Hay Mar Myint

Hay Mar Myint ချက်နည်း၊ပြုတ်နည်း၊မုန့်လုပ်နည်းအစုံ🥰

https://www.tiktok.com/?_r=1&_t=ZS-93zmxwlRpJA

https://www.youtube.com/

03/08/2026

ထီပေါက်ဖို့ ထီပေါက်ပင်ဖိုးရယ်
ထီဖိုးရယ် ရင်းထားတယ် 😂😂

Money Tree or パキラ
🌿 ဒီအပင်လေးရဲ့အဓိပ္ပာယ်ကတော့

ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနဲ့ လာဘ်လာဘ ရွှင်လန်းခြင်း ၊ကျက်သရေမင်္ဂလာရှိခြင်း ကို ဆောင်တယ်လို့ လူတွေတော်တော်များများက ယုံကြည်ကြပါတယ်။

ပြုစုပျိုးထောင်နည်း

အိမ်ထဲမှာထားလို့ အဆင်ပြေပြီး အလင်းရောင် ရရှိတဲ့ ပြတင်းပေါက်အနား သို့မဟုတ် အခန်းတွင်းနေရာမှာ ထားပေးရင် ပိုမိုဖြစ်ထွန်းပါတယ်။

ရေလောင်းရန်: မြေကြီးမျက်နှာပြင် ခြောက်သွေ့သွားမှ ရေကို ရွှဲရွှဲလောင်းပေးရပါမယ် (မြေကြီးမခြောက်ဘဲ ရေလောင်းရင် အမြစ်ပုပ်တတ်ပါတယ်ရှင်)။





29/07/2026

ဘူးသီးကလေ တစ်ခါမှမစိုက်ဖူးဘူး
AIမေးကြည့်တော့ ခူးလို့ရနေပီဆိုလို့
ခူးချလိုက်ပြီ 😂



ဂျပန်ရောက်ပြီးထဲက ရှမ်းခေါက်ဆွဲမစားရတာကြာပြီလုပ်စားမယ်ဆိုပြီး မေ့မေ့နေတာဒီနေ့တော့ လုပ်စားလိုက်ပါပြီ
28/07/2026

ဂျပန်ရောက်ပြီးထဲက
ရှမ်းခေါက်ဆွဲမစားရတာကြာပြီ

လုပ်စားမယ်ဆိုပြီး မေ့မေ့နေတာ
ဒီနေ့တော့ လုပ်စားလိုက်ပါပြီ



ဒီရက်ပိုင်း မျက်ခုံးတွေတအားလှုပ်လို့စိတ်ထဲဘယ်လိုမကောင်းတဲ့ကိစ္စမှ ဖြစ်မလာပါစေနဲ့လို့ဆုတောင်းနေမိသေးတယ်အဖေကလဲဆေးရုံတင်ထား...
23/07/2026

ဒီရက်ပိုင်း မျက်ခုံးတွေတအားလှုပ်လို့
စိတ်ထဲဘယ်လိုမကောင်းတဲ့ကိစ္စမှ ဖြစ်မလာပါစေနဲ့လို့
ဆုတောင်းနေမိသေးတယ်

အဖေကလဲဆေးရုံတင်ထားတာမို့လေ
ဒီနေ့ထိကိုမျက်ခုံးက လှုပ်နေသေးတာ
ခုကျ အိမ်မှာတစ်ကောင်ထဲပဲကျန်တော့တဲ့ကလေး

ကားတိုက်ခံရလို့ ဆုံးပြီတဲ့
ဖြစ်ချင်တော့ အဖေဆေးရုံတင်ထားရတော့
အမေကလဲဆေးရုံစောင့်နေလို့ အိမ်မှာကြည့်ပေးမယ့်သူမရှိလို့

အသိအိမ်မှာ ရက်ပိုင်းလောက်ခဏထားထားရင်း
ဖြစ်သွားတာ ဆိုင်သိမ်းချိန်တံခါးခဏလေးဖွင့်ထားတုန်း
ပြေးထွက်သွားရင်း တိုက်ခံရတာတဲ့

