19/02/2026
Ibaraki ခရိုင်၊ရှီမိုဆူမာမြို့အိမ်မီးလောင်မှုတွင်မြန်မာနိုင်ငံသား အလုပ်သင်တစ်ဦး ဆက်သွယ်မရ၊ အမည်မသိ ကျား/မ ခွဲခြားမရသေးသော အလောင်းတစ်လောင်း တွေ့ရှိထား…..
မနေ့က ၁၉ ရက်နေ့ မနက် ၁၂ နာရီ ၀၇ မိနစ်ခန့်မှာ ယိုကိုဟားမားမြို့ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကုမ္ပဏီအမှုဆောင်တစ်ဦး ပိုင်ဆိုင်တဲ့ အိမ်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး စတုရန်းမီတာ ၂၅၂ ခန့်ရှိတဲ့ နှစ်ထပ် သစ်သားအိမ်တစ်လုံးလုံး လောင်ကျွမ်းသွားခဲ့ပါတယ်။
မီးငြိမ်းပြီးနောက် အပျက်အစီးတွေကြားထဲမှာ အမည်မသိ ကျားမ အလောင်းတစ်လောင်း ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားနည်းပညာ အလုပ်သင်တန်းသားတွေ အပါအဝင် အမျိုးသား ၂၂ ဦး နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ အဲဒီထဲက အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ကို ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။ ဒီအတွက် Ibaraki စီရင်စုရဲတပ်ဖွဲ့ ရှီမိုဆူမာရဲစခန်း ကနေ အလောင်းရဲ့ အမည်အတည်ပြုမှုနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
ရဲဘက်အဆိုအရတော့ အနီးအနားမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အိမ်ရဲ့ ဒုတိယထပ်မှာ မီးလောင်နေတာကို တွေ့ရှိပြီး ၁၁၉ ကို ချက်ချင်း ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။
(မှတ်ချက်။ ။ ပုံသည် နမူနာပုံသာဖြစ်ပါတယ်)
#ဂျပန်သတင်း #茨城県下妻市火事 #မြန်မာနိုင်ငံသားနည်းပညာသင်တန်းသား