May Lay

May Lay Be the best version of yourself.

"လူပီသတဲ့ လူ"🌿ဘဝအနိမ့်အမြင့် အတက်အကျတွေက    တကယ်တော့ အဓိကမဟုတ်ပါဘူး...    ဘဝကိုအေးချမ်းစွာ နေထိုင်နေတဲ့    လူပီသတဲ့သူဖြစ...
14/01/2026

"လူပီသတဲ့ လူ"

🌿ဘဝအနိမ့်အမြင့် အတက်အကျတွေက
တကယ်တော့ အဓိကမဟုတ်ပါဘူး...
ဘဝကိုအေးချမ်းစွာ နေထိုင်နေတဲ့
လူပီသတဲ့သူဖြစ်ဖို့ပဲလိုပါတယ်...

🌿ကိုယ့်ထက်အားနည်းသူကို ဖေးမသူ
အမှားနဲ့အမှန်ကိုခွဲခြားသိတဲ့သူ
လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူ...

🌿လူလူချင်း မေတ္တာထားတဲ့သူ
ကိုယ်ချင်းစာတရားရှိတဲ့သူ
အဲလိုလူကမှ "လူပီသတဲ့ လူ" ပါ...



゚viralシfypシ゚viralシalシ

🍀မနက်ခင်းစောစောအချိန်ဟာ   တစ်နေ့တာလုံး လှုပ်ရှားသက်ဝင်ဖို့   အရေးကြီးတဲ့အချိန်ပါ...🍀အလုပ်သွားတဲ့အခါ ယူရမယ့်အရာ    ဖုန်း၊...
14/01/2026

🍀မနက်ခင်းစောစောအချိန်ဟာ
တစ်နေ့တာလုံး လှုပ်ရှားသက်ဝင်ဖို့
အရေးကြီးတဲ့အချိန်ပါ...

🍀အလုပ်သွားတဲ့အခါ ယူရမယ့်အရာ
ဖုန်း၊ သော့၊ ပိုက်ဆံအိတ် စသဖြင့်
ငါးမိနစ်လောက်အချိန်ပေးပြီး စစ်ပါ

ရေးကြီးသုတ်ပျာ အလွဲလေးနဲ့
စတင်တဲ့အခါ တစ်နေ့လုံးလည်း
အလွဲလေးတွေ ဖြစ်တတ်ပါတယ်...

🍀အိမ်မှာနေရတဲ့အခါ ကိုယ်/လက်
သန့်စင်ပြီးရင် ဆယ်မိနစ်လောက်
အချိန်ပေးပြီး တရားမှတ်တာတို့၊
ဦးနှောက်လေး ရှင်းတာတို့
သေချာလေး လုပ်ပေးပါ...

🍀မနက်ခင်းမှာ ကောင်းတာလေးနဲ့
အစပြုလိုက်မယ်ဆိုရင်
တစ်နေ့တာလုံး အစစအရာရာ
အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်...

🍀မင်္ဂလာမနက်ခင်းလေးပါ
အားလုံးပဲ အစစအရာရာ
အဆင်ပြေအေးချမ်းကြပါစေ...


゚viralシ ゚

လူဟာ မလျှောက်ဖူးတဲ့လမ်းကို တစ်ယောက်တည်းလည်း လျှောက်ရတယ်။မရင်းနှီးတဲ့ ရှုခင်းကိုလည်း ကြည့်ရတယ်။မကြားဖူးတဲ့ သီချင်းကိုလည်း...
13/01/2026

လူဟာ မလျှောက်ဖူးတဲ့လမ်းကို တစ်ယောက်တည်းလည်း လျှောက်ရတယ်။

မရင်းနှီးတဲ့ ရှုခင်းကိုလည်း ကြည့်ရတယ်။

မကြားဖူးတဲ့ သီချင်းကိုလည်း နားထောင်ရတယ်။

မဖတ်ရသေးတဲ့ စာအုပ်ကိုလည်း ဖတ်ရတယ်။

ဒီလိုနဲ့...