သနားပါတယ် လူအရမ်းကြောက်တတ်တဲ့ကလေး
အဖေအသည်းအသန်ဖြစ်လို့ ဆေးရုံတက်ရတာနှစ်ခါရှိပြီ
နှစ်ခါလုံးအသိအိမ်မှာ ခဏသွားထားရတာ

အဲ့လိုသွားထားတိုင်း သူမနေချင်ခဲ့ဘူး
ကိုယ်တွေမှာလဲမတတ်နိုင်ဘူး အဖေ့လဲပူရနဲ့မို့

အခုက
မနက်ဖြန်ဆိုအဖေဆေးရုံဆင်းပြီမို့
အပြန်ဝင်ခေါ်မှာလို့တောင်ပြောနေသေးတာ

ဝဋ်တွေရှိခဲ့လို့ဆိုရင်လဲ ကျေပါစေကွယ်
နောက်ဘဝ ဒီလိုအဖြစ်ဆိုးမျိုး၊နာကျင်မှုမျိုးတွေ
မရှိပါစေနဲ့

“မမတို့က ပုလေးကိုမွေးစထဲက ခြေမသန်လို့
မနည်းကုပြီးမွေးခဲ့ရတာမို့ သနားပြီးသားသမီးလို
ချစ်တဲ့အတွက်ပိုခံစားရပါတယ် “💔

အစားအရမ်းရွေးတဲ့သူမို့ ကိုယ့်မှာလေဒီကနေ
အစာတွေရော အိပ်ယာတွေထည့်ပေးလိုက်တာတွေ
သူအရမ်းကြိုက်တာ

ဒီနှစ်ကုန်လောက် မြန်မာအလည်ပြန်ရင်
မှတ်မိပါဦးမလားလို့တွေးနေတာ

ခုကျ …….💔

21/07/2026

ဘာစိုက်စိုက်ဖြစ်တယ်
ခုလဲဘူးသီး သီးနေတော့ ပျော်ရ😁




19/07/2026

ဖရဲသီး အလုံးသေးမျိုးစိုက်ထားတာ
စူပါမှာရောင်းတဲ့အလုံးသေးမျိုးလောက်လဲ

ကြီးမလာဘဲ အပင်ပါ သော်ကေသွားတော့
စားမရတော့ဘူးသွားပြီထင်လိုက်တာ

အကုန်လုံး အခွံပါးပါးနဲ့ချိုရဲနေရော




MEGAドンキသွားလို့ ဒီမာလာရှမ်းကောအထုပ်တွေ့ရင်ဝယ်မစားနဲ့ တစ်စက်မှစားမကောင်းဘူး 🥹သစ်ကြံပိုးခေါက်နံ့လိုလိုမဆလာနံ့လိုလိုနဲ့အနံ့...
12/07/2026

MEGAドンキသွားလို့ ဒီမာလာရှမ်းကောအထုပ်တွေ့ရင်
ဝယ်မစားနဲ့ တစ်စက်မှစားမကောင်းဘူး 🥹

သစ်ကြံပိုးခေါက်နံ့လိုလိုမဆလာနံ့လိုလိုနဲ့
အနံ့ကတအားစူး

အဲ့တံဆိပ်ထဲကပဲ မာလာထန်းလဲလာတယ်
စားတော့မစားကြည့်ရသေးဘူး



04/07/2026
29/06/2026

မာလာအမှုန့် ရှာနေသူလေးတွေ
စူပါတွေမှာလဲမာလာအမှုန့်ရောင်းနေပြီနော်

မာလာအကင်သုပ်၊ကြက်မာလာ၊ဝက်မာလာ၊
ငါးမာလာ အကုန်လုပ်စားလို့ရပါတယ်

သူကတော့ ラーメン、たこ焼き、お好み焼き、唐揚げ、スネーク、焼きそばတွေနဲ့စားလို့ရတယ်ပြောပေမယ့်

တခြားဟာတွေလဲလုပ်စားလို့ရပါတယ်



#မာလာအမှုန့်

ဒီနှစ်တော့အလကားရထားတာအများကြီး ဘူးသီးကြော်ကြော်စားမယ်
28/06/2026

ဒီနှစ်တော့အလကားရထားတာအများကြီး ဘူးသီးကြော်ကြော်စားမယ်

住所

Sakai-shi, Fukui

ウェブサイト

アラート

Hay Mar Myintがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する