i Sports

i Sports Sports & Entertainment Media

Big Match Of Myanmar Women League (Week-12) 🏟⚽🇲🇲Shan Utd (1-2) Yangon UtdPlease Like & Follow iSports Page ✅
03/01/2026

Big Match Of Myanmar Women League (Week-12) 🏟⚽🇲🇲

Shan Utd (1-2) Yangon Utd

Please Like & Follow iSports Page ✅

လိုက်ဘေးရီးယားတိုက်စစ်မှူးကို ရန်ကုန်ယူနိုက်တက် ခေါ်ယူ အားဖြည့် 🇱🇷⚽📄👕👨‍🏫📊---------ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်န...
03/01/2026

လိုက်ဘေးရီးယားတိုက်စစ်မှူးကို ရန်ကုန်ယူနိုက်တက် ခေါ်ယူ အားဖြည့် 🇱🇷⚽📄👕👨‍🏫📊
---------
ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ဒု-အကျော့ပွဲစဉ်တွေအတွက် လိုက်ဘေးရီးယားတိုက်စစ်မှူး ဘလာမိုဝီး ကို ရာသီကုန်အထိ စာချုပ်ခေါ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အသက် ၂၄နှစ်အရွယ် ဘလာမိုဝီးဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၂ကို ဝတ်ဆင်ကစားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ဒု-အကျော့အတွက် နည်းပြသစ်အဖြစ် ဦးဇော်လင်းထွန်း၊ နည်းစနစ်ဒါရိုက်တာအဖြစ် ဂျပန်လူမျိုးနည်းပြ ယူကီ တို့ကို ခေါ်ယူထားသလို ထိုင်းလိဂ်-ကလပ် လမ်ဖွန်ဝါရီယာက မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကိုလည်း ငါးလ အငှားစာချုပ်နဲ့ ခေါ်ယူထားပါတယ်။

Please Like & Follow iSports Page ✅


ရှမ်းယူနိုက်တက်အသင်းက ဘရာဇီးကစားသမား ဆူဇာ ထိုင်းလိဂ်-၃ကလပ်ကို ပြောင်းရွှေ့ 🇧🇷➡️ 🇹🇭⚽🔄--------၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ရှမ...
03/01/2026

ရှမ်းယူနိုက်တက်အသင်းက ဘရာဇီးကစားသမား ဆူဇာ ထိုင်းလိဂ်-၃ကလပ်ကို ပြောင်းရွှေ့ 🇧🇷➡️ 🇹🇭⚽🔄
--------
၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ရှမ်းယူနိုက်တက်အသင်း ခေါ်ယူထားတဲ့ ဘရာဇီးတောင်ပံကစားသမား ဆူဇာ ထိုင်းလိဂ်-၃ကလပ် ဘူရာဖာအက်ဖ်စီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဆူဇာရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် ဘူရာဖာအသင်းကတော့ ရာသီဝက် အပြောင်းအရွှေ့စျေးကွက်မှာ ဆူဇာကို ခေါ်ယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆူဇာဟာ ထိုင်းလိဂ်-၂ကလပ် ဖရေးယူနိုက်တက်အသင်းကနေ ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် AFC Challenge League, Shopee Cup နဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားပေးခဲ့ပါတယ်။

Please Like & Follow iSports Page ✅


အင်္ဂလန်လူမျိုးနည်းပြ ဂျွန်ဟတ်မန်း အင်ဒိုနီးရှားလက်ရွေးစင်နည်းပြ ဖြစ်လာ 🏴󠁧󠁢󠁥󠁮󠁧󠁿⚽🇮🇩🔥💪---------အင်ဒိုနီးရှားဘောလုံးအဖွဲ့ချ...
03/01/2026

အင်္ဂလန်လူမျိုးနည်းပြ ဂျွန်ဟတ်မန်း အင်ဒိုနီးရှားလက်ရွေးစင်နည်းပြ ဖြစ်လာ 🏴󠁧󠁢󠁥󠁮󠁧󠁿⚽🇮🇩🔥💪
---------
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ လက်ရွေးစင်အသင်းနည်းပြချုပ်ရာထူးအတွက် အင်္ဂလန်လူမျိုးနည်းပြ ဂျွန်ဟတ်မန်းကို ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထအဆင့်က ထွက်ခဲ့ရပြီးနောက်မှာ နယ်သာလန်လူမျိုးနည်းပြ ပက်ထရစ်ကလွိုင်ဗက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဂျွန်ဟတ်မန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဟတ်မန်းဟာ လက်ရွေးစင်နည်းပြအဖြစ် နယူးဇီလန်အမျိုးသမီးအသင်း၊ ကနေဒါအမျိုးသမီးအသင်း၊ ကနေဒါအမျိုးသားအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး နောက်ဆုံးတာဝန်ယူခဲ့တဲ့အသင်းက မေဂျာလိဂ်ကလပ် တိုရွန်တိုအက်ဖ်စီအသင်း ဖြစ်ပါတယ်။

