P’s Financial Literacy

P’s Financial Literacy Future Tech investor🚀

BMNR +24%To the moon🌙ကိုင်ထားတဲ့သူတွေ ရှိမလားး
09/08/2025

BMNR +24%
To the moon🌙
ကိုင်ထားတဲ့သူတွေ ရှိမလားး

BMNR(Bitmine Immersion Technologies)BMNRကတော့World’s Largest Ethereum Treasury Companyဖြစ်ပါတယ်။MSTRနဲ့အတူတူပါပဲ။MSTRကတေ...
07/08/2025

BMNR(Bitmine Immersion Technologies)

BMNRကတော့World’s Largest Ethereum Treasury Companyဖြစ်ပါတယ်။MSTRနဲ့အတူတူပါပဲ။MSTRကတော့ Bitcoin Treasury ပေါ့။BMNRကတော့ လက်ရှိမှာ833,137ETHပိုင်ဆိုင်ထားပြီးတန်ဖိုးအနေနဲ့ကတော့ $2.9Billionဖြစ်ပါတယ်။
August 5,2025မှာSECကထုတ်ပြန်တဲ့သတင်းအရETHကိုLiquid Stakingပြုလုပ်ခြင်းသည်
securities lawအောက်တွင် မပါဝင်ဘူးလို့ ထုတ်ပြန်ထားပါတယ်(ETHလို့အတိအကျမဖော်ပြထားပေမယ့်)။
ဒါကြောင့်ETH holdersတွေအတွက် protocol stakingကဥပဒေအရ အန္တရာယ်နည်းလာတယ်လို့ယူဆလို့ရပါတယ်။ဒါကြောင့် အနာဂတ်မှာETHစျေးတက်လာဖို့ အလားအလာကောင်းပါတယ်။
Treasury Companies တွေကို investing လုပ်တဲ့အခါ No1ဖြစ်တာတွေကိုပဲရွေးပါ။
Disclaimer:အားလုံးဟာကျွန်တော့်အမြင်တွေပဲဖြစ်ပါတယ်။DYORလုပ်ပါ။

PHYO THU AUNG

Nuclear Power အမေရိကန်ဟာ စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းဒေသတွေနဲ့ရုရှားအပေါ်မှီခိုမှုကနေကင်းလွတ်နိုင်အောင်Nuclear Power ကိ...
29/07/2025

Nuclear Power

အမေရိကန်ဟာ စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းဒေသတွေနဲ့ရုရှားအပေါ်မှီခိုမှုကနေကင်းလွတ်နိုင်အောင်Nuclear Power ကိုအစွမ်းကုန်တိုးတက်အောင်လုပ်ပါလိမ့်မယ်။
ဒါကြောင့် UEC နဲ့OKLOကိုစောင့်ကြည့်ထားသင့်ပါတယ်။
Disclaimer: Financial Advice မဟုတ်ပါဘူး။DYORလုပ်ပါ။

Strategy(MSTR)အကြောင်းMSTRဆိုတာကBitcoin ကို Treasury အဖြစ်ရင်းနှီးမြှုပ်နှံတဲ့company ဖြစ်ပါတယ်။Bitcoinပေါင်း 607,770ပို...
28/07/2025

Strategy(MSTR)အကြောင်း

MSTRဆိုတာကBitcoin ကို Treasury အဖြစ်ရင်းနှီးမြှုပ်နှံတဲ့company ဖြစ်ပါတယ်။Bitcoinပေါင်း 607,770ပိုင်ဆိုင်ထားပြီးတော့July 24,2025နေ့သတင်းအရTop Bitcoin Holdersထဲမှာ အဆင့်4နေရာမှာရှိနေပါတယ်။
Bitcoinကိုထုတ်လုပ်နိုင်တဲ့အရေအတွက်ဟာ21သန်းအထိသာရှိတာဖြစ်ပြီးတော့လက်ရှိမှာ19.8သန်းခန့်ထုတ်ပြီးသွားပြီဖြစ်ပါတယ်။

