမှန်းမသိဘူး ဆိုတဲ့သူတွေလည်းစားကြည့်ပါ ခင်ဗျားတို့ကြောက်တဲ့ ပင်လည်နံ့ဆိုတာကြီးလုံးဝမရှိပါဘူး နောက်လက်လွတ်နိုင်မယ်တောင်မထင်ဘူး

ကဲスーパーမှာဒီနာမည်နဲ့ငါးကို စျေးတန်တန်နဲ့တွေ့လို့ကတော့ မစဉ်းစားနဲ့တောင်းထဲသာထည့်ခဲ့လို့
အကြံပြုရင်း တော်သေးပြီ

15/10/2025

#fypシ゚viralシfypシ゚
#ဂျပန်

13/10/2025

#ဂျပန်
#fypシ゚viralシfypシ゚
#ဂျပန်မှာရွှေစုမယ်

住所

Osaka, Osaka

ウェブサイト

アラート

Real Life in Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する