Ye Man Aung - F I R E

Ye Man Aung - F I R E Ye Man Aung - F I R E, デジタルクリエイター, Sendaiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

IT Engineer | FIRE Journey 🇯🇵
From salary life to financial freedom
Sharing real systems: skills, income, mindset

FIRE မဖြစ်သေးပါဘူး။
ဒါပေမယ့် လမ်းပေါ်မှာရှိနေပါတယ်။

Follow for practical steps 🚀

ယိုပေါက် (၅) — အအိပ်ကြူးခြင်းပင်ပန်းလို့ အိပ်တာကမှားတာ မဟုတ်ဘူး။ဒါပေမယ့်အိပ်ပြီးသားနောက်မှာလည်းထမယ့်အချိန်ကိုရွေ့ရွေ့နေတ...
04/03/2026

ယိုပေါက် (၅) — အအိပ်ကြူးခြင်း

ပင်ပန်းလို့ အိပ်တာက
မှားတာ မဟုတ်ဘူး။

ဒါပေမယ့်
အိပ်ပြီးသားနောက်မှာလည်း
ထမယ့်အချိန်ကို
ရွေ့ရွေ့နေတာက
တဖြည်းဖြည်း
ယိုပေါက် ဖြစ်လာတယ်။

Alarm မြည်တယ်
“ခဏလေးပဲ” ဆိုပြီး
နောက်ထပ် မိနစ်အနည်းငယ်…

အဲဒီ မိနစ်နည်းနည်းတွေက
တစ်နေ့တစ်နေ့
တိတ်တိတ် ယိုသွားတယ်။

ဒါကြောင့်
အကုန်ပြောင်းဖို့ မကြိုးစားဘူး။

Alarm မြည်ရင်
အိပ်ရာက ထဖို့ပဲ
ကိုယ့်ကိုယ်ကို သတိပေးတယ်။

တစ်နေ့ တစ်ချက်လေးပဲ။

အဲဒီကနေ
နေ့က စတင်လာတယ်။

Slow progress is still progress.

ယိုပေါက် (၄) — မစောင့်စည်းခြင်း(ကိုယ်နှုတ်စိတ် မထိန်းသိမ်းနိုင်ခြင်း)မသိလို့ မဟုတ်ဘူး။ဘာလုပ်သင့်လဲ သိတယ်။ဘာမလုပ်သင့်လဲလည...
20/02/2026

ယိုပေါက် (၄) — မစောင့်စည်းခြင်း
(ကိုယ်နှုတ်စိတ် မထိန်းသိမ်းနိုင်ခြင်း)

မသိလို့ မဟုတ်ဘူး။

ဘာလုပ်သင့်လဲ သိတယ်။
ဘာမလုပ်သင့်လဲလည်း သိတယ်။

သိပြီးသားကို
လုပ်မဖြစ်တာတွေ
ကြီးကြီးမားမား မဟုတ်ပါဘူး

စိတ်ကို
အလွယ်ဆုံးဘက် သွားခွင့်ပေးလိုက်တာပါ

ဒါကြောင့်
အကုန်မထိန်းနိုင်ရင်လည်း
တစ်ချက်လေးပဲ ထိန်းမယ်

စိတ်ကို မလိုက်သွားဘူး
ခဏလေး ရပ်မယ်

တဖြည်းဖြည်း
လမ်းတည့်လာတယ်

Slow progress is still progress.

ယိုပေါက် (၃) — ဝတ်ကျေတမ်းကျေ(တက်တက်ကြွကြွ မလုပ်ခြင်း)လုပ်တော့လုပ်တယ်ဒါပေမယ့်အားမထုတ်ဘူးရွေ့နေသလိုပဲတက်မလာဘူးလုပ်တော့ လုပ...
06/02/2026

ယိုပေါက် (၃) — ဝတ်ကျေတမ်းကျေ
(တက်တက်ကြွကြွ မလုပ်ခြင်း)