ဒါဟာBitcoinအားလုံးပေါင်းရဲ့ 94%ဝန်းကျင်ဖြစ်ပြီးတော့ ကျန်ရှိနေတာဟာ 6%ဝန်းကျင်သာဖြစ်ပါတယ်။ဒါ့အပြင်Bitcoinဟာ4နှစ်တစ်ကြိမ် Halvingဖြစ်ပြီးတော့ Bitcoin Minersတွေရဲ့Rewardsကို ထက်ဝက်လျော့ချပါတယ်။
2020,3rd Halvingမှာ Miners တွေရဲ့Rewardsဟာတစ်ခါတူးရင်6.25BTCဖြစ်ပြီးတော့4th Halvingဖြစ်တဲ့2024မှာ3.125အထိ ထက်ဝက်လျော့ကျသွားပါတယ်။5th Halvingဖြစ်လာမည့် 2028မှာတော့Bitcoinရဲ့ Mining Rewards ဟာ1.565ဝန်းကျင်ပဲ ရရှိတော့မှာဖြစ်ပါတယ်။
ဒါဟာLaw of Supply &Demandအရ Bitcoinကိုတန်ဖိုးတက်လာစေနိုင်ပြီးတော့ Inflation က်ိုကျော်လွှားနိင်အောင် Satoshi Nakamotoကဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။သိတဲ့အတိုင်း ရှားပါးတဲ့ပစ္စည်းတွေဟာ တန်ဖိုးကြီးလာတတ်ပါတယ်။

ဆိုတော့ ဒါဆိုရင်ဘာလို့MSTRလိုမျိုးBitcoin ဝယ်စုတဲ့companyတွေရဲ့ ရှယ်ယာကို ဝယ်မှာလဲ။ကိုယ်တိုင်Bitcoinဝယ်စုတာက ပိုကောင်းတာပေါ့။ဒီလိုတွေးမိကြမယ်ထင်ပါတယ်။သူတို့ကဘယ်အချိန်ပြန်ရောင်းမယ်ဆိုတာလဲ မသိဘူး။ဒါ့အပြင် အဲ့တာကိုလဲ ကိုယ်က ထိန်းချုပ်လို့ရမှာမဟုတ်ဘူး။သူတို့Bitcoin တွေကို ဆက်မစုတော့ပဲ စျေးအကြီးဆုံး အချိန်မှာရောင်းလိုက်ရင် Share Holdersတွေအနေနဲ့ ပလုံသွားနိုင်ပါတယ်။

ဆိုတော့MSTRဟာ ဘာကိုရည်ရွယ်တာလဲ?
(မိမိအတွေး)

Bitcoinဟာ အထက်ကပြောထားတဲ့ အချက်အလက်တွေအရ နှစ်ကြာလေ ရှားပါးလာလေဖြစ်လာမှာပါ။ရှားပါးလာလေ တန်ဖိုးကြီးလာလေ ဖြစ်လာပြီးတော့ Bitcoinကိုအများဆုံးပိုင်ဆိုင်ထားတဲ့Companyတွေအနေနဲ့ လည်းအာဏာ၊ပါဝါ၊အခွင့်အရေးတွေရလာနိုင်ပါတယ်။MSTRဟာ ဒါကိုရည်ရွယ်တာဖြစ်နိုင်ပါတယ်။အဲ့တာကိုအသုံးချပြီး MSTRဟာ အဆမတန်ကြီးထွားလာနိုင်ပါတယ်။ဒါကြောင့်MSTRဟာ Bitcoinကိုဆက်ဝယ်နေမှာဖြစ်ပြီးတော့ လုံးဝရောင်းမှာမဟုတ်ပါဘူး။ဒါဟာ ဘာကြောင့် MSTRမှာရင်းနှီးမြှုပ်နှံသင့်လဲဆိုတဲ့ ကျွန်တော့်ရဲ့ အတွေးအမြင်တစ်ခုသာဖြစ်ပါတယ်။ဒါကို မေ့မသွားအောင် အခုလိုရေးခြင်းဖြစ်ပါတယ်။Financial Adviceပေးခြင်းမဟုတ်ပါဘူး။DYORလုပ်ပါ။