Please Like & Follow iSports Page ✅


ယွန်းဝတီလှိုင်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ရန်ကုန်အသင်း ရှမ်းကို အနိုင်ရ 🏟⚽🇲🇲Myanmar Women League (Week-12)FULL TIME R...
03/01/2026

ယွန်းဝတီလှိုင်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ရန်ကုန်အသင်း ရှမ်းကို အနိုင်ရ 🏟⚽🇲🇲

Myanmar Women League (Week-12)

FULL TIME RESULT

Yangon Utd (2-1) Shan Utd
July Kyaw (2') (Shan) ⚽
Yu Yu Naing (79') ⚽
Yoon Wadi Hlaing (90+1') ⚽

Please Like & Follow iSports Page ✅

02/01/2026

"ကစားသမားဘဝကို မစွန့်လွှတ်နိုင်သေးဘူး" ⚽🔥💪👑❤️‍🔥
----------
မြန်မာ့လက်ရွေးစင်နဲ့ ISPE Women FC အသင်းခေါင်းဆောင် ခင်မာထွန်းဟာ လက်ရှိအချိန်အထိ အသင်းအတွက် မရှိမဖြစ် ကစားသမားဖြစ်နေပြီး ကျင်းပနေတဲ့ Women League မှာလည်း ခြေစွမ်းပြနေပါတယ်။

ဝါရင့်တိုက်စစ်မှူး တစ်ဦးအနေနဲ့ အနားယူချိန်နီးလာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကစားသမားဘဝကို မစွန့်လွှတ်နိုင်သေးတာကြောင့် အကောင်းဆုံးပြင်ဆင်ပြီး ဆက်ကစားမယ်လို့ i Sports ကို ပြောပါတယ်။

Please Like & Follow iSports Page ✅


02/01/2026

ဖူဆယ်လိဂ်မှာ မြင်တွေ့ခဲ့သမျှ ⚽🔥🏆🏟️✨
-------------
၂၀၂၆ ဖူဆယ်လိဂ် ရာသီသစ်ကို ဒီဇင်ဘာ ၃၁ရက်က စတင်ခဲ့ပါတယ်။ အသင်း(၁၂)သင်းပါဝင်ပြီး ပုံမှန်အတိုင်း တန်းတက်၊ တန်းဆင်းစနစ်နဲ့ ကျင်းပနေပါတယ်။
Main Sponsor အနေနဲ့ Glan Master က ပံ့ပိုးပေးထားပြီး ပြိုင်ပွဲ နာမည်ကိုလည်း Glan Master Futsal League လို့ ပေးထားပါတယ်။
ထူးခြားတာက ရှုံးထွက် ချန်ပီယံ Winner Generations အသင်း လိဂ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တာမတွေ့ရဘဲ Winner Generation က ကစားသမားတွေ ထိပ်သီးအသင်းတွေကို ပြောင်းရွှေ့ကစားနေတာ မြင်တွေ့ရပါတယ်။
ချန်ပီယံဆုအတွက်တော့ MIU,YCDC Dream Team, YRG တို့ လုရနိုင်ပြီး မန္တလေးအခြေစိုက်အသင်းတွေဖြစ်တဲ့ TG United, M2K FC နဲ့ နိုင်ငံခြားသားတွေခေါ်ထားတဲ့ Pacific Sunfar FC လိုအသင်းတွေက ဖျက်မြင်း ဖြစ်လာနိုင်ပါတယ်။
Please Like & Follow iSports Page ✅


Happy New Year 2026 ✨⚽🇲🇲🎉---------၂၀၂၅ ခုနှစ်က မြန်မာ့ဘောလုံးလောကအတွက် အနိမ့်အမြင့်အတက်အကျများခဲ့ပြီး အောင်မြင်မှုအတွက် ...
01/01/2026

Happy New Year 2026 ✨⚽🇲🇲🎉
---------
၂၀၂၅ ခုနှစ်က မြန်မာ့ဘောလုံးလောကအတွက် အနိမ့်အမြင့်အတက်အကျများခဲ့ပြီး အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူစရာတွေရှိခဲ့သလို ကျရှုံးမှုအတွက်လည်း ဝမ်းနည်းနာကျင်ရတဲ့ အချိန်တွေကို ခံစားခဲ့ကြရပါတယ်။

i Sports အနေနဲ့လည်း မြန်မာ့ဘောလုံးပရိသတ်တွေအတွက် အားကစားသတင်း တင်ဆက်မှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ရာမှာ နိုင်ငံတကာပြိုင်ပွဲပေါင်း များစွာ ကြောင့် အတော်လေး အလုပ်ရှုပ်ခဲ့ရတဲ့ နှစ်လို့ဆိုရမှာပါ။

၂၀၂၆ ခုနှစ်မှာတော့ မြန်မာ့ဘောလုံးလောကနဲ့ ပရိသတ်တွေအတွက် အားကစားသတင်းတွေကို အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားတင်ဆက်ပေးသွားဦးမှာဖြစ်ကြောင်း ကတိပြုပြောကြားလိုပြီး i Sports နဲ့ မြန်မာ့ဘောလုံးပရိသတ်တွေအားလုံး နှစ်သစ်မှာ ကျန်းမာပျော်ရွှင် အောင်မြင်မှုတွေ ရယူနိုင်ပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Please Like & Follow iSports Page ✅