ကိုယ်သတိမထားမိတဲ့ အခိုက်အတန့်မှာပဲ
မေ့ဖို့ ကိုယ် ခက်ခက်ခဲခဲ ကြိုးစားနေတဲ့
လူနဲ့ တချို့အရာကို တကယ် မေ့သွားတော့တယ်။

💌
#နိုင်းနိုင်းစနေ

ပုံလေးကတော့ တစ်ချိန်တုန်းက နေခဲ့ဖူးတဲ့ တိမ်တွေပေါ်ကမြို့လေးပါ... အိမ်ပေါ်ကလှမ်းရိုက်ထားတာ အရမ်းလှတယ်နော် ဘယ်မြို့လေးလဲမှန်းကြည့် 🥰


゚viralシ ゚

12/01/2026

🌿တကယ်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ်
အရမ်းချစ်တတ်သူပါ

🌿အဲလို အရမ်းချစ်လွန်းတော့ ကိုယ့်ကိုယ်ကိုယ်
✅ချမ်းသာတဲ့သူ
✅အောင်မြင်တဲ့သူ
✅ပျော်ရွှင်တဲ့သူ
✅စိတ်ရင်းကောင်းတဲ့သူပဲ အရမ်းဖြစ်ချင်တာ...

🌿ချမ်းသာဖို့၊ အောင်မြင်ဖို့ကတော့
ကံတရားရယ်၊ ခေတ်ကာလအခြေအနေနဲ့လည်း
သက်ဆိုင်သေးတာဆိုတော့ ကြိုးစားနေဆဲပါပဲ

🌿အကောင်းမြင်စိတ်လေးထားပြီး ပျော်ရွှင်တတ်ဖို့နဲ့
စိတ်ရင်းကောင်းတဲ့သူဖြစ်လာဖို့ အတတ်နိုင်ဆုံး
ဂရုစိုက် သတိထားပြီး နေထိုင်နေပါတယ်...

🌿သူငယ်ချင်းတို့ထဲမှာရော တို့လိုပဲ
ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တတ်တဲ့သူပါလား❓
ဘယ်လိုလူမျိုးဖြစ်ချင်လဲ ပြောသွားပါဦး 😍


゚viralシ ゚

💚နှေးတာ မြန်တာအရေးမကြီးပါဘူး    ပန်းတိုင်ကို သေချာသိဖို့နဲ့    ရပ်မပစ်လိုက်ဖို့ပဲလိုတာ...💚တစ်လှမ်းချင်း တစ်ဆင့်ချင်း    ...
11/01/2026

💚နှေးတာ မြန်တာအရေးမကြီးပါဘူး
ပန်းတိုင်ကို သေချာသိဖို့နဲ့
ရပ်မပစ်လိုက်ဖို့ပဲလိုတာ...

💚တစ်လှမ်းချင်း တစ်ဆင့်ချင်း
ဦးတည်ရာမရောက်မချင်း
တရွေ့ရွေ့ဆက်သွားနေရုံသာ...

💚ဆန္ဒသာ တကယ်ပြင်းပြခဲ့ရင်
ဘယ်လိုပန်းတိုင်ပဲဖြစ်ဖြစ်
ရောက်မှာအသေအချာ ...


゚ ゚viralシ

  🌿မေတ္တာတရားရဲ့ အေးမြမှုကို    အတ္တသမားတွေ မခံစားတတ်ဘူး။    ကိုယ့်အတွက်ပဲ သိတဲ့သူဟာ    ပေးဆပ်ခြင်းဆိုတာ    သူတို့နဲ့ မသ...
10/01/2026



🌿မေတ္တာတရားရဲ့ အေးမြမှုကို
အတ္တသမားတွေ မခံစားတတ်ဘူး။

ကိုယ့်အတွက်ပဲ သိတဲ့သူဟာ
ပေးဆပ်ခြင်းဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။

သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး ။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။