အရင်ကရေးခဲ့တဲ့Bitcoin Fundamental Analysis အကြောင်းသိချင်ရင် ဒီမှာဖတ်ပါ။

https://www.facebook.com/share/p/175Q6csbS7/?mibextid=wwXIfr

PHYO THU AUNG

The best duo&another one is TSLA🚀
11/07/2025

The best duo&another one is TSLA🚀

ကျွန်တော်တို့လို အသက်20ကျော်လူငယ်တွေဆိုရင် ဝင်ငွေရဲ့20%လောက်ကိုBTCနဲ့NVDAမှာRiskယူပြီး ရင်းနှီးမြှုပ်နှံသင့်တယ်လို့ထင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း2025ကစပြီး လုပ်သွားဖို့ရှိပါတယ်။

Disclaimer:အသက်30ကျော်နဲ့Riskမယူရဲတဲ့သူတွေကိုမဆိုလိုပါ။ကိုယ်ဆုံးရှုံးခံနိုင်တဲ့ပမာဏကိုသာinvestလုပ်ပါ။
Work for Assets、Not For Money!



Drone နည်းပညာအကြောင်းDrone(ဒရုန်း)ဆိုတာ လူမပါဘဲ အဝေးထိန်းစနစ်နဲ့ ပျံသန်းနိုင်တဲ့ လေယာဉ်ငယ်တွေ (Unmanned Aerial Vehicles ...
15/06/2025

Drone နည်းပညာအကြောင်း

Drone(ဒရုန်း)ဆိုတာ လူမပါဘဲ အဝေးထိန်းစနစ်နဲ့ ပျံသန်းနိုင်တဲ့ လေယာဉ်ငယ်တွေ (Unmanned Aerial Vehicles - UAVs) ကို ခေါ်တာပါ။ အစကတော့ စစ်ဘက်သုံးအတွက် အဓိက တီထွင်ခဲ့ပေမဲ့ အခုအခါမှာတော့ စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး စတဲ့ နယ်ပယ်ပေါင်းစုံမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။
ဒရုန်းတွေရဲ့ ကိုယ်ထည်ကိုတော့ ပေါ့ပါးပြီးခိုင်ခံ့တဲ့ ကာဗွန်ဖိုက်ဘာ နဲ့ပြုလုပ်ကြပါတယ်။ဒရုန်းတွေ လေထဲမှာ ပျံသန်းနိုင်ဖို့အတွက် ပန်ကာတွေနဲ့ မော်တာတွေက အထောက်အကူပေးပါတယ်။မော်တာတွေကို စွမ်းအင်ပေးဖို့အတွက် ဘက်ထရီကို အသုံးပြုကြပါတယ်။

ဒရုန်းတွေကို နယ်ပယ်အသီးသီးမှာ ကျယ်ပြန့်စွာအသုံးပြုလာနေကြပါပြီ။

◽️ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခြင်း

◽️သီးနှံစိုက်ခင်းတွေကို စောင့်ကြည့်တာ၊ ပိုးသတ်ဆေးဖြန်းတာ စသည်ဖြင့် အသုံးပြုခြင်း

◽️ဆေးဝါးတွေ၊ အစားအသောက်တွေစတဲ့ ပစ္စည်းတွေကို လျင်မြန်စွာ ပို့ဆောင်ပေးဖို့ Deliveryပိုင်းမှာ အသုံးပြုခြင်း

◽️သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့၊ အကူအညီပေးဖို့အတွက် အသုံးပြုခြင်း

◽️စစ်ဘက်ဆိုင်ရာပိုင်းမှာလည်း AIနည်းပညာတွေကို ထည့်သွင်းပြီးတော့ ကင်းထောက်တာ၊ စောင့်ကြည့်တာ၊ တိုက်ခိုက်တာတွေမှာ ကျယ်ပြန့်စွာအသုံးပြုလာကြပါပြီ။
အနာဂတ်စစ်ပွဲတွေမှာ နျူကလီးယားက Game changerမဟုတ်တော့ပဲ AIနဲ့ပေါင်းစပ်ထားတဲ့ဒရုန်းတွေနဲ့ လူတူစက်ရုပ်တွေက Game Changer ဖြစ်လာတော့မယ်လို့ ယူဆလို့ရနေပါပြီ။ဒါကြောင့် သူတို့ကိုအမြောက်အမြားထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်လာတော့မှာပါ။