ရန်ကုန်တိုက်စစ်မှူး ကောင်းစည်သူ မူးဝေအော့အန်မှုကြောင့် ဆေးရုံတင်ထားရ 🚑⚽🤕⚡🧠🙏------ဒီနေ့ညနေက ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့...
31/12/2025

ရန်ကုန်တိုက်စစ်မှူး ကောင်းစည်သူ မူးဝေအော့အန်မှုကြောင့် ဆေးရုံတင်ထားရ 🚑⚽🤕⚡🧠🙏
------
ဒီနေ့ညနေက ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှာ ရှမ်းကစားသမား မက်ဆာကီနဲ့ ထိခိုက်မိခဲ့တဲ့ ရန်ကုန်တိုက်စစ်မှူး ကောင်းစည်သူဟာ ပွဲအပြီးမှာ မူးဝေအော့အန်မှုကြောင့် ဆေးရုံတင်ထားရကြောင်း ရန်ကုန်ယူနိုက်တက်က သတင်းထုတ်ပြန်ပါတယ်။

ကောင်းစည်သူကို CT Scan ရိုက်ပြီး ၂၄နာရီစောင့်ကြည့်ရမှာဖြစ်တာကြောင့် ဆေးရုံတစ်ရက်တက်ရမှာဖြစ်ကြောင်း သတင်းထုတ်ပြန်မှုမှာ ပါဝင်ပါတယ်။

Please Like & Follow iSports Page ✅






Sporting Moments of 2025 📸🏟⚽Please Like & Follow iSports Page ✅
31/12/2025

Sporting Moments of 2025 📸🏟⚽

Please Like & Follow iSports Page ✅

ဖူဆယ်လိဂ် စပြီ ⚽🔥🏟️✨💪🔥----------Glan Master Futsal League (1) ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ရက် (ဒီနေ့) မှာ စတင်ကျင်းပခဲ့ပါတယ်။...
31/12/2025

ဖူဆယ်လိဂ် စပြီ ⚽🔥🏟️✨💪🔥
----------
Glan Master Futsal League (1) ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ရက် (ဒီနေ့) မှာ စတင်ကျင်းပခဲ့ပါတယ်။

ဒီနှစ်ဖူဆယ်လိဂ်မှာ အသင်းအများစုက နိုင်ငံခြားသားကစားသမားတွေ ခေါ်ထားသလို ပြင်ဆင်မှုတွေ သေချာပြုလုပ်ထားတာမို့ ချန်ပီယံဆုအတွက် ခက်ခဲမယ့် အနေအထားမျိုးပါ။

အဖွင့်ပွဲစဉ်တွေမှာတော့ ထိပ်သီးအသင်းဖြစ်တဲ့ MIU က မန္တလေးအခြေစိုက် တန်းတက်ကလပ် TG United နဲ့ တစ်ဂိုးစီသရေကျခဲ့တာက လွဲရင် အသင်းကြီးအားလုံး အနိုင်ရခဲ့ကြပါတယ်။

Glan Master Futsal League I 2025–2026 (Week - 1) Results
------
⚽ MIU FC 1️⃣–1️⃣ TG United FC
🔥 Pacific Sun Far FC 4️⃣–2️⃣ United City FC
⚡ YRG FC 7️⃣–3️⃣ VUC FC
💥 Gold Dream 6️⃣–0️⃣ Team Lion
🔴 SGF FC 1️⃣–2️⃣ M2K FC
🚀 YCDC Dream Team 1️⃣5️⃣–2️⃣ Chinland

Please Like & Follow iSports Page ✅







31/12/2025

အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ့် မြန်မာ့ တက်ဂ်ဘော 🔥💪✨🎯🚀⚽🇲🇲
-----------
ဆီးဂိမ်းမှာ အောင်မြင်မှုရခဲ့ပြီးနောက်မှာ မြန်မာ့ တက်ဂ်ဘော ပိုမိုအောင်မြင်ဖို့အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားဖို့ မြန်မာ့ တက်ဂ်ဘော အဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။

ပြင်ဆင်ချိန် ခြောက်လအတွင်း ဆီးဂိမ်းမှာ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု ရခဲ့တဲ့ ကစားသမားတွေကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့သလို လာမယ့် သုံးနှစ်တာကာလအတွင်း မြန်မာ့ တက်ဂ်ဘောလိဂ်ကို ကျင်းပနိုင်တဲ့အထိ ရည်ရွယ်ပြင်ဆင် ဆောင်ရွက်နေပါတယ်။

Please Like & Follow iSports Page ✅


住所

Lat Phrao , Chan Kasem, Khet Chatuchak, Krung Thep Maha Nakhon, Bangkok
Shibuya-ku, Tokyo
10900

電話番号

+959420702772

ウェブサイト

アラート

i Sportsがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

i Sportsにメッセージを送信:

共有する

カテゴリー