လုပ်တော့လုပ်တယ်
ဒါပေမယ့်
အားမထုတ်ဘူး

ရွေ့နေသလိုပဲ
တက်မလာဘူး

လုပ်တော့ လုပ်တယ်
ဒါပေမယ့်
စိတ်မပါဘူး
အာရုံမထားဘူး
ပြီးအောင် မလုပ်ဖြစ်ဘူး။

အချိန်တော့ သုံးပြီးသား
ဒါပေမယ့်
ရလာတာက နည်းနည်းပဲ။

ဒီယိုပေါက်ကို
ပိတ်တဲ့နည်းက
ပိုလုပ်ဖို့ မဟုတ်ဘူး။

👉 လုပ်မယ်ဆိုရင်
အနည်းငယ်ပဲ ဖြစ်ပါစေ
စိတ်နှစ်ပြီး လုပ်မယ်။

မလုပ်နိုင်တဲ့နေ့မှာ
မလုပ်ဘူးလို့ ဆုံးဖြတ်ပြီး နားမယ်။
လုပ်မယ့်နေ့မှာတော့
ဝတ်ကျေတမ်းကျေ မလုပ်ဘူး။

အချိန်တိုတိုပဲ ဖြစ်ပါစေ
စိတ်ပါနေရင်
ကိုယ့်လမ်းထဲမှာပဲ
ရှိနေသေးတယ်။

Slow progress is still progress.

အပျော်အပါး မလွတ်လို့မဖြစ်သွားတာ မဟုတ်ဘူး။အပျော်ကိုအချိန်မရွေးအကန့်အသတ်မထားဘဲကြူးသွားလို့ပါ။ပင်ပန်းလို့နားချင်တာမှန်တယ်။ဒ...
04/02/2026

အပျော်အပါး မလွတ်လို့
မဖြစ်သွားတာ မဟုတ်ဘူး။

အပျော်ကို
အချိန်မရွေး
အကန့်အသတ်မထားဘဲ
ကြူးသွားလို့ပါ။

ပင်ပန်းလို့
နားချင်တာမှန်တယ်။
ဒါပေမယ့်
နားရမယ့်အချိန်ကို
ကိုယ်မသတ်မှတ်နိုင်တော့တဲ့အခါ
ယိုပေါက်ဖြစ်လာတယ်။

ဖုန်းကို ကိုင်လိုက်တယ်
video တစ်ခုပဲ ကြည့်မယ်လို့ စဉ်းစားတယ်
နောက်ထပ် တစ်ခု
နောက်ထပ် တစ်ခု…

သိသိသာသာ
အချိန်က ယိုသွားတယ်။

ပိတ်နည်းက
အပျော်ကို ဖြတ်ပစ်တာ မဟုတ်ဘူး။

👉 အပျော်ကို
အချိန်သတ်မှတ်ပြီးပဲ ခံစားတယ်

လုပ်စရာကို အရင်လုပ်
နားချိန်ကို နောက်မှပေး

အပျော်က
ဆုလာဘ် ဖြစ်ရမယ်
ယိုပေါက် မဖြစ်သင့်ဘူး။

Slow progress is still progress.

ဒီလို ယိုပေါက်တွေကိုသိပြီးပြီဆိုရင်ချက်ချင်း ပြင်ရမယ်လို့ကိုယ့်ကိုကိုယ် ဖိအားအရမ်းမပေးဘူးတစ်ခုပဲ လုပ်တယ်။သတိထားတယ်။ဒီနေ့...
03/02/2026

ဒီလို ယိုပေါက်တွေကို
သိပြီးပြီဆိုရင်
ချက်ချင်း ပြင်ရမယ်လို့
ကိုယ့်ကိုကိုယ် ဖိအားအရမ်းမပေးဘူး

တစ်ခုပဲ လုပ်တယ်။
သတိထားတယ်။

ဒီနေ့ ပျင်းချင်လာရင်
“ဒါ ယိုပေါက်လား” လို့ မေးတယ်။
အချိန်ရွေ့ချင်လာရင်
“နောက်ရွေ့ရင် ဘာရမလဲ” လို့ မေးတယ်။

အဖြေမကောင်းရင်
မလုပ်ဘဲ ထားလိုက်တယ်။

ဒီလိုနဲ့
ယိုပေါက်တွေက
တဖြည်းဖြည်း သေးလာတယ်။

ငွေ မတက်သေးပေမယ့်
စိတ်က မယိုတော့ဘူး။

Slow progress is still progress

ဥစ္စာယိုပေါက်ကြီး ၆ ပေါက်၁။ ပျင်းရိခြင်း၂။ အပျော်ကြူးခြင်း၃။ ဝတ်ကျေတမ်းကျေ လုပ်ခြင်း  (လုပ်နေတာပဲ၊ တက်တက်ကြွကြွ မလုပ်တာ)...
29/01/2026