🌿မေတ္တာပေးတတ်သူမှ
ပေးဆပ်ခြင်းရဲ့ အရသာကိုခံစားနိုင်တာပါ။

ချစ်ခြင်းတရားရဲ့ တန်ဖိုးကို
လှည့်ဖြားတတ်သူတွေ နားမလည်နိုင်ဘူး။

ကိုယ့်စိတ်သာယာမှုကိုပဲ သိတဲ့သူဟာ
လေးနက်တဲ့ သစ္စာတရားဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။

သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။

အမှန်တကယ် ချစ်ပေးတတ်သူမှ
လေးနက်ခြင်းရဲ့ တန်ဖိုးကိုခံစားနိုင်တာပါ။

💙 💙 💙 💙 💙 💙 💙 💙 💙

#ကြိုက်မိတဲ့စာသားလေးတွေ

゚viralシ

"အောင်မြင်စေမယ့် နည်းလမ်း ၇ ချက်"💁‍♀️အောင်မြင်စေမယ့် နည်းလမ်း ၇ ချက်ကတော့✅စိတ်အားထက်သန်ခြင်းစိတ်အားထက်သန်မှုက အောင်မြင်မ...
09/01/2026

"အောင်မြင်စေမယ့် နည်းလမ်း ၇ ချက်"

💁‍♀️အောင်မြင်စေမယ့် နည်းလမ်း ၇ ချက်ကတော့

✅စိတ်အားထက်သန်ခြင်း

စိတ်အားထက်သန်မှုက အောင်မြင်မှုဆီကို အရောက်လှမ်းဖို့ ခွန်အားတွေပေးပါလိမ့်မယ်။

✅ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်း

ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို သိပြီး ပြုပြင်၊ အသုံးချခြင်းအားဖြင့် ပိုပြီးအောင်မြင်နိုင်ပါတယ်။

✅လွယ်လွယ်နဲ့ အရှုံးမပေးခြင်း

အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရတတ်တာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ကြိုးစားရင်းက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရရင်လည်း အားမလျှော့ဘဲဆက်ကြိုးစားပါ။

✅ယုံကြည်မှုရှိပါစေ

ယုံကြည်စိတ်က ခွန်အားတွေပေးစွမ်းပြီး အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ကြပါတယ်။

✅ပန်းတိုင်ချမှတ်တတ်ပါစေ

ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို သိပြီး မနားမနေကြိုးစားမယ်ဆိုရင် အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်နိုင်စေမှာပါ။

✅အချိန်ကို အကျိုးရှိရှိအသုံးချပါ

အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်တာက အောင်မြင်စေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။

✅စွန့်စားပါ

အောင်မြင်ချင်ရင် ကြိုးစားပါ။ စွန့်စားပါ။ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မကန့်သတ်မိပါစေနဲ့။

ဒီနည်းလမ်း ၇ ချက်အတိုင်း လိုက်နာခဲ့မယ်ဆိုရင် သေချာပေါက်အောင်မြင်မှာပဲ ဖြစ်ပါတယ်... မိတ်ဆွေများအားလုံး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေရှင့် 🥰


゚viralシ


08/01/2026

Happiness comes from our souls .
Happiness belongs to everyone.
Don't let anyone stop your happiness.
Good night all my friends.Sweet dream.✨


゚viralシ

🍭တကယ်တော့ ကိုယ်ဟာ မြန်မာမုန့်မျိုးစုံ crazy  တစ်ယောက်ပါ 😜🍭မြန်မာမုန့်တွေ မရေမတွက်နိုင်တဲ့အထဲကမှ ကိုယ်အကြိုက်ဆုံးက ရွှေကြ...
07/01/2026

🍭တကယ်တော့ ကိုယ်ဟာ မြန်မာမုန့်မျိုးစုံ crazy
တစ်ယောက်ပါ 😜

🍭မြန်မာမုန့်တွေ မရေမတွက်နိုင်တဲ့အထဲကမှ ကိုယ်အကြိုက်ဆုံးက ရွှေကြည်ဆနွန်းမကင်း⚡

🍭မြန်မာမုန့်ကြိုက်ပေမယ့် လက်ရာမကောင်းရင်တော့
No ပါနော်... ဥပမာ ကိုယ်က ကောက်ညှင်းပေါင်းဆို
အိနေမှ ကြိုက်တာကွာ ... ရန်ကုန်မှာက အိနေတာမျိုး
ခုထိတော့မတွေ့မိသေးဘူး...ဆိုတော့ ကောက်ညှင်းပေါင်းမစားရတာ တော်တော် ကြာနေပြီ...