Stockmarketရှိ Drone companyများ

◽️Aerovironment Inc(AVAV)(အမေရိကန်)
◽️eHang(EH)(တရုတ်)
◽️draganfly(DPRO)(ကနေဒါ)
◽️ParaZero(PRZO)(အစ္စရေး) တို့ပဲဖြစ်ပါတယ်။

Disclaimers:ရင်းနှီးမြှုပ်နှံဖို့ အကြံပေးခြင်းမဟုတ်ပါဘူး။သတိထား စောင့်ကြည့်ဖို့ အတွက်သာဖြစ်ပါတယ်။ကျွန်တော် ရေးထားတဲ့ Drone companyတွေအပြင် တခြားလည်းအများကြီးရှိပါသေးတယ်။အပေါ်က စာတွေဟာ ကျွန်တော့်အမြင်သာဖြစ်ပါတယ်။
PHYO THU AUNG

#ဒရုန်း

11/06/2025

DRIP(Dividend Reinvestment Plan)

Stock Market မှာရင်းနှီးမြှုပ်နှံကြတဲ့အခါ Capital gainရယ်Dividendရယ် ရဖို့ကို ရည်ရွယ်ကြပါတယ်။Capital Gainဆိုတာက အရင်ရက်က ကျွန်တော်ပြောတဲ့ Metaplanetက ¥350ကနေအခု 1560¥ဖြစ်လာပြီး 1210¥စျေးတက်လာတာကို Capital Gainလို့ခေါ်ပါတယ်။Dividend ဆိုတာကတော့အမြတ်ဝေစုခွဲပေးတာဖြစ်ပါတယ်။ Coca-Cola အနေနဲ့ သူ့ရှယ်ယာတစ်ခုပိုင်ထားရင် အမြတ်ဝေစုအနေနဲ့တစ်နှစ်ကို 2$နီးပါးပေးပါတယ်။2024ကမှတ်တမ်းအရပေါ့လေ။ဆိုတော့ Coca-Colaရှယ်ယာအခု100ပိုင်ထားရင် တစ်နှစ်ကို $200 Dividend ရမယ်ပေါ့လေ။အဲ့ဒီသဘောပါ။

DRIP နည်းလမ်းဆိုတာက အဲ့လိုအမြတ်ဝေစုကို အဓိက ထားပြီးinvestလုပ်တဲ့ပုံစံမျိုးပါ။investment လောကမှာတော့ ရေကန်မဆောက်နဲ့ရေတွင်းတူးပါဆိုတဲ့ စကားမျိုး၊နောက်ပြီး ခံတပ်ကို အရင်တည်ဆောက်ရမယ်ဆိုတဲ့ စကားမျိုးတွေ ကြားဖူးကြပါလိမ့်မယ်။DRIPနည်းလမ်းက အဲ့ဒီသဘောမျိုးပါ။ကျွန်တော်တို့ အနေနဲ့ခုနကCoca-Colaလိုမျိုး Dividend stocksတွေကို လစဥ်ကိုယ့်ရဲ့ လုပ်အားခထဲကဦးတည်ပြီးဝယ်တယ်။သူ့ဆီက လစဥ်(သို့)နှစ်စဥ်ရတဲ့Dividend လို့ခေါ်တဲ့အမြတ်ဝေစုရတဲ့အခါ တခြားGrowth Stocksတွေဝယ်တယ်။ဥပမာ-TeslaလိုမျိုးAppleလို Stockမျိုးတွေပေါ့လေ။ဆိုတော့ Dividend Stockကို ကိုယ့်ရဲ့ရေတွင်း၊ကိုယ့်ရဲ့ခံတပ်လိုမျိုး သဘောထားတဲ့Mindsetမျိုးပေါ့။ဒါက DRIPနည်းလမ်းပါ။