ဥစ္စာယိုပေါက်ကြီး ၆ ပေါက်

၁။ ပျင်းရိခြင်း
၂။ အပျော်ကြူးခြင်း
၃။ ဝတ်ကျေတမ်းကျေ လုပ်ခြင်း
(လုပ်နေတာပဲ၊ တက်တက်ကြွကြွ မလုပ်တာ)
၄။ ကိုယ်နှုတ်စိတ်ကို မစောင့်စည်းနိုင်ခြင်း
၅။ အအိပ်ကြူးခြင်း
၆။ လုပ်ရမယ့်အရာကို နောက်တစ်ခါဆိုပြီး ရွှေ့နေခြင်း

ပိုက်ဆံ မရှာခင်
အရင်ဆုံး
ယိုနေတာတွေကို
ပိတ်ဖို့လိုတယ်။

Slow progress is still progress.

ပိုပြီး ငွေရှိလာမှ မဟုတ်ဘူးအရင်ဆုံးအသုံးမလိုတဲ့ အလေ့အကျင့်တွေကိုလျှော့ဖြစ်လာတယ်။FIRE ဆိုတာဝင်ငွေကြီးလာတာထက်ထိန်းနိုင်လာတ...
28/01/2026

ပိုပြီး ငွေရှိလာမှ မဟုတ်ဘူး
အရင်ဆုံး
အသုံးမလိုတဲ့ အလေ့အကျင့်တွေကို
လျှော့ဖြစ်လာတယ်။

FIRE ဆိုတာ
ဝင်ငွေကြီးလာတာထက်
ထိန်းနိုင်လာတာကို
ပိုပြီး ခံစားလာရတယ်။

တဖြည်းဖြည်း
ဆုံးဖြတ်ရလွယ်လာတယ်
စိတ်လည်း ပေါ့လာတယ်။

Slow progress is still progress.

မနေ့တွေလို မဖြစ်လည်းဒီနေ့ကို ပြန်လာနိုင်တာပဲ လုံလောက်တယ်။အချိန်တချို့ ပျောက်သွားတယ်စည်းချက်ကတော့ မပျောက်သွားဘူး။မပြေးဘူး...
27/01/2026

မနေ့တွေလို မဖြစ်လည်း
ဒီနေ့ကို ပြန်လာနိုင်တာပဲ လုံလောက်တယ်။

အချိန်တချို့ ပျောက်သွားတယ်
စည်းချက်ကတော့ မပျောက်သွားဘူး။

မပြေးဘူး
မရပ်ဘူး
ကိုယ့် pace နဲ့ပဲ ဆက်သွားနေတယ်။

Slow progress is still progress.

ဒီနေ့…တိတ်တိတ်နဲ့ ဆက်လျှောက်နေတယ်။မမြန်ဘူးဆိုရင်တောင်မရပ်ဘူး။အလုပ်က လေးနေပေမယ့်အိမ်မက်ကို မလွတ်ဘူး။အလျင်မလိုဘူး။နေ့တိုင်...
21/01/2026

ဒီနေ့…
တိတ်တိတ်နဲ့ ဆက်လျှောက်နေတယ်။

မမြန်ဘူးဆိုရင်တောင်
မရပ်ဘူး။

အလုပ်က လေးနေပေမယ့်
အိမ်မက်ကို မလွတ်ဘူး။

အလျင်မလိုဘူး။
နေ့တိုင်း နည်းနည်းစီ
ရှေ့ကို တက်နေတယ်။

Slow progress is still progress.

လမ်းက တိတ်တိတ်ပါပဲဒီနေ့လည်းကိုယ်လုပ်ရမယ့်အရာကိုဆက်လုပ်နေတယ်။Slow progress is still progress.
20/01/2026

လမ်းက တိတ်တိတ်ပါပဲ

ဒီနေ့လည်း
ကိုယ်လုပ်ရမယ့်အရာကို
ဆက်လုပ်နေတယ်။

Slow progress is still progress.

住所

Sendai, Miyagi
9810934

電話番号

+818046288420

ウェブサイト

アラート

Ye Man Aung - F I R Eがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Ye Man Aung - F I R Eにメッセージを送信:

共有する