🍭အိမ်က အမေကမြန်မာမုန့်ပဲ ကြိုက်တာ... ကိုယ်လဲမြန်မာမုန့်ကိုပိုကြိုက်ပြီး မကြာခဏစားဖြစ်တော့ သမီးလေးလည်း မြန်မာမုန့်ကိုပိုကြိုက်တယ်...

🍭ဘာမှဟုတ်ပါဘူး မစားရတာကြာနေတဲ့ မြန်မာမုန့်တချို့ကိုစားချင်စိတ်ပေါ်မိလို့ ရေးမိတာ... ဒါနဲ့ မြန်မာမုန့်ထဲက ဘယ်မုန့်အကြိုက်ဆုံးလဲ ပြောပြဦးနော်🥰


゚viralシ

💁ညဘက် တော်တော်နဲ့ အိပ်မပျော်တဲ့သူရှိလား❓   👉ရှိရင် လွယ်လွယ်အိပ်ပျော်စေမယ့် နည်းလမ်းလေး ပေးပါရစေနော်...✅အတွေးလွန်‌နေတာတွေ...
06/01/2026

💁ညဘက် တော်တော်နဲ့ အိပ်မပျော်တဲ့သူရှိလား❓

👉ရှိရင် လွယ်လွယ်အိပ်ပျော်စေမယ့် နည်းလမ်းလေး ပေးပါရစေနော်...

✅အတွေးလွန်‌နေတာတွေ ရပ်လိုက်ပါ။

🌿တို့တွေ တစ်ခုခုလုပ်နေရင်း စိတ်ကိုအနားမပေးပဲ အတွေးတွေကမရပ်မနားတွေးနေပါတယ်...အိပ်ခါနီးလဲ
မအိပ်မချင်း အကြောင်းအရာ‌တွေစုံအောင် တွေးနေတတ်ပါတယ်...အတွေးလွန်ခြင်းက အိပ်မပျော်တာတွေ ဖြစ်စေပါတယ်...

🌿အနာဂတ်အတွက်တွေးတာ၊ဖြစ်မလာသေးတဲ့ကိစ္စတွေ ကြိုတင် ပူပန်တွေးတောနေတာမျိုး‌တွေကို ရပ်လိုက်ပါ...
အနာဂတ်အတွက် ပူပန်ရမှာပေမယ့် မရပ်မနားတွေးနေမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်...

🌿🌿ဒီတော့ အဲလိုတွေးနေတာတွေရပ်လိုက်ပါ... အတွေးတွေ ရပ်လိုက်တဲ့အခါ ဦးနှောက်ကအနားရသွားပါတယ်၊ ပြီးတော့ ဦးနှောက်လေးရှင်းသွားပြီး ချက်ချင်းအိပ်ပျော်စေပါတယ်...

💁သူငယ်ချင်းတို့လည်း ညဘက်အိပ်မပျော်ရင်ဒီနည်းလမ်းလေး သုံးကြည့်နော်... အားလုံးပဲ Good night ပါ
သောကကင်းကင်းနဲ့ အိပ်စက်နိုင်ကြပါစေ... အိပ်မက်လှလှမက်ပါစေနော်...


゚viralシ


အသီးမှာသရက်❗ သရက်သီးကဘာတွေ ကောင်းလဲ❓🥭သရက်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာကြေချက်မှုကို ကောင်းမွန်စေပါတယ်🥭သရ...
05/01/2026

အသီးမှာသရက်❗ သရက်သီးကဘာတွေ ကောင်းလဲ❓

🥭သရက်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာကြေချက်မှုကို ကောင်းမွန်စေပါတယ်

🥭သရက်သီး အစိမ်းကို ဖျော်သောက်ပေးမယ် ဆိုရင်လည်း ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်လာနိုင်တဲ့ အပူလျှပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်...

