24/06/2025
မင်းရဲ့ ဘဝကို လျှို့ဝှက်စွာ နေထိုင်ပါ😎
😎မင်းရဲ့ ပျော်ရွှင်စရာကောင်းတဲ့
အိမ်ထောင်ရေးအခြေအနေတွေကို
လိုင်းပေါ်မတင်ပါနဲ့။
😎မင်းကလေးတွေရဲ့ ပညာရေး
အောင်မြင်မှုမှတ်တမ်းတွေကို
လိုင်းပေါ်မတင်ပါနဲ့။
😎မင်းဝယ်ခဲ့တဲ့ စျေးကြီးလှတဲ့
ပစ္စည်းတွေကို ကြွားဝါကာ
လိုင်းပေါ်မတင်ပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက.....
လူတိုင်းအားလုံးက မင်းနဲ့ထပ်တူ
ပျော်ရွှင်ဝမ်းမြောက်နိုင်မှာ
မဟုတ်လို့ပါ.။
မင်းရလိုက်တဲ့ comment အများစုဟာ အယောင်ဆောင်တွေပါပဲ
မင်းနဲ့ မင်းရဲ့ မိသားစုအပေါ်
မကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ဖို့
ပတ်ဝန်းကျင်ကို ဖိတ်ခေါ်နေသလိုပါပဲ..။
မင်းရဲ့ ဘဝထဲကို
မနာလိုတတ်တဲ့သူတွေ
ဝင်ရောက်လာဖို့ ဆွဲခေါ်နေသလိုပါပဲ။
မင်း လိုင်းပေါ်တင်ခဲ့တဲ့ ပုံတွေကို
ဘယ်သူတွေက saveထားပြီး
ဘယ်လိုနေရာတွေမှာ ပြန်အသုံးချနေလဲဆိုတာ
မင်း မသိနိုင်ပါဘူး။
မင်းရဲ့ ပြောင်းလဲနေတဲ့ ဘဝအခြေအနေနဲ့
အဆင့်အတန်းတွေကို
ဘယ်သူတွေ စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာ
မင်း မသိနိုင်ပါဘူး။
တစ်ခုခုဆို လိုင်းပေါ်တင်လိုက်မယ်ဟဲ့"ဆိုတဲ့စိတ်ကို ဖျောက်ပါ။
မဆင်မခြင် လိုင်းပေါ်ခဏခဏတင်တတ်တဲ့ အပြုအမူမျိုးတွေ
လုပ်နေတာကို ရပ်တန့်လိုက်ပါ။
ဘာလို့လဲဆိုတော့
ဒီလိုမျိုးအပြုအမူတွေဟာ..
မင်းရဲ့ ဘဝ
မင်းရဲ့ မိသားစု
မင်းရဲ့ အိမ်ထောင်ရေး
မင်းရဲ့ အသက်မွေး၀မ်းကျောင်း စတဲ့ အရာတွေကို
လုံးဝဖျက်ဆီးသွားနိုင်လို့ပါ။
လူအများသုံးနေကြတဲ့ အင်တာနက်ဟာ
မကောင်းမြင်တတ်တဲ့ မျက်လုံးတွေ
မကောင်းဆိုးဝါး တစ်ကောင်အလား
ဆိုးသွမ်းလှတဲ့ နားနဲ့ ပါးစပ်တို့လိုပဲ
ကြောက်စရာကောင်းလှတဲ့ ထောင်ချောက်ထဲ
မင်းမကျမိပါစေနဲ့။
😎မင်းရဲ့ ကိုယ်ပိုင်ဘဝကို လျှို့ဝှက်စွာ ဆက်လက်နေထိုင်ပါ ....။
#မူရင်းကိုcrdပေးပါတယ်