Nihon Bay-日本湾

Nihon Bay-日本湾 毎日の日本生活

အပြုံး ဆိုတာ အားလုံးကို ပျော်ရွှင်စေဖို့ 🥰
06/07/2024

အပြုံး ဆိုတာ အားလုံးကို ပျော်ရွှင်စေဖို့ 🥰

ဘယ်သူ့ကိုမှ ပြောင်းလဲဖို့ မကြိုးစားပါနဲ့ .. သူတို့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံကိုသာ ပြောင်းလိုက်ပါ 🤍ကိုယ့်အပေါ် နားမလည်တဲ့သူက...
06/07/2024

ဘယ်သူ့ကိုမှ ပြောင်းလဲဖို့
မကြိုးစားပါနဲ့ ..
သူတို့အပေါ် ကိုယ့်ရဲ့
ဆက်ဆံပုံကိုသာ ပြောင်းလိုက်ပါ 🤍

ကိုယ့်အပေါ် နားမလည်တဲ့သူကို
နားလည်ပေးဖို့ ..
ပြောပြလို့ မရဘူး။
သူ့အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့
မျှော်လင့်ချက်တွေကိုသာ
ရုတ်သိမ်းရမှာ။

ကိုယ့်အပေါ် အေးစက်လာတဲ့သူကို
နွေးထွေးပေးဖို့ ..
တောင်းဆိုလို့ မရဘူး။
ပူလော င်နေရတဲ့
ကိုယ့်ရဲ့တွယ်တာမှုတွေကိုပဲ
လျှော့ချရမှာ ။

ကိုယ့်အပေါ် ပြောင်းလဲလာတဲ့သူကို
မပြောင်းလဲဖို့ ..
တားဆီးလို့ မရဘူး။

သူမရှိလည်း နေနိုင်အောင်သာ
ကိုယ့်ကိုယ်ကိုယ်
တည်ဆောက်ရမှာ ... ။

အရာရာ ကိုယ်မျှော်လင့်သလို
တထပ်တည်း ဖြစ်လာဖို့ဆိုတာ
ခဲယဉ်းပါတယ် ။

ဘဝမှာ ကြိုမတွေးထားတဲ့အရာတွေ
ဖြစ်လာတတ်တာမို့လေ ... ။

💟 ပေးလိုက်ပါ။
ကိုယ်ပေးတိုင်း ပြန်ရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

💟 ချစ်လိုက်ပါ။
ကိုယ်ချစ်တိုင်း ပြန်အချစ်ခံရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

💟 စိတ်ကောင်း'ထားလိုက်ပါ။
ကိုယ်ကောင်းတိုင်း ကိုယ့်အပေါ်
ပြန်ကောင်းဖို့ဆိုတာ မျှော်လင့်ချက် မထားပါနဲ့ ။

ဘယ်အရာကိုမဆို
မျှော်လင့်ချက်သာ မထားခဲ့ရင် ...
ဘဝကြီးက သိပ်ကို လွတ်လပ်ပေါ့ပါးနေမှာ .. ။

မျှော်လင့်ချက်သာ မထားခဲ့ရင် ...
နာ ကျ,ဉ်မှုဆိုတာ မရှိနိုင်ဘူး ။

မျှော်လင့်ချက်သာ မထားခဲ့ရင် ...
အင်မတန် အပူအပင်ကင်းနေရမှာ ။

အများကြီး မျှော်လင့်မိလေ ...
မျှော်လင့်သလောက် ဖြစ်မလာတဲ့အခါ
အများကြီး ‌ပူလော,င်ခံစားရလေပဲ ။

မျှော်လင့်ချက်နည်းနိုင်သမျှ နည်းအောင်
နေထိုင်ခြင်းက ဘဝကို ငြိမ်းချမ်းစေမယ့်
နည်းလမ်းတွေထဲက တစ်ခုပဲပေါ့ ... ❤️

#ညဏ
#ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝ

05/07/2024

2618 likes, 15 comments. “「本当」の付き合う意味  #恋愛格言  #好きな人  #恋愛  #恋  #彼女  #彼氏  #恋愛占い”

ဂျပွန် ရောက်ပြီးနောက် ငတ်လား မငတ်လား ဆို ဖုန်း ထဲမှာ တော့ save ထား တာတွေ 🙄
31/05/2024

ဂျပွန် ရောက်ပြီးနောက် ငတ်လား မငတ်လား ဆို ဖုန်း ထဲမှာ တော့ save ထား တာတွေ 🙄

住所

Sapporo-shi, Hokkaido

ウェブサイト

アラート

Nihon Bay-日本湾がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する