🥭သရက်သီးမှာ ဗီတာမင် C၊ဗီတာမင် A နဲ့ carotenoids ၂၅ မျိုးအထိ ပါဝင်လို့ ကိုယ်ခံအားကိုကောင်းမွန်စေပြီး အမြဲကျန်းမာနေစေပါတယ်...

🥭သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊သွေးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်...

🥭သရက်သီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့် သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းစေပါတယ်

🥭သရက်သီးက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်... စားရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပြီး မျက်နှာပေါ်ကချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်...

🥭နေ့စဉ် ကွန်ပျူတာ၊ ဖုန်းသုံးနေတဲ့သူတွေအတွက် အမြင်အာရုံကောင်းမွန်စေပါတယ်... ကျွန်မကတော့ သရက်သီးကို အကင်းကို တို့စားတယ်၊ နည်းနည်းကြီးရင်သုပ်စားတယ်... အမှည့်ဆိုရင်တော့ စိန်တစ်လုံးပဲ ကြိုက်ပါတယ်...

သူငယ်ချင်းတို့ရော သရက်သီးကြိုက်ကြလား❓
ဘယ်သရက်သီးကို အကြိုက်ဆုံးလဲ❓
ဘယ်လိုစားရတာကြိုက်လဲဆိုတာ ပြောပြကြပါဦး🥰


゚viralシ

ဒီ‌ Page လေးကို CM အတွက်ကြိုးစားနေတာ ကြာပါပြီ အစက page ဆိုရင် P-r-i-m-a-r-y မလိုဘူးဆိုတဲ့ comment တစ်ခုတွေ့မိတာနဲ့ အမှတ်...
04/01/2026

ဒီ‌ Page လေးကို CM အတွက်ကြိုးစားနေတာ ကြာပါပြီ အစက page ဆိုရင် P-r-i-m-a-r-y မလိုဘူးဆိုတဲ့ comment တစ်ခုတွေ့မိတာနဲ့ အမှတ်မှားနေတော့
Post တွေပဲ စွတ်တင်နေတာ တကယ်အကြာကြီး... တကယ်တော့ P-r-i-m-a-r-y မပြောင်းရင် လုံးဝမရ
ပါဘူးနော်...

အဲဒါနဲ့ P-r-i-m-a-r-y ပြောင်းဖို့ MM team group ထဲ ဝင်ခဲ့ပါတယ်... အရမ်းဖော်ရွေပြီး နွေးထွေးတဲ့ gp လေးပါ...မဖြစ်နိုင်ဘူးထင်နေတာကို ဖြစ်အောင်ကူညီပေးကြတဲ့ Team leader ကိုပြည့်ဖြိုး Pyae Phyo Maung
စိတ်ရှည်ရှည်နဲ့ အကြာကြီး setting ချိန်ပေးတဲ့ ညီမလေး အေးမြတ်မိုး Aye Myat Moe ဘာမေးမေး မေးသမျှ
အကုန်ဖြေပေးကြတဲ့ MM team members များအားလုံး ကျေးဇူးအထူးပါလို့ 🥰

မြန်မာကနေဆို သူများထက်ပိုကြိုးစားရပါတယ်...
P-r-i-m-a-r-y ချိန်းသွားပြီဆိုတော့ ပိုနီးစပ်လာပြီပေါ့နော... ရှေ့ရက်ကပြောခဲ့သလိုပဲ ကောင်းတာတွေဖြစ်
လာမယ်ဆိုပြီး တွေးရင်း တစ်လှမ်းချင်း၊ တစ်ရက်ချင်း ရှေ့ဆက်ကြတာပေါ့နော်🥰

သူငယ်ချင်း အားလုံးပဲ ‌မင်္ဂလာညချမ်းလေးပါ ပျော်ရွှင်အေးချမ်းကြပါစေ...


゚viralシ

住所

Osaka, Osaka

ウェブサイト

アラート

May Layがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する