Stock Marketမှာတော့ ကိုယ့်ရဲ့ယုံကြည်ချက် ၊ရည်ရွယ်ချက်အလိုက် သွားကြတဲ့ သူတွေ များကြီးရှိပါတယ်။တစ်ချို့ကတော့ Value investing,တစ်ချို့ကတော့Index Investing ပေါ့၊တစ်ချို့ကတော့ individual stockကိုမှအမေရိကန် stockတွေပေါ့၊တစ်ချို့ကတော့ ဂျပန်stockတွေပေါ့၊တစ်ချို့ကတော့ Trading၊တစ်ချို့ကတော့ Option tradingပေါ့လေ။Styleတွေကတော့ မျိုးစုံရှိပါတယ်။
ကျွန်တော်တို့အနေနဲ့က အခုမှ စလေ့လာနေတုန်းဆိုရင် အကုန်လုံးကို ဆရာလိုက်တင်နေလို့မရပါဘူး။တစ်ယောက်ကိုပဲဆရာတင်၊သူ့နည်းလမ်းအတိုင်းလိုက်လုပ်ပေါ့လေ။ဒါမှပဲ ထိရောက်မှာပါ။

Value investing ဆိုရင် ကိုယ့်အနေနဲ့ Intrinsic Valueတွေတွက်တတ်ရမယ်၊Index investing ဆိုရင် ပိုက်ဆံများများ ထည့်နိုင်ရမယ်၊individual stockဆိုရင်market cycle ကိုနားလည်ရမယ်၊Tradingဆိုရင် Technical Analysis လုပ်တတ်ရမယ်၊Option trading ဆိုရင်Stock အခု100ပိုင်ရမယ် စသည်ဖြင့်ပေါ့လေ။အဲ့လိုမျိုးအရာတွေကို သိထားရမယ်။ဒါမှလည်း ထိရောက်မှာကြောင့်ပါ။
ကျွန်တော်ကတော့ ဘယ်သူနဲ့မှမတူတဲ့ဘက်ပေါ့လေ။ဘာလို့လဲဆိုတော့ ငယ်သေးတာကြောင့်ပေါ့။ပြီးတော့ နည်းလမ်းတွေကို စမ်းသပ်ဆဲ ကာလ လည်းဖြစ်တာကြောင့်ပါ။ဘယ်လိုပဲဖြစ်ဖြစ်၊ဘယ်လို investment စတိုင်မျိုးကိုပဲလိုက်လိုက် အသက်ငယ်ဦးမယ်ဆိုရင် ငယ်ရွယ်မှုဟာ အားသာချက်တစ်ခုဖြစ်ပါတယ်။အတွေ့အကြုံတွေကနေတစ်ဆင့် သင်ခန်းစာ
ယူတတ်မယ်ဆိုရင်ပေါ့လေ။

The Bitcoin 2025 Conference ကို May 27ကနေ29အတွင်း Las Vegasမှာ ကျင်းပမှာဖြစ်ပါတယ်။အမေရိကန် ဒုသမ္မတJD Vanceလည်းတက်ရောက်မှ...
22/05/2025

The Bitcoin 2025 Conference ကို May 27ကနေ29အတွင်း Las Vegasမှာ ကျင်းပမှာဖြစ်ပါတယ်။အမေရိကန် ဒုသမ္မတJD Vanceလည်းတက်ရောက်မှာပါ။လတ်တလောမှာလည်းBTCဟာ ATHရောက်နေတာဖြစ်တာကြောင့် 30ရက်နေ့ပွဲပြီးတဲ့အခါ BTC price ဘယ်အထိဆက်ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါပြီ။(Metaplanet,MSTR,MSTU,MARA)ကိုင်ထားတဲ့သူတွေရှိမလား။ကျွန်တော်တော့ MSTU 51ခုရှိထားပါတယ်။

ဒီတစ်ကြိမ်လည်း အတွေးလွန်သွားခဲ့ပါတယ်။4လပိုင်း23ရက်နေ့ကMetaplanet ကို350¥လောက်တုန်းက ဝယ်ဖို့ လုပ်လိုက်တယ်။Cancelပြန်လုပ်ပ...
21/05/2025

ဒီတစ်ကြိမ်လည်း အတွေးလွန်သွားခဲ့ပါတယ်။
4လပိုင်း23ရက်နေ့ကMetaplanet ကို350¥လောက်တုန်းက ဝယ်ဖို့ လုပ်လိုက်တယ်။Cancelပြန်လုပ်ပြီး ¥350နဲ့Remixpointကိုပြောင်းဝယ်လိုက်တာ။Metaplanetလက်ရှိစျေး933¥ဆိုတော့3ဆဝန်းကျင်လောက်တက်သွားတယ်။(FOMO ဝင်နေလို့ပြန်ထိန်းနေရပါတယ်)
Remixpointလည်း လက်ရှိ601¥ဆိုတော့ ဖြေသာပါသေးတယ်။

21/05/2025

ကျွန်တော့်အနေနဲ့investment ပိုင်းကိုလေ့လာပြီးတော့ စလုပ်ဖြစ်တဲ့အချိန်ကနေအခုချိန်အထိ လုပ်ခဲ့တဲဲ့ရွေးချယ်မှုအမှား1 ခု ရှိခဲ့ပါတယ်။အဲ့တာကတော့ Palantir(PLTR)အစားUIpath(PATH)
ကိုရွေးခဲ့မိတာပါ။အဲ့အချိန်မှာနှစ်ခုလုံးက Cathie Woodရဲ့ARKK ETFထဲပါခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ 2024လောက်တုန်းက AIတွေခေတ်စားလာခဲ့ပြီးတော့ နောက်ပိုင်းမှာ ပိုကျယ်ပြန့်လာမယ်လို့ တွက်မိပြီး AI companyတွေမှာinvestလုပ်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့တာနဲ့AIstocks 2ခု သတိထားမိခဲ့ပါတယ်။PLTRနဲ့PATHပါ။အဲ့အချိန်က2024,Julyလောက်ပေါ့။PLTR(24$)နဲ့PATH(11$)ဝန်းကျင်လောက်ရှိပါတယ်။

လေ့လာကြည့်တဲ့အချိန်မှာ
PLTRကGovernmentနဲ့ဆက်စပ်နေတာကြောင့် သိပ်မကြိုက်ပဲ ပုဂ္ဂလိကဖြစ်တဲ့PATHကိုရွေးဖြစ်ခဲ့လိုက်ပါတယ်။ဘာလို့ဆို Government နဲ့ဆက်စပ်နေတဲ့အခါ ဆုံးဖြတ်ချက်တွေချရင် ကြန့်ကြာနိုင်တာ၊ပြီးတော့ ပုဂ္ဂလိကပိုင်းက ပိုမြန်နိုင်တာကြောင့်ပါ။ဒါကcompanyတိုးတက်ရေးအတွက် အရေးကြီးတယ်လို့ ကိုယ်တိုင်က အဲ့အချိန်မှာယူဆခဲ့ပါတယ်။အဲ့လိုနဲ့ နောက်ပိုင်းမှာ PLTRက လက်ရှိစျေး(125$)ဖြစ်လာခဲ့ပြီးတော့ PATHကတော့(12$)နဲ့အခု ချိန်ထိ ဘေးတိုက်သွားနေတုန်းပါပဲ။

ကျွန်တော့်အနေနဲ့လည်း လှေနံနှစ်ဖက်နင်းတဲ့ အယူအဆ ကိုမကြိုက်တာကြောင့် အမြဲတစ်ခုကိုပဲရွေးပါတယ်။အကုန်ရရင်ရ မရရင်ဘာမှမယူဘူးဆိုတဲ့ ပုံစံမျိူးပေါ့။ဆိုတော့ အခုလည်းဘာမှမရလိုက်ဘူးပေါ့လေ။ဘယ်လိုပဲ ဖြစ်ဖြစ်အတွေ့အကြုံကောင်းတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
စီးပွါးရေးလုပ်ငန်းတွေမှာ အဆက်အသွယ်ရှိခြင်းဟာလည်း အရေးကြီးကြောင်းဆိုတာပေါ့။
Btw:Bitcoin is the key to wealth!

Bitcoinကိုယုံရင် Bitcoinကိုတိုက်ရိုက်ဝယ်တာထက် MSTRကိုဝယ်တာက ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ ဒါကြောင့်ပါ။3month returnမ...
19/05/2025

Bitcoinကိုယုံရင်
Bitcoinကိုတိုက်ရိုက်ဝယ်တာထက် MSTRကိုဝယ်တာက ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ ဒါကြောင့်ပါ။
3month returnမှာ 4ဆကွာပါတယ်။
BTC 6%
MSTR 24%

source- Crypto R US

住所

Osaka, Osaka

ウェブサイト

アラート

P’s Financial Literacyがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する